← Chapters

အောင်မြင်မှုရဲ့ အသီးအပွင့်များ

Vol. 8 Ch. 101

အောင်မြင်မှုရဲ့ အသီးအပွင့်များ

Vol. 8 Ch. 101

“ဖူချန်း ... မင်းဟာ ဒီနေ့ အရမ်း ထူးချွန်စွာ စွမ်းဆောင် ပြခဲ့ပြီ။ ကောင်းကလန်နဲ့ ယန်ကလန်က မင်းကို ဆက်ပြီး ကြီးပြင်းလာခွင့် မပေးမှာကို ငါ ကြောက်နေမိတယ်။ ပြီးတော့ ရှန်းတုကလန် ကလည်း မင်းကို ဒီအတိုင်း လွှတ်ထားမယ်လို့ ငါမထင်ဘူး”

အားလုံး ထွက်သွားပြီးတဲ့ အခါမှာတော့ လီရှန်းရှီက လီဖူချန်းကို သတိပေး လိုက်ပါတယ်။ ဘေးနားမှာ ရပ်နေ့တဲ့ လီကျင်းရွယ် ကလည်း ခေါင်းညိတ် ပြလိုက်ပြီး

“ဖြစ်နိုင်မယ်ဆိုရင် ဂိုဏ်းထဲမှာပဲနေ။ လုံးဝ အပြင်မထွက်နဲ့။ တကယ်လို့ ဂိုဏ်းတာဝန်အရ ထွက်ရမယ် ဆိုရင်တောင် သတိကို လုံးဝ မလွတ်စေနဲ့”

ဝမ်းနည်းစရာ ကိစ္စတွေဆိုတာ မဖြစ်ခင်တည်းက ကြိုတင် ကာကွယ် ထားတာက အကောင်းဆုံးပင် မဟုတ်ပါလား။

***

သာမန် အရိုး တည်ဆောက်ပုံဆိုတဲ့ လီဖူချန်းရဲ့ ကိစ္စကြီးက သာမန်တော့ မဖြစ်နိုင်ပေ။

တိတိကျကျ ပြောရမယ်ဆိုရင် လီရှန်းရှီတို့ နှစ်ယောက်စလုံးက လီဖူချန်းကို သာမန် အရိုး တည်ဆောက်ပုံ ပိုင်ရှင်လို့ လုံးဝ မမြင်နိုင်ပါဘူး။

လီဖူချန်းရဲ့ အရိုး တည်ဆောက်ပုံက  အရိုးတည်ဆောက်ပုံ စမ်းသပ်ခြင်း ကျောက်တုံးတွေနဲ့ စမ်းသပ် ရှာဖွေလို့မရတဲ့ အထူး အရိုးတည်ဆောက်ပုံ တစ်ခု ဖြစ်နေ နိုင်သည်လေ။

မဟုတ်လို့ကတော့ ဘယ်လိုလုပ် သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လေးက ဒီလောက် အစွမ်းထက် နိုင်မည်နည်း။

“ကျွန်တော် နားလည်ပါတယ်။ အမြဲမပြတ် သတိထားပြီးလည်း နေပါ့မယ်”

လီဖူချန်းက လီရှန်းရှီတို့ နှစ်ယောက်ကို ကတိပေး လိုက်ပါတယ်။ လက်ရှိ သူ့အစွမ်းက သူ့ကိုယ်သူ ကာကွယ်နိုင် စွမ်းတောင် မရှိသေးဘူး ဆိုတာ လီဖူချန်းက ကောင်းကောင်းကြီး သဘောပေါက် ပါတယ်။

သူ့ရဲ့ သိုင်းပညာ အပေါ် နားလည် သဘောပေါက်မှုက မိုးလောက်ကြီး အထိ မြင့်နေရင်တောင် အခုချိန်မှာတော့ သူက ကလန်သုံးခုရဲ့အမြင်မှာ ပုရွက်ဆိတ်လေး တစ်ကောင် သာသာပဲ ရှိနေပါသေးတယ်။

သူ မြေကမ္ဘာအဆင့်ကို ချိုးဖောက် ဝင်ရောက်ပြီးမှသာ ကလန်၃ခုရဲ့ နှောင့်ယှက်မှုတွေကို ကောင်းကောင်းကြီး ပြန်လည် တုံ့ပြန်နိုင်မှာပါ။

လီရှန်းရှီနဲ့ လီကျင်းရွယ်ကို နှုတ်ဆက် အပြီးမှာတော့ လီဖူချန်းက အတွင်းစည်းဂိုဏ်းရဲ့ သိုင်းကျမ်းဆောင် ဘက်ကို ဦးတည် လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ခေါက်တုန်းက ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေအတွက် အမှတ်ပေါင်း ၉၈၀၀ကို လီဖူချန်း တစ်ယောက် ရရှိထားတယ်လေ။

သူ့မှာ ကျန်ရှိနေသေးတဲ့ အမှတ်တွေနဲ့ပါ ပေါင်းလိုက်မယ် ဆိုရင်တော့ စုစုပေါင်းအမှတ် ၄၂၀၀၀ လောက်ကို ရှိနေပါပြီ။

ဒီလောက် အမှတ်ပမာဏနဲ့ ဆိုရင်တော့ ဆန်းကြယ် အလယ်အလတ် အဆင့် သိုင်းပညာ တစ်ခုခုကို ရွေးယူလို့ရတဲ့ အနေအထားမှာ ရှိပါတယ်။

လီဖူချန်းက သိုင်း ကျမ်းဆောင်ဘက်ကို လာရင်းနဲ့ လမ်းမှာ စဉ်းစားခန်း တချို့တောင် ဖွင့်လာခဲ့ပါသေးတယ်။

(ဓားသမားတွေဟာ ဓားကို အထူးပြုပြီး အသုံးပြုတယ်။ ဟုတ်ပြီ။ ဒါပေမဲ့ အခြားပညာရပ်တွေ ကိုလည်း လေ့ကျင့် မထားသင့်ဘူးလား။ ဓားသမား တစ်ယောက်ရဲ့ လက်ထဲမှာ ဓားမရှိတော့ရင် ဘယ်လို လုပ်မလဲ။ သူများ တိုက်ခိုက်လာတာကို သိုးလေး တစ်ကောင်လို လည်စင်းပြီး ခံနေရတော့မှာလား။)

သိုင်းကျမ်းဆောင်ကို ရောက်တာနဲ့ လီဖူချန်းက ဆန်းကြယ် အဆင့်နိမ့် သိုင်းကျမ်းတွေ ထားရှိတဲ့ အခြမ်းကိုပဲ တန်းသွား လိုက်ပါတယ်။

ထို့နောက်မှာတော့ သူ စဉ်းစားထားတဲ့ သိုင်းကျမ်း နှစ်အုပ်ကို ကောက်ယူပြီး ပြန်ထွက် လာခဲ့ပါတော့တယ်။

တစ်အုပ်ကတော့ သံရည်ပျော် လက်ဝါးဆိုတဲ့ လက်ဝါးသိုင်း စာအုပ်ဖြစ်ပြီး နောက်တစ်အုပ် ကတော့  အရိပ်မဲ့ ခြေထောက်ဆိုတဲ့ ခြေသိုင်း စာအုပ် ဖြစ်ပါတယ်။

သံရည်ပျော် လက်ဝါးကတော့ နာမည်နဲ့ လိုက်အောင်ပဲ အပူဓာတ် အရမ်း များလွန်းပါတယ်။

အဆင့်မြင့်တဲ့ အဆင့်တွေ အထိသာ ကျင့်နိုင်မယ် ဆိုရင်တော့ တကယ် ဘက်စုံသုံးလို့ရတဲ့ ပညာရပ် တစ်ခုပါပဲ။

လက်တစ်ဖက်တည်းနဲ့ သံမဏိတွေကိုတောင် အရည် ဖျော်ပစ်လိုက်လို့ ရပါတယ်။ မသန့်စင်မှုတွေကိုလည်း အပူဓာတ်နဲ့ ပြန်သန့်စင် ပေးနိုင်တဲ့အပြင် တစ်ဖက်လူကိုလည်း တိုက်ခိုက်လို့ရတဲ့ ပညာရပ်ပါပဲ။

အရိပ်မဲ့ ခြေထောက်ကတော့ လျင်မြန် သွက်လက်မှုကို ဦးစားပေးတဲ့ သိုင်းပညာပါ။ ဒီသိုင်းပညာရပ်ကို အဆင့်မြင့်မြင့် တတ်ကျွမ်းသွားပြီ ဆိုရင်တော့ ခြေကန်ချက်တွေက မျက်စိနဲ့တောင် မနည်း ဖမ်းကြည့်ရမှာပါ။

ပိုပြီး အားသားတဲ့ အရာတစ်ခုကတော့ ဒီခြေသိုင်းနဲ့ ကိုယ်ဖာ့ပညာကို တွဲဖက် အသုံးပြုလို့ ရနေတာပါပဲ။

ဒီလိုသာ တွဲပြီး အသုံးပြုလို့ရတာကြီး လီဖူချန်းအတွက် ကျားကို အတောင်ပံ တပ်ပေးလိုက် သလိုပါပဲ။

ဒီသိုင်းကျမ်းနှစ်ခုရဲ့ တန်ကြေးကတော့ ထောက်ပံ့ရေး ရမှတ် ၃၀၀၀၀ ဖြစ်ပါတယ်။

ဒါပေမဲ့ ပထမတန်းစား တပည့်တွေက ၃၀ရာခိုင်နှုန်း လျှော့ဈေး ရတဲ့အတွက် လီဖူချန်းက အမှတ်၂၁၀၀၀ ပဲ ပေးခဲ့ရပါတယ်။

ပထမတန်းစား တပည့်ဆိုတဲ့ ဂုဏ်ပုဒ်ကြီးက လီဖူချန်းကို အမှတ် ၉၀၀၀ သက်သာ စေခဲ့ပါပြီလေ။

***

နောက်ထပ် လပေါင်း အနည်းငယ်ကိုတော့ လီဖူချန်း တစ်ယောက် သံရည်ပျော် လက်ဝါးနဲ့ အရိပ်မဲ့ ခြေထောက်ကို လေ့ကျင့်နေရင်းနဲ့ပဲ အချိန်ကုန်ဆုံး ခဲ့ပါတော့တယ်။

သူ့ရဲ့ လေအရိပ် ခြေလှမ်းနဲ့ ကြယ်ပျံ ဓားသိုင်းလည်း မေ့မထားခဲ့ပါဘူး။

ဒါပေမဲ့လည်း လေအရိပ်ခြေလှမ်းနဲ့ ကြယ်ပျံဓားသိုင်း နှစ်ခုစလုံးက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားပြီးတဲ့ အခါမှာတော့ ဆက်တိုးတက်အောင် လေ့ကျင့်ဖို့က ခက်ခဲ နေခဲ့တယ်လေ။

ထိုအခါမှာတော့ လီဖူချန်းက အရည်ပျော် လက်ဝါးနဲ့ အရိပ်နဲ့ ခြေသိုင်းကိုပဲ ဦးစားပေး လေ့ကျင့်လိုက် ပါတော့တယ်။

အချိန်တွေကလည်း တဖြည်းဖြည်း ကုန်ဆုံးလာရင်းနဲ့ လီဖူချန်းတစ်ယောက် အတွင်းစည်း တပည့်ဖြစ်တာတောင် တစ်နှစ်တိတိ ရှိလာခဲ့ပါပြီ။

***

နှင်းမိုးတွေကတော့ တဖွဲဖွဲ ကျလျက်... ထိုနှင်းမိုးတွေကြားမှာ လူငယ် တစ်ယောက်ကတော့ အပေါ်ပိုင်း ဗလာကျင်းလျက် ကြိုးစား ပမ်းစား သိုင်းလေ့ကျင့် နေပါတယ်။

ထိုလူငယ်ရဲ့ လက်ဝါးတွေကတော့ မီးကျီခဲကြီးတစ်ခုလို ရဲရဲနီနေတာကိုလည်း တွေ့မြင် နေရပါတယ်။

“ဝုန်း”

ထိုလူငယ်က လေထဲကို လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ထည့်လိုက်တဲ့ အခါမှာတော့ သူ့ပတ်ပတ်လည်မှာ ရှိနေတဲ့ ဆီးနှင်းထုကြီးက အရည်ပျော်ဆင်း သွားခဲ့ပါတယ်လေ။

ထိုလူငယ်ရဲ့ လက်ဝါးရိုက်ချက်က ဆင့်ကဲ ပြောင်းလဲ သွားပြီးနောက် ထွက်ပေါ်လာတဲ့ အပူရှိန်ကြောင့်  ထိုလူငယ်ရဲ့ ပတ်ဝန်းကျင် ၂ မီတာလောက်မှာ ရှိနေတဲ့ ဆီးနှင်းထုကြီးတွေ အားလုံးကလည်း လုံးဝ အရည် ဖြစ်နေပါပြီ။

ထိုလူငယ်ကတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး လီဖူချန်း ပါပဲ။

“ဒီသံရည်ပျော် လက်ဝါးက ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အတွင်းအားနဲ့ တွဲသုံးလိုက်တဲ့ အခါမှာ အစွမ်းက နောက်ထပ် တစ်ဆင့် ပိုတက် သွားနိုင်တာပဲ”

လီဖူချန်း သူ့ရဲ့ သံရည်ပျော် လက်ဝါးကို လုံးဝ ကျေနပ်ပီတိ ဖြစ်နေပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းက ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ကို ရုပ်သိမ်းလိုက်ပြီး  လေအရိပ် ကိုယ်ဖော့ပညာကို ထုတ်သုံး လိုက်ပါတယ်။

လီဖူချန်း ခန္ဓာကိုယ်က သူ ရှိနေရာနေရာကနေ ဖျတ်ခနဲ ပျောက်သွားပြီး နှစ်မီတာမျှရှည်တဲ့ သံသေသတ္တုရိုင်းကြီးကို ကန်ထည့် လိုက်တယ်လေ။

အသက်ရှူချိန် တစ်ချိန်လေး အတွင်းမှာပဲ လီဖူချန်းက မရေမတွက် နိုင်လောက်တဲ့ ကန်ချက်တွေကို ကန်နေနိုင်ပါပြီ။

သူ့ရဲ့ လှုပ်ရှားမှုတွေက အရမ်းကို လျင်မြန်လွန်းဘို့ ကြည့်နေတဲ့ သူတွေတောင် ခေါင်းနောက် လာနိုင်ပါတယ်။

သူ့ရဲ့မြန်နှုန်းကို ပြောပြရမယ် ဆိုရင်တော့ လီဖူချန်း၃ယောက် သံရိုင်းတုံးကြီးကို တစ်ချိန်တည်း ကန်နေသလိုပါပဲ။

ဒါပေမဲ့ တကယ့် ကြောက်စရာ ကောင်းတဲ့အချက်က သံရိုင်းတုံးကြီးကို ကန်မိလို့ ထွက်လာတဲ့ အသံတစ်ခုကိုပဲ ကြားနေရတာပါ။

ဒီလောက် အဆက်မပြတ် လှုပ်ရှားနေတဲ့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ကနေ လေတိုးသံ တစ်သံကိုတောင် ကြားမနေရပါဘူး။

သူ့ကိုကြည့်ရတာ မြင်ရုံသာမြင်ရပြီး ကိုင်တွယ် ကြည့်လို့မရတဲ့ တစ္ဆေတစ်ကောင်လိုပါပဲ။

ဘန်း...

လီဖူချန်းရဲ့ နောက်ဆုံး ကန်ချက်က ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုန်တထောင်းထောင်း ထသွား စေပါတယ်။

ငါးမီတာ အကွာမှာတော့ သံရိုင်းတုံးကြီးက အစိတ်စိတ် အမြွှာမြွှာ ဖြစ်လို့နေပါပြီ။

လပေါင်း အနည်းငယ် လေ့ကျင့်လို့ အပြီးမှာတော့ သံရည်ပျော် လက်ဝါးနဲ့ အရိပ်မဲ့ ခြေသိုင်း နှစ်ခုစလုံးက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားပါပြီ။

လေအရိပ်ခြေလှမ်း ကိုယ်ဖော့ပညာနဲ့ ကြယ်ပျံဓားသိုင်းထက် စာရင်တော့  ဒီသိုင်းပညာတွေက လေ့ကျင့်ရတာ အနည်းငယ် လွယ်ကူ ပါသေးတယ်။

သူ့ရဲ့အစိမ်းရောင် စိတ်ဝိညာဉ် အစွမ်းကြောင့် လီဖူချန်းရဲ့ ကျင်ကြံမှုကလည်း ပိုပြီး အခြေတကျ ရှိလာပါပြီ။

သူ့ရဲ့ စိတ်ဝိညာဉ် ပင်လယ်ထဲကို ဝင်ကြည့်လိုက်တဲ့ အခါမှာတော့ လီဖူချန်းရဲ့ အစိမ်းရောင် စိတ်ဝိညာဉ်လုံးကြီးဟာ အပြာဖျော့ဖျော့ သန်းနေတာကို တွေ့လိုက် ရပါတယ်။

စိတ်ဝိညာဉ်ရဲ့ ၂၀ရာခိုင်နှုန်း လောက်ဟာ အပြာဖျော့ဖျော့ဘက်ကို ကူးပြောင်း နေကြပါပြီ။

"ဆင့်ကဲပြောင်းလဲမှု နှုန်းကတော့ ပိုပြီး နှေးလာပါလား။ ကြည့်ရတာ ဒီဟာတစ်ခုလုံး အပြာဖျော့ဖျော့ ပြောင်းသွားဖို့ အတွက် ငါထင်ထားတာထက် ပိုကြာမယ် ထင်တယ်”

လီဖူချန်းက ဆင့်ကဲ ပြောင်းလဲဖို့ အတွက် အရမ်းကြီး လောမနေပါဘူး။ သူ့ရဲ့လက်ရှိ အစိမ်းရောင် စိတ်ဝိညာဉ်နဲ့လည်း ကျောင်းတော်က ပါရမီရှင်တွေကို ယှဉ်နိုင်နေတာပဲ မလား။

“အင်း ... ငါ ထောက်ပံ့ရေး ရမှတ်တွေ ရှာဖို့ အချိန်ကျပြီလို့ ထင်တယ်”

လွန်ခဲ့တဲ့တစ်နှစ် အတွင်းစည်း ဂိုဏ်းသား ဖြစ်လာကတည်းက လီဖူချန်း တစ်ယောက် မိုးပြာရောင် ရေကန်ကို တစ်ခေါက် ကလေးတောင်မှ မသွားဖြစ်ခဲ့ပါဘူး။

သူ ခံယူထားတာကတော့ သူ့မှာ ထောက်ပံ့ရေး ရမှတ် အလုံအလောက် ရှိနေရင် မိုးပြာရောင်ရေကန်ကို သွားစရာ အကြောင်းကို မရှိဘူးလို့ ခံယူထားတာပါ။

သူ့အတွက်တော့ မိုးပြာရောင် ရေကန်ဆိုတာ ထောက်ပံ့ရေး ရမှတ်လိုတဲ့အခါ သွားရောက်ပြီး ယူလို့ရတဲ့ ဘဏ်တိုက်ကြီး တစ်ခုပါပဲ။

အခုတော့ သူ့သိုင်းပညာတွေ အကုန်လုံးကလည်း ပြီးပြည့်စုံခြင်း အဆင့်ထိ ရောက်နေပြီ ဖြစ်တဲ့အတွက် ဆက်လေ့ကျင့်လည်း ဘာမှ ထူးလာတော့မှာ မဟုတ်ပါဘူး။

အပြင်လေး ဘာလေးထွက် လက်တွေ့ တိုက်ခိုက်မှုလေးတွေနဲ့ကြုံမှ အဆင့် တက်လာတော့မှာပါ။

ထို့နောက်မှာတော့ သူက မိုးပြာရောင်ရေကန်ကို ထွက်လာခဲ့လိုက် ပါတော့တယ်။

***

ယနေ့မှာတော့  မိုးပြာရောင် ရေကန်မှာ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို မြင်နေရပါတယ်။

အဲဒါကတော့ ကန့်ရဲ့ ငါးဖမ်းနေကျနေရာမှာ အတွင်းစည်း တပည့် တစ်ယောက်က ခပ်တည်တည် လာပြီး ငါးဖမ်း နေတာပါပဲ။

အတွင်းစည်း တပည့်တွေဆိုတာ ထောက်ပံ့ရေး ရမှတ် တစ်ထောကြီးတွေ ရနိုင်တဲ့ နည်းအများကြီး ရှိတဲ့အတွက် ဒီလို ငါးလာမျှားတယ်ဆိုတာ မြင်ရခဲတဲ့ မြင်ကွင်းတစ်ခုပါ။

ငါးမျှားရာကနေ အများဆုံး ရနိုင်တာ အမှတ် သုံးလေးထောင်ပဲ ရှိတာပါ။

မိုးပြာရောင် ရေကန်မှာ ငါးလာဖမ်းတဲ့ တပည့်တွေထဲမှာ ကံအရမ်း ကောင်းပါတယ်ဆိုတဲ့ လူတောင်မှ တစ်လကို အမှတ် တစ်ထောင်ကျော်လောက်ပဲ ရှာနိုင်တာလေ။

“ထူးဆန်း လိုက်တာကွာ။ အတွင်းစည်း တပည့်တစ်ယောက်က ငါတို့နဲ့အတူတူ ငါး လာမျှားတယ်တဲ့”

“ကြည့်ရတာ သူက အတွင်းစည်း ဂိုဏ်းထဲမှာ ကောင်းကောင်း မစွမ်းဆောင်နိုင်ဘူး ထင်တယ်”

အပြင်စည်းတပည့် အချို့ကတော့ ဒီလူစိမ်းအတွင်းစည်း တပည့်ကိုကြည့်ပြီး သို့လောသို့လော တီးတိုး ဝေဖန်နေကြပါတယ်။

“မင်းတို့ကောင်တွေက ဘာသိလို့လဲ။ အဲဒါအပြင်စည်းဂိုဏ်းရဲ့ စံချိန်ရှင် နံပါတ် ၁တပည့် ဂိုဏ်းတူ အစ်ကိုကြီး လီဖူချန်းဟ။ သူက ဘယ်လိုလုပ် အတွင်းစည်း ဂိုဏ်းမှာ မစွမ်းဆောင်နိုင်မှာလဲ”

လီဖူချန်းကို မှတ်မိတဲ့ အပြင်စည်း တပည့်တစ်ယောက်က ထွက်လာပြီး သူတို့ကို ရှင်းပြ လိုက်ပါတယ်။

"ဟာ ... သူက လူတွေ ပြောပြောနေကြတဲ့ ထာဝရ နံပါတ်၁ လီဖူချန်းပေါ့”

အပြင်စည်း ဂိုဏ်းသားတွေက တုန်လှုပ်ချောက်ချား ကုန်ကြပါတယ်။

အပြင်စည်း ဂိုဏ်းမှာ လီဖူချန်း ယူပြခဲ့တဲ့ အောင်မြင်မှုတွေက အပြင်စည်း ဂိုဏ်းသားတိုင်းရဲ့ ရင်ထဲမှာ ရှိနေတုန်းပါပဲ။ ဆင်းရဲဒုက္ခ မျှော်စင်ရဲ့ နရီ၆ချက် စံချိန်ရှင်။ ဒီဂုဏ်ပုဒ်ကြီးက အပြင်စည်း တပည့်အားလုံးရဲ့ လေးစားမှုကို ရဖို့ ထိုက်တန်ပါတယ်။

“မင်းတို့အားလုံး လီဖူချန်းရဲ့ နောက်ထပ် နာမည်ပြောင် တစ်ခုကိုကော သိကြရဲ့လား”

“လီဖူချန်းရဲ့ နောက်ထပ် နာမည်ပြောင်က တံငါဘုရင်ကွ”

“တံငါဘုရင် ဟုတ်လား ... ဘာလို့ အဲဒီလို နာမည်ကြီး ရထားတာလဲဗျ”

အသစ် ဖြစ်ဟန်တူသည့် အပြင်စည်းတပည့်တစ်ယောက်က ဝင်မေးလိုက်ပါတယ်။

“ဘာလို့လည်းဆိုတော့ တခြားတပည့်တွေက ငါးမျှားပြီး တစ်လကို ရမှတ် တစ်ထောင်ကျော်ပဲ ရှာနိုင်တဲ့အချိန်မှာ အစ်ကိုကြီး လီဖူလျန်းက တစ်လကို အမှတ် တစ်သောင်းကျော် ရအောင် ငါးမျှားနိုင်လို့ပဲ”

“မဟုတ်လောက်ပါဘူး။ မင်းပြောတာက လုံးဝ ယုံနိုင်စရာကို မရှိပါလား”

“တစ်လတည်းနဲ့ ရမှတ် တစ်သောင်း ကျော်အောင် ငါးမျှား နိုင်တာလား။ ငါကြားတာကတော့ အပြင်စည်း အကြီးအကဲတွေတောင် တစ်နှစ်လုံးမျှားမှ ရမှတ် တစ်သောင်း နှစ်သောင်း ရတာဆို”

“ငါက မင်းတို့ကို ဘာလိမ်စရာ အကြောင်း ရှိလို့လဲကွ။ ဂိုဏ်းတူအစ်ကိုကြီး လီဖူချန်းကို သိတဲ့သူတိုင်း ဒီအကြောင်းကို သိပြီးသားဟ”

“ဒါကြီးက တကယ့်ကို ရူးချင်စရာပဲကွာ။ တစ်လကို ရမှတ် တစ်သောင်းကျော်တဲ့။ အဝါရောင် အလတ် ခန္ဓာကိုယ် သန့်စင်ဆေးလုံး ဘယ်နှလုံး ဝယ်လို့ ရနိုင်မလဲဆိုတာ စဉ်းစား ကြည့်စမ်း”

ရုတ်တရက်ကြီး လီဖူချန်း ရောက်ချလာမှုက အားလုံးရဲ့ စိတ်ဝင်စားမှုကို ရစေပါတယ်။

သူ့အကြောင်းကို ကြားသိဖူးတဲ့ တပည့်တွေ ကတော့ လီဖူချန်းကို အထင်ကြီး လေးစားမှုအပြည့်နဲ့ ငေးကြည့် နေကြတယ်လေ။

လီဖူချန်းက သူတို့ကို သတိပြုမိသွားတဲ့အတွက် ငါးမျှားနေရာကနေ လှည့်ပြီး တစ်ချက် ပြုံးပြလိုက်ပါတယ်။

ငါးမျှားရတယ် ဆိုတာ တကယ်တမ်းတော့ အရမ်းကို ပျင်းစရာ ကောင်းပါတယ်လေ။ အချိန်မြစ်ရေ စီးကြောင်းကလည်း ပုံမှန်ပဲ စီးဆင်းနေဆဲပါပဲ။

တစ်လ ... နှစ်လ ...

မျက်စိတစ်မှိတ် အတွင်းမှာပဲ နောက်ထပ် အချိန်၉လက ကုန်ဆုံး သွားခဲ့ပါပြီ။ ကိုးလတိုင်တိုင် ငါးဖမ်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ထောက်ပံ့ရေး ရမှတ်က ၂၁၀၀၀ ကနေ ၁၅၀၀၀၀ အထိကို ရှိလာပါတယ်။

ဒီလောက် အမှတ်နဲ့ ဆိုရင်တော့ အဝါရောင် အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ် တစ်ခုလောက်ကို လဲလှယ်လို့ ရမယ်လို့ သူ တွက်လိုက်ပါတယ်။

ဒါပေမဲ့ အဲဒါကို မလုပ်ခင်မှာ ဒီနှစ်အတွက် ဂိုဏ်းတော်က ပေးအပ်တဲ့ တာဝန်တစ်ခုကို ပြီးမြောက်ဖို့ လိုနေပါသေးတယ်။

***

All Chapters