မိစ္ဆာသွေးသားရဲမြို့သို့
Vol. 8 Ch. 102
အလယ်လတ်တန်းစား တာဝန်
ခက်ခဲမှုအဆင့် - ကြယ်နှစ်ပွင့်
လုပ်ဆောင်ရမည့်တာဝန် - အလိုရှိတဲ့ ဝရမ်းပြေး ကျိုးတာဟုကို သတ်။
ကျိုးတာဟု - စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၇
အတွင်းအားနည်းစနစ် - အဝါရောင်အဆင့်မြင့် ကရုဏာမဲ့ကျား
သိုင်းပညာ - ကရုဏာမဲ့ကျား လက်သီးသိုင်းနဲ့ ကရုဏာမဲ့ကျား ဓားသိုင်း
ဆုကြေးငွေ - ထောက်ပံ့ရေး ရမှတ် ၅၀၀၀
လီဖူချန်းက အလယ်လတ်တန်းစား တာဝန်တွေထဲက ကြယ်နှစ်ပွင့် ခက်ခဲမှု အဆင့်ရှိတဲ့ တာဝန်ကို ရွေးလိုက်ပါတယ်။
ဒီတာဝန်က အလယ်အလတ်တန်းစား တာဝန်တွေထဲက ကြယ်နှစ်ပွင့် ခက်ခဲမှုအဆင့် ဖြစ်ပေမဲ့လည်း အရင်တစ်ခေါက်က လုပ်ခဲ့တဲ့ လေနက်ဓားပြအဖွဲ့ကို ရှင်းခဲ့တာထက်တောင် ဆုကြေး နည်းပါတယ်။
(လေနက် ဓားပြအဖွဲ့တုန်းက ဆုကြေးငွေက ၈၀၀၀ ပါ)
***
ဒီမြို့လေးက ဆိတ်ငြိမ်ပြီး လူဦးရေ နည်းပါးတဲ့ နယ်စပ်မြို့ငယ်လေး တစ်မြို့ပါပဲ။
မြို့ထဲက လမ်းတွေကလည်း ကျဉ်းမြောင်းတဲ့အပြင် ချိုင့်တွေ ခွက်တွေနဲ့လည်း ပြည့်နှက် နေပါတယ်။
လမ်းဘေး တစ်တစ်ချက်ကနေ လာနေတဲ့ နွားချေးပုံ၊ မြင်းချေးပုံတွေရဲ့ အနံ့တွေကလည်း လုံးဝကို မနှစ်မြို့စရာပါ။
မြို့ငယ်လေးရဲ့ အလယ်မှာတော့ နုံချာယိုယွင်းနေတဲ့ ဧည့်ရိပ်သာ တစ်ခု ...
ဧည့်ရိပ်သာ အထဲမှာတော့ ကြောက်လန့်ဖွယ် ကောင်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ လူကြီး တစ်ယောက်က အစား အသောက်တွေကို ပလုတ်ပလောင်း စားသောက် နေပါတယ်။
သူ့ရဲ့ညာဘက် လက်နားမှာတော့ ဓားပြားကြီး တစ်လက် …
ဖျတ် ... ဖျတ် ...
ဧည့်ရိပ်သာ အထဲကိုတော့ လူငယ်လေး တစ်ယောက် လက်နှစ်ဖက် နောက်ပစ်ပြီး ဝင်ရောက် လာခဲ့ပါတယ်။
ထိုလူငယ်ကတော့ လီဖူချန်းပါပဲ။
သူက ဧည့်ရိပ်သာထဲကို တစ်ချက် ကြည့်လိုက်တာနဲ့ ထိုလူကြီးကို တွေ့သွားပြီး လှမ်းခေါ် လိုက်ပါတယ်။
“ကျိုးတဟူ”
ကျိုးတဟူက ခေါင်းမော့လာပြီး လီဖူချန်းကို စေ့စေ့ ပြန်ကြည့်နေပါတယ်။
“မင်းငါ့ကို သတ်ဖို့ ရောက်လာတာလား"
“အေး”
"မင်း တစ်ယောက်တည်းလား”
"အေး"
“မင်းအဘိုးကို သွားသတ်ပါလား”
ဝုန်း…
ကျိုးတဟူက သူ စားနေတဲ့စားပွဲကို လှန်ပစ် လိုက်ပါတယ်။ ထို့နောက်မှာတော့ ကြောင်တစ်ကောင်လို ပေါ့ပါးစွာ လမ်းမပေါ်ကို ခုန်ထွက်သွားပြီး ပျောက်ကွယ် သွားပါတော့တယ်။
လီဖူချန်းကလည်း ဧည့်ရိပ်သာကနေ ချက်ချင်း ထွက်ပြီး ကျိုးတဟူနောက်ကို လိုက်ပါတယ်။ လီဖူချန်းရဲ့ လှုပ်ရှားမှုတွေ ကလည်း တစ္ဆေသူရဲသမျှ မြန်ဆန်လွန်း ပါတယ်။ ကျိုးတဟူက ၁၀ မိနစ်လောက် ပြေးပြီးတဲ့နောက်မှာတော့ မြို့ပြင်ကို ရောက်လာခဲ့ပါတယ်။
“ဟူး ... အခုလောက်ဆို ငါလွတ်ပြီ ထင်ပါတယ်”
ကျိုးတဟူက ဇရပ်လေး တစ်ခုအနားကို အရောက်မှာတော့ အနားယူဖို့ စဉ်းစား လိုက်ပါတယ်။ ဒါပေမဲ့ သူ့စိတ်ကူးတွေက အကောင်အထည် ပေါ်လာဖို့ မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဇရပ်ပေါ်မှာ လူငယ်လေး တစ်ယောက်က ထိုင်စောင့်နေလို့ပါပဲ။
“မင်းပြေးလို့ မလွတ်ဘူး”
လီဖူချန်းက သူ့ကို အေးအေးဆေးဆေးပဲ ပြောလိုက်ပါတယ်။
“ဝုန်း”
ကျိုးတဟူရဲ့ ကိုယ်ပေါ်ကနေ မိစ္ဆာဓာတ် တစ်ခုက ပေါ်ထွက် လာပါပြီ။
“စောက်ကလေး ... ငါမင်းကို ကြောက်ပြီး ပြေးတယ်လို့ မင်းတကယ်ကြီး ထင်နေတာလား။
ငါကမင်းကို လူမြင်ကွင်းမှာ သတ်လိုက်ရင် မိုးပြာရောင်ဂိုဏ်းက ငါ့ကို သဲကြီးမဲကြီး လိုက်လာမှာ စိုးလို့ကွ”
မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း တပည့်တစ်ယောက်ကို လူမြင်ကွင်းမှာ သတ်လိုက်တာက ကျိုးတဟူ အတွက်တော့ အန္တရာယ်ကို ဖိတ်ခေါ် လိုက်သလိုပါပဲ။
ဘာဖြစ်လို့လဲ ဆိုတော့ ဂိုဏ်းတော်က တပည့်တွေဆိုတာ ကျီးကန်းတွေ လိုပါပဲ။ တစ်ကောင်ကို သွားထိမိလိုက်ရင် အုပ်လိုက်ကြီး လိုက်လာတာလေ။
သူ မသေမချင်းကို တစ်ယောက်ပြီး တစ်ယောက် လိုက်လာမှာပါ။ ပြီးတော့ တပည့်တွေကလည်း ပိုပိုပြီး အစွမ်းထက်သူတွေပဲ လာတော့မှာလေ။ ဒီလို အဖြစ်မျိုးကို ကျိုးတဟူက မလိုလားပါဘူး။
“ခင်ဗျားသာ တကယ်လို့ ကျုပ်ရဲ့ လက်ဝါးရိုက်ချက် တစ်ချက်ကို ခံနိုင်မယ်ဆိုရင် ခင်ဗျားကို လွှတ်ပေး လိုက်မယ်”
လီဖူချန်းက သူ့ရဲ့ ဘယ်ဘက်လက်ကို အနောက်ကို ပစ်လိုက်ပြီး ညာဘက်လက်နဲ့ သိုင်းကွက် ခင်းကာ ကျိုးတဟူကို စိန်ခေါ် လိုက်ပါတယ်”
“မင်းက သေချင်နေတာပဲ”
ကျန်းတဟူက သူ့ရဲ့ဓားပြားကြီးကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အရူးတစ်ယောက်လို သွေးရူးသွေးတန်း တိုက်ခိုက် ပါတော့တယ်။
သူ့ရဲ့ပုံစံက စိတ်ရိုင်းဝင်နေတဲ့ ကျားတစ်ကောင် လိုပါပဲ။ တိုက်ကွက်တွေက အရမ်းကို ရက်စက် ကြမ်းကြုတ်လွန်း နေပါတယ်။
ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက သူ့ရဲ့ပြိုင်ဘက်က လီဖူချန်း ဖြစ်နေတာပါပဲ။
ကျိုးတဟူရဲ့ သိုင်းကွက်တွေက လီဖူချန်းရဲ့ အရိပ်ကလေး ကိုတောင် ထိဖို့အတွက် မစွမ်းဆောင် နိုင်ခဲ့ပါဘူး။
ကျိုးတဟူရဲ့အဖြစ်က လေကိုဓားနဲ့ ခုတ်နေသလို ဖြစ်နေပါပြီ။ ခုတ်သာ ခုတ်နေရတာ အကျိုး သက်ရောက်မှုက ဘာမှ ထူးမလာပါဘူး။
လီဖူချန်းက ကျိုးတဟူရဲ့ ဓားပြားကြီးကို အေးအေးလူလူ ရှောင်တိမ်းရင်းနဲ့ ဟာကွက်ကို ရှာဖွေနေပါတယ်။
“ဖတ်”
လီဖူချန်းရဲ့ ခန္ဓာကိုယ်က ကျိုးတဟူရဲ့ ဘယ်ဘက်ခြမ်းကို ဝိညာဉ် တစ်ကောင်လို ညင်သာစွာ တိုးကပ်သွားပြီး လက်ဝါးဖြင့် ပခုံးကို အသာအယာ ရိုက်ချလိုက်ပါတယ်။
ကျိုးတဟူက လီဖူချန်းရဲ့ လက်ဝါး ရိုက်ချက်ကို တောင့်ခံနိုင်စွမ်း ရှိသည့်ပုံ မပေါ်ပါဘူး။
လက်မောင်း တစ်ခုလုံး မီဖုတ်ခံလိုက် ရသည့်အလား မည်းတူး ချိတ်သွားပြီး အရုပ်တစ်ရုပ်လို အဝေးကို လွင့်ထွက် သွားပါတော့တယ်။
“တစ်ချက်တည်းနဲ့ သေသွားတာလားဟ”
လီဖူချန်းက ကျိုးတဟူကို စစ်ဆေး ကြည့်လိုက်တဲ့ အခါမှာတော့ သေဆုံးနေတာကို သိလိုက် ရပါတယ်။
“လပေါင်း ၁၃လ ... ဒီအတော အတွင်းမှာပဲ ငါ့စွမ်းရည်တွေက အနည်းဆုံး နှစ်ဆလောက် တိုးတက် လာခဲ့တာပဲ”
ကျိုးတဟူကို တစ်ချက်တည်းနဲ့ ရိုက်သတ် မိသွားတာက လီဖူချန်း တစ်ယောက်ကို မအံ့သြ စေတော့ပါဘူး။
သူ ဒီအတော အတွင်းမှာ ဘာတွေ ဖြစ်လာသလဲ ဆိုတာ သူသာ အသိဆုံးပါ။
ဒီ၁၃လ အတွင်းမှာ သူ့ရဲ့ စိတ်ဝိညာဉ်ကလည်း အပြာဖျော့ဖျော့ဘက်ကို ၅၀ ရာခိုင်နှုန်းလောက် ပြောင်းနေပါပြီ။
သူ့ရဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ကလည်း အဆင့်၁၃ကို ရောက်နေတဲ့အပြင် ကျင့်ကြံခြင်း အဆင့်ကလည်း စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၄အထိကို ရှိနေခဲ့ပါပြီ။
သူ့ရဲ့ လေ့ကျင့်ထားတဲ့ ပညာရပ် အသစ်တွေကလည်း ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်နေတာ ဖြစ်တဲ့အတွက် သူ့လက်ဝါး ရိုက်ချက်ကို ကျိုးတဟူ တစ်ယောက် ခံနိုင်ဖို့ မဖြစ်နိုင်မှန်း အစောကြီး ကတည်းက တွက်ထား ခဲ့တာပါ။
လီဖူချန်းက အဘက်ဘက်ကနေ တိုးတက်လာတဲ့အတွက် သူ့ရဲ့ ကန့်သတ်ချက် အစွမ်းကို သိရဖို့ အလယ် လတ်တန်းစား တာဝန်တွေထဲက ကြယ်နှစ်ပွင့် ခက်ခဲမှုအဆင့်ကို ရွေးချယ်ခဲ့တာပါ။
ကြည့်ရတာ ကျိုးတဟူ တစ်ယောက် သေချိန်တန်သည့် ပုံပါပဲလေ။
လီဖူချန်းက ကျိုးတဟူဆီမှာ ရှာဖွေလိုက်တဲ့ အခါမှာတော့ ရွှေပြား၁၀၀၀ တန်တဲ့ ကတ်လေးတွေ အနည်းငယ်ကလွဲပြီး ဘာမှ မတွေ့ခဲ့ပါဘူး။
“ဟူး ... ဆင်းရဲလိုက်တဲ့ ကောင်ပါလား”
လီဖူချန်း တစ်ယောက် သက်ပြင်း ချလိုက်ပြီး စိတ်ဓာတ်ကျစွာနဲ့ ကျိုးတဟူရဲ့ ခေါင်းကို ဖြတ်ယူကာ ဂိုဏ်းတော်ကို ပြန်လာ ခဲ့ပါတော့တယ်။
တာဝန်ခွဲဝေရေးဌာန
တာဝန်ပြီးဆုံးကြောင်း သတင်းပို့ပြီးတာနဲ့ လီဖူချန်းတစ်ယောက် ဌာနထဲကနေ ချက်ချင်း ထွက်မသွားသေးပဲ ဟိုဟိုဒီဒီ လျှောက်ကြည့် နေပါသေးတယ်။
သူက နောက်ထပ် အလယ်လတ်တန်းစား တာဝန်တစ်ခု ယူရင် ကောင်းမလားလို့ စဉ်းစား နေတာပါ။
ဒီတာဝန်တွေကနေရတဲ့ ရမှတ်တွေက ငါးဖမ်းတာထက် နည်းပေမဲ့ ရွှေတွေကတော့ မြိုးမြိုးမြက်မြက်လေး ရတဲ့အတွက် လီဖူချန်းက နောက်ထပ် တာဝန်တစ်ခုကို လုပ်ချင်နေတာပါ။
ဂိုဏ်းအတွင်းမှာတော့ ရွှေပြားတွေရဲ့ တန်ဖိုးက ထောက်ပံ့ရေး ရမှတ်တွေနဲ့ မယှဉ်နိုင်ပေမဲ့ အပြင်ဘက် လောကမှာတော့ ထောက်ပံ့ရေး ရမှတ်ဆိုတာ အလကားပဲလေ။
အလယ်လတ်တန်းစား တာဝန်တွေကို ကြည့်ရင်းနဲ့ လီဖူချန်းက ကြယ်သုံးပွင့်ခက်ခဲမှု အဆင့်ရှိတဲ့ စုပေါင်း တာဝန်တစ်ခုကို တွေ့လိုက်ပါတယ်။
“ဟင် ... စုပေါင်းတာဝန် ဆိုပါလား”
ဒီတာဝန်က ဂိုဏ်းပေါင်းစုံက တပည့်တွေ လာမယ့် တာဝန်တစ်ခုပါ။
မိစ္ဆာသွေးသားရဲမြို့ကို လာရောက် တိုက်ခိုက်တော့မယ့် မိစ္ဆာသားရဲအုပ်ကြီးရဲ့ ရန်ကို မြို့စောင့်တပ်နဲ့ အတူ ကာကွယ် ပေးရမှာပါ။
ဒီတာဝန်အတွက် ဆုကြေးကတော့ ထောက်ပံ့ရေးရမှတ် ၁၀၀၀၀ ပဲ ဖြစ်ပါတယ်။
“မိစ္ဆာသားရဲတွေရဲ့ရန်ကို ကာကွယ် ရမှာလား”
လီဖူချန်းက အနည်းငယ်တော့ တွေဝေ သွားပါတယ်။
ယုံဝူးမြို့ကလည်း အရင်တုန်းက ဒီလိုသားရဲအုပ်ကြီးရဲ့ တိုက်ခိုက်မှု ခံခဲ့ဖူးပေမဲ့ သူကတော့ တစ်ခါမှ မကြုံခဲ့ဖူးဘူးလေ။
“ဒီကညီလေး... ဒီတာဝန်ကို မယူဖို့ အစ်ကို အကြံပေးပါရစေ”
လီဖူချန်းထက် အသက်၁၀နှစ်လောက် ကြီးပုံရတဲ့ မျက်နှာဝိုင်းဝိုင်းနဲ့ ဂိုဏ်းတူ အစ်ကိုကြီး တစ်ယောက်က လီဖူချန်းကို ကောင်းစေချင်သည့် စိတ်ဖြင့် လာတားပါတယ်။
လီဖူချန်းက “ဘာဖြစ်လို့လဲဗျ” လို့ မေးလိုက်ပါတယ်။
ထိုဂိုဏ်းတူ အစ်ကိုကြီးက သဘောကောင်းသည့် ပုံပါပဲ။ သူက လီဖူချန်းကို ကောင်းကောင်းကြီး ရှင်းပြပါတယ်။
“မိစ္ဆာသားရဲအုပ်ကို ခုခံရတယ်ဆိုတာ အင်မတန် ငြီးငွေ့စရာ ကောင်းသလို အန္တရာယ်လည်း အရမ်း များတယ်ကွ။
ဒီတာဝန်ကို ရွေးသင့်တဲ့ တပည့်တွေက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၅ကို ရောက်ရင်ရောက် ဒါမှမဟုတ် အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်တွေကို လေ့ကျင့် ထားတဲ့သူတွေပဲ ဖြစ်သင့်တယ်။ လီဖူချန်းက သူ့အကြံပေးချက်ကို ငြင်းလိုက်ပါတယ်။
“တကယ်လို့ ဒီတာဝန်ကသာ အန္တရာယ် မများဘူးဆိုရင် ကျွန်တော်က ဒီတာဝန်ကို ရွေးမှာ မဟုတ်ဘူး”
မျက်နှာဝိုင်းဝိုင်းနဲ့ အတွင်းစည်း တပည့်က ခေါင်းကို ခါလိုက်ပြီး လီဖူချန်းကို ဆက်ဖျောင်းဖျ နေပါသေးတယ်။
“မိစ္ဆာသားရဲအုပ်တွေက မင်း ထင်ထားသလို မရိုးရှင်းဘူး ညီလေး။ မင်းမှာ ဒီသားရဲအုပ်တွေရဲ့ လှိုင်းလုံးကြီးတွေလို ဆက်တိုက် တိုက်ခိုက်မှုအတွက် လုံလောက်တဲ့ ချီအတွင်းအားတွေလည်း ရှိနေရဦးမယ်။ ပြီးတော့ မင်းရဲ့ တိုက်ခိုက်မှုနှုန်းကလည်း အရမ်းကို ကောင်းနေရမှာ။ တိုက်ပွဲ အလယ်မှာဆိုရင် ချီအတွင်းအား ပြန်လည် ဖြည့်တင်းပေးတဲ့ ဆေးလုံးတွေကို သောက်ဖို့ အချိန်တောင် ရှိမှာ မဟုတ်ဘူး။
မင်းရဲ့ ချီအတွင်းအား ကုန်သွားပြီ ဆိုတာနဲ့ မင်းအတွက် သေဖို့ အခွင့်အလမ်းက အရမ်း များသွားပြီလေ။
နှစ်စဉ် နှစ်တိုင်းမှာ ဂိုဏ်းပေါင်းစုံက အတွင်းစည်း တပည့်၁၀ယောက် လောက်က ဒီတာဝန် အတွင်းမှာ သေတတ်ကြတယ်”
“အစ်ကို့ရဲ့ အကြံပေးမှုကို ကျေးဇူး တင်ပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော့်ကို ကျွန်တော် ယုံကြည်မှုရှိပါတယ်”
လီဖူချန်းက ယဉ်ယဉ်ကျေးကျေးပဲ ငြင်းဆို လိုက်ပါတယ်။
“အေးလေ။ ဒါက ငါ့အကြံပေးမှု သက်သက်ပါပဲ။ လက်မခံတာ၊ ခံတာကတော့ မင်းနဲ့ပဲ သက်ဆိုင်ပါတယ်လေ”
မျက်နှာဝိုင်းဝိုင်းနဲ့ အတွင်းစည်း တပည့်က သက်ပြင်းတစ်ချက် ချပြီး ထွက်သွား ပါတော့တယ်။ သူက လီဖူချန်းကို အကောင်းဆုံး အကြံဉာဏ်ပေးဖို့ ကြိုးစား ခဲ့တာပဲလေ။
လီဖူချန်း ကိုယ်တိုင်က သွားချင်နေမှတော့ သူ ဘာတတ်နိုင် မည်နည်း။ မိစ္ဆာသွေးသားရဲမြို့မှာ နောက်ထပ် သေမယ့် တပည့်တစ်ယောက် တိုးတာပေါ့လေ။
ကြည့်ရတာ အခု အသစ်ဝင်လာတဲ့ အတွင်းစည်း တပည့်တွေက အလွန်ပဲ ခေါင်းမာပုံရသည်။
တကယ်လို့ အလယ်လတ်တန်းစား ခက်ခဲမှု ကြယ်၃ပွင့် တာဝန်ဟာ အရမ်း လွယ်ကူနေမယ်ဆိုရင် လူတိုင်း လုပ်နေမှာပေါ့လေ။
***
နှစ်ပတ် အကြာမှာတော့ လီဖူချန်း တစ်ယောက် မိစ္ဆာ သွေးသားရဲမြို့ကို ရောက်ရှိ လာခဲ့ပါပြီ။ ဒီမြို့လေးကို မိစ္ဆာသွေးသားရဲလို့ ခေါ်ရတဲ့ အကြောင်းအရင်း ကတော့ မိစ္ဆာသွေးသားရဲ တောင်တန်းကြီးနဲ့ အရမ်းကို တူလို့ပါပဲ။
မိစ္ဆာသွေးသားရဲ မြို့လေးရဲ့ အနောက်ဘက် နယ်နိမိတ်မှာတော့ မိစ္ဆာခေါ်သံ မြို့တော်ကြီး တည်ရှိပါတယ်။
မိစ္ဆာသွေးသားရဲ မြို့လေးဟာ မိစ္ဆာခေါ်သံ မြို့တော်ကြီးကို မိစ္ဆာသားရဲတွေ ရောက်မသွားနိုင်ဖို့ ကာဆီးထားတဲ့ အတားအဆီး မြို့ငယ်လေး ဆိုတာလည်း မမှားပါဘူး။
မိစ္ဆာ သားရဲတွေကသာ ဒီမြို့ငယ်လေးကို စီးနင်း လိုက်နိုင်ပြီဆိုရင် မိစ္ဆာခေါ်သံ မြို့ကြီး အတွက် အရမ်းကို အန္တရာယ်များတဲ့ အနေအထားကို ရောက်သွား နိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မိစ္ဆာခေါ်သံမြို့ကြီးက လူဦးရေ အတော်လေး ထူထပ်တဲ့ မြို့ကြီးတစ်မြို့ ဖြစ်လို့ပါပဲ။
မိစ္ဆာသွေးသားရဲ မြို့လေးကတော့ ကင်းမြို့လေး တစ်ခုခု သာသာပဲလေ။ ဒါကြောင့်မို့ မိစ္ဆာသားရဲတွေက နှစ်စဉ် နှစ်တိုင်းလိုလို ဒီမြို့ငယ်လေးကို စီးနင်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေကြတာပါ။
ပြီးတော့ ဒဏ္ဍာရီပုံပြင် တစ်ပုဒ်လည်း ရှိပါသေးတယ်။
အဆင့်၅ မိစ္ဆာသားရဲ တစ်ကောင်ရဲ့ သွေး အဆီအနှစ်တွေကို မိစ္ဆာ သွေးသားရဲမြို့ရဲ့ မြေဆီလွှာတွေက စုပ်ယူ ထားတယ်တဲ့။
ဒီမြေဆီလွှာက မိစ္ဆာသားရဲတွေ အတွက် အဆင့်တက်နှုန်းကို မြန်စေတယ်လေ။ အဲဒါကြောင့် မိစ္ဆာသားရဲတွေက ဒီမြို့ကိုရဖို့ အမြဲလိုလို တိုက်ခိုက် နေတာပါ။
မိစ္ဆာသွေးသားရဲမြို့ကို မြင်ရတဲ့ အခါမှာတော့ လီဖူချန်း တစ်ယောက် မအံ့သြပဲ မနေနိုင်တော့ပါဘူး။
မိစ္ဆာသွေးသားရဲ့မြို့ကို မြို့ငယ်လေးလို့ ပြောကြတာ တကယ်တမ်း ဒီမြို့က သာမန်မြို့တွေ ထက်တောင် ကြီးနေပါသေးတယ်။
မြို့ရဲ့ တံတိုင်းတွေကလည်း ၂၀မီတာကျော်မြင့်ပြီး ၁၀မီတာလောက် ထူပါတယ်။
သတ္တုရိုင်းတွေနဲ့ ရွှံ့စေးတွေကို အချိုးကျစွာ ရောစပ်ပြီး တည်ဆောက် ထားတာ ဖြစ်တဲ့အတွက် အင်မတန်မှ ခိုင်ခံ့လွန်းပါတယ်။
လီဖူချန်းရဲ့ အစွမ်းနဲ့ဆိုရင် ဒီတံတိုင်းတွေကို ဖျက်ဆီးဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
စိတ်ရှိလက်ရှိ တိုက်ခိုက် လိုက်ရင်တောင် ဒီတံတိုင်းကြီးက မှုမည့်ဟန် မပေါ်ချေ။
သူ အားထားရပါတယ် ဆိုတဲ့ ကြယ်ကြွေ ဓားသိုင်းတောင် ဒီတံတိုင်းကြီးကို အလွန်ဆုံး တစ်မီတာလောက်ပဲ ထိုးဖောက် နိုင်မည့်ပုံပင်။
ဒီမြို့မှာ ဝင်ဖို့ ဂိတ်ပေါက်နှစ်ပေါက် ရှိပါတယ်။ လီဖူချန်းကတော့ အနောက်ဘက် ဂိတ်ပေါက်ကပဲ ဝင်လာခဲ့လိုက်ပါတယ်။
မြို့ထဲမှာတော့ ပညာရှင် အမြောက်အမြားနဲ့ စစ်သားတွေဟာ ပျားပန်းခပ်မျှ လှုပ်ရှား သွားလာ နေကြပါတယ်။
ဒီစစ်သားတွေက မိစ္ဆာသွေးသားရဲမြို့ရဲ့ ကိုယ်ပိုင်စစ်တပ် ဖြစ်မည့်ပုံပါပဲ။ ဒီထဲက အနိမ့်ဆုံး စစ်သားတောင် လူသားနယ်ပယ် အဆင့်၉မှာ ရှိနေပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းတစ်ယောက် မိုးပြာရောင် ဂိုဏ်းသား တော်တော်များများကို တွေ့လိုက် ရပါသေးတယ်။
သူတို့ထဲက လူတွေကတော့ မျက်နှာဝိုင်းဝိုင်းနဲ့ ဂိုဏ်းတူ အစ်ကိုကြီး ပြောခဲ့သလိုပဲ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့်၅ နဲ့ အထက်တွေပါပဲ။
“လီဖူချန်း”
နူးညံ့ပြီး ချိုသာတဲ့ အသံလေးတစ်ခုက ခေါ်လိုက်တာကို ကြားလိုက်ရတာကြောင့် သူက လှည့်ကြည့် မိလိုက်ပါတယ်။
ခေါ်သံပိုင်ရှင်ကတော့ ဝူကျင်မိန်ပါ။
သူမက အစိမ်းရောင် ဖျော့ဖျော့ အတွင်းစည်း ဂိုဏ်းသား ဝတ်စုံကို ဝတ်ဆင် ထားပါတယ်။
သူမရဲ့နူးညံ့ပြီး အပြစ်ကင်းစင်ပုံရတဲ့ မျက်နှာလေးက အတွင်းစည်း ဂိုဏ်းသားတွေ ကြားထဲမှာ ထင်းလို့ နေပါတယ်လေ။
သူမက ဒီအနီးအနားက ယောက်ျားသားတွေ အားလုံးရဲ့ စိတ်နှလုံးကိုပါ ဆွဲငင် သိမ်းကျုံး ထားသည့်ပုံပါပဲ။
***