အင်အားကြီးတယ် ဆိုတာ ဘာလဲ
Vol. 8 Ch. 112
ဒီအတွင်းစည်း လက်ထောက် ကြီးကြပ်ရေးမှူး နှစ်ဦးက အသက် ၄၀လောက်ရှိပြီး စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉ကို ရောက်နေပါပြီ။
သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေက တကယ်ကို မြန်ဆန်လွန်း လှပါတယ်။
“ရေလှိုင်းပြာ ဓားသိုင်း”
“ကောင်းကင်ပြိုဓားသိုင်း”
လီဖူချန်းရဲ့ တစ်ဖက် တစ်ချက်ကနေပြီး သူတို့က ညှပ်တိုက် လိုက်ပါတယ်။
လီဖူချန်းရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ ဆိုရင်တော့ သူက ဒီနှစ်ယောက်ရဲ့ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ပါဘူးလေ။
“ပန်းပွင့် အသင်္ချေဓားသိုင်း”
လီဖူချန်းတစ်ယောက် လုံးဝ အကျပ်အတည်း တွေ့နေချိန်မှာပဲ ချန်ဖန်းဟွာက အမြန် ရောက်လာပြီး သူမရဲ့ဓားနဲ့ အတွင်းစည်း လက်ထောက် ကြီးကြပ်ရေးမှူး နှစ်ယောက်ရဲ့ ဓားကို ရိုက်ထုတ် ပစ်လိုက်ပါတယ်။
“အစ်မတော်ချန် ... ဒါက ဘာလုပ်တာလဲ”အတွင်းစည်း ကြီးကြပ်ရေးမှူး နှစ်ယောက်ထဲက တစ်ယောက်က ဒေါသနဲ့ မေးလိုက်ပါတယ်။
ချန်ဖန်းဟွာက “မင်းတို့က အဆင့်မမီလို့ အတွင်း လက်ထောက်စည်း ကြီးကြပ်ရေးမှူး ဖြစ်နေတာ။ အဲဒါကိုတောင် မင်းက ပထမတန်းစား အတွင်းစည်း တပည့်ကို သတ်ချင်နေတယ်။ မင်းက ပြစ်ဒဏ်ပေး ခန်းမကို ဂရုမစိုက်တာလား"
အတွင်းစည်း လက်ထောက် ကြီးကြပ်ရေးမှူးတွေက အတွင်းစည်း တပည့်တွေထက် အဆင့်အတန်း နိမ့်ပါတယ်။ ဒီလို အဆင့်နိမ့်တဲ့သူက အဆင့်မြင့်တဲ့သူကို တိုက်ခိုက်တယ် ဆိုတာ ဂိုဏ်းတော်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေတာပါ။
နောက်ထပ် တစ်ယောက်ကတော့ အသံ ချိုချိုသာသာနဲ့ “အစ်မတော်ချန်... ဘေးကို ဖယ်ပေးပါလားဗျာ။ ကျွန်တော်တို့ လျိုကလန်က မိုးပြာရောင်ဂိုဏ်းရဲ့ ရှေးဟောင်း ကလန်တွေထဲက တစ်ကလန် အပါအဝင်ပါ။ ပြီးတော့ လျိုဟောင်လုံကလည်း ကျွန်တော်တို့ရဲ့ သခင်လေးပါ။ ဒီကိစ္စကို ဝင်မရှုပ်ပါနဲ့ဗျာ။ ကိုယ့်ကိစ္စလည်း မဟုတ်ပဲ ဝင်ဝင် မပါပါနဲ့လား”
“သူပြောတာ မှန်တယ်။ လျိုကလန်ကို ရန်စတာဟာ ကောင်းတဲ့ ရွေးချယ်မှုတစ်ခု မဟုတ်ဘူး"
ဒီလက်ထောက် ကြီးကြပ်ရေးမှူး နှစ်ဦးက ဘာဖြစ်လို့ လီဖူချန်းကို သတ်ဖို့ ကြံရွယ်ရဲတာလဲ ဆိုတော့ လျိုကလန်ရဲ့ ကျောထောက် နောက်ခံ ရှိနေလို့ပါပဲ။ လျိုကလန်က ရှေးဟောင်း ကလန်ကြီး ဖြစ်တဲ့အတွက် မြေကမ္ဘာအဆင့် ပညာရှင်တွေက တော်တော်များများကို ရှိတယ်လေ။ ပြီးတော့ ကောင်းကင် နယ်ပယ်က ပညာရှင်တွေကလည်း ထိုက်သင့်သလောက် ရှိပါသေးတယ်။ သူတို့က လီဖူချန်းကို သတ်လိုက်ရင်တောင် ကလန်မျက်နှာ ထောက်ပြီး အပြစ် ကြီးကြီးမားမား ရမှာ မဟုတ်ပါဘူး။
ချန်ဖန်းဟွာက အေးစက်စက် ရယ်မော လိုက်ပါတယ်။
“လျိုကလန်က ငါ့ကို ဘာလုပ်နိုင်မလဲ ဆိုတာကို ကြည့်ရသေးတာပေါ့။ လျိုကလန်က မိုးပြာရောင် ဂိုဏ်းထက် အစွမ်းထက် နေပြီလား"
အဲဒီအချိန်မှာပဲ လျိုဟောင်လုံက သတိပြန်ဝင် လာပါတယ်။
“လီဖူချန်း … မင်းကငါ့ကို ပါးရိုက် ရဲတယ်ပေါ့။ မင်းဘယ်လို ပြစ်မှုမျိုးကို ကျူးလွန် လိုက်သလဲ ဆိုတာကိုကော သိရဲ့လား။ ဘယ်လိုမှ ပြင်ဆင်လို့ မရတော့တဲ့ အမှားတစ်ခုကို ကျူးလွန် လိုက်တာပဲ။ အခုချက်ချင်း ဒူးထောက်ပြီး မင်း လက်နှစ်ဖက်ကို ဖြတ်လိုက်စမ်း။ အဲဒါဆိုရင် ငါမင်းကို ခွင့်လွှတ်ပေးလို့ ရသေးတယ်။ ပြီးတော့ … ချန်ဖန်းဟွာ … အခုချက်ချင်း ထွက်သွားစမ်း မဟုတ်ရင် မင်း အေးအေးဆေးဆေး နေရမယ်လို့ ငါအာမ မခံဘူး”
“စော်ကား လိုက်တဲ့ကောင်”ချန်ဖန်းဟွာက ဒေါသထွက် သွားပါတယ်။
သူမ အခု စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈ ရောက်လာတဲ့အထိ ဘယ်သူ တစ်ဦး တစ်ယောက်မှ အခုလို သူမကို မပြောခဲ့ဖူးပါဘူး။
သူမ တိုက်ရိုက်တပည့် ဖြစ်လာတဲ့ အထိတော့ ခဏတော့ စောင့်လိုက် ဦးပေါ့လေ။ အဲသည်နေ့ကျရင် လျိုကလန်ကို သွားပြီး လျိုဟောင်လုံကို ပါးရိုက် ဦးမှာပါ။
“စော်ကားတယ် ဟုတ်လား။ ငါသာ စိတ်ရှိရင် မင်းကို အခုထက်ပိုပြီး စော်ကားလို့ ရသေးတယ်။ မင်းရဲ့ အနောက်က မိသားစုက ငါ့မိသားစုထက် အစွမ်းထက် နေလို့လား"
လျိုဟောင်လုံက ချန်ဖန်းဟွာကို ကြောက်မနေပါဘူး။ ပါရမီအရ ပြောမယ် ဆိုရင်လည်း သူက ချန်ဖန်းဟွာထက် နိမ့်ကျမနေဘူးလေ။ နောက်ထပ် နှစ်အနည်းငယ်လောက် ဆိုရင် ချန်ဖန်းဟွာကို လိုက်မီဖို့ ယုံကြည်ချက်လည်း ရှိပါတယ်။
လျိုဟောင်လုံရဲ့ မောက်မာလှတဲ့ အပြုအမူကို ကြည့်ပြီး ဇောင်မင်းယွီ တစ်ယောက် ဘယ်လိုမှ သည်းခံ မနေနိုင်တော့ပါဘူး။ သူမက အေးစက်စက် အသံဖြင့် ပြောလိုက် ပါတယ်။
“လျိုဟောင်လုံ ... နင့်ရဲ့ လျိုကလန်က အရမ်းကို အစွမ်းထက် နေတာလား”
“ငါတို့ လျိုကလန်က တကယ်ကို အစွမ်းထက်တာပေါ့ကွ။ ပြီးတော့...”လျိုဟောင်လုံက အသံပိုင်ရှင်ကို သိသွားပုံ ရပါတယ်။ ဆက်ပြီး ဘာမှပြောလာခြင်း မရှိတော့ပါဘူး။
လျိုကလန်က တောင့်တင်းပြီး ရှေးကျတဲ့ကလန် ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ တစ်တောင်ထက် မြင့်တဲ့ နောက်တစ်တောင် ဆိုတာ ရှိစမြဲပါပဲ။ ဇောင်မင်းယွီရဲ့ ဇောင်ကလန်က လူအင်အား မများပေမဲ့ တကယ့်ရှေးကျတဲ့ အနွယ်ဝင်တို့ရဲ့ ကလန်ဖြစ်ပါတယ်။ ပြီးတော့ ဇောင်မင်းယွီရဲ့ အဘိုးက အတွင်းစည်း အကြီးအကဲ ခေါင်ချုပ် ဖြစ်တဲ့အပြင် အဖေဖြစ်သူကလည်း အတွင်းစည်း အကြီးအကဲပါပဲ။ ဇောင်ကလန်မှာ နောက်ထပ် အဆင့်မြင့် အတွင်းစည်း အကြီးအကဲဖြစ်တဲ့ ဇောင်ဝူကျိ ရှိပါသေးတယ်။ သူတို့သုံးယောက်ရဲ့ သြဇာအာဏာတွေနဲ့ စွမ်းအားတွေ စုပေါင်း လိုက်မယ်ဆိုရင် လျိုကလန် တစ်ခုလုံးကတောင် ဦးညွှတ် ရပါလိမ့်မယ်။
ဒီကမ္ဘာမှာတော့ လူတစ်ယောက်ရဲ့ နောက်ခံအင်အားက အရမ်းစကား ပြောပါတယ်။ ဒါပေမဲ့ တကယ့်စွမ်းရည် အစစ်အမှန်နဲ့ တွေ့ရင်တော့ ဝပ်တွားခယ ရတာပါပဲလေ။ တကယ်လို့ ပြန်လည် ဝင်စားခြင်း နယ်ပယ်က ပညာရှင် တစ်ယောက် ရောက်လာမယ်ဆိုရင် ဂိုဏ်းတစ်ခုလုံး ကတောင် အရိုအသေ ပေးရပါလိမ့်မယ်။ ပြန်လည် ဝင်စားခြင်း နယ်ပယ်က ပညာရှင်ဆိုတာ ဂိုဏ်းတစ်ဂိုဏ်းနဲ့ကို ညီမျှပါတယ်လေ။
“ဘာဖြစ်လို့ နင်စကား မပြောတော့တာလဲ။ နင်တို့ကလန်က နင်ပြောသလောက် မစွမ်းလို့လား။ မင်းက မင်း သတ်ချင်တဲ့လူကို သတ်လို့ရတယ် မလား။ အတွင်းစည်း တပည့်ကိုတောင် သတ်လို့ရတယ်လေ။ မဟုတ်ဘူးလား” ဇောင်မင်းယွီက တရားမျှတမှုကို မြတ်နိုးတဲ့အတွက် လျိုဟောင်လုံကို ကောင်းကောင်းကြီး ပြစ်တင် ပြောဆိုနေပါပြီ။
လျိုဟောင်လုံက မျက်နှာအိုကြီးဖြင့် “ဇောင်မင်းယွီ... ငါမင်းကို ဘာမှ ရန်မစထားဘူးနော်။ မင်းက မင်းနဲ့သိတဲ့လူလည်း မဟုတ်ပဲနဲ့ ဘာလို့ သူ့ဘက်က ဝင်ပါနေရတာလဲ”
“ဘာဖြစ်နေကြတာလဲ ဟေ့”ရုတ်တရက် ခန့်ညားထည်ဝါတဲ့ အသံကြီးတစ်သံကို ကြားလိုက် ရပါတယ်။
“ဦးလေးဇောင်” ဇောင်မင်းယွီက အသံရှင်ကို နှုတ်ဆက် လိုက်ပါတယ်။
ဇောင်ဝူကျိက လေပေါ်မှာ ရပ်ပြီး ကြည့်နေပါတယ်။ ဇောင်မင်းယွီကို တော့ သူက ကြင်နာစွာနဲ့ ပြုံးပြနေတာပေါ့လေ။
“မင်းယွီ ... ဒီမှာ ဘာဖြစ်နေတာလဲ။ ဦးလေးကို ရှင်းပြပါလား”
ဇောင်မင်းယွီက လျိုဟောင်လုံနဲ့ အတွင်းစည်း လက်ထောက် နှစ်ယောက်ကို ညွှန်ပြလိုက်ပြီး “သူတို့တွေက လျိုကလန်လေ။ သူတို့က စည်းကမ်းဖောက်ပြီး အတွင်းစည်းတပည့် တစ်ယောက်ကို သတ်ဖို့ ကြံစည်နေတာ။ အစ်မတော်ချန်သာ မကာကွယ်ခဲ့ဘူးဆိုရင် အဲဒီ အတွင်းစည်း တပည့်က သေနေလောက်ပြီ”
“လျိုကလန်လား” ဇောင်ဝူကျိက အေးစက်စက် ကြည့်လိုက်ပါတယ်။
"အကြီးအကဲဇောင် ... ကျွန်တော်တို့က အဲဒီလို မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ဒီမျိုးမစစ်က အရမ်းကို ရိုင်းစိုင်းလွန်းတယ်။ သူက ကျွန်တော်တို့ လျိုကလန်ရဲ့ သခင်လေးကိုတောင် စော်ကားနေပါတယ်” အတွင်းစည်း လက်ထောက် ကြီးကြပ်ရေးမှူး တစ်ယောက်က ဇောင်ဝူကျိကို လေပြေသွေး နေပါတယ်။
ဇောင်ဝူကျိက ကောင်းကင်အဆင့် အရှိန်အဝါတွေကို ထုတ်လိုက်ပြီး အတွင်းစည်း လက်ထောက် ကြီးကြပ်ရေးမှူး နှစ်ယောက်ကို ဖိအားပေး လိုက်ပါတယ်။ ထိုဖိအားကို အတွင်းစည်း လက်ထောက် ကြီးကြပ်ရေးမှူး နှစ်ဦးက တောင်ခံနိုင်စွမ်း မရှိတဲ့အတွက် ဒူးထောက် ကျသွားပါပြီ။
ထို့နောက်မှာတော့ ဇောင်ဝူကျိက
“မင်းတို့ လျိုကလန်က ဘယ်တုန်းက အတွင်းစည်း ဂိုဏ်းသားတွေရဲ့ အရေးကိစ္စတွေမှာ ဖြေရှင်းဖို့ အခွင့်အာဏာ ရှိသွားတာလဲ။ ငါတို့ မိုးပြာရောင်ဂိုဏ်းက အဲဒီလို ဆုံးဖြတ်ပိုင်ခွင့် မရှိတော့လို့လား။ မင်းတို့ လျိုကလန်က မိုးပြာရောင်ဂိုဏ်းရဲ့ နေရာကို အစားထိုး တာဝန်ယူ နိုင်နေပြီလား”
"အကြီးအကဲဇောင် ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ရဲ့ ဇောင်ကလန်က ဒီလိုအတွေး လုံးဝမရှိပါဘူး ခင်ဗျာ”
အတွင်းစည်း လက်ထောက် ကြီးကြပ်ရေးမှူး နှစ်ယောက်ရဲ့ မျက်နှာတွေက သွေးမရှိသည့်အလား ဖြူဖွေးသွားပါပြီ။ သူတို့ရဲ့ ခန္ဓာကိုယ်ကလည်း တဆတ်ဆတ် တုန်နေပါပြီ။
“မင်းတို့နှစ်ယောက် ဂိုဏ်းတော်ကို ပြန်ရောက်တဲ့ အခါကျရင် ပြစ်ဒဏ်ပေးခန်းမကို သွားလိုက်။ ပြီးရင် အကျိုးအကြောင်း ပြောပြီး ပြစ်ဒဏ် ခံယူလိုက်” ဇောင်ဝူကျိ အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက် ပါတယ်။
“ဟုတ်ကဲ့ပါ အကြီးအကဲ”
နှစ်ယောက်စလုံးက တညီတညာတည်း ပြောလိုက်ပါတယ်။
လျိုဟောင်လုံကတော့ သူ့ရဲ့ခေါင်းကို ငုံ့ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ပါတယ်။ သူ့ရဲ့ လူသတ်ချင်တဲ့ အငွေ့အသက်တွေကတော့ လုံးဝ လျော့မကျ သွားခဲ့ပါဘူး။
ဇောင်ဝူကျိက အရမ်း အဆင့်မြင့်တဲ့သူ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ လျိုဟောင်လုံရဲ့ အဘေးကလည်း ခေတဲ့သူ မဟုတ်ပါဘူး။ အခု လောလောဆယ်တော့ သူက ဇောင်ဝူကျိကို ပြန်မပြောရဲပေမဲ့ လီဖူချန်းနဲ့ ချန်ဖန်းဟွာ ကိုတော့ လွယ်လွယ်နဲ့ လွှတ်မပေးနိုင် သေးပါဘူး။ တစ်နေ့နေ့မှာတော့ အခုသူခံစားခဲ့ ရတာထက် အဆတစ်ရာမက ခံစားရအောင် ပြန်လုပ်မှာပါ။
လျိုဟောင်လုံကို ကြည့်နေတဲ့ ဇောင်ဝူကျိကလည်း ဒီအချက်ကို ကောင်းကောင်းကြီး ရိပ်မိပါတယ်။
“မင်းရဲ့အဘေးဖြစ်တဲ့ အကြီးအကဲလျိုက နာမည်ကြီး လူတစ်ယောက်ပဲ။ ဒါပေမဲ့ မင်းသူ့ကို သွားပြောရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး။ ဂိုဏ်းစည်းကမ်းက ဂိုဏ်းစည်းကမ်းပဲ။
သူတို့နှစ်ဦးစလုံးက အတွင်းစည်း အကြီးအကဲ ဖြစ်တဲ့အတွက် ဇောင်ဝူကျိက လျိုဟောင်လုံရဲ့ အဘေးကို ကောင်းကောင်းကြီး သိပါတယ်။
“ကဲ ... အားလုံး ကိုယ့်အလုပ် ကိုယ် ပြန်လုပ်ကြတော့”
ဇောင်ဝူကျိက ပြောပြီးတာနဲ့ တခြား တစ်နေရာကို ပျံပြီး ထွက်သွား ပါတော့တယ်။
“နေနှင့်ဦးပေါ့ကွာ” လူသတ်ချင်တဲ့ အကြည့်တွေနဲ့ လီဖူချန်းတို့ကို ကြည့်ပြီး လျိုဟောင်လုံကလည်း ထွက်သွား ပါတော့တယ်။
“အစ်မတော်တို့ နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်”
လျိုဟောင်လုံ ထွက်သွားတာနဲ့ လီဖူချန်းက ချန်ဖန်းဟွာနဲ့ ဇောင်မင်းယွီတို့ကို လက်နှစ်ဖက် ဆုပ်ကာ အရိုအသေပေးရင်း ကျေးဇူးတင်ကြောင်း ပြလိုက်ပါတယ်။
ဒီမိန်းမပျိုလေး နှစ်ယောက်သာ မရှိရင် သူက လုံးဝ သေနေပြီဆိုတာ ယုံမှားစရာ မရှိပါဘူး။
လျိုကလန်က ဒီလောက်အထိ လက်ရဲဇက်ရဲ နိုင်မယ်လို့ သူမထင်ထားခဲ့ မိဘူးလေ။ အခုအချိန်မှာတော့ သူဟာ သေးငယ်တဲ့ ပုရွက်ဆိတ်ကလေး တစ်ကောင်သာသာပဲ ရှိသေးတယ် ဆိုတာကို နားလည်လိုက်ပါပြီ။
နောက်ထပ် နှစ်အနည်းငယ် အတွင်းမှာ ကောင်းကင်နယ်ပယ် ပညာရှင် ဖြစ်ဖို့ကို သူ မမျှော်လင့်ထားပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက ယုတ္ထိမရှိတဲ့ အရာမို့ပါ။
ဒါပေမဲ့ ဒီလာမယ့် နှစ်အနည်းငယ် အတွင်းမှာ တိုက်ရိုက်တပည့် ဖြစ်ဖို့တော့ သူ မျှော်လင့်ပါတယ်။
တိုက်ရိုက်တပည့်တွေ ဆိုတာ မိုးပြာရောင် ဂိုဏ်းအတွက်တော့ အနာဂတ် ပင်မ ထောက်တိုင်တွေပါ။ တိုက်ရိုက် တပည့်တွေကို စော်ကားရဲတဲ့ မည်သူ့ကိုမဆို မိုးပြာရောင်ဂိုဏ်းက ရပ်ကြည့်နေမှာ မဟုတ်ပါဘူး။ မိုးပြာရောင်ဂိုဏ်းရဲ့ အဆင့်မြင့် အဖွဲ့ဝင် ဖြစ်နေရင်တောင်မှ ဂိုဏ်းရဲ့ အမျက်ဒေါသကို ကောင်းကောင်းကြီး ခံစားရမှာပါ။
“လီဖူချန်း ... နင်သတိထားဖို့တော့ လိုမယ်နော်။ လျိုဟောင်လုံမှာ လျိုတိုင်ရှန်းဆိုတဲ့ ဦးလေး တစ်ယောက် ရှိသေးတယ်။ သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၈ မှာ ရောက်နေပြီ။ နင်က လျိုယောင်လုံကို အရှက်ခွဲလိုက်တယ် ဆိုတာကို သိတာနဲ့ သူက ဒီအတိုင်း နေနေမှာ မဟုတ်ဘူး” ဇောင်မင်းယွီက သူမသိထားတာကို ပြောပြပါတယ်။
ရှေးဟောင်းကလန်တွေက ကြောက်စရာ ကောင်းလွန်း ပါတယ်။ သူတို့က ဂိုဏ်းတော်မှာ လေ့ကျင့်နေတာ ကြာမြင့်နေပြီ ဖြစ်တဲ့အတွက် ကြောက်စရာ ကောင်းလှတဲ့ ပါရမီရှင်တွေကို မွေးထုတ် ထားနိုင်ပါတယ်။ လျိုတိုင်ရှန်းက ကြယ်သုံးပွင့် အရိုး တည်ဆောက်ပုံပဲ ရှိပေမဲ့ သူ့ရဲ့ကျင့်ကြံမှုနှုန်းက ကြယ်လေးပွင့် အရိုး တည်ဆောက်ပုံတွေထက်ကို မြန်ပါတယ်။ လက်ရှိ လီဖူချန်းက သူ့ကို ယှဉ်ဖို့ မဖြစ်နိုင်သေးပါဘူး။
“လျိုတိုင်ရှန်းလား … အင်း ... ဟုတ်ပြီ”
လီဖူချန်းက ဒီနာမည်ကို ကောင်းကောင်းကြီး မှတ်ထား လိုက်ပါတယ်။
သူက လျိုတောင်ရှန်း ကလဲ့စား ချေလာမှာကို လုံးဝ မကြောက်ပါဘူး။
နှစ်အနည်းငယ်ပါပဲ။ နောက်ထပ် နှစ်အနည်းငယ်လောက် လေ့ကျင့်ပြီးရင် ဒီသာမန် စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၈က သိုင်းပညာရှင်လောက် ကိုတော့ လီဖူချန်းတစ်ယောက် စကားထဲတောင် ထည့်ပြောမှာ မဟုတ်ပါဘူး။
ချန်ဖန်းဟွာက “ငါကလည်း လျိုကလန်ကို ရန်စလိုက်မိပြီ။ နင်နဲ့ငါက တစ်လှေတည်းစီးတဲ့ သူတွေ ဖြစ်သွားပြီပဲ။ နင် ဂိုဏ်းတော်ထဲမှာ ပြဿနာတက်ရင် ငါ့ကို လာရှာလိုက်”
သူမက စိတ်ဓာတ်တော့ အနည်းငယ် ကျနေသည့် ပုံပါပဲ။ လျိုကလန်နဲ့ ရန်စရှိသွားတယ် ဆိုတာက သူမလိုချင်တဲ့ အရာတော့ မဟုတ်ဘူးလေ။ သူမက လီဖူချန်း တစ်ယောက် မတရား အသတ်ခံရတော့မှာ မြင်တဲ့အတွက် အကူအညီ ပေးလိုက်တာပါ။
သူမရဲ့ စိတ်ထဲမှာတော့ 'လီဖူချန်း ... ငါကတော့ ကောင်းကင်ကိုတောင် အတိုက်အခံလုပ်ပြီး မင်းဘက်ကနေ ရပ်တည်ပေးလိုက်ပြီ။ မင်း မြန်မြန် တိုးတက်လာမှ ဖြစ်မယ်။ မဟုတ်ရင်တော့ ဒီနေ့ ငါမင်းကို ကူညီလိုက်တာ အလဟဿ ဖြစ်သွားတော့မှာပဲ”လို့ တွေးနေပါတယ်။
“အစ်မတော်ချန် ... ဒီနေ့ အစ်မ ကယ်တင်ပေးတဲ့ ကျေးဇူးတရားကို နောင်တစ်ချိန်မှာ အဆတစ်ရာ ပြန်ဆပ်ပါမယ်” လီဖူချန်းက လေးနက်တဲ့ လေသံဖြင့် ကတိ ပေးလိုက်ပါတယ်။
“မင်း သတိရနေမယ် ဆိုရင်တော့ ကောင်းတာပေါ့” ချန်ဖန်းဟွာက ခိုးခိုးခစ်ခစ် ရယ်ရင်းနဲ့ ပြောလိုက်ပါတယ်။
***