← Chapters

လျှို့ဝှက် သွေးမျိုးဆက် ခန္ဓာကိုယ်

Vol. 9 Ch. 114

လျှို့ဝှက် သွေးမျိုးဆက် ခန္ဓာကိုယ်

Vol. 9 Ch. 114

“မောင်လေးလီ … နင်တကယ်ပဲ တစ်နှစ်တည်းနဲ့ လျိုတိုင်ရှန်းကို အနိုင်ယူနိုင်ပါ့မလား”

ချန်ဖန်းဟွာက လီဖူချန်းကို မေးလိုက်ပါတယ်။

လျိုတိုင်ရှန်းက လက်ရှိ အချိန်မှာတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈မှာလေ။ နောက်တစ်နှစ် ဆိုရင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်နေမှာကတော့ ကြိမ်းသေပါပဲ။ တကယ်လို့ လီဖူချန်းသာ လျိုတိုင်ရှန်းကို အနိုင်ယူချင်ရင်တော့ အနည်းဆုံး စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၇ကို ရောက်နေမှ ဖြစ်နိုင်မှာပါ။ မဟုတ်လို့ကတော့ နိုင်စရာ အကြောင်း လုံးဝ မရှိပါဘူးလေ။

“ကျွန်တော်က ၁၀၀ရာခိုင်နှုန်း နိုင်မယ် လို့တော့ ယုံကြည်မှု မရှိပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ၆၀ရာခိုင်နှုန်း ယုံကြည်မှု ရှိပါတယ်”

လီဖူချန်းက ခပ်ပြုံးပြုံးပဲ ပြန်ဖြေလိုက်ပါတယ်။

တကယ်လို့ သူသာ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆ကို ရောက်တဲ့အထိ လေ့ကျင့်နိုင်မယ် ဆိုရင် လျိုတိုင်ရှန်းကို အနိုင်ယူဖို့ဆိုတာ ဖြစ်နိုင်တဲ့အရာ တစ်ခုလို့ သူယုံကြည် ထားပါတယ်။

တစ်နှစ်ဆိုတဲ့ အချိန်က ကြက်သွေးရောင် လျှို့၀ှက်  မီးတောက်အဆင့် နောက်တစ်ဆင့် တက်ဖို့ လုံလောက်တဲ့ အချိန်တစ်ခု ပါပဲလေ။

“နင်က အဲဒီလောက် ထိတောင် ယုံကြည်မှု ရှိနေတယ် ဆိုတော့ ငါတောင် နောက်တစ်နှစ် ပြည့်ရင် ဘယ်လို ဖြစ်လာမလဲ ဆိုတာကို အရမ်း သိချင်လာနေပြီ”

ဇောင်မင်းယွီက ရွှန်းလဲ့နေတဲ့ မျက်လုံးအစုံနဲ့ ကြည့်ပြီး ပြောလိုက်ပါတယ်။

ဒီတစ်နှစ်လောက် လေ့ကျင့် လိုက်တာနဲ့ လျိုတိုင်ရှန်းကို အနိုင်ယူနိုင်မယ် ဆိုရင် လီဖူချန်းရဲ့ အလားအလာကို သူမ ကောင်းကောင်းကြီး ခန့်မှန်း နိုင်ပါပြီလေ။

“ကြည့်ရတာ ငါလည်း ကြိုးကြိုးစားစား လေ့ကျင့်သင့်ပြီ ထင်တယ်။ ဒါမှ နင့်ကိုငါ အမီလိုက်နိုင်မှာ “

ဇောင်မင်းယွီက ချစ်စဖွယ် အမူအရာလေးနဲ့ ဆိုလိုက်ပါတယ်။

***

ထို့နောက်မှာတော့ သူတို့က ဂိုဏ်းတော်ကို ပြန်လာခဲ့ကြပါတော့တယ်။ သူတို့သုံးယောက် နှုတ်ဆက် စကားတွေ ဆိုပြီး နောက်မှာတော့ လမ်းခွဲ လိုက်ကျပါပြီ။ လီဖူချန်းကတော့ သိုင်းကျမ်းဆောင်ကို ပထမဦးဆုံး သွားဖို့ ဆုံးဖြတ် ထားပါတယ်။

သူ့မှာ အခုဆိုရင် ထောက်ပံ့ရေးရမှတ် ၁၅၀၀၀၀တောင် ရှိနေပြီလေ။ ဒါက ဆန်းကြယ် အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ် တစ်ခုကို ရယူဖို့ လုံလောက်ပါတယ်။

ဆန်းကြယ် အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်တဲ့ နည်းစနစ်တွေက အဝါရောင် အထွတ်အထိပ် အဆင့်ရှိတဲ့ ဆေးဝါးတွေရဲ့ အကူအညီကို ရယူပြီး လေ့ကျင့်မှသာ တိုးတက်မှုနှုန်းက မြန်နိုင်တာပါ။ ဆေးဝါး အကူအညီ မယူပဲ လေ့ကျင့်လို့ ရပေမဲ့လည်း ဆေးဝါး အကူအညီနဲ့ လေ့ကျင့်သူ လောက်တော့ တိုးတက်မှုနှုန်းက သိသာ ထင်ရှားမှု မရှိဘူးပေါ့လေ။

ခန္ဓာကိုယ်သန့်စင် ဆေးလုံးတွေရယ်၊ ထိုးထွင်း သိမြင်နိုင်မှုရယ် ၊ စိတ်ပိုင်း ဖြတ်နိုင်မှုရယ် ဒီ၃မျိုးစလုံး ပြည့်စုံရင်တောင်မှ ကျင့်စဉ် အောင်မြင်ဖို့ အတွက် တစ်နှစ်ကနေ သုံးနှစ်အထိ လေ့ကျင့် ရနိုင်ပါတယ်။

ခန္ဓာကိုယ် သန့်စင် ဆေးလုံးတွေရဲ့ အကူအညီ မပါဘူး ဆိုရင်တော့ ၁၀နှစ်ကနေ နှစ်၂၀အထိ လေ့ကျင့် ရနိုင်ပါတယ်။ တကယ်လို့ အမှတ်တွေ ပိုနေဦးမယ် ဆိုရင်တော့ လီဖူချန်းက အဝါရောင် အဆင့်နိမ့် ဓားသိုင်းတွေ ရယူဖို့ စဉ်းစား ထားပါသေးတယ်။

မိုးထိအောင်မြင့်တဲ့ မျှော်စင်ကြီးကို တည်ဆောက်မယ် ဆိုရင်တော့ အခြေခိုင်ဖို့ လိုပါတယ်။ သူနားလည်ထားတဲ့ သိုင်းပညာ ဆိုတာကလည်း ဒီလိုပါပဲ။ မင်းက မြင့်သထက် မြင့်အောင် သွားဖို့ စဉ်းစား ထားတယ်ဆိုရင် မင်းရဲ့ အခြေခံက စမ်းသပ်မှုတွေကို ကြံ့ကြံ့ခိုင်နိုင်ဖို့ လိုပါတယ်။

သိုင်းကျမ်းဆောင် ခန်းမကို အရောက်မှာတော့ လီဖူချန်းက ပထမဦးဆုံး ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်တွေ ထားတဲ့ ဘက်ကို သွားလိုက်ပါတယ်။

ငွေရောင်ပင်လယ်ငှက် ခန္ဓာကိုယ် အဆင့်မြင့်ဆန်းကြယ်ခန္ဓာကိုယ် နည်းစနစ်။ ကျင့်စဉ်ကို အောင်မြင် သွားရင် ၃၅၀၀၀ ကီလိုဂရမ် ခန္ဓာကိုယ် အပြင်အားကို ရမည်။ ဒီကျင့်စဉ် အတွက် လိုအပ်တဲ့ ရမှတ်ကတော့ ၁၆၀၀၀၀ ဖြစ်တယ်။ ရွှေရောင်တိုက်ပွဲဝင် ခန္ဓာကိုယ် အဆင့်မြင့် ဆန်းကြယ် ခန္ဓာကိုယ် နည်းစနစ်။ ကျင့်စဉ်ကို အောင်မြင်ရင် ၃၆၀၀၀ ကီလိုဂရမ် အပြင်အားကို ရမည်။

ဒီကျင့်စဉ် အတွက် လိုအပ်တဲ့ ရမှတ်ကတော့ ၁၇၀၀၀၀ ဖြစ်တယ်။ လျှို့၀ှက် သွေး မျိုးဆက် ခန္ဓာကိုယ် အဆင့်မြင့် ဆန်းကြယ်ခန္ဓာကိုယ် နည်းစနစ်။ ဒီကျင့်စဉ်ကို လေ့ကျင့် အောင်မြင်သွားရင် ၄၀၀၀၀ ကီလိုဂရမ် ခန္ဓာကိုယ် အပြင်အားကို ရမည်။ ဒီကျင့်စဉ် အတွက် လိုအပ်တဲ့ ရမှတ်ကတော့ ၂၀၀၀၀၀ ဖြစ်တယ်။

လီဖူချန်းကတော့ နှစ်ခါတောင် စဉ်းစားမနေပါဘူး။ အကောင်းဆုံး ကျင့်စဉ်ဖြစ်တဲ့ လျှို့၀ှက် သွေးမျိုးဆက် ခန္ဓာကိုယ် ကျင့်စဉ်ကို ရွေးချယ်လိုက်ပါတယ်။ ဟုတ်တယ်လေ။ ယူမည့်ယူတော့ အကောင်းဆုံးကိုပဲ ယူတော့မည်ပေါ့။

ပြီးတော့ လျှို့၀ှက် သွေးမျိုးဆက်ခန္ဓာကိုယ် ကျင့်စဉ်နဲ့ ယှဉ်ရင် အခြားသော ကျင့်စဉ်တွေက မဆိုစလောက်လေး နိမ့်ကျနေသည် မဟုတ်ပါလား။

လီဖူချန်းက ပထမတန်းစား အတွင်းစည်း တပည့်ဆိုတော့ ၃၀ရာခိုင်နှုန်းလျော့ဈေး ရဦးမှာလေ။ ဒါကြောင့် ဒီကျင့်စဉ်အတွက် ထောက်ပံ့ရေး ရမှတ် ၁၄၀၀၀၀ ပဲကျသင့်မှာပါ။

လီဖူချန်းက နည်းနည်းစဉ်းစားလို့ အပြီးမှာတော့ ထောက်ပံ့ရေးရမှတ် ၂၀၀၀ကို အဝါရောင် အဆင့်နိမ့် ဓားသိုင်း၁၀၀အတွက် သုံးလိုက်ပါသေးတယ်။

သူက အဝါရောင် အဆင့်နိမ့် ဓားသိုင်းတစ်ခုရဲ့ တစ်ဖက်ကမ်းခတ်တဲ့ အဆင့်ကို ရောက်အောင် အချိန် ဘယ်လောက် ယူရမလဲ ဆိုတာကို သုတေသန ပြုချင်နေတာပါ။

“ဟင် ... ဓားသိုင်းကျမ်း ၁၀၀တောင်မှလား။ တာဝန်ကျ အကြီးအကဲက လီဖူချန်းရဲ့ စာရင်းကို မြင်တော့ မျက်လုံး ပြူးသွားပါတယ်။

“ဟုတ်ပါတယ် အကြီးအကဲ”

လီဖူချန်းက ခေါင်းညိတ် ပြလိုက်တယ်လေ။

“အခြေခံကောင်းအောင် လေ့ကျင့်တယ် ဆိုတာက အရေးကြီးတယ် ဆိုပေမဲ့ လူတစ်ယောက်က ဒီလောက် အမြန်ကြီးနဲ့ လေ့ကျင့်စရာ မလိုဘူးလေ။ အဲဒါက မင်းရဲ့ တိုးတက်မှုနှုန်းနဲ့ လေ့ကျင့်ချိန်ကို လှိုက်စား သွားနိုင်တယ်”

တာဝန်ကျ အကြီးအကဲက လီဖူချန်းကို သတိပေးလိုက်ပါတယ်။

လီဖူချန်းက လေးနက် တည်ကြည်စွာဖြင့်

“ဟုတ်ကဲ့ပါ အကြီးအကဲ။ ကျွန်တော် ကောင်းကောင်းကြီး နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က စမ်းကြည့်ချင်လို့ပါ”

သိုင်းကျမ်းဆောင် တာဝန်ကျ အကြီးအကဲက စကား ဆက်မဆိုတော့ပါဘူူး။ လီဖူချန်း ရွေးထားတဲ့ လျှို့၀ှက် သွေး မျိုးဆက် ခန္ဓာကိုယ် သန့်စင်နည်း စနစ်ကို မမြင်မချင်းပေါ့လေ။ ထို့နောက်မှာတော့ သူက

“ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်တွေက ခန္ဓာကိုယ် သန့်စင်တဲ့ ဆေးလုံး အမြောက်အများ သုံးဖို့ လိုအပ်တာကိုတော့ မင်းလည်း သိပြီးသား ဖြစ်မှာပဲ။ ဒါပေမဲ့ ငါမင်းကို တစ်ခု ပြောပြမယ်။ တကယ်လို့ မင်းမှာသာ မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေ ရှိမယ်ဆိုရင် ရလာမယ့် အကျိုး ကျေးဇူးတွေက ပိုတောင် ကောင်းလာမယ် ဆိုတာပဲ။ ဒါပေမဲ့ တစ်ခုတော့ သတိပြု။ မိစ္ဆာသားရဲတွေရဲ့ သွေးအဆီအနှစ်မှာ မိစ္ဆာဓာတ်တွေ ကိန်းအောင်း နေတယ်။ မင်းက အဲဒီ မိစ္ဆာဓာတ်တွေကို ကုန်စင်အောင် မသန့်စင် နိုင်ရင်တော့ ဆိုးကျိုးက ရလာမဲ့ အကျိုး ကျေးဇူးထက်ကို များလာလိမ့်မယ်။ ဘယ်လိုလဲ ... မင်းစိတ်ဝင်စားရဲ့လား "

“မိစ္ဆာသားရဲ သွေးအဆီအနှစ်လား "

လီဖူချန်းက မျက်ခုံး ပင့်လိုက်ပါတယ်။

သူက ဒီမိစ္ဆာသားရဲ သွေးအဆီအနှစ်တွေက ခန္ဓာကိုယ် သန့်စင်ဆေးလုံးတွေ နေရာကို အစားထိုးလို့ ရတယ်ဆိုတာ လုံးဝမသိခဲ့ပါဘူး။ အစော ကတည်းကသာ သိခဲ့ရင်တော့ မိစ္ဆာသွေးသားရဲ မြို့မှာတုန်းက သွေးအဆီအနှစ်တွေ စုခဲ့မိမှာပါ။

ဒါပေမဲ့ လီဖူချန်း မသိတာက မိစ္ဆာသွေး အဆီအနှစ်တွေဆိုတာ အလွယ်တကူ ရယူလို့ မရတဲ့ အရာ ဆိုတာပါပဲ။ မိစ္ဆာသွေး အဆီအနှစ်ကို ထုတ်ယူဖို့ဆိုတာ အင်မတန်မှ လက်ဝင်ပါတယ်။ သူတစ်ယောက်တည်း ထုတ်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အနိမ့်ဆုံး မြေကမ္ဘာအဆင့် ပညာရှင်တွေမှ ထုတ်ယူနိုင်စွမ်း ရှိလို့ပါပဲ။

သိုင်းကျမ်းဆောင်က ထွက်လာတဲ့ လီဖူချန်း တစ်ယောက်ကတော့ အရင်းအမြစ် ဌာနကို သုတ်ချေ တင်ပါတော့တယ်။

အဆင့်၁မိစ္ဆာသားရဲ သွေးအဆီအနှစ် တစ်ပုလင်းကို ရွှေပြား ၂၀၀၀၀

အဆင့်၂မိစ္ဆာသားရဲ သွေးအဆီအနှစ် တစ်ပုလင်းကို ရွှေပြား၂၀၀၀၀၀

အဆင့်၃မိစ္ဆာသားရဲ သွေးအဆီအနှစ် တစ်ပုလင်းကို ရွှေပြား ၂သန်း

လီဖူချန်း တစ်ယောက် ဈေးနှုန်းတွေကို မြင်လိုက်ရတဲ့ အခါမှာတော့ အတွင်းစည်း ဂိုဏ်းက သူ့ကို ဓားပြ တိုက်နေသလိုတောင် ခံစား လိုက်ရပါတယ်။ ဒါပေမဲ့ သေသေချာချာ စဉ်းစားပြီးတဲ့ အခါမှာတော့ ဈေးနှုန်းတွေက လက်သင့် ခံနိုင်စရာ ဆိုတာကို လက်ခံလိုက်ပါတယ်။

ပုလင်းတွေ အားလုံးကတော့ အရွယ်အစား အတူတူပဲ ဖြစ်ကာ တစ်ပုလင်းစီမှာတော့ မိစ္ဆာသွေး အဆီအနှစ် အစက်၁၀၀ ပါဝင်ပါတယ်။

အဆင့်၁ မိစ္ဆာသားရဲရဲ့ သွေးအဆီအနှစ် တစ်စက်က အဝါရောင် အလယ်အလတ် ခန္ဓာကိုယ် သန့်စင်ဆေး တစ်လုံးထက်ကို အစွမ်းထက်ပါတယ်။ ပြီးတော့ ဈေးနှုန်းကလည်း အရမ်းကို ချိူသာ နေပါသေးတယ်။ အဝါရောင် ခန္ဓာကိုယ် သန့်စင် ဆေးတစ်လုံးက ရွှေပြား၅၀၀ ကျသင့်ပေမဲ့ အဆင့်၁ မိစ္ဆာသားရဲ သွေးအဆီအနှစ် တစ်စက်ကတော့ ရွှေပြား၂၀၀ပဲ ကျသင့်ပါတယ်။

“အဆင့်၁ မိစ္ဆာသားရဲ သွေးအဆီအနှစ်ကတော့ ငါ့အတွက် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အဆင့်၂ မိစ္ဆာသားရဲ သွေးအဆီအနှစ်ပဲ ငါနဲ့သင့်တော်မယ် ထင်တယ်”

အဆင့်၂မိစ္ဆာသားရဲ သွေးအဆီအနှစ်ရဲ့ အကျိုး သက်ရောက်မှုက အဝါရောင် ထိပ်တန်း ကျားနဂါးဆေးလုံးတွေ ထက်ကို သာလွန်ပြီး အထွတ်အထိပ် ခန္ဓာကိုယ် သန့်စင်ဆေးလုံးတွေနဲ့ ညီမျှပါတယ်။ ပိုပြီးတော့ ကောင်းတာက သွေးအဆီအနှစ် တစ်စက်မှ ရွှေပြား၂၀၀၀ ပဲ ကျသင့်တာလေ။ လုံးဝကို ဝယ်သင့်တဲ့ အရာပါပဲ။

နောက်ဆုံးမှာတော့ လီဖူချန်းက အစမ်းအနေနဲ့ အဆင့်၂မိစ္ဆာသားရဲ သွေးအဆီအနှစ် တစ်ပုလင်းကို ဝယ်ခဲ့ လိုက်ပါတော့တယ်။ ၃၀ရာခိုင်နှုန်း လျော့ဈေးဆိုတော့ တစ်ပုလင်းကို ရွှေပြား ၁၄၀၀၀၀ ပဲ ပေးခဲ့ရပါတယ်။

ပြီးတာနဲ့သူက ကိုယ်ပိုင် ခြံဝင်းထဲကို အမြန် ပြန်လာခဲ့ပါတော့တယ်။ သူက ဒီမိစ္ဆာသားရဲ သွေးအဆီအနှစ်က ပြောထားသလောက် အစွမ်း ထက်ပါ့မလား ဆိုတာကို အရမ်း သိချင်နေမိပြီလေ။

***

သူ့ရဲ့ ကိုယ်ပိုင် အခန်းထဲ အရောက်မှာတော့ လီဖူချန်းက အလျင်အမြန်ပဲ အဆင့်၂မိစ္ဆာ သွေးသားရဲ သွေးအဆီအနှစ် တစ်စက်ကို သောက်သုံး လိုက်ပါတော့တယ်။

ဝေါင်း ... ဂရား … ဂရား…

သွေးစက်ကို သောက်သုံးပြီးတာနဲ့ လီဖူချန်း တစ်ယောက် မိစ္ဆာသားရဲတွေရဲ့ ဟိန်းဟောက်သံတွေကို ကြားလိုက်ရသလို ခံစား လိုက်ရပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းရဲ့ နှလုံးခုန်သံတွေက ပုံမှန်ထက်ကို မြန်လာခဲ့ပါပြီ။ သူ့ရဲ့ မျက်လုံး တွေကလည်း သွေးကဲ့သို့ နီရဲလာခဲ့ပြီး ရက်စက် ကြမ်းကြုတ်တော့မည့် ပုံပါပဲ။

“ပြင်းထန်လိုက်တဲ့ မိစ္ဆာဓာတ်ပါလား “

လီဖူချန်းက ထိတ်လန့် သွားပါတယ်။

မိစ္ဆာသားရဲ သွေးအဆီအနှစ်နဲ့ ပက်သက်ပြီး လီဖူချန်း မသိသေးတာ ရှိပါတယ်။ အဲဒါကတော့ အဆင့်၂ အနိမ့်စား မိစ္ဆာသားရဲ တစ်ကောင်ဆီကနေ သွေးအဆီအနှစ် ၂စက် ဒါမှမဟုတ် ၃စက်ပဲ ထုတ်ယူလို့ ရတယ် ဆိုတာပါပဲ။ အဆင့်၂ အလယ်အလတ် တန်းစား မိစ္ဆာသားရဲ တစ်ကောင်ဆီက နေတော့ သွေးအဆီအနှစ် ၆စက်လောက် ထုတ်ယူလို့ ရပါတယ်။ အဆင့်၂ထိပ်တန်း သားရဲကြီး တွေမှသာ သွေးအဆီအနှစ် ၁၀စက် ထုတ်ပေးနိုင်တာပါ။

အခု လီဖူချန်း ဝယ်လာတဲ့ ပုလင်းထဲမှာရှိတဲ့ သွေးအဆီအနှစ်တွေက အဆင့်၂မိစ္ဆာသားရဲ အမျိုးမျိုးရဲ့ သွေးအဆီအနှစ်တွေ ဖြစ်နေပါတယ်။ ဒါကြောင့် မိစ္ဆာဓာတ်တွေက ရောနှောကုန်တဲ့ အတွက် လီဖူချန်းတစ်ယောက် မသန့်စင်နိုင်ပဲ ဖြစ်နေတာပါ။

ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုသာ မရှိဘူးဆိုရင်တော့ ဒီသွေးအဆီအနှစ်တွေကို မသောက်သုံး သင့်ပါဘူး။ သူတို့ရဲ့ ပျော့ညံ့တဲ့ စိတ်ဓာတ်တွေကြောင့် သောက်သုံးတဲ့ သူတွေဟာ ရူးသွပ် သွားနိုင်ပါတယ်။

အချိန်တွေ ဘယ်လောက် ကြာသွားမှန်းတောင် မသိတော့ပါဘူး။ နောက်ဆုံးမှာတော့ လီဖူချန်း တစ်ယောက် မိစ္ဆာသွေး အဆီအနှစ်ကို သန့်စင် လိုက်နိုင်ပါပြီ။

“ဟူး … နောက်ဆုံးတော့ ငါသန့်စင်နိုင်ခဲ့ပြီပဲ”

လီဖူချန်း တစ်ယောက် မျက်စိ ဖွင့်လိုက်ပါတယ်။ လီဖူချန်းက လမ်းလေး နည်းနည်းပါးပါး လျှောက်လိုက်ပြီး ကိုယ်လက် သန့်စင် လိုက်ပါသေးတယ်။

“ ဒီအကျိုး သက်ရောက်မှုက ကျားနဂါး ဆေးလုံးထက်ကို ၃ဆလောက်ပိုစွမ်း နေပါလား။ ဒါပေမဲ့ မိစ္ဆာဓာတ်တွေကို သန့်စင်ရတာက အရမ်းကို အချိန်ပေးရတာပဲ။ ဒါက ငါ့ရဲ့ကျင့်ကြံမှုနှုန်းကို အတော်လေး နောက်ကျ သွားစေလိမ့်မယ်”

"ဟား … ဟား … ဟား … “

လီဖူချန်းက အားရပါးရ ရယ်ပြီး ရေရွတ်လိုက်ပါတယ်။

”တော်သေးတာပေါ့ကွာ။ ဒီမိစ္ဆာသွေး အဆီအနှစ်ထဲမှာ ပါတဲ့ မိစ္ဆာဓာတ်တွေကြောင့်သာပေါ့။ မဟုတ်ရင် ဒီသွေးအဆီအနှစ် တစ်ပုလင်းကို ရွှေပြား၆၀၀၀၀၀လောက် ပေးနေရမှာ “

"ရှိပါစေတော့ကွာ။ ငါကလည်း လျှို့၀ှက် သွေး မျိုးဆက်ခန္ဓာကိုယ်ကို အဆောတလျင် လေ့ကျင့်ဖို့မှ မလိုသေးတာ။ ဖြည်းဖြည်းနဲ့ မှန်မှန် လေ့ကျင့်တာပဲ ကောင်းပါတယ်လေ”

လီဖူချန်းက လျှို့၀ှက် သွေးမျိုးဆက် ခန္ဓာကိုယ်ကို ရေရှည်အတွက် ရည်ရွယ်ပြီး ယူခဲ့တာပါ။ သူ့ရဲ့ ယခုလက်ရှိအကြံက ဓားသိုင်း လေ့ကျင့်ဖို့ပါပဲ။

အဝါရောင် အဆင့်နိမ့် ဓားသိုင်းတွေက တကယ့် အခြေခံအကျဆုံး ဓားသိုင်းတွေ ဖြစ်ပါတယ်။ ဆန်းကြယ်အဆင့် ဓားသိုင်းတွေကတော့ ကွက်ပြောင်းတွေ မာယာတွေ အရမ်း ပေါများလွန်းပါတယ်။

တကယ်လို့ လူတစ်ယောက်က ဆန်းကြယ် အဆင့်ဓားသိုင်းကို တစ်ဖက်ကမ်း ခတ်တဲ့အထိ လေ့ကျင့်နိုင်ရင် ဓားဆန္ဒကို ထုတ်ဖော် အသုံးပြုနိုင်စွမ်း ရှိလာမှာပါ။ ဓားဆန္ဒမပါတဲ့ ဓားသိုင်းတစ်ခုက ဓားဆန္ဒပါတဲ့ ဓားသိုင်းတစ်ခုနဲ့ ယှဉ်နိုင်ဖို့ဆိုတာ အရမ်း အလှမ်း ဝေးလွန်းပါတယ်လေ။

ဓားဆန္ဒကို အသုံး ပြုသွားနိုင်ရင်တော့ ဓားကွက်ရဲ့ အမြန်နှုန်းနဲ့ ပြင်းထန်မှု ကန့်သတ်ချက်တွေကို ကျော်လွန်သွားပါပြီ။

ပထမဆုံး ရက်မှာတော့ လီဖူချန်းက အဝါရောင် အဆင့်နိမ့် ဓားသိုင်းဖြစ်တဲ့ မိုးမခဓားသိုင်းကို စတင် လေ့ကျင့်ပါတော့တယ်။ ငါးရက် အကြာမှာတော့…

မိုးမခဓားသိုင်းရဲ့ တစ်ဖက်ကမ်း ခတ်တဲ့ အဆင့်ကို လီဖူချန်း တစ်ယောက် ရောက်သွားခဲ့ပါပြီ။

နောက်ထပ် တစ်ရက်မှာတော့ လီဖူချန်းက နောက်ထပ် ဓားသိုင်းတစ်မျိုးကို လေ့ကျင့် ပြန်ပါတယ်။ အဲဒီ ဓားသိုင်းရဲ့ နာမည်ကတော့ “ရွက်ကြွေ” ဖြစ်ပါတယ်။

နောက်ထပ် ၅ရက် အကြာမှာတော့ အဲဒီဓားသိုင်းရဲ့ တစ်ဖက်ကမ်းခတ်တဲ့ အဆင့်ကို ရောက်သွား ပြန်ပါပြီ။

***

All Chapters