ဓားဆန္ဒ
Vol. 9 Ch. 116
“ဒါက ဓားဆန္ဒလား “
လီဖူချန်းရဲ့ မျက်လုံးတွေက အရောင် တောက်သွားပါတယ်။
သူက အခုဆိုရင် သူလေ့ကျင့်ခဲ့သမျှ ဓားသိုင်း အားလုံးကို ကြယ်ကြွေ ဓားကွက်ထဲမှာ ပေါင်းစည်း နိုင်ခဲ့ပါပြီ။ အဲဒါက တစ်မူ ထူးခြားတဲ့ အသက်ဓာတ်ကို ပေးစွမ်း နိုင်လိုက်သလိုပါပဲ။
အဲဒီ အသက်ဓာတ်ကိုတော့ ဓားပညာရှင်တွေက ဓားဆန္ဒလို့ ခေါ်ဆို ကျပါတယ်။ ဒါပေမဲ့ လီဖူချန်းရဲ့ လက်ရှိ ဓားဆန္ဒကတော့ အားပျော့ နေပါသေးတယ်။ ပြောရမယ် ဆိုရင် ဒါကမျိုးစေ့လေးပဲ ရှိသေးတာဖြစ်ပြီး အပင်ပေါက် ကြီးထွားလာဖို့ အတွက် စောင့်နေရဦးမှာပဲ။ ဒီလို ဓားဆန္ဒ ဖြစ်ပေါ် လာတာကိုက လီဖူချန်းအတွက် အကြီးအကျယ် အောင်မြင်မှု တစ်ခုပါပဲ။
လီဖူချန်းရဲ့ အသက်အရွယ်နဲ့ ဓားဆန္ဒကို ထုတ်ဖော်နိုင်တယ် ဆိုတာကို အတွင်းစည်း ဂိုဏ်းသားတွေ သိရင် လန့်ဖြန့်ပြီး သေကုန်မလား မသိပါဘူး။
လီဖူချန်းက သူ့ရဲ့ ကြယ်ကြွေ ဓားကွက်က အခုလို အတိုင်းအဆမရှိ တိုးတက်လာမယ်လို့ မမျှော်လင့် ထားခဲ့ဘူးလေ။ အဝါရောင် အဆင့်နိမ့် ဓားသိုင်း၁၀၀ကို တစ်ဖက်ကမ်း ခတ်တဲ့အထိ လေ့ကျင့် နိုင်လိုက်တာနဲ့ ဓားဆန္ဒကိုပါ ထုတ်ဖော် အသုံးပြု သွားနိုင်မယ်လို့ ဘယ်သူကကော သိနိုင်မှာပါလဲ။
“ဓားဆန္ဒဆိုတာ ဓားတာအိုရဲ့ တကယ့် အဓိပ္ပာယ်ပဲ ဖြစ်ရမယ်။ ပြီးပြည့်စုံတဲ့ ဓားတာအို တစ်ခုမှာ မရေမတွက် နိုင်တဲ့ ဓားဆန္ဒတွေ ပါဝင်နေလိမ့်မယ်။ အဲဒီ ဓားဆန္ဒတွေ အကုန်လုံးကို တစ်ခုတည်း အဖြစ် ပြောင်းလဲ လိုက်နိုင်မယ် ဆိုရင် အထူးခြားဆုံး ဓားတာအို တစ်ခု ဖြစ်လာမှာပဲ”
လီဖူးချန်းရဲ့ စိတ်ထဲမှာ ဆန်းသစ်တဲ့ အတွေးတစ်ခု ဝင်လာပါတော့တယ်။
ဒီလိုနဲ့ နေ့တွေရက်တွေ ကုန်ဆုံး လာခဲ့ပြန်ပါပြီ။ ကြယ်ကြွေ ဓားဆန္ဒကလည်း တစ်နေ့ထက် တစ်နေ့ ပိုသိသာ ထင်ရှား လာခဲ့တယ်လေ။ ဓားတစ်ချက် ထုတ်လိုက်ရင်ကို မည်သည့် ဓားကွက်မှန်း မသိအောင် ပုံစံ ပြောင်းထားနိုင်တဲ့ အထိ အစွမ်းထက် လာခဲ့ပါပြီ။ ပြီးတော့ လီဖူချန်းရဲ့ ဓားချက်တွေက မူရင်း ဓားကွက်တွေ ထက်ကို အနည်းဆုံး ၃ဆလောက် အစွမ်း ထက်နေပါသေးတယ်။
***
၁၀လမြောက်လရဲ့ ၁၅ရက်နေ့မှာတော့…
ခြံဝင်းထဲမှာ ရှိတဲ့ စကျင် ကျောက်တုံးကြီး အပေါ်မှာ လီဖူချန်း တစ်ယောက် ကြာပန်း ပုံသဏ္ဌာန် တရား ထိုင်နေပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် ပေါ်ကနေတော့ အလွန်တရာမှ ပူပြင်းတဲ့ မီးဓာတ် အတွင်းအားတွေ ထွက်ပေါ်နေတယ်လေ။
၁၀လလောက် လေ့ကျင့်ပြီးတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ကြက်သွေးရောင် လျှို့၀ှက် မီးတောက် ကျင့်စဉ်က အဆင့်တက်မဲ့ အရိပ်အယောင်တွေ ပြသနေပါပြီ။
နောက်ထပ် တစ်ဆင့်ကတော့ အားလုံးသိတဲ့ အတိုင်း ကြက်သွေးရောင် လျှို့၀ှက် မီးတောက် အဆင့်၁၄ ဖြစ်ပါတယ်။
အတွင်းအား ကျင့်စဉ်တွေ အကြောင်း ပြောရမယ် ဆိုရင်တော့ နောက်ဆုံး အဆင့်၃ဆင့်ဟာ အလွန် အရေးကြီးတဲ့ အဆင့်တွေ ဖြစ်ပါတယ်။ အဆင့်တိုင်း အဆင့်တိုင်းဟာ တိုက်ခိုက်နိုင်စွမ်း တွေကို အများကြီး အထောက်အကူ ပြုနေတယ်လေ။ ပြောရမယ် ဆိုရင် အဆင့်၁၃ နဲ့ အဆင့်၁၄က အများကြီးကို ကွာခြားပါတယ်။
ပူပြင်းတဲ့ နေ့လယ်ခင်းနေရဲ့ အပူရှိန်တွေအောက်မှာတော့…
လီဖူချန်းရဲ့ အပူဓာတ်တွေက တိုးသထက် တိုးလို့ နေပါတယ်။
အချိန်တွေ ဘယ်လောက် ကုန်ဆုံးသွားမှန်း မသိတော့တဲ့ အချိန်မှာပဲ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကနေ ချီအတွင်းအား မီးတောက် တစ်ခု ထွက်ပေါ်လာပါတယ်။
ဟုတ်ပါတယ်။ မီးတောက်ချီ အတွင်းအားပါပဲ။
အရင်တုန်းက လီဖူချန်း အတွင်းအား ထုတ်သုံး လိုက်တိုင်းမှာ ပေါ်လာတဲ့ ချီအကာအကွယ်က မီးတောက်နဲ့ ဆင်တူရုံပဲ ရှိတာပါ။ အခု ထွက်ပေါ်လာတဲ့ မီးတောက်ကတော့ တကယ့် အစစ်အမှန် မီးတောက်ပါပဲ။
အဆင့်၁၄ကို ရောက်ရှိပြီး နောက်မှာတော့ သူရဲ့ ချီအတွင်းအားတွေက အရည်အသွေး ပိုင်းမှာ အတော်လေး ပြောင်းလဲ သွားခဲ့ပါတယ်။ ဒီပြောင်းလဲမှုကြီးက သူစိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၄ကနေ အဆင့်၅ကို ချိုးဖောက် တက်ရောက် သွားတုန်းက ထက်တောင် ကြီးမား နေပါသေးတယ်။
ဝုန်း…
မီးတောက်ချီတွေက တစ်စထက် တစ်ထ ပိုပီပြင်လာသဖြင့် လီဖူချန်းကို ကြည့်ရတာ မီးလျှံလူသား တစ်ယောက်လို့တောင် ထင်လာ ရပါတယ်။ ချီမီးတောက်တွေက ကောင်းကင်ကိုတောင် ထိုးတက် သွားတော့မလိုပါပဲ။ လီဖူချန်းရဲ့ အနီးအနား မီတာ အနည်းငယ် အတွင်းမှာ ရှိနေတဲ့ ကျောက်ခဲတွေ ဖုန်မှုန့်တွေကတော့ မြေကြီးပေါ်ကနေ ပျံတက်လာပြီး မုန်တိုင်း အငယ်စားလေး တစ်ခု ဖြစ်ပေါ်နေသည့် အလားပါပဲ။
“အားကောင်းလိုက်တဲ့ အစွမ်းပါလားကွာ “
လီဖူချန်းရဲ့ မျက်လုံးထဲမှာလည်း မီးတောက် ပုံသဏ္ဌာန် အမှတ်အသားလေး တစ်ခုက ပေါ်ပေါက် လာပါတယ်။ သူက အားကောင်းလှတဲ့ အစွမ်းတစ်ခုကို ခံစားနေရတယ်လေ။
***
"တစ်နှစ် ပြည့်ဖို့ နှစ်လပဲ လိုတော့တာပဲ။ လီဖူချန်း တစ်ယောက် ဘယ်လို ဖြစ်နေပြီလဲ ဆိုတာ ငါအရမ်း သိချင်နေမိပြီ "
တစ်နှစ် အချိန်းအချက်က မကြာခင်မှာပဲ ပြည့်တော့မှာ ဖြစ်တဲ့အတွက် လူတွေ အတော်များများရဲ့ စိတ်ထဲမှာတော့ ဒီဖန်းယွမ်စင်မြင့် တိုက်ပွဲကို ရင်ခုန် စောင့်စား နေကျပါပြီ။
အထူးသဖြင့် ချန်ဖန်းဟွာပေါ့။ တကယ်လို့ လီဖူချန်းကသာ လျိုတိုင်ရှန်းကို အနိုင် ယူလိုက်နိုင်မယ် ဆိုရင် သူမ စွန့်စား လိုက်တာက မှန်သွားပြီလို့ ပြောလို့ ရပါတယ်လေ။
လီဖူချန်းက ကောင်းကင်ဘုံက ပေးသနားထားတဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ဆိုတာ ကြိမ်းသေ သလောက် ရှိသွားပါပြီ။ သာမန် အရိုးတည်ဆောက်ပုံနဲ့ လူဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ဒါပေမဲ့ အကယ်လို့သာ လီဖူချန်းက လျိုတိုင်ရှန်းကို ရှုံးနိမ့်သွားမယ် ဆိုရင်တော့ သူမ ထင်ထားသလို လီဖူချန်းရဲ့ အလားအလာက ကြောက်စရာ ကောင်းမနေဘူးဆိုတာ သိသာသွားမှာပါ။ အဲဒါက လီဖူချန်းကို ပါရမီ မပါဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကောင်းကင်ဘုံက လက်ဆောင် ပေးထားတဲ့ သားတော် မဟုတ်ဘူး ဆိုတာကိုပဲ ပြသနေတာပါ။ လီဖူချန်းက ဘယ်လိုပဲ ဖြစ်ဖြစ် အတွင်းစည်း တပည့်ဖြစ်တာ ၃နှစ်ပဲ ရှိသေးတာလေ။
“လီဖူချန်း ... ငါ့ရဲ့အဘိုးက အဲဒီပွဲကို လာရောက်ပြီး အကဲခတ်မယ်တဲ့။ နင်ငါ့အဘိုးကို စိတ်ပျက်အောင် လုပ်လို့တော့ မဖြစ်ဘူးနော်”
ဇောင်မင်းယွီက သူမရဲ့ အခန်းထဲမှာ ထိုင်နေရင်းနဲ့ လီဖူချန်း အကြောင်းကို တွေးနေမိပါတယ်။
လီဖူချန်းနဲ့ လျိုတိုင်ရှန်းတို့ နှစ်ယောက် ဖန်းယွမ် စင်မြင့်ပေါ်မှာ တိုက်ခိုက်ဖို့ ချိန်းဆိုလိုက်ချိန် ကတည်းက ဇောင်မင်းယွီက သူမအဘိုးကို အကြောင်းစုံ ပြောပြထားခဲ့တာပါ။ အတွင်းစည်း အကြီးအကဲ ခေါင်ချုပ်ဖြစ်တဲ့ ဇောင်ရှန်း ထိကိုပေါ့။
အကြောင်းစုံကို သိသွားတဲ့ ဇောင်ရှန်းထိက သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင် လီဖူချန်းကို အရမ်း စိတ်ဝင်စား သွားပါတယ်။ ဒါကြောင့်သူက လီဖူချန်း တိုက်ခိုက်မဲ့ ပွဲကို လာကြည့်ဖို့ ဆုံးဖြတ် လိုက်တာပါ။
အတွင်းစည်း ဂိုဏ်းနယ်နိမိတ်ရဲ့ ခြံဝင်း တစ်ခု အတွင်းမှာတော့
“ဟား … ဟား … ဟား ... လီဖူချန်း ... မင်းသေဖို့သာ ပြင်ထားပေတော့”
လျိုတိုင်ရှန်းက အသံနက်ကြီးဖြင့် အားရပါးရ အော်ရယ်နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေ့ဟာ သူစိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို တက်ရောက် သွားနိုင်တဲ့နေ့ ဖြစ်နေလို့ပါပဲ။
အစောပိုင်း တုန်းကတော့ သူက လီဖူချန်းနဲ့ တိုက်ခိုက်ဖို့ အတွက် အနည်းငယ် စိုးရိမ် နေပါသေးတယ်။ အခုတော့ သူက ဘာစိုးရိမ်စိတ်မှ မရှိတော့ပါဘူး။
လီဖူချန်းက ဒီတစ်နှစ် အတွင်းမှာ အဆင့်၂ဆင့် အောင်မြင် ခဲ့ရင်တောင် သူကတော့ ကြောက်ရွံ့ မနေတော့ပါဘူး။ လျိုတိုင်ရှန်းက လီဖူချန်းကို အနိုင်ယူဖို့ လုံးဝ ယုံကြည်မှု အပြည့်ရှိနေပါပြီ။ အဆင့်၃ဆင့် ကွာတယ် ဆိုတာ နည်းတဲ့ ကွာဟချက်မှ မဟုတ်တာလေ။
“လီဖူချန်း ... မင်းက မလုပ်သင့်တဲ့ အရာတစ်ခုကို သွားလုပ်မိလိုက်တာပဲ။ ငါတို့ လျိုကလန် ဆိုတာ မင်းစော်ကားလို့ ရတဲ့ အရာတစ်ခု မဟုတ်ဘူးကွ။ ငါက မင်းရဲ့ ခြေလက်တွေကို ရိုက်ချိုးပစ်ရုံ သာမက မင်းရဲ့ အတွင်းအား ပင်မ ပင်လယ်ကိုပါ ဖျက်ဆီးပစ်ဦးမှာ။ မင်းဘဝ တစ်လျှောက်လုံး အဲသည်နေ့ကို သေသည်အထိ အမှတ် ရနေလိမ့်မယ်”
လျိုတိုင်ရှန်းကတော့ ယုံကြည်မှုအပြည့်နဲ့ ကြုံးဝါးလိုက်ပါတယ်။
ကြက်သွေးရောင် လျှို့၀ှက် မီးတောက် ကျင့်စဉ် အဆင့်၁၄ကို ရောက်ပြီး နောက်မှာတော့ လီဖူချန်းရဲ့ ကောင်းကင်နဲ့ မြေကြီးက စွမ်းအင်တွေကို စုပ်ယူနိုင်စွမ်းက အဆပေါင်းများစွာ တိုးတက် လာခဲ့ပါတယ်။
သူ့ရဲ့ ချက်နားက ဒျန့်တျန်ထဲမှာလည်း အလွန်ကြီးမားတဲ့ မီးပြင်းဖိုကြီး တစ်ခု ဖွက်ထားသလိုပါပဲ။ သူက ကောင်းကင်နဲ့ မြေကြီးက စွမ်းအင် ဘယ်လောက်ပဲ စုပ်ယူနိုင်ပါစေ။ ထိုမီးပြင်းဖိုကြီးက ကြက်သွေးရောင် မီးတောက် ချီအတွင်းအား အဖြစ် ပြောင်းလဲ ပေးနေပါတယ်။
ဒီမီးတောက်ချီတွေက လီဖူချန်းရဲ့ တစ်ကိုယ်လုံးမှာ ရှိသမျှ သွေးကြောတွေ ၊ အရိုးတွေကို သန့်စင် ပေးနေသလိုပါပဲ။ ဒီစွမ်းအားကို ခံစား ကြည့်ရသလောက် ကတော့ ဓားဆန္ဒနဲ့ အလားသဏ္ဌာန် တူပါတယ်။ ဒါပေမဲ့ ဒီအရာက ပိုပြီး လျှို့၀ှက် ဆန်းကြယ် နေပါတယ်။
သိပ်မကြာခင်မှာပဲ အဲဒီအရာက ကြက်သွေးရောင် မီးဆန္ဒ ဆိုတာကို လီဖူချန်း တစ်ယောက် ရိပ်မိ သွားပါတော့တယ်။ ဆန်းကြယ်အဆင့် ပညာရပ်တွေက အဆင့်မြင့်မြင့်ကို တက်လှမ်း သွားနိုင်ခဲ့ရင် စိတ်ဆန္ဒတစ်ခု အဖြစ် ဆင့်ကဲ ဖြစ်ပေါ်လာပါတယ်။
ဆန်းကြယ်အဆင့် ဓားသိုင်းတွေက ဓားဆန္ဒကို ဖြစ်ပေါ် လာစေပါတယ်။ ဆန်းကြယ်အဆင့် လက်သီး သိုင်းတွေကတော့ လက်သီး ဆန္ဒပေါ့။
ထို့အတူပဲ ဆန်းကြယ် အတွင်းအား ကျင့်စဉ် နည်းစနစ်တွေမှာလည်း
သက်ဆိုင်ရာ ကျင့်စဉ် အလိုက် စိတ်ဆန္ဒတွေကို ဖြစ်ပေါ် လာစေတယ်လေ။
အချက်အလက်တွေ အရ ဆိုရင်တော့ ဘယ်အတွင်းအား ကျင့်စဉ်ဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်သိုင်းပညာကို ဖြစ်ဖြစ် သိုင်းပညာရှင်တွေက ပညာရပ် ဆန္ဒတွေကို ခံစားနေနိုင်ရမှာပါ။
ဒါပေမဲ့ အဆင့်နိမ့် ပညာရပ်တွေမှာ ဖြစ်ပေါ်လာတဲ့ ပညာရပ်ဆန္ဒတွေက သိုင်းပညာရှင်တွေ အတွက် သိပ်အကျိုး မရှိပါဘူး။ ပညာရပ် ဆန္ဒတွေက ဆန်းကြယ်အဆင့် ပညာရပ်တွေမှာမှ စပြီး အစွမ်းပြနိုင်တဲ့ အတွက် သိုင်းပညာရှင်တွေ အထူးတလည် လုပ်ပြီး အဆင့်နိမ့် ပညာရပ်တွေကို လေ့ကျင့် မနေကျတော့ပါဘူး။
ရိုးရိုးလေးပဲ စဉ်းစား ကြည့်ကျရအောင်။ အဝါရောင် အဆင့်ဓားသိုင်းက ဓားဆန္ဒနဲ့ ဆန်းကြယ် အဆင့် ဓားဆန္ဒ နှစ်ခုမှာ မည်သည့် ဓားဆန္ဒက အစွမ်း ပိုထက်မည်နည်း။
“ကြက်သွေးရောင် လျှို့၀ှက် မီးတောက်ကျင့်စဉ် အဆင့်၁၅ရောက်ရင် ဘယ်လောက်တောင် အစွမ်းထက် လာမလဲ ဆိုတာကို ငါအရမ်း သိချင်နေမိပြီ”
လီဖူချန်းက မူလ အစစ်အမှန် ကြက်သွေးရောင် မီးဆန္ဒကို ရရှိဖို့အတွက် အရမ်းကို မျှော်လင့် နေမိတယ်လေ။
ကြက်သွေးရောင် လျှို့၀ှက် မီးတောက် ကျင့်စဉ်က ဆန်းကြယ် အလယ်အလတ်အဆင့် အတွင်းအား ပညာရပ် ဖြစ်တဲ့အတွက် ဒီကြက်သွေးရောင် မီးဆန္ဒက ကြယ်ပျံ ဓားသိုင်းကရတဲ့ ဓားဆန္ဒထက် ပိုပြီး ကြောက်စရာ ကောင်းမယ် ဆိုတာ ယုံမှားစရာ မရှိပါဘူး။
ပြီးတော့ ပိုအရေးကြီးတာက ဆန်းကြယ် အဆင့် ဓားဆန္ဒကို လေ့ကျင့်ဖို့ အတွက် အဲသည်လူမှာ ဓားတာအို အခြေခံရှိဖို့ လိုအပ်တယ်လေ။
ဆန်းကြယ်အဆင့် အတွင်းအား ပညာရပ်တွေမှာတော့ အဲသည် လိုအပ်ချက်တွေ မရှိပါဘူး။ မင်းက ဆန်းကြယ်အဆင့် အတွင်းအား ပညာရပ်ကို အဆင့်အမြင့်ဆုံး လေ့ကျင့်နိုင်ပြီ ဆိုတာနဲ့ ပညာရပ် ဆန္ဒက ဖြစ်ပေါ် လာမှာပါပဲ။
၁၁လမြောက် လမှာတော့ လီဖူချန်းက သူ့ရဲ့ ကြယ်ကြွေဓားဆန္ဒကို ပြီးပြည့်စုံအောင် လေ့ကျင့် ပြီးသွားခဲ့ပါပြီ။
ဓားဆန္ဒ တစ်ခုလုံးကို နားလည် သဘောပေါက် သွားတဲ့ အကျိုးကျေးဇူးကတော့ လီဖူချန်း တစ်ယောက် သူကြိုက်တဲ့ အချိန်မှာ ကြိုက်သလို ကြယ်ပျံ ဓားသိုင်းကို အသုံးပြုနိုင်တာပါပဲ။
အရင်တုန်းက ဆိုရင် ကြယ်ကြွေ ဓားကွက်ကို ထုတ်လိုက်တာနဲ့ ဓားကွက်ရဲ့ အရှိန်ကို မထိန်းချုပ် နိုင်တာကြောင့် တစ်ဖက်လူက သေရင်သေ ဒါမှမဟုတ် ဒဏ်ရာ အကြီးအကျယ် ရသွားနိုင်ပါတယ်။ အခုတော့ လီဖူချန်းက သူ့စိတ်ကြိုက် အတိုင်း ဓားကွက်ကို အထုတ်အသိမ်း ပြုလုပ်နိုင်ပါပြီ။
၁၂လမြောက် မှာတော့ လီဖူချန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၅ကနေ အဆင့်၆ကို ချိုးဖောက် တက်ရောက်သွားနိုင် ပြန်ပါတယ်။ အမှန်ဆိုရင် လီဖူချန်းက ဒီလောက် အမြန်ကြီး အဆင့် မတက်သွားသင့်ပါဘူး။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က အဆင့်တိုင်းက အရမ်းကို ချိုးဖောက်ဖို့ ခက်ခဲတာလေ။
အထူးသဖြင့် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်မှာ မင်းက ကြယ်လေးပွင့် ဒါမှမဟုတ် ကြယ်ငါးပွင့် အရိုးတည်ဆောက်ပုံ မရှိပဲနဲ့ တစ်နှစ် အတွင်းမှာ အဆင့်၂ဆင့် တက်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။
လီဖူချန်းလို သာမန် အရိုးတည်ဆောက်ပုံနဲ့ သူဆိုရင် ပိုလို့တောင် မဖြစ်နိုင်ပါဘူး။ ကံကောင်းစွာနဲ့ လီဖူချန်းရဲ့ ဆင့်ကဲ ပြောင်းလဲနေတဲ့ စိတ်ဝိညာဉ်က သူ့ရဲ့အားနည်းချက် ဖြစ်တဲ့ အရိုး တည်ဆောက်မှုကို ဖြည့်စွက် ပေးနေနိုင်တာလေ။
လီဖူချန်း တစ်ယောက် အတွင်းစည်း ဂိုဏ်းသားဖြစ်တာ သုံးနှစ်တောင် မပြည့်သေးတဲ့ အချိန် အတွင်းမှာပဲ သူ့ရဲ့ ကြက်သွေးရောင် လျှို့၀ှက် မီးတောက် ကျင့်စဉ်ကတော့ အဆင့်ကိုးကနေ အဆင့် တစ်ဆယ့်လေး အထိတောင် ရောက်သွားပါပြီ။
အဲဒီ အတွင်းအားကျင့်စဉ် တိုးတက်မှုကလည်း လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံ အားနည်းချက်ကို ယာယီအားဖြင့် မေ့ထား စေနိုင်ပါသေးတယ်။
လီဖူချန်းကလည်း သူ့ရဲ့ ကျင့်ကြံမှုနှုန်း မြန်နေတာက ဒီအတွင်းအား ကျင့်စဉ်မှာ အဆင့်မြင့်မြင့် ရောက်နေတာနဲ့ သက်ဆိုင် နေတယ် ဆိုတာကို ရိပ်စားမိပါတယ်။
ဒါကြောင့်မလို့ ကြက်သွေးရောင် လျှို့၀ှက် မီးတောက်ရဲ့ အမြင့်ဆုံး အဆင့်ကို ရောက်ပြီးရင်တော့ သူက နောက်ထပ် အဆင့်မြင့် အတွင်းအား ကျင့်စဉ် တစ်ခု အမြန်ရှာမှကို ဖြစ်တော့ပါမယ်။
အဆင့်မြင့် အတွင်းအား ကျင့်စဉ် မရှိရင်တော့ သူ့ရဲ့ ကျင့်ကြံမှုနှုန်းက အတော်လေးကို နှေးသွားတော့မှာပါ။
အရိုးတည်ဆောက်မှု ကောင်းတဲ့ အခြားသော တပည့်တွေကလည်း သူ့လို အတွင်းအား ကျင့်စဉ်တွေရဲ့ အမြင့်ဆုံး အဆင့်ကို ရောက်သွားတဲ့ အချိန်ဆိုရင် သူက ထိုတပည့်တွေကို ကျင့်ကြံမှုနှုန်း အရာမှာ လိုက်မီတော့မှာ မဟုတ်ပါဘူး။
အရိုးတည်ဆောက်ပုံ မကောင်းတဲ့ လီဖူချန်း အတွက်ကတော့ ပညာရပ်တွေ အပေါ် ထိုးထွင်း သိမြင်နိုင်မှုကိုပဲ အားကိုး နေရတာလေ။ သူက အဆင့်မြင့်တဲ့ ပညာရပ်တွေကို တစ်ခုပြီးတစ်ခု အဆက်မပြတ် လေ့ကျင့်နေမှသာ တော်ကာ ကျမှာပါ။
သူသာ ကန့်သတ်ချက်တွေကို မကျော်ဖြတ်နိုင်တော့ပဲ ရောက်နေတဲ့ အဆင့်မှာ ပျော်သွားပြီ ဆိုတာနဲ့ နောက်က လိုက်လာတဲ့ သူတွေက လီဖူချန်းကို အလွယ်တကူ ကျော်တက် သွားကျတော့မှာပါ။
***