← Chapters

ဖန်းယွမ်စင်မြင့်

Vol. 9 Ch. 117

ဖန်းယွမ်စင်မြင့်

Vol. 9 Ch. 117

ဒီလိုနဲ့ ချိန်းဆိုထားတဲ့ အချိန် တစ်နှစ်ကလည်း ပြည့်သွားခဲ့ပါပြီ။ လီဖူချန်းနဲ့ လျိုတိုင်ရှန်းကလည်း သူတို့ရဲ့ ကတိအတိုင်း ဂုဏ်ယူစွာနဲ့ တိုက်ခိုက် ကျတော့မှာပါ။

တိုက်ပွဲနေ့မှာတော့ အတွင်းစည်း ဂိုဏ်းသား တော်တော်များများက ဖန်းယွမ် စင်မြင့်မှာ စုရုံး ရောက်ရှိ နေကျပါပြီ။

သူတို့ထဲက အများစုကတော့ လီဖူချန်းနဲ့ လျိုတိုင်ရှန်းတို့ တိုက်ပွဲကို ကြည့်ရှုဖို့အတွက် ရောက်လာတာ ဖြစ်ပါတယ်။ ကျန်တဲ့ အနည်းငယ်ကတော့ အခြားသော အတွင်းစည်း တပည့်တွေနဲ့ တိုက်ခိုက်ဖို့ ရောက်နေတာပါ။

ဖန်းယွမ် စင်မြင့်က လေးထောင့်ကျကျ ဖြစ်ပြီး တိုက်ပွဲစင်မြင့် တစ်ခုလုံးကို ကျောက်စိမ်းဖြူတွေနဲ့ တည်ဆောက် ထားတာပါ။ စင်မြင့်က ၁၀မီတာကျော် မြင့်ပြီး အကျယ်အဝန်း ကတော့ ၁၀၀မီတာ လောက်ကို ရှိတဲ့ အတွက် စိတ်တိုင်းကျကို တိုက်ခိုက် နိုင်ပါတယ်လေ။

ရှေလူကြီးတွေ ပြောကျတာကတော့ ဖန်းယွမ် စင်မြင့်ရဲ့ အောက်မှာ ခံနိုင်ရည်အားကို မြှင့်တင်ပေးတဲ့ ဓမ္မစက် အင်းပြားတစ်ခုကို ထည့်သွင်း ထားပါတယ်တဲ့လေ။ ဒါကြောင့်မို့ မြေကမ္ဘာအဆင့်က ပညာရှင်တွေတောင် ဒီစင်မြင့်ကို ပျက်စီးအောင် လုပ်နိုင်စွမ်း မရှိပါဘူး။

အခု လောလောဆယ်မှာတော့ အတွင်းစည်း ဂိုဏ်းသား နှစ်ယောက်က ဖန်းယွမ် စင်မြင့်ရဲ့ အလည်မှာ စာရင်း ရှင်းဖို့အတွက် ရောက်နေကျပါပြီ။

“ကျူးရှောင်ထန် ... မင်းက ငါ့ရဲ့ ငယ်ရည်းစားကို ဖြားယောင်း သွေးဆောင်ပြီး ခိုးယူသွားတယ်။ ဒါက ငါ့ရဲ့ယောကျာ်း သိက္ခာကို အရမ်း ကျဆင်းသွားစေတယ်။ ဒီကောင်းကင်ကြီးရဲ့ အောက်မှာ မင်းနဲ့ငါ အတူတူ နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒီနေ့ကတော့ မင်းဒုက္ခိတ ဖြစ်ရင်ဖြစ် မဖြစ်ရင် ငါဒုက္ခိတ ဖြစ်ပဲ”

“ကျန်းဟိုင် ... မင်းက မင်းကိုယ်မင်း ညီမဝမ်လီနဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား။ မင်းက သေရမှာကို မကြောက်လို့ ငါ့ကို စိန်ခေါ်လာမှတော့ ပညာ ကောင်းကောင်းကြီး ပေးရသေးတာပေါ့ကွာ”

ဒီအတွင်းစည်း ဂိုဏ်းသား နှစ်ယောက်စလုံးက တိုက်ခိုက်ဖို့ တာစူနေကြပါပြီ။

ကြည့်ရတာကတော့ ကျန်းဟိုင်လို့ခေါ်တဲ့ အတွင်းစည်း တပည့်ရဲ့ ငယ်ချစ်ဦးကို ကျူးရှောင်ထန်လို့ ခေါ်တဲ့ အတွင်းစည်း တပည့်က လက်သွက်ခြေသွက်နဲ့ သုတ်သွားတဲ့ ပုံပါပဲ။ ဒါကြောင့် ကျန်းဟိုင်က မခံမရပ်နိုင် ဖြစ်ပြီး ကျူးရှောင်ထန်ကို စိန်ခေါ်နေတာပါ။

သြော် …

” ရည်းစားလူလု အူနုကျွဲခတ်”

ဆိုတဲ့ စကား အတိုင်းပါပေါ့လား။

အတွင်းစည်း တပည့်နှစ်ယောက်က လျင်မြန်စွာပင် အရှေ့ကို ခုန်ထွက် သွားကျပြီး တိုက်ခိုက် ပါတော့တယ်။ ကျန်းဟိုင်လို့ အမည်ရတဲ့ အတွင်းစည်း တပည့်က အသာမရသည့် ပုံပါပဲ။ ပါးတစ်ဖက်မှာ ဓားဒဏ်ရာ တစ်ခုနဲ့ အနောက်ကို ပြန်ဆုတ် လာပါတယ်။

“သေစမ်းကွာ "

ကျန်းဟိုင်က မာန်သွင်းပြီး နဂါးမာန် ဓားသိုင်းကို ထုတ်သုံး လိုက်ပါတယ်။ သူ့လက်ထဲက ဓားက နဂါးနက်ကြီး တစ်ကောင်လို လေထုထဲမှာ လူးလိမ့် သွားလာနေပြီး ကျူးရှောင်ထန်ဆီကို တိုးဝင် သွားပါတော့တယ်။

သူ့ရဲ့ နဂါးမာန် ဓားသိုင်းက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်လုနီးပါး ရှိနေပါပြီ။ ထို့ကြောင့် သူ့ဓားချက်က သေသပ် လှပစွာနဲ့ ကျူးရှောင်ထန်ကို ချောင်ပိတ် ထားလိုက်ပါတယ်။

“ကျန်းဟိုင် ... မင်းဘာလို့ ငါ့ကို ရုတ်တရက် စိန်ခေါ်ရဲပါလိမ့်လို့ စဉ်းစားနေတာ။ လက်စသတ်တော့ မင်းက နဂါးမာန် ဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်ထိ ရောက်လုနီးပါး လေ့ကျင့် ထားနိုင်တာကိုး”

“ဟား ... ဟား ...

ဒါပေမဲ့ မင်းတစ်ခု မေ့နေတာ ရှိတယ်။ အဲဒါကတော့ ငါ့ရဲ့ ဘုံခုနစ်ဆင့် တိမ်ပျံဓားသိုင်းကလည်း ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်တော့မယ် ဆိုတာပဲ”

ကျူးရှောင်ထန်က ပြောပြီးတာနဲ့ သူ့ဓားကို အဆင်မပြတ် လှုပ်ယမ်း လိုက်ပါတယ်။ ကောင်းကင် ပေါ်ကနေ ဓားရိပ်တွေ ဆက်တိုက်ဆိုသလို ကျဆင်းလာပြီး ကျန်းဟိုင်ရဲ့ ဓားချက်တွေကို ပြန်လည် တိုက်ခိုက် နေပါတော့တယ်။

အား…

အော်သံနဲ့အတူ လက်မောင်းပြတ်ကြီး တစ်ခုက မြေပေါ်ကို ပြုတ်ကျ လာခဲ့ပါတယ်။ ဓားရိပ် ဓားယောင် တွေကလည်း ပျောက်ကွယ် သွားပြီး သွေးတွေနဲ့ အစားထိုး ဝင်ရောက်လာပါပြီ။

ကျန်းဟိုင်ကတော့ စင်မြင့်ပေါ်မှာ ပုံရက်သား လဲကျနေပြီး လူးလွန့် နေပါတယ်။ သူ့ရဲ့မျက်နှာက ရှုံ့တွနေပြီး ကျူးရှောင်ထန်ကို မယုံနိုင်စွာ ကြည့်နေပါတယ်။

ကျူးရှောင်ထန်က သူ့ထက် အဆင့် တစ်ဆင့်ပဲ မြင့်တာပါ။ သူ့ရဲ့လက်ရှိ ဓားစွမ်းရည်နဲ့ ဆိုရင် ဘယ်လိုမှ ရုပ်ပျက်ဆင်းပျင် ရှုံးနိမ့်စရာ အကြောင်း မရှိဘူးလို့ သူက တွက်ထားခဲ့တာလေ။ သူက အသက်နဲ့ရင်းပြီး တိုက်ခိုက်မယ် ဆိုရင် ပြိုင်ဖက်ကိုလည်း ဒဏ်ရာရအောင် လုပ်နိုင်မယ်လို့ ကျန်းဟိုင်က ယုံကြည် နေခဲ့တာပါ။

ကျူးရှောင်ထန်ကို အနိုင်ယူဖို့ ကိုတော့ လုံးဝ တွေးမထားခဲ့ပါဘူး။

စိတ်မကောင်း စရာပါပဲ။ ကောင်းကင်ဘုံက ကျန်းဟိုင်ဘက်မှာ ရှိနေသည့်ပုံ မပေါ်ပါဘူးလေ။ ကျူးရှောင်ထန်ကို ဒဏ်ရာ တစ်ချက်လေး ရသွားအောင်တောင် သူ မတိုက်နိုင်ခဲ့ပါဘူး။

အနက်ရောင် သံသေဓားကို ကျန်းဟိုင်ကို ညွှန်လိုက်ပြီး ကျူးရှောင်ထန်က အရူး တစ်ယောက်လို ရယ်မော နေပါတော့တယ်။

“မင်းရဲ့ လက်မောင်း တစ်ဖက်ကို ဖြတ်ပြီးတာနဲ့ မင်းကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့် နေတာလား။ ဟား … ဟား … ဟား ... အရမ်း စိတ်မလောပါနဲ့လေ။ အေးအေး ဆေးဆေးပေါ့။ ငါက မင်းရဲ့ကျန်တဲ့ ခြေလက်တွေကို တစ်ချောင်းချင်း ဖြတ်ဦးမှာကွ။ ပြီးရင် မင်းရဲ့ အတွင်းအား ပင်လယ်ကိုလည်း ဖျက်ဆီးဦးမှာ ။ ဒါမှ ငါ့စိတ် ကျေနပ်နိုင်မယ်”

ဖန်းယွမ်စင်မြင့်ရဲ့ ထုံးတမ်းစဉ်လာအရ နှစ်ဖက်စလုံးက မတိုက်ခိုက်မီမှာ ဖန်းယွမ် သဘောတူညီချက်မှာ လက်မှတ် ထိုးထားရပါတယ်။ အနိုင်ရရှိတဲ့ သူက ရှုံးတဲ့လူကို မသတ်သေးသရွေ့ ကြိုက်တာ လုပ်လို့ ရပါတယ်။

ဒါကြောင့်မို့ အတွင်းစည်း ဂိုဏ်းသားတွေဟာ တော်ရုံတန်ရုံ ကိစ္စနဲ့ ဖန်းယွမ် စင်မြင့်ပေါ်မှာ တိုက်ခိုက်လေ့ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ချက်ကလေး မှားပြီး ရှုံးနိမ့်သွားတာနဲ့ မင်းဘဝက ပြီးသွားပါပြီ။ ကျင့်ကြံသူ တစ်ယောက် အတွက်ကတော့ အတွင်းအား ပင်လယ် ဖျက်ဆီး ခံလိုက်ရတယ် ဆိုတဲ့ အဖြစ်ထက် သေသွားတာက တောင်မှ ကောင်းပါသေးတယ်။

ရွှမ်း…

အသံနဲ့အတူ အနက်ရောင် ဓားရိပ်က ကျန်းဟိုင်ရဲ့ ခြေထောက် တစ်ဖက်ကို ဖြတ်ယူ သွားပါတယ်။ ကျန်းဟိုင်ရဲ့ မျက်နှာက နာကျင်မှုကြောင့် ဖြူဖတ်ဖြူရော် ဖြစ်နေပြီး မျက်လုံး တွေကနေလည်း ကြောက်ရွံ့မှုတွေကို အတိုင်းသား မြင်နေရပါတယ်။

“အစ်ကိုကျူး……ထားလိုက်ပါတော့။ သူလည်း ဒုက္ခိတ တစ်ပိုင်း ဖြစ်နေပြီပဲ။ သူနောက်တစ်ခါ အစ်ကိုကျူးကို စိန်ခေါ်နိုင်စွမ်း မရှိတော့ပါဘူး”

စင်မြင့်ရဲ့ အောက်မှာတော့ ကြည့်ကောင်းပြီး ဆွဲဆောင်မှု အပြည့်ရှိတဲ့ မိန်းမပျိုလေး တစ်ယောက်က ကျူးရှောင်ထန်းကို တားလိုက်ပါတယ်။ သူမရဲ့ တင်တွေ ရင်တွေက လုံးတင်းနေပြီး ကြည့်ရတာ အရည် တစ်ရွှမ်းရွှမ်းနဲ့ ဖရဲသီးကြီး တစ်လုံး လိုပါပဲ။ ပုရိသ အပေါင်းကို သွားဖုံးမြုပ်အောင် ကိုက်စေချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ် လာစေနိုင်ပါတယ်။

(အရည်ရွှမ်းတယ် ဆိုတာ သိတယ်မလား။ အဟင်းဟင်း။ သောက်faတွေ ကတော့ မသိနိုင်ပါဘူးလေ။)

“ညီမဝမ်လီက တားနေမှတော့ အစ်ကိုက ခွင့်လွှတ် ပေးရမှာပေါ့လေ။ မဟုတ်ဘူးလား။ ကျန်းဟိုင် ... ငါမင်းကို ဒီနေ့ လွှတ်ပေးလိုက်မယ်။ ငါ့ကို ကလဲ့စားချေမယ် ဆိုရင်တော့ နောက်ဘဝမှ စဉ်းစားပေတော့ ... ။ဟား ... ဟား……ဟား ... “

ကျူးရှောင်ထန်က ရယ်မောပြီး ဖန်းယွမ် စင်မြင့်ပေါ်ကနေ မြောက်ကြွမြောက်ကြွနဲ့ ဆင်းသွား ပါတော့တယ်။

ကျန်းဟိုင်ရဲ့ မျက်လုံးတွေက မျှော်လင့်ချက်တွေ ကင်းမဲ့နေပါပြီ။ သူ့ကိုတော့ အတွင်းစည်း လက်ထောက် ကြီးကြပ်ရေးမှုး တစ်ယောက်က သယ်ထုတ်သွားပါပြီ။

“သူ့ဘဝက အရမ်း သနားစရာ ကောင်းတာပဲကွာ။ သူ့ငယ်ရည်းစားကိုလည်း သူများက မသွားတယ်။ လက်တစ်ဖက်နဲ့ ခြေတစ်ဖက်ကိုလည်း ဖြတ်ခံလိုက်ရတယ်။ ဒီကောင်ကတော့ လုံးဝ ဘဝပျက်သွားပြီ”

“ဖန်းယွမ် စင်မြင့်ဆိုတာ လွယ်ကူတဲ့ နေရာတစ်ခု မဟုတ်ဘူးကွ။ တိုက်ခိုက် ကျတဲ့သူတွေက အမှား သေးသေးလေးတစ်ခု ကျူးလွန် မိသွားရင်တောင် ရှုံးနိမ့် သွားနိုင်တယ်။ အဲဒီလို ရှုံးနိမ့်သွားတာနဲ့ မင်းဒုက္ခိတ ဖြစ်ပြီလေ”

“သူ့ရဲ့ ငယ်ရည်းစားကလည်း တကယ်ကို လန်းတာမောင်ရေ။ အဲသည် ကောင်မနဲ့ ကျူးရှောင်ထန်းတို့ နှစ်ယောက် ဂိုဏ်းအနောက်ဘက်က ဝါးရုံတောထဲမှာ ဟိုဒင်းဟိုဝှာ ပြုနေတာကို မြင်ခဲ့တဲ့သူတွေ ပြောတာကတော့ ဒီဟာမကြီးရဲ့ တင်တွေက မက်မွန်သီးလေးလို လုံးကျစ်ပြီး ဖွေးအု နေတာပဲတဲ့ဟ"

"အဲဒီလို အထာတွေကော ရှိတာလားဟ။ ဝိုး ... ကြိုက်ပြီလေ။ ကျူးရှောင်ထန်း ရိုးအီသွားတဲ့ နေ့ကို ငါစောင့်လိုက်ဦးမယ်။ ဟင်း……ဟင်း ... ခွင့်သာခိုက်မှ အမုန်းကို ကြိတ်လိုက်ဦးမယ်ကွာ”

ယောကျာ်းလေး အတွင်းစည်း တပည့်တွေကတော့ ဖိုသဘာဝအတိုင်း အညှီအဟောက်တွေကို သွားရည်တမြားမြားနဲ့ အာပေါင်အာရင်းသန်သန် ဆွေးနွေးနေကျပါပြီ။ သိတဲ့ အတိုင်းပဲလေ ဒါမျိုးဆို ယောကျာ်းသားတွေက သိပ်ညီတာ မဟုတ်လား။

တိုက်ပွဲက ပြီးဆုံးသွားပေမဲ့လည်း ဒီကိုရောက်နေတဲ့ လူတွေကတော့ ပြန်မယ့် အရိပ်အယောင် မပြသေးပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် နောက်ထပ် တိုက်ပွဲတစ်ပွဲ ကျန်နေသေးတယ် ဆိုတာကို မပြောပဲ နားလည်ရမှာပါ။

"တောင်းပန်ပါတယ် အစ်ကိုကြီး… ကျွန်တော် တစ်ခုမေးပါရစေ။ နောက်ထပ် တိုက်ခိုက်မယ့် သူတွေက ဘယ်သူတွေလဲဗျ”

အတွင်းစည်း တပည့်တစ်ယောက်က မနေနိုင်တော့တဲ့ အတွက် ဘေးနားက အတွင်းစည်း တပည့် တစ်ယောက်ကို မေးလိုက်ပါတော့တယ်။ အမေးခံရတဲ့ အတွင်းစည်း တပည့်က မေးလိုက်တဲ့ သူကို ငကြောင် တစ်ကောင်ကို ကြည့်တဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး

“မင်းဒါကိုတောင်မသိပဲ ဖန်းယွမ် စင်မြင့်ကို ဘာလာလုပ်တာလဲ။ ဒီနေ့က လျိုတိုင်ရှန်းနဲ့ လီဖူချန်းတို့ တိုက်ခိုက်မယ့် နေ့လေ။ ဒါကြောင့် အားလုံးက စောင့်နေတာပေါ့။ ခဏနေဆို သူတို့ ရောက်လာတော့မယ်”

“အစ်ကို လျိုတိုင်ရှန်းနဲ့လား ... ဝိုး… ကျွန်တော် ကြားတာကတော့ အစ်ကိုလျိုတိုင်ရှန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်သွားပြီဆို။ ဒီလီဖူချန်းဆိုတဲ့ ကောင်က ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးနေတာပဲ”

“စိတ်ဝင်စားစရာပဲ။ ပထမကတော့ ကျန်းဟိုင် ။ အခုတော့ လီဖူချန်း ။ အတွင်းစည်း ဂိုဏ်းမှာ ဘယ်တုန်းက ဒီလို ငနုံတွေ ရောက်လာခဲ့တာလဲ”

ဒီဖန်းယွမ် စင်မြင့််ကို ရောက်လာတဲ့ အတွင်းစည်း တပည့်တွေထဲမှာ လီဖူချန်းကို နိုင်မယ်လို့ ခန့်မှန်းထားတဲ့ သူကတော့ တစ်ယောက်မှ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဆင့် ကွာဟချက်က အရမ်းကို များနေလို့ပါပဲ။

ကျန်းဟိုင်နဲ့ ကျူးရှောင်ထန်း တုန်းကတောင် အဆင့်တစ်ဆင့်ပဲ ကွာတာကို မရှုမလှ ရှုံးနိမ့် သွားတာလေ။ လီဖူချန်းနဲ့ လျိုတိုင်ရှန်းက အနည်းဆုံး အဆင့်၄ဆင့်လောက် ကွာနေမှာပါ။ အဲဒါဆိုရင် စဉ်းစားသာ ကြည့်ပါတော့။ ဘယ်လောက် တစ်ဖက်သတ် ဆန်နေမလဲ ဆိုတာကိုလေ။

ဒီတစ်နှစ် အတွင်းမှာ သူ့ရဲ့ အဆင့် တက်လာမယ် ဆိုရင် အများဆုံး နှစ်ဆင့်ပဲ ရှိမှာပါ။

“ညီမဝမ်လီ ... ဒီနှစ်ကတော့ ငတုံးတွေ ပြည့်နေတဲ့နှစ်ပဲ ထင်တယ်။ အစတုန်းကတော့ အစ်ကိုက ကျန်းဟိုလို ငတုံး နောက်တစ်ယောက် မရှိနိုင်တော့ဘူးလို့ ထင်ထားတာ။ အခုတော့ လီဖူချန်း ဆိုတဲ့ နောက်ထပ် ငတုံး တစ်ယောက်ပါ ပေါ်လာပြန်ပြီ”

ကျူးရှောင်ထန်က အကြောင်းစုံကို သိသွားတဲ့နောက်မှာ လီဖူချန်းကို လှောင်ပြောင် လိုက်ပါတယ်။

ဝမ်လီလို့ ခေါ်တဲ့ အမျိုးသမီး တပည့်ကလည်း

“ညီမက ကြားဖူးတာကတော့ လီဖူချန်းက ယူဝူရှန်းကိုတောင် အပြင်စည်း ဂိုဏ်းသား ဘဝတုန်းက တိုက်ခိုက် အနိုင် ယူဖူးတယ်တဲ့နော်။ ပြီးတော့ အပြင်စည်း ဂိုဏ်းရဲ့ နံပါတ်၁ စံချိန်ရှင်လည်း ဖြစ်ခဲ့ဖူးတယ်။ ကြည့်ရတာ သူ့မှာလည်း လျိုထားတဲ့ အကွက်တွေ ရှိမယ်နဲ့တူတယ်”

လို့ သူမရဲ့ ထင်မြင်ချင်ကို ပြောပါတယ်။ ကျူးရှောင်ထန်က ဝမ်လီရဲ့ ဆူဖြိုးတင်းရစ်နေတဲ့ တင်သားလေးကို ခပ်ဖွဖွလေး ညစ်လိုက်ပါတယ်။ ပြီးတော့မှ

“လက်ရှိ ပစ္စုပ္ပန်ကိုပဲကြည့် ညီမဝမ်လီ … အခုအခြေအနေမှာက အဆင့်၄ဆင့်လောက် ကွာနေတာလေ။ လီဖူချန်းက ယူဝူရှန်းကို နိုင်ခဲ့တုန်းက အဆင့်အတူတူပဲ။ ပြီးတော့ဒါက လူသားနယ်ပယ် မဟုတ်ဘူး။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်။ ဒီနယ်ပယ်မှာ ကတော့ အဆင့်၁ဆင့် ကွာရင်တောင် ဘယ်လောက် အနိုင်ယူရ ခက်လဲဆိုတာ မင်းလည်း ကိုယ်တွေ့မျက်မြင်ပဲ မဟုတ်လား။ လျိုတိုင်ရှန်းကို မပြောနဲ့ ယူဝူရှန်းကိုတောင် အခုချိန်မှာ လီဖူချန်းက ယှဉ်နိုင်တော့မှာ မဟုတ်ဘူး”

ယုဝူရှန်းက ကြယ်ငါးပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်တဲ့အတွက် သူ့ရဲ့ သတင်းတွေက အတွင်းစည်း ဂိုဏ်းထဲမှာ အတော်အသင့် ကျော်ကြားနေပါပြီ။

လွန်ခဲ့တဲ့ ၄လလောက် ကတည်းက ယုဝူရှန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၇ကို ရောက်ရှိ သွားခဲ့ပြီလေ။ အခုဆိုရင်တော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈ကို ရောက်ဖို့ သိပ်လိုတော့မယ် မထင်ပါဘူး။

“ဒါဆိုရင်တော့ ကြည့်ရတာ ဒီလီဖူချန်းက သူ့ကိုယ်သူ အရမ်း အထင်ကြီးလွန်း နေတာနဲ့ တူပါတယ်လေ”

ဝမ်လီက နှုတ်ဆိတ် နေလိုက်ပါတော့တယ်။ သူမ လုံးဝနားမလည်နိုင်တာ တစ်ခုက လူတွေက ဘာလို့ သူတို့မနိုင်တဲ့လူတွေနဲ့ တိုက်ခိုက်ချင်နေရတာလည်း ဆိုတာကိုပါပဲ။ ကျန်းဟိုင်ကလည်း ကိုယ့်အတိုင်းအတာကို မသိတဲ့လူပါ။ အခု လီဖူချန်းဆိုတဲ့ သူကလည်း အဲဒီလို လူအတန်းအစားထဲကပဲ ထင်ပါရဲ့လေ။

“ဟိုမှာကြည့်ဟေ့ ... လျိုတိုင်ရှန်း ရောက်လာပြီ။ လျိုဟောင်လုံ ကောပဲဟ။ ဟင် ... အကြီးအကဲ လျိုတိုင်ယွန်ကော ပါလာတာပဲ”

မျက်စိလျင်တဲ့ တပည့်တစ်ယောက်က ဖန်းယွမ် စင်မြင့်ကို ဦးတည်လာတဲ့ လူရိပ်၃ခုကို သတိ ပြုမိလိုက်ပါတယ်။

အဲသည် လူရိပ်၃ခုကတော့ လျိုတိုင်ရှန်း၊ လျိူဟောင်လုံနဲ့ အသက်၅၀ အရွယ်လောက် ရှိတဲ့ လူကြီး တစ်ယောက်ပါ။ လျိုတိုင်ရှန်းနဲ့ အဲသည် လူကြီးက အတော်လေး ရုပ်ဆင်တူပါတယ်။ အဲသည် လူကြီးက အတွင်းစည်း အကြီးအကဲ ဝတ်ရုံကို ဝတ်ဆင်ထားပါသေးတယ်။

သူကတော့ အတွင်းစည်း အကြီးအကဲ တစ်ယောက်ဖြစ်တဲ့ လျိုတိုင်ယွန် ပါပဲ။ လျိုတိုင်ယွန်က ကောင်းကင်နယ်ပယ် အဆင့်၂ကို ရောက်နေပါပြီ။

“ဦးလေး တိုင်ရှန်း… ဖန်းယွမ်စင်မြင့်ပေါ် ရောက်ရင် လီဖူချန်းကို လုံးဝ မညှာနဲ့နော် “

လျိုဟောင်လုံက လျိုတိုင်ရှန်းကို မှာလိုက်ပါတယ်။

လျိုတိုင်ရှန်းက ရယ်လိုက်ပြီး

“စိတ်မပူနဲ့ ဟောင်လုံ။ ငါက ဒီကောင့်ကို ဘာအကြောင်းနဲ့မှ ညှာစရာ မရှိဘူး။ လျိုကလန်ကို စော်ကားတဲ့သူက ငရဲကို ရောက်သွားတာ ထက်တောင် ဆိုးရွားတဲ့ အဖြစ်မျိုး ကြုံသွားစေရမယ်။ ငါက လီဖူချန်းကို ဘဝ တစ်လျှောက်လုံး ကြောက်ရွံ့မှုတွေနဲ့ အသက် ရှင်ခိုင်းဦးမှာ။ ပြီးရင် ဒီကောင့်လျှာတွေ၊ မျက်လုံးတွေကို ဖောက်ပြီး လျိုကလန်ရဲ့ ကျွန်လုပ်ခိုင်းပစ်မယ်”

ဘေးနားမှာရှိတဲ့ လျိုတိုင်ယွန်ကတော့

“လက်လွန်ပြီး သေမသွားစေနဲ့ဦး။ အတွင်းစည်း တပည့်တစ်ယောက် သေသွားတာက ငါတို့ လျိုကလန်ကို အခက် တွေ့စေလိမ့်မယ်”

“ဟုတ်ကဲ့။ ကျွန်တော် နားလည်ပါတယ် အဖေ “လျိုတိုင်ရှန်းက ခေါင်းညိတ် လိုက်ပါတယ်။

“ဘာဖြစ်လို့ လီဖူချန်းက ရောက်မလာ သေးတာလဲ။ ဒီကောင်က ကြောက်ပြီး ဂိုဏ်းကနေ ထွက်ပြေး သွားတာလား"

“ဖြစ်နိုင်တယ်ကွ။ ဘယ်လိုပဲ ဖြစ်ဖြစ် လီဖူချန်းက ဖန်းယွမ် သဘောတူညီချက်မှာ လက်မှတ် မထိုးရသေးတဲ့ အတွက် ထွက်ပြေးတာက အကျုံးဝင်တယ်လေ”

“တကယ်သာ အဲဒီလို ဆိုရင်တော့ ငါက လီဖူချန်းကို တွေ့တိုင်း လှောင်ပြောင် နေမိမှာပဲ”

အားလုံးက တီးတိုးတီးတိုး ဝေဖန်နေချိန်မှာပဲ လီဖူချန်းက ချန်းဖန်းဟွာနဲ့ အတူ ရောက်ရှိ လာပါတော့တယ်။

***

All Chapters