ငါ့ဓားကိုမြည်းကြည့်
Vol. 9 Ch. 118
“မောင်လေးလီ ... မင်းကိုယ်မင်း ယုံကြည်မှု အပြည့် ရှိတာကိုတော့ အစ်မ သိပါတယ်။ ဒါပေမဲ့ ဒါက ဖန်းယွမ်စင်မြင့် ဆိုတာကိုတော့ သတိရဦးနော်။ အရာအားလုံးက အချိန်တိုလေး အတွင်းမှာ ဖြစ်ပျက်သွားနိုင်တယ်”
ချန်ဖန်းဟွာက လီဖူချန်းကို သတိပေးလိုက်ပါတယ်။
လီဖူချန်းက ခေါင်းညိတ် ပြလိုက်ပြီး
“ခြင်္သေ့တွေဆိုတာ ကျားကို အမဲလိုက်ရင်လည်း အားသွန်ခွန်စိုက် လိုက်တာပဲ။ ယုန်ကို အမဲလိုက်ရင်လည်း အားသွန်ခွန်စိုက် လိုက်တာပါပဲ။ စိတ်မပူပါနဲ့ အစ်မချန်ရယ် "
ခြင်္သေ့က ယုန်ကို အမဲလိုက်တယ်။ ဘာကြောင့်မှန်းတော့ မသိပါဘူး။ ချန်ဖန်းဟွာ တစ်ယောက် လီဖူချန်းရဲ့ စကားကို ကြားပြီးနောက်မှာ သူမကိုယ်တိုင်တောင် လီဖူချန်းကို နိုင်ပါတော့မလား ဆိုတာကို သံသယ ဝင်လာပါတယ်။
“လျိုတိုင်ရှန်း ... နင်ကတော့ ဂြိုဟ်ဆိုး ဝင်တာပဲ။ နင်တခြားလူကို သွားရန်စရင်တောင် လွှတ်မြောက်နိုင်ဖို့ အခွင့်အရေး ရှိသေးတယ်။ နင်က မောင်လေးလီကို ရန်စလိုက်မိမှတော့ လွတ်မြောက် နိုင်စရာ အကြောင်း မရှိတော့ဘူး”
ချန်ဖန်းဟွာက စိတ်ထဲမှာတောင် တွေးလိုက် မိပါတယ်။ လူအားလုံးကတော့ လီဖူချန်း တစ်ယောက် ပယ်ပယ်နယ်နယ် အရိုက် ခံရတာကို ကြည့်ဖို့ စိတ်အား ထက်သန်နေကြပါပြီ။
“ဟင် ... စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆လား။ ဒီလီဖူချန်း ဆိုတဲ့ ကောင်လေးရဲ့ ပါရမီ အလားအလာကလည်း မခေဘူးပဲဟ”
အတွင်းစည်း ဂိုဏ်းသား တစ်ယောက်က လီဖူချန်းရဲ့ ချီအတွင်းအားကို ခံစားလိုက်မိတဲ့ အတွက် အမှတ်မထင် ပါးစပ်ကနေ ပြောလိုက်မိတယ်လေ။
“ဘာ… ... စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆လား”
ထိုအတွင်းစည်း တပည့်ရဲ့ စကားသံကို ကြားလိုက်ရတဲ့ အခါမှာ ကျန်တဲ့သူတွေ အားလုံးကလည်း သူတို့ရဲ့ ချီအတွင်းအားတွေကို ထုတ်ပြီး လီဖူချန်းရဲ့ အဆင့်ကို စမ်းသပ် လိုက်ကျပါတယ်။
“တကယ်ကို စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆ပဲဟ။ ဒါက လုံးမဖြစ်နိုင်တဲ့ အရာပဲ။ သူက သာမန် အရိုး တည်ဆောက်မှုပဲ ရှိတာလေ။ ဘယ်လိုလုပ် သူ့ရဲ့ ကျင့်ကြံမှုနှုန်းက ကြယ်လေးပွင့် အရိုး တည်ဆောက်မှု ပိုင်ရှင်တွေနဲ့ ယှဉ်လို့ ရနေတာလဲ”
“ဒီကောင်က ဒီပွဲကို နိုင်ချင်လွန်လို့ တားမြစ်ထားတဲ့ ဆေးတွေ သုံးလာတာ ထင်တယ်”
“အဲဒါ ဖြစ်နိုင်တယ်ကွ။ ဒီကောင်က တားမြစ်ထားတဲ့ ဆေးတစ်မျိုး သုံးလိုက်ပြီ ထင်တယ်။ အဲဒီဆေးမျိုးက ဘေးထွက်ဆိုးကျိုး အရမ်များတာကို သူမသိဘူးလား။ နောက်ထပ်၃နှစ်ကနေ ၅နှစ်အတွင်း မှာတော့ သူက နောက်အဆင့် တစ်ဆင့်တက်ဖို့ မဖြစ်နိုင်တော့ဘူး”
"ဟမ့် ... သူက စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၆ဖြစ်တော့လည်း ဘာဖြစ်သေးလဲ။ အစ်ကိုလျိုက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်နေပြီကွ။ အနည်းဆုံးတော့ သူတို့ ကြားမှာ အဆင့်၃ဆင့် ကွာနေသေးတယ်။
လီဖူချန်း တစ်ယောက် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆ကို ရောက်သွားတာက အားလုံးကို အံ့အား သင့်သွားစေပါတယ်။ ဒါပေမဲ့ သူတို့ကတော့ လီဖူချန်း တစ်ယောက် လျိုတိုင်ရှန်းကို နိုင်မယ်လို့ မယုံကြည်သေးပါဘူး။ လီဖူချန်းက တားမြစ်ထားတဲ့ ဆေးအချို့ကို သောက်သုံးခဲ့တဲ့ အတွက် ဒီအဆင့်ကို ရောက်လာတယ်လို့ ထင်မြင် နေကျတုန်းပါပဲ။
“ခွေးတစ်ကောင်လို အရည်အချင်းနဲ့များ ဒီကောင်က လျိုတိုင်ရှန်းကို စိန်ခေါ်ရဲသေးတယ်။ ဒီစောက်ရူးကတော့ သေမှ အေးမှာပါကွာ”
လူအုပ်ကြားထဲမှာတော့ ဖန်လီဟိုင် တစ်ယောက် ရောက်နေတာ ဖြစ်ပြီး လီဖူချန်းကို ကောင်းကောင်းကြီး သြဘာ ပေးနေပါတယ်။
“လီဖူချန်းကတော့ ဒီတစ်ခါ သွားပြီ ထင်တယ်”
ဂေါင်ချန်းရှန်နဲ့ ဝူကျင်မိန်တို့ကလည်း ဖန်းယွမ် စင်မြင့်ကို ရောက်ရှိနေပါပြီ။ ဂေါင်ချန်းရှန် ကတော့ သက်ပြင်း ချနေရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူးလေ။
သူက ဒီဖန်းယွမ်စင်မြင့် အကြောင်းကို ကောင်းကောင်းကြီး သိထားပါတယ်။ စင်ပေါ်ကို နှစ်ယောက် တက်သွားပြီဆိုတာနဲ့ တစ်ယောက်ကတော့ ကြိမ်းသေ ဘဝပျက်မှာလေ။ စင်ပေါ်မှာ မတ်တတ်ရပ် ကျန်နေခဲ့တဲ့ အောင်နိုင်သူကသာ ကျင့်ကြံခြင်း လမ်းစဉ်ကို ဆက်လျှောက်ဖို့ အတွက် အခွင့်အရေး ရမှာပါ။
“သူကတော့ ဘယ်နေရာကို ရောက်ရောက် မီးအိမ် တစ်ခုလို ထွန်းလင်းနေမယ့်သူပဲ။ ဒီလို ယောကျာ်းက အရမ်းကို ရှားလွန်းတယ်”
ဝူကျင်မိန်ရဲ့ အသည်းနှလုံးထဲမှာတော့ အချစ် သစ်စေ့လေး တစ်စေ့ ပေါက်ဖွား လာသလိုပါပဲ။
“အစ်ကို ယုဝူ ... လီဖူချန်း တစ်ယောက် ဘယ်နှစ်ကွက် ခံနိုင်မလဲလို့ အစ်ကို ခန့်မှန်းမိသလဲ “
ဖန်းယွမ်စင်မြင့်ရဲ့ အရှေ့ဘက် ခြမ်းမှာတော့ လူငယ်အုပ်စု တစ်စု ရှိနေပါတယ်။ အဲသည်အုပ်စုရဲ့ အလည်မှာ ရပ်နေတာကတေ့ာ ယုဝူရှန်းပါပဲ။ ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်ကတော့ ဘယ်နေရာ သွားသွား နောက်လိုက် နောက်ပါတွေ ခြံရံလျက် ရှိနေတာ ထုံးစံပါပဲလေ။
တကယ်လို့ လီဖူချန်းသာ ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံ ရှိခဲ့မယ်ဆိုရင် ဒီလောက် ပြဿနာ ကြီးလာမှာ မဟုတ်ပါဘူး။ ဖန်လီဟိုင်တို့ လျိုဟောင်လုံတို့ ကလည်း လီဖူချန်းကို ဘယ်တုန်းကမှ ပြဿနာရှာဖို့ စဉ်းစားမှာ မဟုတ်ပါဘူးလေ။
ဘာဖြစ်လို့လဲ ဆိုတော့ မိုးပြာရောင်ဂိုဏ်းက ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို ရတနာတစ်ပါးလို့ သတ်မှတ်ထားတာကို ဂိုဏ်းဝင် အားလုံးက သိထားလို့ပါပဲ။ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကို ရန်စစော်ကားတာက ဂိုဏ်းတော်ရဲ့ အခြေခံကို ထိပါးတာနဲ့ အတူတူ ပါပဲလေ။ မြို့စား အဆင့်တွေ မပြောနဲ့။ လျိုကလန်ကတောင် သူတို့ရဲ့ အပြစ်တွေကို ဝန်ချ တောင်းပန်ရမယ့် အမျိုးပါ။ ယုဝူရှန်းက လီဖူချန်းကို သေသေချာချာ စူးစိုက် ကြည့်လိုက်ပြီး
“အကွက်၁၀၀ပဲ။ အကွက်၁၀၀ အတွင်းမှာ လီဖူချန်း ရှုံးလိမ့်မယ်”
အစောပိုင်းတုန်းကတော့ ယုဝူရှန်းက လီဖူချန်းကို အကွက်၂၀ အတွင်းမှာ ရှုံးလိမ့်မယ်လို့ ခန့်မှန်းထားတာပါ။ အခုတော့ လီဖူချန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆ကို ရောက်နေပြီ ဆိုတာ သိလိုက်တဲ့ အတွက် အကွက်၁၀၀ လို့ ခန့်မှန်းလိုက်တာပါ။
ဒါပေမဲ့ လီဖူချန်း တစ်ယောက် ရှုံးနိမ့်လိမ့်မှာ မဟုတ်ဘူးလို့ မသိစိတ်ထဲမှာတော့ ထင်မိနေသလိုလိုပါပဲ။
“အကွက်၁၀၀လား။ ကြည့်ရတာ အစ်ကိုယုဝူက လီဖူချန်းကို အရမ်း အထင်ကြီးနေတယ်နဲ့ တူတယ်”
“ကျွန်တော် ကတော့ ၁၀ကွက် အတွင်းမှာပဲ ရှုံးသွားမယ်လို့ ထင်တယ်"
“တကယ်လို့ ယုဝူအစ်ကိုက အကွက်၁၀၀ ခံနိုင်မယ်လို့ ပြောရင် ဒီလီဖူချန်းက အကွက်၁၀၀ ခံနိုင်တဲ့ အစွမ်းရှိနေလို့ပဲ။ မင်းက ဘာမှမသိပဲ ဘေးကနေ လျှောက်ပြော မနေစမ်းပါနဲ့လား”
အတွင်းစည်း တပည့်တွေက အမျိုးမျိုး ခန့်မှန်းနေတဲ့ အချိန်မှာပဲ လူရိပ် တစ်ရိပ်က ဖန်းယွမ် စင်မြင့်ပေါ်ကို တက်လာခဲ့ပါတယ်။
“လီဖူချန်း ... မင်းရဲ့ ဖင်လေးကြီးကို ဒီစင်ပေါ်ရွှေ့ခဲ့"
လျိုတိုင်ရှန်းက လီဖူချန်းကို စိန်ခေါ် လိုက်ပါပြီ။
“လျိုတိုင်ရှန်း ... မင်းကို ကြည့်ရတာ သေဖို့ မစောင့်နိုင်တော့တဲ့ လူနာလို ပါပဲလား”
လီဖူချန်းက ရိပ်ခနဲ ဖန်းယွမ် စင်မြင့်ပေါ်ကို ရောက်လာပါတယ်။
“မင်းက နှုတ်သီးကတော့ တော်တော် ကောင်းတာပဲ။ ငါမင်းကို ခဏနေကျရင် ကောင်းကောင်းကြီး ငိုခိုင်းဦးမယ်”
လျိုတိုင်ရှန်းက ကြိမ်းဝါး လိုက်ပါတယ်။ လီဖူချန်းကလည်း အားကျ မခံပါဘူး။
“ဘယ်သူက ငိုရမလဲ ဆိုတာ စောင့်ကြည့် ကျတာပေါ့လေ”
လီဖူချန်းက ဘာမှပြန်မပြောပဲ တိတ်တိတ်လေး နေနေရင်တောင်မှ အဆင်ပြေ နေပါသေးတယ်။ အခုလို နှုတ်ခမ်းတစ်လှန် ပန်းတစ်လှန် ရန်တွေ့လိုက်တဲ့ အခါမှာတော့ စင်အောက်က အတွင်းစည်း တပည့်တွေက လီဖူလျန်းကို စတင် ဆဲဆို နေကျပါတော့တယ်။
လီဖူချန်းရဲ့ ထီမထင်တဲ့ မျက်နှာပေးကလည်း သူ့ကို သနားနေတဲ့ သူတွေကိုတောင် ဖိနပ်နဲ့ ပြေးရိုက်ချင်တဲ့ စိတ် ဖြစ်ပေါ်လာသည် အထိပါပဲ။
အတွင်းစည်း ဂိုဏ်းသား အချို့ကတော့ လျိုတိုင်ရှန်း တစ်ယောက် လီဖူချန်းရဲ့ ခြေလက်တွေကို ဖြတ်ပြီး စင်ပေါ်ကနေ ကန်ချပစ်ပါစေလို့တောင် စပြီး ဆုတောင်း နေကြပါပြီ။
မကြာခင်မှာပဲ အတွင်းစည်း ကြီးကြပ်ရေးမှုး တစ်ယောက်က စင်ပေါ်ကို တက်လာပါတယ်။ သူကလည်း လီဖူချန်းကို စောက်မြင် ကပ်နေသည့် ပုံပါပဲ။
မိစ္ဆာသားရဲ သားရေဖြင့် ပြုလုပ်ထားသည့် စာလိပ် တစ်လိပ်ကို ထုတ်ယူလိုက်ပြီး
“တိုက်ခိုက်မယ့် လူနှစ်ယောက် စလုံးက သူတို့ရဲ့ နာမည်ကို ဒီစာလိပ်ပေါ်မှာ ရေးကျရမယ်။ အဲဒါ ပြီးတာနဲ့ မင်းတို့နှစ်ယောက် ကြိုက်သလို တိုက်ခိုက်လို့ ရပြီ။ တစ်ခု မှတ်ထားရမှာက ဒီဖန်းယွမ် စင်မြင့်ပေါ်မှာ သတ်ဖြတ်တာက လွဲပြီး ကြိုက်တာ လုပ်လို့ ရတယ် ဆိုတာပဲ”
“မင်းတို့ နှစ်ယောက်စလုံး ပြန်စဉ်းစားလို့ ရသေးတယ်နော်”
အတွင်းစည်း ကြီးကြပ်ရးမှုးက နှစ်ယောက် စလုံးကို အခွင့်အရေး ပေးပါသေးတယ်။
“ဘာမှ ပြန်စဉ်းစားစရာ မလိုတော့ဘူး။ ကျွန်တော် ကတော့ သဘောတူတယ်”
လျိုတိုင်ရှန်းက သူ့နာမည်ကို မဆိုင်းမတွ ကောက်ရေး ချလိုက်ပါတယ်။
“မင်းကရော "
အတွင်းစည်း ကြီးကြပ်ရေးမှုး အထင်သေးသည့် မျက်လုံးတွေနှင့် လီဖူချန်းကို ကြည့်ပြီး မေးလိုက်ပါတယ်။
“ကျွန်တော်ကလည်း ပြန်စဉ်းစားစရာ အကြောင်း မရှိဘူး”
လီဖူချန်းက စုတ်တံကို ယူပြီး သူ့နာမည်ကို ရေးချလိုက်ပါတော့တယ်။ မိစ္ဆာသားရဲ စာလိပ်ကို ပြန်သိမ်းလိုက်ပြီး အတွင်းစည်း ကြီးကြပ်ရေးမှုးက ကြော်ငြာ လိုက်ပါတယ်။
“အခုချိန်က စပြီး ဖန်းယွမ်တိုက်ပွဲကို တရားဝင် စတင်လိုက်ပါပြီ”
ကြော်ငြာပြီးတာနဲ့ အတွင်းစည်း ကြီးကြပ်ရေးမှုးက စင်ပေါ်ကနေ ခုန်ဆင်း သွားပါတော့တယ်။
ဝေး … ဟေး … ဟေး …
ပွဲကြီးပွဲကောင်းကို စောင့်မျှော် နေကြတဲ့ အတွင်းစည်း တပည့်တွေကတော့ စင်အောက်ကနေ သံပြိုင် အော်ဟစ်ကာ အားပေး နေကျပါပြီ။
“မင်းယွီ ... အဲဒီ လီဖူချန်းဆိုတဲ့ ကောင်လေးက သမီး ပြောပြောနေတဲ့ တစ်ယောက်လား။ သူ့ရဲ့ ကျင့်ကြံမှုနှုန်းကတော့ မဆိုးပါဘူး။ ဒါပေမဲ့ နှမြောစရာ ကောင်းတာက သူက သူ့ကန့်သတ်ချက်ကို သူမသိတာပဲ။ အဲဒါက သူ့ဘဝကို ပျက်စီးစေလိမ့်မယ်”
ဖန်းယွမ်စင်မြင့်နဲ့ သိပ်မဝေးတဲ့ တောင်တစ်ခုပေါ်မှာတော့ အကြီးအကဲ တစ်ယောက်က မိန်းမပျိုလေး တစ်ယောက်နဲ့ အတူ ရှိနေပါတယ်။ အဲသည် မိန်းမပျိူလေးက ပန်းလေးတစ်ပွင့်လို နုနယ်ပြီး လိပ်ပြာလေး တစ်ကောင်လို အရောင်အသွေး စုံလင်စွာနဲ့ လှပနေတယ်လေ။ သူမကတော့ ဇောင်မင်းယွီပဲ ဖြစ်ပါတယ်။
“ဘိုးဘိုးကလည်း ကောက်ချက်ချတာ အရမ်း မစောသေးနဲ့ဦးလေ။ သမီးဘက်ကတော့ လုံးဝ ယုံကြည်တယ်။ လီဖူချန်းက လျိုတိုင်ရှန်းကို အနိုင်ယူကို ယူသွားမှာ။ ပြီးတော့ လီဖူချန်းက ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထက်ကို သာတယ်ဆိုတာ သမီးရဲရဲကြီး အာမခံတယ်”
သူမက သူမရဲ့ အဘိုးဖြစ်သူ လီဖူချန်း အပေါ်ကို ကောက်ချက် ချတာကို လုံးဝ မကျေနပ်ဘူးလေ။
“ဒီတော့ ... သမီးက လီဖူချန်းအပေါ် အကြွင်းမဲ့ ယုံကြည်တယ်ပေါ့လေ”
အဘိုးကြီးက ခပ်တိုးတိုးကလေး ရယ်မော လိုက်ပါတယ်။
“ဟမ့် ... အဘိုး စောင့်ကြည့်နေလိုက်ပါ။ မကြာခင်မှာ သိလာရလိမ့်မယ်”
ဇောင်မင်းယွီက နှုတ်ခမ်းစူပြီး သူမရဲ့ အဘိုးဖြစ်သူကို ရန်တွေ့ လိုက်ပါသေးတယ်။
“ကြည့်ရတာ သမီးက ဒီကောင်လေးကို မျက်စိကျနေပုံပဲ "
အကြီးအကဲရဲ့ အတွေ့အကြုံတွေအရ ဇောင်မင်းယွီရဲ့ စိတ်ကို ကောင်းကောင်းကြီး ခန့်မှန်း လိုက်နိုင်ပါတယ်။ အကြီးအကဲက ထိတ်လန့် သွားပါတော့တယ်။ သူက သူ့ရဲ့ ချစ်လှစွာသော မြေးချောလေးကို သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင် လက်ထဲကို ကြည်ဖြူစွာနဲ့ မထည့်လိုက် နိုင်ပါဘူးလေ။
လူတစ်ယောက်ရဲ့ အရိုးတည်ဆောက်မှု ဆိုတာ ကျင့်ကြံခြင်း လောကမှာ အရမ်း အရေးကြီးတာ မဟုတ်ပါလား။ ပြီးတော့ သူတို့ရဲ့ သားစဉ် မြေးဆက်ကိုလည်း ထိခိုက် စေနိုင်တယ်လေ။
တကယ်လို့ မိဘနှစ်ပါးစလုံးရဲ့ အရိုး တည်ဆောက်ပုံတွေက မဆိုးတဲ့ အဆင့်မှာ ရှိနေရင် သူတို့ မွေးလာတဲ့ သားသမီးကလည်း မဆိုးတဲ့ အရိုး ။တည်ဆောက်မှု ရှိနေမှာပါပဲ။
တကယ်လို့ မိဘက အသုံးမကျတဲ့ အရိုးတည်ဆောက်မှုကို ပိုင်ထားတယ် ဆိုရင် သူတို့ရဲ့ သားသမီးတွေ ကလည်း ဘာမှ အသုံးကျလာမှာ မဟုတ်ဘူးလေ။ သူ့ရဲ့မြေးမလေးက ကြယ်၄ပွင့် အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ အတွက် အနည်းဆုံးတော့ ကြယ်၄ပွင့် အဆင့်ရှိတဲ့ သူနဲ့မှ သဘောတူနိုင်ပါလိမ့်မယ်။
“ဘိုးဘိုး ... ဘာတွေ လျှောက်ပြောနေတာလဲ”
ဇောင်မင်းယွီက ရှက်သွေး ဖြာသွားပြီး ခေါင်းငုံ့သွားပါတယ်။
“မင်းယွီ ... ဘိုးဘိုးကို သေသေချာချာ ပြောစမ်း။ သမီးက ဒီကောင်လေးကို တကယ်ပဲ သဘော ကျနေတာလား”
အကြီးအကဲက အလေးအနက် ထားပြီး မေးလိုက်ပါတယ်။ ဇောင်မင်းယွီက အနည်းငယ် တုံ့ဆိုင်းသွားပြီး နောက်ဆုံးမှာတော့ ခေါင်းခါ ပြလိုက်ပါတယ်။
“တော်သေးတာပေါ့ကွာ "
အကြီးအကဲက အခုမှ စိတ်အေးသွားသည့် ပုံပါပဲ။ ဖန်းယွမ်စင်မြင့် ပေါ်မှာတော့ လီဖူချန်းနဲ့ လျိုတိုင်ရှန်းက တစ်ယောက်ကို တစ်ယောင် မီတာ၂၀ ခြားပြီး ရပ်နေပါတယ်။
လျိုတိုင်ရှန်းက မာန်တစ်ချက် သွင်းလိုက်ပြီး သူရဲ့အတွင်းအားကို ထုတ်ဖောက် လိုက်ပါတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း လေပြင်းတွေ တိုက်ခတ်လာပါပြီ။ လီဖူချန်းကို အခွင့်အရေး မပေးဖို့ စဉ်းစားထားတဲ့ လျိုတိုင်ရှန်းက ပွဲစတာနဲ့ ဦးအောင်ကို တိုက်ခိုက် ပါတော့တယ်။
“မိုးမြေသိမ့်တုန် ဓားသိုင်း "
ဒီမိုးမြေသိမ့်တုန် ဓားသိုင်းက ရက်စက် ကြမ်းကြုတ်တဲ့ ဓားသိုင်း အမျိုးအစားထဲမှာ ပါပါတယ်။ ဒီဓားသိုင်းကို အသုံးပြုတဲ့သူက တစ်ဖက်လူကို ဒဏ်ရာ တစ်ချက်ရအောင် လုပ်လိုက်နိုင်တာနဲ့ ဓားချီတွေက ဒဏ်ရာက တစ်ဆင့် သွေးကြောတွေထဲကို ဝင်ရောက်သွားပြီး သွေးကြောတွေကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။
ဒီဓားချက် ထွက်ပေါ်လာတာနဲ့ ပတ်ဝန်းကျင် လေထုတစ်ခုလုံးက သိမ့်သိမ့် တုန်သွားပြီး လှိုင်းတွန့်လေးတွေတောင် ဖြစ်ပေါ်လာတာကို လီဖူချန်းက ခံစားလိုက်ရပါတယ်။
“ဒါကတကယ်ပဲ မိုးမြေသိမ့်တုန် ဓားသိုင်းရဲ့ အနှစ်သာရပဲကွ။ အစ်ကို လျိုတိုင်ရှန်းက ဒီဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထားနိုင်တာပဲ”
“ရှက်စရာပဲဟေ့။ လီဖူချန်းကတော့ ဓားချက် တစ်ချက်တည်းနဲ့ ရှုံးတော့မှာပဲ။ မတိုက်ခင်တုန်းက မာနထောင်လွှားနေတဲ့ မျက်နှာလေးက အခုဆိုရင် ဒူးထောက်ပြီး တောင်းပန် နေရတော့မယ်”
ကြောက်စရာ ကောင်းလှတဲ့ ဓားချက်က လီဖူချန်းရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကို ဦးတည် နေပါတယ်။ ကြည့်ရတာ လျိုတိုင်ရှန်းက လီဖူချန်းရဲ့ ခြေထောက်ကို ဖြတ်ပစ်ချင်နေသည့် ပုံပါပဲ။
***