မွန်မြတ်သောသားရဲဆီမှ အစာခိုးယူခြင်း *
Vol. 14 Ch. 261
ညသည် ကောင်းကင်ကြီးကို ထူထဲသော အဝတ်ဖြင့်ဖုံးအုပ်ထားသကဲ့သို့ ပင် ကြယ်များကိုမမြင်ရလောက်အောင် မှောင်မိုက်လှသည်။ မှော်သားရဲတောရှိ တောင်လေများသည် မြည်ဟီးနေပြီး ပေထင်းဟွမ်သည် သန်စွမ်းသော သစ်ကြုတ်ကဲ့သို့ အမှောင်ထုကို ဖြတ်သန်းသွားနေသည်။ သူမသည် အနက် ရောင်ဝတ်စုံဝတ်ထားကာ ဝတ်စုံမှာလေအဝေ့တွင် လွင့်နေသည်။ သူမ၏ ရှည်လျားသောဆံပင်များသည် ညဘက်တွင် သပ်သပ်ရပ်ရပ်ပင်လွင့်နေကာ ညနှင့်ရောယှက်နေသည်။ သူမသည် ကောင်းကင်အဆင့်ပညာရှင်နှင့်တွေ့ သည့်တိုင်အောင် မည်သူမှ သတိမထားမိကြပေ။
တောင်များသည် သူမအနောက်တွင် ဝေးဝေးပြီးကျန်ခဲ့သည်။ သူမ၏ ပခုံးပေါ်တွင် အမြီးကိုးချောင်းမီးမြေခွေးလိုက်ပါလာကာ ပေထင်းဟွမ်သည် အဆင့်မြင့်မှော်သားရဲများ၏ အသိုက်သို့ မတော်တဆရောက်သွားမည်ကိုပင် စိုးရိမ်ခြင်းမရှိ။
“သခင်.. ရှေ့မှာ ကြယ် ၅ ပွင့်မွန်မြတ်တဲ့သားရဲရှိတယ်” အမြီးကိုးချောင်း မီးမြေခွေးသည် ပေထင်းဟွမ်၏လည်ပင်းကို ရှေ့လက်များဖြင့် သိုင်းဖက်ထား သည်။ ၎င်း၏ရှည်လျားသော အမြီးများထဲမှတစ်ခုသည် ပေထင်းဟွမ်၏ လည်ပင်းကို တဘက်သဖွယ် ရစ်ပတ်ထားသည်။ တခြားနူးညံ့သော အမြီး ရှစ်ချောင်းမှာ ပေထင်းဟွမ်၏ကျောပြင်ကို ရစ်ပတ်ကာ သူမအား တင်းကြပ်စွာ ကာကွယ်ထားသည်။
“ကောင်းတယ် သွားကြမယ်” ပေထင်းဟွမ်သည် မြေပြင်ကို ခြေဖျားဖြင့် တော့ကာ ပျံလွှားသဖွယ် ရှေ့သို့ပျံသွားလိုက်သည်။
သွေးအနံ့သည် သူတို့နှာခေါင်းအတွင်းသို့ ဝင်လာသည်။ ကြီးမားသည့် နှစ်တစ်ထောင်သက်တမ်းရှိ ရှေးဟောင်းအပင်ကြီးကို နှုတ်ထားကာ တောင်ကုန်း၏အစိတ်အပိုင်း အများအပြားလည်း ပြိုကျပျက်စီးလျက်ရှိသည်။ အားကောင်းသောဖိအားသည် အခုချိန်ထိ ပျောက်ကွယ်သွားခြင်းမရှိသည်မှာ ဤနေရာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ကို ညွှန်ပြနေသည်။ မြေပေါ်တွင် စပါးအုံးမြွေကြီး၏ အကြွင်းအကျန်များသာ ကျန်တော့သည်။ သွေးသည် တောင်ကုန်းတစ်ခုလုံးတွင် စီးဆင်းနေကာ ၎င်း၏ကိုယ်တွင်းအင်္ဂါ များသည် မြေပေါ်တွင် ပြန့်ကျဲနေသည်။ ၎င်း၏ခေါင်းသည် မယုံနိုင်လောက် သည့် ထောင့်အနေအထားသို့ လည်ထွက်နေသည်။ ၎င်း၏ ခေါင်းလောင်းနှင့် တူသော မြွေမျက်လုံးတစ်စုံသည် ပြူးကျယ်နေကာ သွေးလျှံနေသော ပါးစပ် သည် နာကျင်မှုကြောင့် ပွင့်ဟနေသည်။
“ကြမ်းကြုတ်တဲ့မြေကြီးဝက်ဝံပဲ” မြွေသားကို ပျော်ရွှင်စွာ စားသောက်နေ သော မြွေဘေးမှဝက်ဝံနက်ကို အမြီးကိုးချောင်းမြေခွေးသည် စိုက်ကြည့်ပြီး အံ့ဩစွာအော်ဟစ်လိုက်သည်။
ကြမ်းကြုတ်သည့်မြေကြီးဝက်ဝံသည် ရိုင်းစိုင်းစွမ်းအားရှိသည့် မှော်ဆန်သောသားရဲဟုဆိုကြသည်။ ထို့ကြောင့်ပင် မီတာဒါဇင်မျှရှည်သော စပါးအုံးမြွေ သည် ၎င်း၏ပြိုင်ဘက်မဖြစ်နိုင်ပေ။ နောက်ဆုံးတွင် အပိုင်းပိုင်းဖြတ်ခံလိုက်ရ သည်။ ၎င်းသည် အလွန်သန်မာသဖြင့် ကြယ် ၉ ပွင့်ဝိညာဉ်သားရဲကို သေအောင်ရိုက်နိုင်သည်။ ၎င်း၏တစ်ကိုယ်လုံးမှ အမွေးများသည် အပ်များ သဖွယ်ရှိနေကာ ၎င်း၏မျက်လုံးနှင့်နှာခေါင်းသာ ပေါ်လျက်ရှိသည်။ ၎င်း၏ ကာကွယ်မှုသည် အလွန်ပင် သန်မာသည်။
၎င်း၏ကြီးမားသောပုံရိပ်ကိုကြည့်ပြီး ပေထင်းဟွမ်သည် လေအေးများကို စုပ်ယူသွင်းမိသည်။ ၎င်း၏ပုံရိပ်သည် တောင်ငယ်တစ်လုံးစာထက်ပင် ပိုမြင့် သည်။ သူ့အတွက် ပြားချပ်သွားစေလိုလျှင် လက်ချောင်းကိုသာ လှုပ်ရုံပင်။ ထိုကောင်လေး ခြေတစ်လှမ်းလှုပ်လိုက်သည်နှင့် မြေကြီးမှာတုန်ခါသွားသည်။ ၎င်းသည် ငလျင်လှုပ်သည်ထက်ပင် ပိုကြောက်ဖို့ကောင်းနေသည်။
သူ၏လုံးဝန်းပြီး ပုတီးလုံးနှင့်တူသောမျက်လုံးများသည် အမှောင်ထဲတွင် မြင်နေရသည်။ သူသည် ပေထင်းဟွမ်အား ခေါင်းအစခြေအဆုံးကြည့်နေသည်။ သူမသည် အရပ်ပုကာ သူလည်းအရသာရှိသာ ညစာစားပြီးသွားသဖြင့် ဤလူသားကို စားမည့်စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ ၎င်းသည် တင်ပါးပင် မရွေ့ပေ။
ပေထင်းဟွမ်သည် ငိုရမည်လား ရယ်ရမည်လားကို မသိတော့ပေ။ တစ်ဖက်လူသည် သူမကို မတိုက်ခိုက်ချင်ပေ။ ဒါဆို ကြယ် ၇ ပွင့်မွန်မြတ်တဲ့ သားရဲကို သူမက အရင်ရန်စသလိုဖြစ်မသွားပေဘူးလား။
“သခင် ဒီကောင်က နွားထီးထက်တောင် တုံးသေးတယ်.. သူ့မှာ အစာရှိ ရင် မိုးပြိုရင်တောင် ဂရုစိုက်မှာမဟုတ်ဘူး.. မင်းအရင်လက်ဦးပြီး မတိုက်ခိုက် ရင် သူကဂရုစိုက်မှာမဟုတ်ဘူး” အမြီးကိုးချောင်းမီးမြေခွေး၏ အမြီးသည် နူးညံ့စွာပင် ပေထင်းဟွမ်၏ကျောပြင်ကို ပွတ်သပ်နေသည်။ ၎င်းသည် အလွန် ပင် သက်တောင့်သက်သာရှိလှသည် “ကျွတ် ကျွတ် မြေပေါ်ကစပါးအုံးမြွေက ကြယ် ၃ ပွင့်မွန်မြတ်တဲ့သားရဲပဲ.. သူ့ရဲ့ အရိုး၊ အကြော၊ သွားနဲ့ မြွေသည်းခြေ က လက်နက်နဲ့ဆေးတွေ သန့်စင်တဲ့နေရာမှာ ကောင်းတဲ့ပစ္စည်းပဲ.. သခင် သွား အဲဒါတွေ အလဟဿမဖြစ်အောင် သွားလုလိုက်”
“ဟုတ်ပြီ” ပေထင်းဟွမ်သည် ခေါင်းခါကာ နှာခေါင်းကိုထိလိုက်သည်။ ကျို့ယန်သည် အရှက်မဲ့လွန်းသည်ကို သူမ ဝန်ခံသည်။ သူမသည် ထိုအတိုင်းပင် ဖြားယောင်းခံလိုက်ရကာ မငြင်းနိုင်ပေ။ သူမ ရှေ့တစ်လှမ်းတိုးကာ သူမ၏ လက်သေးသေးလေးကို ဝေ့ယမ်းလိုက်သည်။ သတိလက်လွတ်ဖြစ်နေရာ ကြမ်းကြုတ်သည့် မြေကြီးဝက်ဝံသည် မကာကွယ်နိုင်လိုက်ပေ။ သူမရှေ့မှ မီတာဒါဇင်မျှ ရှည်လျားသော မြွေကြီးသည် သူမ၏သိုလှောင်လက်ပတ်ထဲသို့ ရောက်သွားသည်။
“ဝူး” လက်ထဲတွင် မြွေသားကိုကိုင်ထားရင်းနှင့် ကြမ်းကြုတ်သော မြေကြီးဝက်ဝံသည် အခြေအနေကို နားလည်ရန် စက္ကန့်ပိုင်းမျှ အချိန်ယူလိုက်ရ သည်။ ၎င်းလက်ထဲမှ အစာကို လာလုသည့်ရှိသည်။ အားနည်းတဲ့လူသားကများ အာ.. ဒါမျိုးဆို သည်းမခံနိုင်ဘူး။ ကြမ်းကြုတ်သော မြေကြီးဝက်ဝံသည် ဒေါသူပုန်ထသွားလေ၏။
***