တင်ပါးကြီးပေမဲ့ ရင်သားမရှိဘူး
Vol. 14 Ch. 262
ဤမျှကြီးမားသောမှော်သားရဲသည် ပေထင်းဟွမ်၏ လက်ရှိ သိုလှောင် လက်စွပ်နှင့် မလောက်နိုင်ပေ။ ညစ်ပေနေသောမြွေအလောင်းကြီး လက်ပတ် ထဲသို့ရောက်သွားသည်နှင့် သားရဲများသည် ချက်ချင်းပင် ဆန့်ကျင်ကြလေ၏။
“ရွှတ် ရွှတ် ရွှတ် အရမ်းကိုရုတ်ဆိုးတာပဲ.. သခင် ဒီအမှိုက်ကြီးကိုတောင် ဘာလို့လိုချင်နေတာလဲ” မြွေအသေသည် သူမ၏အမြစ်ပေါ်သို့ ကျလာသဖြင့် နွယ်ပင်လေး၏အသံထွက်လာသည်။
“သေစမ်း သခင် ပိုက်ဆံကို အဲလောက်တောင် ရူးသွပ်နေတာလား” လျှပ်စီးသည် လျှာစောင်းထက်ကာ သူမကို အားမနာတမ်းပြောနေသည်။
ပေထင်းဟွမ်သည် ကြမ်းတမ်း သည့် အရာတစ်ခုခုကို လုပ်မိသည့်အလား အားလုံး ပွက်ပွက်ညံသွားသည်။
“မိုးနတ်မင်းရေ တင်ပဲရှိပြီးရင်မရှိတဲ့ ငါ့သခင်အလှလေး.. ငါ့သခင် ကဘယ်လိုလုပ် ဒီအခြေအနေ ရောက်သွားတာလဲ” မိုးကြိုးသွားသည် ငိုချင်နေ ပုံပေါက်သော်လည်း မျက်ရည်မရှိပေ။ သူသည် ခေါင်းမော့ကာ ကောင်းကင်ကြီး အားကြည့်လိုက်သည်။ သူသည် ချစ်စရာကောင်းအောင် လုပ်ချင်လျှင်တောင် မလုပ်နိုင်ပေ။
သူမတွင် တင်ရှိပြီး ရင်မရှိဟု ပြောချိန်တွင်ပေထင်းဟွမ်သည် ဒေါသထွက်လွန်းသဖြင့် လေဟာနယ်ထဲဝင်ပြီး သူ့ကို ကန်ပစ်ချင်နေသည်။
“သခင်.. ပေါင်မုန့်ဝယ်ဖို့ပိုက်ဆံမရှိလို့ ဒါကိုစားခိုင်းစေချင်နေတာတော့ မဟုတ်ပါဘူးနော်.. ငါ မစားဘူး.. မစားဘူး” နွယ်ပင်လေး၏ အသံသည် နူးညံ့ကာ ချစ်စဖွယ်ဖြစ်သည်။ ပေထင်းဟွမ် ခေါင်းကိုက်လာသည်။ သူမသည် ကိုယ်ကိုလှုပ်ကာ ချစ်စရာကောင်းအောင် မည်သို့ပြုမူမည်ကို တွေးကြည့်၍ရသည်။
“ဘယ်သူကမှ မင်းကိုအတင်းစားဖို့ ဖိအားမပေးဘူး.. မစားမပြောရင် သေသွားမှာမို့လို့လား ဆူလိုက်ကြတာ” ခေါင်သုံးလုံးငရဲခွေး လင်းမိုသည် သူ့ အနေအထားကို ပြောင်းလိုက်၏။ သူ၏အေးစက်နေသောအသံထွက်လာ ပြီးနောက် ထိုနေရာတွင် အသံများပျောက်ကွယ်သွားလေသည်။
ခဏကြာပြီးနောက် မိုးကြိုးသွားသည် သတိပြန်ဝင်လာသည့်အလား ရေရွတ်လေသည် “သေစမ်း စကားပြောဖို့ အကြောင်းအရင်းကရှိနေပြီးသားကို”
“မင်းတို့ ထပ်ပြီး စကားများနေဦးမယ်ဆိုရင် အစ်ကိုကြီးမင်ကို နှိုးလိုက် မယ်.. မင်း သခင့်ကိုအနိုင်ကျင့်နေတာကို သူသိသွားရင် မကောင်းတာတွေ ဖြစ် လာတော့မယ်” လျှပ်စီးသည် ကြင်နာစွာပင် သတိပေးလေသည်။ သည်လိုနှင့် “အစ်ကိုကြီးမင်” ဆိုသည့်စကားလုံး ထွက်လာသည်နှင့် ထိုနေရာမှာ တဖန် ပြန်လည်တိတ်ဆိတ်သွားလေ၏။
နောက်ဆုံးမှပင် ပေထင်းဟွမ် တည်ငြိမ်သွားသည်။ သူမသည် ပခုံးပေါ်ရှိ အမြီးကိုးချောင်းမီးမြေခွေးကျို့ယန်၏ ခေါင်းကို ပုတ်လိုက်သည်။ သူမသည် ဒေါသတကြီး ပြောလိုက်၏ “မင်းက ရယ်နိုင်သေးတာလား.. ဟင်း မင်နိုးလာရင် ငါမင်းကို အရင်တိုင်ပြောမယ်.. နတ်သားရဲတစ်ကောင်ဖြစ်ပြီး မင်းက ခေါင်းဆောင်နိုင်စွမ်းလည်းမရှိဘူး”
“သခင် ဒီအတွက် ငါ့ကိုအပြစ်တင်လို့မရဘူးလေ.. သူတို့တွေက အမှန် တွေပြောနေတာပဲ.. သခင် မင်းရင်ဘတ်က အရမ်းကြီးနေလို့လား” ကျို့ယန် သည် ပေထင်းဟွမ်၏ ပြားကပ်နေသော ရင်ဘတ်ကို အရှက်မဲ့စွာပင် ကြည့်လေ သည်။ သူသည် တစ်ချက်ကြည့်ပြီးနောက် ဆက်တိုက်ခိုက်လေသည် “သခင် မင်းရဲ့ မူလမိန်းကလေးခန္ဓာကိုယ်ကို ဘာလို့မကြည့်ခိုင်းတာလဲ.. စကားတွေ ထက် လက်တွေ့ကပိုပြီး အသံကျယ်တယ်လေ”
“လစ်လိုက်တော့” ပေထင်းဟွမ်သည် စိတ်ဆိုးမာန်ဆိုးဖြင့် အော်လေ သည်။ သူမသည် ကျို့ယန်နှင့် အခါ ၅၀၀ ခန့် စကားများခဲ့ရသည်။ သို့သော် ကြမ်းတမ်းသောမြေကြီးဝက်ဝံသည် ပါးစပ်နားရောက်နေသည့် အစာကို အလုခံ လိုက်ရသဖြင့် ဒေါသထွက်နေပြီဖြစ်သည်။ မြေပြိုမည့်အရှိန်အဟုန်ဖြင့် ၎င်းသည် ပေထင်းဟွမ်အား ရိုက်ချလေသည်။
ဒီလူက သူ့ပါးစပ်ထဲက အစာကို လုရဲလောက်အောင် သတ္တိရှိနေပါလား။ သူက အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။
“သခင် သတိထား” ကျို့ယန်သည် ပေထင်းဟွမ်နှင့် စကားပြိုင်မပြော တော့ပေ။ ပေထင်းဟွမ်သည် သူ့ကိုချပ်ဝတ်တန်ဆာအဖြစ်ပြောင်းရန် ဆင့်မခေါ်တော့ပေ။ ကျို့ယန်သည် ပူပန်လာသည်။ သူမခန္ဓာကိုယ်မှ အနီရောင် အလင်းတန်း လက်လာသည်။ သူမသည် ကြမ်းတမ်းသောမြေကြီးဝက်ဝံကို ခုခံရန် သူမ၏နတ်သားရဲနယ်ပယ်ကို လွှတ်ချင်နေသည်။
“မလိုဘူး ငါကိုယ်တိုင်လုပ်မယ်” ပေထင်းဟွမ်သည် ကျို့ယန်အား တားကာ ကြမ်းတမ်းသောမြေကြီးဝက်ဝံကို အော်လိုက်လေသည် “ငါ မင်းဆီက လုခဲ့တာလေ လာခဲ့”
ကြမ်းတမ်းသောမြေကြီးဝက်ဝံသည် ဤအားနည်းသောလူသား၏ အဆက်မပြတ် ရန်စခြင်းကိုခံနေရသည်။ ၎င်းပြန်မတိုက်ခိုက်ခင်တွင် ပေထင်းဟွမ်ကြောင့် သေအောင် ဒေါသထွက်နေပြီဖြစ်သည်။
ကြယ် ၅ ပွင့်မွန်မြတ်သောသားရဲသည် လူသားအဆင့်မြင့်ဝိညာဉ်သခင် လောက် အားကောင်းသည်။ အကယ်၍ ပေထင်းဟွမ်သာ တစ်ယောက်တည်း တိုက်ခိုက်လျှင်လည်း မကြောက်ပေ။ ထိုအစား သူမစိတ်ထဲမှ တိုက်ခိုက်လို စိတ်သည် လှိုင်းများသဖွယ် လှိမ့်တက်လာသည်။
သူမခန္ဓာကိုယ်ထဲမှ အပြာရောင်ဒြပ်စင်စွမ်းအားသည် အရှိန်အဟုန်ဖြင့် ထွက်လာပြီး တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်သည်။ သူမလက်ထဲမှ ဓားပျော့ သည် ဖြောင့်တန်းနေပြီဖြစ်ကာ ဒြပ်စင်စွမ်းအင်၏ လွှမ်းမိုးမှုအောက်ရောက် သွားရာ နှင်းဖြူရောင်ဓားသွားသည် အမှောင်ထဲတွင် အေးစက်သောအလင်းနှင့် အတူ ထွက်ပေါ်လာသည်။ ၎င်းသည် လေကိုခွင်းကာ ကြမ်းတမ်းသောမြေကြီး ဝက်ဝံဆီသို့ ကမ္ဘာမြေအက်ကွဲမည့်အတိုင်း ဦးတည်သွားလေသည်။
***