← Chapters

ကြမ်းတမ်းသောမြေကြီးဝက်ဝံတိုက်ခိုက်ခြင်း *

Vol. 14 Ch. 263

ကြမ်းတမ်းသောမြေကြီးဝက်ဝံတိုက်ခိုက်ခြင်း *

Vol. 14 Ch. 263

ရွှီး

ဒြပ်စင်စွမ်းအင်ကို နတ်လက်နက်အတွင်းသို့ ထည့်လိုက်သဖြင့် ဓားဖျား သည် သူမတူသောရောင်ဝါကို သယ်ဆောင်လာသည်။ ဓားအစွန်းမှာ အလွန် ထက်ပြီး ကမ္ဘာမြေအက်ကွဲနိုင်သည့် စွမ်းအားလွှမ်းခြုံနေသည်။ ၎င်းသည် ကြမ်းတမ်းသောမြေကြီးဝက်ဝံ၏ ရိုက်ချက်ကို ကြိုဆိုလိုက်၏။ ခုတ်ချက် နှင့်အတူ နီရဲသောသွေးများ ထွက်ကျလာသည်။ ကြမ်းတမ်းသောမြေကြီးဝက်ဝံ ၏ ထူထဲသောဝက်ဝံလက်သည်းတွင် အက်ကွဲရာဖြစ်ပေါ်လာသည်။

ပေထင်းဟွမ်သည် တိုက်ခိုက်မှုပြီးနောက် မြေကြီးကို ခြေဖျားဖြင့် တော့ ကာ ကြမ်းတမ်းသောမြေကြီးဝက်ဝံ၏ လက်သည်းကြောင့်ဖြစ်လာသော အားကောင်းသည့်လေကို ဘေးသို့ထွက်ကာ ရှောင်ရှားလိုက်သည်။ သူမ၏ လွင့်ပျံနေသော ဆံနွယ်များသည် လေထဲတွင် လှပစွာလျှောကျနေ၏။ အစောက သူမရပ်နေသောနေရာတွင် ဖုန်လုံးနှင့် ကျောက်တုံးများ ပေါက်ကွဲ သွားလေ၏။ မြေပေါ်တွင် လက်ချောင်းတစ်ချောင်းစာ အက်ကွဲကြောင်း ပေါ် လာသည်။ ကြမ်းတမ်းသောမြေကြီးဝက်ဝံ၏ရိုက်ချက်သည် အမှန်တကယ်ပင် တောင်တန်းပေါ်မှ ကျောက်တုံးကြီးကိုပင် အက်ကွဲသွားစေသည်။

ကြမ်းတမ်းသောမြေကြီးဝက်ဝံသည် နာကျင်စွာ အံကြိတ်လေသည်။ ၎င်းသည် လက်ဖဝါးမြှောက်ကာ ထူထဲသောဝက်ဝံလက်သည်းကို ကြည့်လိုက် သည်။ ၎င်း၏ အနိုင်မယူနိုင်လောက်သည့် လက်နက်သည် ဤလူစုတ်လူပြတ် ကြောင့် ကျိုးကန်းလုနီးပါးဖြစ်သွားသည်။ ကြမ်းတမ်းသောမြေကြီးဝက်ဝံ၏ ဒေါသသည် မထိန်းနိုင်လောက်သည်အထိ အမြင့်သို့တက်သွားသည်။

သူ့သွားကြားထဲသို့ပင် မထည့်လောက်သည့် အားနည်းသည့် ဤလူသည် ယခုလို အစွမ်းထက်နေလိမ့်မည်ဟု ထင်မထားပေ။ သူသည် မြေကြီးအဆင့် ထိပ်ဆုံးရောက်နေသည့် လူသားတစ်ယောက်သာဖြစ်သည်။ အကယ်၍ လူသား သည် သူကဲ့သို့ ကောင်းကင်အံတုနိုင်သည့်အဆင့်ဆိုပါက မှော်သားရဲများ အသက်ရှင်ရန် နေရာရှိနိုင်မည်မဟုတ်တော့ပေ။

“ဝူး”

ဒေါသတကြီးဟိန်းသံသည် တောင်တန်းကို မုန်တိုင်းသဖွယ် ဖြတ်ကျော် သွားသည်။ ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် အားကောင်းသော လေကဲ့သို့ အသံလှိုင်းတိုက်ခိုက်မှုကို ရှောင်ရှားနေတုန်းပင်။ ကြမ်းတမ်းသောမြေကြီဝက်ဝံ သည် လျင်မြန်စွာပင် တောင်ကြောမှ ထွက်လာသည်။ ဤလူသည် လမ်းပင် ကောင်းကောင်းလျှောက်နိုင်လောက်အောင် တုံးအပြီး မပြေပြစ်သော်လည်း လျှပ်စီးလက်သလို သူ၏တိုက်ခိုက်မှုအရှိန်ကိုတော့ လျှော့တွက်မရပေ။

ဝက်ဝံ၏တခြားလက်တစ်ဖက်သည် ပေထင်းဟွမ်အား အရှိန်အဟုန် ပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။

“အားကောင်းလိုက်တဲ့ ခွန်အားနဲ့ လွှမ်းမိုးနိုင်တဲ့ကာကွယ်မှုပဲ” ပေထင်းဟွမ်သည် ထိတ်လန့်သွားသည်။ ဝက်ဝံလက်သည်းနှင့်အတူပါလာ သောလေသည် သူမ၏ဆံပင်ကို လွင့်ပျံစေကာ သူမ၏မျက်နှာကို မရေမတွက်နိုင်သော အပ်များဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။ သူမ၏ စိတ်ထဲတွင် အလင်းကဲ့သို့ လမ်းကြောင်းတစ်ခု ဖျပ်ခနဲလင်းလက်သွား သော်လည်း ဖမ်းမမိလိုက်ပေ။ သူမသည် တစ်စုံတစ်ရာကို နားလည်လိုက်သလို ဖြစ်သွားသော်လည်း ထိုခံစားချက်ကို မထိန်းသိမ်းနိုင်လိုက်ပေ။ ပေထင်းဟွမ် သည် မျက်မှောင်မကြုတ်ဘဲမနေနိုင်တော့ပေ။ တချို့သောအရာများသည် အလောကြီး၍မရသည်ကို သူမ သိသည်။

“သေစမ်း သခင်က ဒီလိုအချိန်မှာတောင် စိတ်ကူးယဉ်ဖို့ အချိန်ရှိလိုက် သေးတယ်” ရိုက်ချက်ကျလာတော့မည့်ဆဲဆဲ ဤကြမ်းတမ်းသောမြေကြီး ဝက်ဝံ၏ အားအပြည့်ရိုက်ချက်သည် ကြယ် ၁ ပွင့် မွန်မြတ်သောသားရဲကိုပင် သတ်ပစ်နိုင်လောက်သည်။ သခင်၏သေးငယ်သောခန္ဓာကိုယ်နှင့်ဆိုလျှင် ရိုက်ချက်တစ်ချက်မဆိုထားနှင့် ကြမ်းတမ်းသောမြေကြီးဝက်ဝံ၏ လက်ချောင်း တစ်ချောင်းနှင့်တင် သေသွားနိုင်လောက်သည်။

ပေထင်းဟွမ် ရပ်ဆဲရပ်မြဲဖြစ်သည်ကို ကြည့်ပြီး ကြမ်းတမ်းသော မြေကြီး ဝက်ဝံသည် အလွန်အမင်းပျော်ရွှင်နေသည်။ လူသားများသည် ဉာဏ်ကောင်း သည်ဟု ပြောကြသည်။ သို့သော် ငတုံးတစ်ယောက်နှင့် လာတွေ့ရလိမ့်မည်ဟု ထင်မထားပေ။ သူသာ မတုံးအဘူးဆိုရင် ဘယ်လိုလုပ် သူ့ပါးစပ်ထဲက အစကိုလာလုရတာလဲ။ မှော်သားရဲတွေရဲ့ ပါးစပ်ထဲက အစာလုရင် ဘယ်လို ဖြစ်မလဲဆိုတာကို သူ မတွေးဖူးဘူးလား။

သူ၏လက်ဖဝါးရိုက်ခတ်မှုတွင် မြေပြိုကျစေသည့်စွမ်းအားများပါရှိသည်။ ပြီးခဲ့သည့် လက်ဖဝါးရိုက်ခိုက်နှင့်ယှဉ်လျှင် ခွန်အား ၃၀ ရာခိုင်နှုန်းပိုပါသည်။ ပေထင်းဟွမ်၏သေးငယ်သောကိုယ်ထည်သည် မိုးကုတ်စက်ဝိုင်းဆီသို့ လွင့်ပျံ သွားမည့် အံ့မခန်းမြင်ကွင်းကို ကြမ်းတမ်းသောမြေကြီးဝက်ဝံ မြင်ယောင်နေပြီ ဖြစ်သည်။

“ဝူး”

ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ကြမ်းတမ်းသောမြေကြီးဝက်ဝံ သည် ယိမ်းယိုင်သွားသည်။ ပေထင်းဟွမ်ကို ရိုက်ရန် ရှိသမျှခွန်အားအကုန်သုံးခဲ့ ကာ ဝက်ဝံလက်သည်းသည် သူမခန္ဓာကိုယ်ကို လာရိုက်ပုံကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရသည်။ သို့သော် ဝက်ဝံလက်သည်းသည် အရိပ်မည်းတစ်ခုကို ဖြတ်သွားသလိုမြင်လိုက်ရ၏။ လျှပ်တပြက်အတွင်းမှာ အရိပ်မည်းသည် တံလျှပ်သဖွယ်ပြောင်းကာ ၎င်း၏မျက်စိရှေ့မှ ပျောက်ကွယ်သွားလေသည်။

ကြီးမားသောဝက်ဝံလက်သည်းမှာ လွဲချော်သွားသည်။ ကြမ်းတမ်းသော မြေကြီးဝက်ဝံ၏ဒေါသသည် ပြင်းထန်စွာတောက်လောင်နေပြီဖြစ်သည်။ ၎င်း၏ ပုတီးလုံးနှင့်တူသော မျက်လုံးများသည် မီးတောက်များ တောက်နေ၏။

ဤလူသားအစုတ်အပြတ်သည် သူတွေ့ဖူးသည့်လူသားများထက်ပင် ပိုမို ကောက်ကျစ်၏။ ကြမ်းတမ်းသောမြေကြီးဝက်ဝံသည် ၎င်း၏ပုံပန်းမကျသော ဦးခေါင်းကိုလှည့်ကာ ပေထင်းဟွမ်အား ကြည့်လေသည်။

***

All Chapters