ဘယ်သူကမင်းကိုထွက်ပြေးခွင့်ပြုလို့လဲ
Vol. 14 Ch. 264
အပြာရောင်ဒြပ်စင်စွမ်းအင်သည် ခြေချင်းဝတ်ကိုရစ်ပတ်ထားသည်မှာ သူမသည် အပြာရောင်မီးဘီးလုံးပေါ်တွင် နင်းရပ်နေသကဲ့သို့ထင်ရသည်။ ပေထင်းဟွမ်၏ သွက်လက်သောခန္ဓာကိုယ်သည် ဇာမဏီပျံနှင့်တူသည်။ သူမ သည် ညာဘက်ခြေထောက်ဖြင့် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ဘယ်ဘက်ဖြင့် ထောက်လိုက်သည်။ တစ်ချက်လှည့်လိုက်သည်နှင့် သူမသည် ကြမ်းတမ်းသော မြေကြီးဝက်ဝံအနောက်သို့ ရောက်သွားသည်။
ကြမ်းတမ်းသောမြေကြီးဝက်ဝံသည် ခေါင်းလှည့်ကြည့်ရာ ပေထင်းဟွမ် ၏ မျက်လုံးများနှင့်သွားဆုံလေသည်။ တဒင်္ဂအတွင်းမှာပင် ၎င်း၏ ကြီးမားသော မျက်လုံးနှစ်လုံးသည် ပြူးကျယ်လာသည်။ ၎င်းသည် ပေထင်းဟွမ်အား တစ္ဆေ တစ်ကောင်လို ကြည့်လေသည်။ ၎င်း၏နဖူးမှ ချွေးများထွက်လာသည်။ ၎င်းသည် ပေထင်းဟွမ်ကို အလွန်ကြောက်နေပြီဖြစ်၏။
ဒီလူအစုတ်အပြတ်က ဘာလို့ဒီလောက် မြန်ရတာလဲ။ သူ့အနောက်မှာ ဘာလုပ်နေတာလဲ။
“ဟင်း ဝက်ဝံအစုတ်ပလုတ် ငါက မင်းရဲ့အကာအကွယ်ကို ဖြတ်နိုင်မှ တော့ မင်းကို သေအောင်လုပ်ဖို့ ဘာလို့ကြောက်နေရမှာလဲ” ပေထင်းဟွမ်သည် လှည့်လာသည်။ သူမလက်ထဲမှဓားပျော့ကို အပြာရောင်ဒြပ်စင်အလင်းစွမ်းအင် ဖြင့်ရစ်ပတ်ထားသည်။ သူမ၏လက်မှာ ကျောအနောက်သို့ရောက်သည်နှင့် ကြမ်းတမ်းသောမြေကြီးဝက်ဝံ၏ မျက်နှာကို လျှပ်စီး၏အလျင်ဖြင့် တိုက်ခိုက် လေသည်။
“ဝူး”
အော်သံသည် မြေကြီးကို အက်ကွဲသွားစေသလို ရင်များကို တုန်ခါစေ၏။ ထိုအသံသည် နားစည်ကိုပင် ကျဉ်သွားစေသည်။ ထိုအသံတစ်သံသည် တောင်ကြောအထက်ရှိ မိုးကောင်းကင်ပေါ်တွင် ပဲ့တင်ထပ်သွား၏။ ထိုအခိုက် တွင် ဝက်ဝံလက်သည်းသည် သူ၏မျက်နှာကိုပွတ်သပ်လိုက်သည်။ အပ်များမရှိ သည့် တစ်ခုတည်းသောနေရာဖြစ်သည့် သူ၏မျက်နှာကို ပေထင်းဟွမ်၏လက် ထဲမှ ညကွပ်မျက်ဖြင့် လှီးဖြတ်သွားလေ၏။
အခြေအနေကို အခွင့်ကောင်းယူနေရသဖြင့် ပေထင်းဟွမ်သည် လက်မောင်းမှ နာကျင်မှုနှင့် ထုံကျဉ်မှုကို အံကြိတ်ခံနေသည်။ တစ်ချိန်တည်းမှာ ပင် သူမသည် လှည့်ပြီးနောက် လက်ထဲမှ ဓားပျော့ဖြင့် ဝက်ဝံငတုံး၏မျက်နှာကို တိုက်ခိုက်ပြန်သည်။ ဓားပျော့သည် ၎င်းကို စက္ကူဖြင့်ပြုလုပ်ထားသည့်အလား ခုတ်ထစ်လိုက်သည်။ အေးမြသောအလင်းထွက်လာကာ လေပြင်းသည် ဝက်ဝံ၏ ခန္ဓာကိုယ်ပေါ်မှ အမွေးနှင့်တူသည့် အပ်များကို ပြန့်ကျဲသွားစေသည်။ ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ အရိုးများနှင့်တိုက်မိသောအသံများ ထွက်ပေါ်လာပြီး ကြမ်းတမ်းသောမြေကြီးဝက်ဝံ၏ လက်သည်းမှ သွေးများ ပန်းထွက်လာသည်။
ဤလူသားသည် ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ ကြမ်းတမ်းသော မြေကြီးဝက်ဝံ၏ နှာခေါင်းသည် ပြားနေပြီဖြစ်ကာ လက်နက်အဖြစ်သုံးသည့် ဝက်ဝံလက်သည်းနှစ်ဖက်သည် ဒဏ်ရာရသွားလေပြီ။ ၎င်း၏မပြေပြစ်သော ခန္ဓာကိုယ်သည် ဤလူသား၏အရှိန်ကိုမမှီပေ။ ၎င်းသည် ဤလူသားကို ထိပ်တိုက်ရင်မဆိုင်နိုင်ပေ။ ၎င်းသာဤနေရာတွင်နေပါက နှိပ်စက်ခံရနိုင်သည်။
ဤလူသားသည် အားမနည်းကြောင်းကို ကြယ် ၅ ပွင့်မွန်မြတ်သောသားရဲ ကြမ်းတမ်းသောမြေကြီးဝက်ဝံ ဝန်ခံရသည်။ သူသည် အားနည်းပုံပေါ်သည်။ သို့သော် ဤလူသားသည် နှစ်တစ်ထောင်သက်တမ်းရှိမြေခွေးထက်ပင် ကောက်ကျစ်ကာ ထူးသဖြင့် ၎င်း၏အားနည်ချက်ကို ပစ်မှတ်ထားခဲ့သည်။
အာ.. ဝက်ဝံတစ်ကောင်အတွက် လက်စားချေဖို့ဆိုတာ ဘယ်တော့မှ နောက်မကျဘူး။
ကြမ်းတမ်းသောမြေကြီးဝက်ဝံသည် ၎င်း၏လက်သည်းများဖြင့် နှာခေါင်း ကို ကာထားသည်။ ပြင်းထန်သောနာကျင်မှုကို လျစ်လျူရှုရင်း ၎င်း၏ဝက်ဝံ လက်သည်းနှစ်ခုဖြင့် ကာကီရောင်လေထဲသို့ စက်ဝိုင်းပုံစံရစ်ပတ်လိုက်သည်။ ၎င်းသည် မြေကြီးကို နင်းကာ ထွက်ပြေးရန်ပြင်ဆင်လေသည်။
“ထွက်ပြေးချင်တာလာ.. မင်းကို ဘယ်သူက ထွက်ပြေးခွင့်ပြုလို့လဲ”
မျက်စိတစ်မှိတ်အတွင်းမှာပင် ပေထင်းဟွမ်၏ခန္ဓာကိုယ်မှ အပြာရောင် အလင်းဒြပ်စင်စွမ်းအင်သည် အရှိန်အဟုန်ဖြင့် ထပ်မံထွက်ပေါ်လာသည်။ ငွေရောင်ကြယ်ပုံစံအဖွဲ့အစည်းသည် သူမခြေထောက်အောက်တွင် ထွက်ပေါ် လာပြီး ကြီးမားသောလျှပ်စီးပုံစံပေါ်လာသည်။ ပေထင်းဟွမ်သည် သူမ၏လက် ကို ၎င်း၏ခေါင်းပေါ်တင်ပြီး အပြာရောင်အလင်းဒြပ်စင်စွမ်းအင်ဖြင့် လွှမ်းခြုံ လိုက်သည်။ နူးညံ့စွာအော်ပြီး သူမပြောလိုက်သည် “မိုးကြိုးသွား ချပ်ဝတ်တန် ဆာတစ်ပိုင်း အသွင်ပြောင်းမယ်”
ပေထင်းဟွမ်၏ကျောပြင်တွင် လှပပြီး အရည်အသွေးမြင့်သည့် အနက်ရောင်အတောင်ပံတစ်စုံ ပေါ်လာသည်။ ကြီးမားသောအတောင်ပံကို ညင်သာစွာခတ်လိုက်သည်နှင့် ပေထင်းဟွမ်သည်လေပေါ်မြောက်တက်သွား ၏။ သူမလက်ထဲမှဓားပျော့သည် မရေမတွက်နိုင်သော ထင်ယောင်ထင်မှား အဖြစ်ပြောင်းသွားကာ ကြမ်းတမ်းသောမြေကြီးဝက်ဝံကို လှောင်အိမ်သဖွယ် လွှမ်းခြုံလိုက်သည်။
ထွက်ပြေးရန်လမ်းမရှိတော့ပေ။ ဒီလူသားအစုတ်ပလုတ်..
သူသည် နှင်းဖြူရောင်ဓားပျော့ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ကြမ်းတမ်း သောမြေကြီးဝက်ဝံ၏လက်သည်းကို ထပ်မံရိုက်ခတ်ကာ အသားပြဲကာ သွေးများထွက်လာပြန်သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် ပေထင်းဟွမ်၏ လက်မောင်းကို ထိခိုက်သည်အထိ လှုပ်ခါနေသည်။
ပေထင်းဟွမ်၏တိုက်ခိုက်မှုကြောင့် ကြမ်းတမ်းသောမြေကြီးဝက်ဝံအား ထိမှန်သွားပြန်သည်။ ၎င်း၏အားကောင်းသော ကာကွယ်မှုကို မှီခိုရင်းနှင့်ပင် ဝက်ဝံလက်သည်းသည် ထပ်မံထိခိုက်သွားပြန်သည်။ သွေးများအဆက်မပြတ် စီးကျကာ လက်သည်းအတွင်းမှအရိုးသည် အက်ကွဲသွားသည်။ ၎င်း၏ခေါင်း တွင် မြည်ဟီးသံများပြည့်နှက်သွားပြီး မျက်လုံးမှာမူးဝေကာ မေ့လဲသွားတော့ သည်။
***