သခင် မင်းကအရမ်းကြမ်းတာပဲ
Vol. 14 Ch. 265
“ဒီငတုံးဝက်ဝံရဲ့ ကာကွယ်မှုက ဘာလို့ဒီလောက်တောင် သန်မာနေတာ လဲ.. ဒီကမ္ဘာမှာ တရားမျှတမှုရောရှိရဲ့လား” ပေထင်းဟွမ်သည် အလွန်ပင် စိတ်ဓာတ်ကျမိ၏။ အကြိမ်တိုင်းတွင် ၎င်းသည် ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ ပေ။ သူမလက်ထဲမှ ဓားပျော့သည် ယန်ယဲ့ကိုယ်တိုင် သန့်စင်ပေးခဲ့သော အဆင့် ၅ ဓားမဟုတ်လျှင် မည်သို့ဖြစ်သွားမည်ကို ပေထင်းဟွမ် သိချင်မိသည်။
၎င်းမနိုးခင်မှာ ပေထင်းဟွမ်၏ စောဒကတက်သံများကို ကြားလိုက်ရ၏။ ပေထင်းဟွမ် မသတ်ခင်မှာပင် ကြမ်းတမ်းသောမြေကြီးဝက်ဝံသည် ဒေါသ ကြောင့် မေ့လဲသွားခဲ့ရသည်။ ကြယ် ၅ ပွင့်မွန်မြတ်သောသားရဲတစ်ကောင် သည် အရှုံးကိုဝန်မခံကာ မြေကြီးအဆင့်ဝိညာဉ်သခင်ရှေ့မှထွက်ပြေးခဲ့သည်။ ဒီလူသားအစုတ်အပြတ်က သူ မသတ်မချင်း ရပ်မှာမဟုတ်ဘူး။
သူ့ခေါင်းကို ခုတ်ချင်သေးတာလား.. ကောင်းတယ် အရမ်းကောင်းတယ်
ကြမ်းတမ်းသောမြေကြီးဝက်ဝံသည် ရှေ့လက်များဖြင့် မြေကြီးကို ထောက်ထားသည်။ ၎င်းသည် အသက်ပြင်းပြင်းရှူကာ ပေထင်းဟွမ်အား မာန်ဟိန်းလိုက်သည်။
“ဝူး”
ထွက်လာသောအော်သံမှာ လူတစ်ဦး၏ နှလုံးနှင့်အဆုတ်များကို ကွဲအက် သွားစေလောက်သည်။ သဲနှင့်ကျောက်တုံများသည် နေရာတကာတွင် လွင့်ပျံ နေကာ နှစ်တစ်ထောင်သက်တမ်းရှိ ရှေးသစ်ပင်ကြီးသည် လေဆင်နှာမောင်း ဒဏ်ကို ခံစားနေရပုံပေါ်သည်။ ဤဧရိယာရှိ သက်ရှိများ နိုးထကာ ငှက်များနှင့် သားရဲများသည် ရူးသွပ်စွာပျံပြေးကြသည်။ ပေထင်းဟွမ်၏ ခန္ဓာကိုယ်သည် မုန်တိုင်းနှင့်ပါသွားကာ မိုးပေါ်သို့ ရောက်သွားသည်။
“သေစမ်း ဒီကောင် ဘာလုပ်နေတာလဲ” ပေထင်းဟွမ်၏ လှုပ်ရှာမှုများ သည် အလွန်မြန်ဆန်သည်။ သူမလက်ထဲမှဓားပျော့သည် ရေတံခွန်သဖွယ် ကျလာသည်။ ဓားပျော့ထိပ်ဖျားသည် သစ်ပင်ပင်စည်အတွင်းသို့ ထိုးစိုက်ကာ ပေထင်းဟွမ်သည် ထိုနေရာတွင် မြဲမြဲမြံမြံနေခဲ့သည်။
“သခင် မင်းက အရမ်းကြမ်းတာပဲ ကြမ်းတမ်းတဲ့မြေကြီးဝက်ဝံကိုတောင် သူ့ရဲ့အဆုံးစွန်တိုက်ကွက်ထုတ်သုံးနိုင်အောင် လုပ်နိုင်တယ်”
ကျို့ယန်သည် သူမ၏နတ်သားရဲလွှမ်းမိုးမှုကို အချိန်ကိုက်ပင်ထုတ်လိုက် သည်။ ပြင်းထန်သောအနီရောင်မီးလျှံသည် ပေထင်းဟွမ်ကို အသံလှိုင်း တိုက်ခိုက်မှုမှ ကာကွယ်ပေးထားသည်။ မီးတောက်မှ သွေးရောင်အလင်းတန်း များထွက်ပေါ်လာြပီး ကြမ်းတမ်းသောမြေကြီးဝက်ဝံ၏ အသံလှိုင်းကိုတိုက်ခိုက် လေသည်။
ဘုန်း
နတ်သားရဲ၏အလွန်ကြီးမားသောစွမ်းအင်နှင့် စုစည်းသွားသော သွေးနီ ရောင်အလင်းတန်းသည် စူးရှသောလှံနှင့်တူပြီး ကြမ်းတမ်းသောမြေကြီးဝက်ဝံ ဆီသို့ အညှာတာမဲ့စွာ ရိုက်ခတ်သွားလေသည်။ ၎င်းသည် ကြမ်းတမ်းသော မြေကြီးဝက်ဝံ၏ အသံလှိုင်းတိုက်ခိုက်မှုနှင့် တိုက်မိပြီး ကြီးမားသောစွမ်းအင် လှိုင်းတစ်ခုပေါက်ကွဲထွက်လာသည်။ ဤဧရိယာတွင် ပေါက်ကွဲသံပဲ့တင်ထပ် သွားကာ ကောင်းကင်နှင့်မြေကြီးလှုပ်ခါသွားစေရာ အနီးအနားရှိ လှည့်လည် သွားလာသူစခန်းကိုပင် သတိပေးမိသားဖြစ်သွားသည်။ တဲများသည် တစ်ခုပြီး တစ်ခု မီးလင်းလာသည်။
“ဒါကိုမြန်မြန်အဆုံးသတ်ကြတာပေါ့.. လူတွေအာရုံစိုက်လာရင် မကောင်းတော့ဘူး”
ပေထင်းဟွမ်သည် အတောင်ပံခတ်ကာ ကြမ်းတမ်းသောမြေကြီးဝက်ဝံ ဆီသို့ ပျံသွားလိုက်သည်။ ၎င်း၏ကြီးမားသောခန္ဓာကိုယ်သည် သွေးများ အသား များဖြင့် ပေပွနေပြီဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်သည် နှစ်တစ်ထောင်သက်တမ်း ရှိ ရှေးသစ်ပင်နှစ်ပင်ကြားတွင် ရိုက်မိကာ နာကျင်မှုကြောင့် ညည်းနေသည်။ ၎င်းသည်ပေထင်းဟွမ်လာသည်ကို မြင်သောအခါ ၎င်း၏ပုတီးလုံးနှင့်တူသော မျက်လုံးများသည် ကြောက်ရွံ့မှုများ လက်လာလေသည်။
“အရှုံးပေးမှာလား အသေခံမှာလား” ယန်ယဲ့၏ လွှမ်းမိုးနိုင်သော အသံနေ အသံထားကို လိုက်တုကာ ပေထင်းဟွမ်သည် လက်ထဲမှဓားပျော့ကို ဆန့်ထုတ် ကာ ကြမ်းတမ်းသောမြေကြီးဝက်ဝံ၏လည်ပင်းကိုပတ်လိုက်သည်။
ကြမ်းတမ်းသောမြေကြီးဝက်ဝံ၏ ရင်ဘတ်တွင် အပေါက်တစ်ပေါက် ပေါက်သွားကာ သွေးများစီးကျထွက်လာသည်။ သူ၏ဓားအောက်တွင် လိပ်ခွံ ကဲ့သို့ သန်မာသည့် ၎င်း၏ခုခံမှုသည် ကျို့ယန်၏တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိ သည်ကို တွေ့လိုက်ရသဖြင့် ပေထင်းဟွမ်သည် သွေးအန်လုမတတ်ဖြစ်သွားရ ၏။
ဒေါသထွက်နေရာ လက်ထဲမှဓားပျော့သည် သနားကြင်နာမှုမရှိတော့ပေ။ တိုက်ခိုက်မှုစွမ်းအား ပျောက်သွားသော ကြမ်းတမ်းသောမြေကြီးဝက်ဝံသည် ပေထင်းဟွမ်ကြောင့် အသက်ပင်မရှူနိုင်တော့ပေ။ ဤလူသားသည် အလွန်ပင် မကျေမနပ်ဖြစ်နေသည်ကို သူ သိသည်။ ထိုအခိုက်တွင် ကြမ်းတမ်းသော မြေကြီးဝက်ဝံသည် နတ်သားရဲတစ်ကောင်ကို သတိထားမိသွားသည်။
ကြမ်းတမ်းသော မြေကြီးဝက်ဝံသည် ထိတ်လန့်သွားသည်။ ၎င်းသည် မျက်စိမှိတ်ကာ မေ့လဲသွားလေတော့သည်။
ပေထင်းဟွမ်သည် ရယ်ရမည်လား ငိုရမည်လားမသိတော့ပေ။ ဤကောင်သည် သူမစိတ်ထဲမှ မွန်မြတ်သောသားရဲပုံရိပ်ကို တဖန်လတ်ဆတ် စေသည်။ ဤကဲ့သို့ အင်အားကြီးသည့်သတ္တဝါသည် ထိတ်လန့်မှုကို သည်းမခံ နိုင်ပေ။
“သခင် လူသားတွေရောက်လာပြီ သူတို့ထဲကတစ်ယောက်က နန်ကုန်း မိသားစုက အဲဒီအဘိုးကြီးပဲ.. နောက်တစ်ယောက်က တုန်ဖန်းမိသားစုက ခေါင်းဆောင်ပဲ” ကျို့ယန်၏ အားကောင်းသော နတ်သားရဲအသိစိတ်သည် ထိုလူကို ထောက်လှမ်းကာ ပေထင်းဟွမ်ကို အချိန်မှီသတင်းပို့နိုင်သည်။
“သွားမယ်”
လက်တစ်ချက်ဝှေ့ပြီး ပေထင်းဟွမ်သည် ကြမ်းတမ်းသော မြေကြီးဝက်ဝံ ကို သိုလှောင်လက်ပတ်ထဲထည့်ပြီး ချပ်ဝတ်တန်ဆာအပိုင်းကို ဖယ်ရှားလိုက် သည်။ သူမသည် သားရဲနှစ်ကောင်ကိုသိမ်းပြီးနောက် ကြောင်တစ်ကောင်လို တောထဲသို့လှည့်ထွက်သွားသည်။ သူမသည် ညအမှောင်ထဲတွင် တစ္ဆေ တစ်ကောင်လို ပျောက်ကွယ်သွားသည်။ နန်ကုန်းရှို့နှင့် တုန်ဖန်းအောင်တို့ ရောက်ရှိချိန်တွင် သွေးအိုင်ကြီးနှင့်တိုက်ပွဲခြေရာလက်ရာများသာ ကျန်ခဲ့လေ သည်။
***