ဖိအား၊ ကျွမ်းကျင်သူအစစ်အမှန် *
Vol. 14 Ch. 266
“ဒါ မွန်မြတ်တဲ့သားရဲပဲ.. ခုနကမွန်မြတ်တဲ့သားရဲရောင်ဝါပဲ ပြီးတော့ အရမ်းကိုအားကောင်းတဲ့မွန်မြတ်တဲ့သားရဲ” နန်ကုန်းရှို့သည် လေပေါ်တွင် ပေါလောပေါ်၍ လှည့်ပတ်ကြည့်နေသည်။ ထိုမွန်မြတ်သောသားရဲ မသေသေး သည်ကိုလည်း သူ သေချာနေသည်။ သူ၏တြိဂံမျက်လုံးထဲမှ လောဘများသည် ရွံရှာဖွယ်ရာပင်။ အကယ်၍ မွန်မြတ်သောသားရဲသာရှိပါက သူ ထိန်းကျောင်းပြီး နန်ကုန်းမိသားစုလေ့ကျင့်ရေးအသင်း၏ ခွန်အားကို တိုးအောင်လုပ်မည်။ ထိုအချိန်ကျလျှင် သူသည် စီရင်ချက်ဗိမာန်အား တိုက်ခိုက်ရာတွင် အနိုင်ရနိုင် သည့် အခွင့်အရေးရှိသွားမည်။
“မွန်မြတ်တဲ့သားရဲနဲ့ တစ်ယောက်တည်း တိုက်ခိုက်နိုင်တဲ့သူ တကယ်ရှိခဲ့ တာပဲ.. အဲလူက သားရဲထိန်းသခင်ကြီးများဖြစ်နေမလား” တုန်ဖန်းအောင်သည် နားမလည်နိုင်ဖြစ်နေသည်။ လူသားနှင့် မွန်မြတ်သောသားရဲတို့သည် လက်စ လက်နမကျန်အောင် ပျောက်ကွယ်သွားသည်။ ထို့အပြင် သူနှင့် နန်ကုန်းရှို့တို့ ၏ စိတ်ပိုင်းဆိုင်ရာပိတ်ထားမှုအောက်တွင် ဖြစ်ပျက်သွားခြင်းပင်။ ထိုလူ၏ ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” နန်ကုန်းရှို့သည် နှာရှုတ်ကာ မာနကြီးစွာ ဖြင့် ပြောလိုက်သည် “ဒီတိုက်မှာ သားရဲထိန်းသခင်ကြီးဆိုတာက လက်တစ် ဆုပ်စာပဲရှိတယ်.. ငါရယ်၊ သားရဲထိန်းသခင်အစည်းအရုံးဥက္ကဌရယ်.. နောက် တစ်ယောက်က စီရင်ချက်ဗိမာန်က အကြီးအကဲချုပ်ရယ်”
တုန်ဖန်းအောင်သည် ထိုအဘိုးကြီး၏ မောက်မာသောသဘောထားကို အာရုံစိုက်မနေတော့ပေ။ သူ၏ဝိညာဉ်စွမ်းအင်သည် အနီးအနားတောတွင် ဖုံးအုပ်ထားခဲ့သည်။ သူ၏ပစ်မှတ်သည် မိုးကုတ်စက်ဝိုင်းမှ သူမတူသော အားကောင်းသည့်ဖိအား ထွက်လာချိန်တွင် ထွက်သွားသဖြင့် ရှာမတေါ့ခဲ့ပေ။ ချက်ချင်းဆိုသလိုပင် မိုးကြိုးဟိန်းသကဲ့သို့ တုန်ခါစေလောက်သည့် အားကောင်းသော ဝိညာဉ်တိုက်ခိုက်မှုသည် ပြိုလဲသွားခဲ့သည်။ တုန်ဖန်းအောင် သာ သူ၏ဝိညာဉ်စွမ်းအားကို အချိန်မှီပြန်မရုတ်သိမ်းနိုင်ပါက မိုးပေါ်မှပြုတ်ကျ ပြီး မြေကြီးနှင့်အနမ်းပေးကာ အရူးတစ်ယောက်လိုဖြစ်သွားနိုင်သည်။
နန်ကုန်းရှို့၏အခြေအနေသည် သူ့ထက်ပင် ပိုဆိုးသည်။ သားရဲထိန်း သခင်ကြီးတစ်ဦးနေနှင့် နန်ကုန်းရှို့၏စိတ်ခွန်အားသည် ပိုသန်မာသည်။ သူ ဂရုစိုက်သည်မှာလည်း မွန်မြတ်သောသားရဲမှာ သူ့မျက်စိအောက်မှ ပျောက်သွားခြင်းကိုသာ ဖြစ်သည်။ သတိလွတ်သွားသည်နှင့် သူသည် စိတ်ပိုင်း ဆိုင်ရာတိုက်ခိုက်မှုကို ခံရသည်။ သူသည် မြေပေါ်သို့လဲကျသွားကာ မျက်နှာမှာ ဖြူဖျော့နေသည်။ သူ့အင်္ကျီများသည် စိုစွတ်နေပြီး တစ်ကိုယ်လုံးမှာလည်း ချွေးများဖြင့် စိုရွှဲနေရာ ရေထဲမှထွက်လာသလိုပင်ဖြစ်နေသည်။
ဘာတွေ အဲလောက်ကြောက်နေတာလဲ။
“ဖူး” နန်ကုန်းရှို့သည် သွေးအန်ထွက်တော့သည်။ သူသည် စဉ်းစားရန်ပင် ခွန်အားမရှိတော့ပေ။ ဖိအားလှိုင်းတစ်ခုရောက်လာသည်။ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပြီးနောက် ဖိအားသည် သူ့ရင်ဘတ်ကို တောင်ကြီးတစ်လုံး ဖိထား သကဲ့သို့ပင်။ သူ့အဆုတ်များသည် လစ်ဟာသွားသည်။ သူသည် အချိန်မရွေး အသက်ရှူရပ်ကာ သေသွားနိုင်သည်။
တုန်ဖန်းအောင်သည် နောင်တများဖြင့် ပြည့်သွားသည်။ စပ်စုချင်စိတ် သည် ကြောင်ကို သေစေနိုင်သည်။ သူပြောသည်မှာမှန်သည်။ တစ်ကမ္ဘာလုံးမှ လေများကို စုတ်ထုတ်လိုက်သလိုပင်။ သူ၏ဝမ်းဗိုက်ထဲသို့ စိမ့်ဝင်သွားသည် အထိ သူ့ခန္ဓာကိုယ်ကို ဖိအားနှင့် ဖျစ်ညှစ်ထားသည်။ သေဆုံးခြင်းအရိပ်သည် သူ့ခေါင်းပေါ်တွင် တဝဲလည်လည်ဖြစ်နေသည်။ ၎င်း၏အသန်မာဆုံးဖိအားကို ခံစားမိချိန်တွင် ၎င်းသည် ထက်မှတိုက်ရိုက်ဆင်းသက်လာသလိုပင်။ တုန်ဖန်းအောင်သည် သေတော့မည်ဟု တွေးနေဆဲတွင် ဖိအားသည် လျော့သွား ကာ လည်ချောင်းထဲမှ သွေးများထါက်လာသည်။ တုန်ဖန်းအောင်သည် မြေပေါ် လှဲကာ အသည်းအသန်ချောင်းဆိုးလိုက်သည်။
“အားကောင်းလိုက်တာ” အစောက အလွန်အားကောင်းသောဖိအားသည် အားအပြင်းဆုံးအချိန်တွင် သူတို့၏ဦးခေါင်းကိုပင် ဖြတ်ပစ်နိုင်လောက်သည်ဟု သူ ယုံကြည်သည်။ သူ့စိတ်ထဲတွင် တစ်ခုတည်းကိုသာ ခံစားမိသည် .. အားကောင်းလိုက်တာ။
“ဒါ.. ဒါ.. ဒါကဘာကြီးလဲ အထွတ်အမြတ်သားရဲလား” သူ့စိတ်ထဲတွင် ကြောက်လန့်မှုအရိပ်ကြီး လိုက်လာသည်။ အသက်ကိုကယ်တင်ပြီးနောက် မွန်မြတ်သောသားရဲနှင့်ပတ်သက်သည့် နန်ကုန်းရှို့၏ဆန္ဒမှာလည်း ချုပ်ငြိမ်း သွားခဲ့သည်။ သူသည် မြေပေါ်တွင် မှောက်လျက်လဲကာ ခန္ဓာကိုယ်မှ ကျန်ရှိသည့် ဒြပ်စင်စွမ်းအင်ကို ရွေ့လျားလိုက်သည်။ ထိုအခိုက်တွင် နန်ကုန်းရှို့ သည် ထွက်ပြေးရန်တွေးနေမိသည်။
၎င်းသည် မုန်တိုင်း၏ အားကောင်းသောအသံမဟုတ်သလို မိုးကြိုး စွမ်းအားလည်းမဟုတ်ပေ။ ၎င်းသည် တိတ်ဆိတ်မှုစွမ်းအားပါဝင်သည့် ရောင်ဝါ သာဖြစ်သည်။ ၎င်းသည် အင်အားကောင်းသော လက်ကြီးသည် အားလုံး၏ စိတ်နှလုံးကို ဆုပ်ကိုင်ပြီး သက်ရှိအရာများ၏ အသက်ကို ထိန်းချုပ်သည်နှင့်တူ သည်။ ဤကဲ့သို့စွမ်းအားသည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းသည်။
“ကောင်းကင်အဆင့်ရောက်နေတဲ့ လူသားပဲဖြစ်မယ်.. မီးလျှံမြို့ကလာတဲ့ လူများဖြစ်နေမလား” တုန်ဖန်းအောင်သည် စိတ်ထဲမှ ခန့်မှန်းနေမိသည်။ အထွတ်အမြတ်သားရဲ သို့မဟုတ် ကောင်းကင်အဆင့်လူသားဖြစ်ပါစေ နှစ်မျိုး လုံးသည် ဤတိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ကို အံတုသည့် တည်ရှိမှုသာဖြစ်သည်။ ယနေ့အသက်ရှင်နိုင်ရန် သူတို့၏ဘိုးဘေး များသည် အမှန်တကယ်ပင် ပါရမီနှင့်ပြည့်စုံခဲ့ရသည်။
***