← Chapters

ညအရှင်သခင်

Vol. 14 Ch. 267

ညအရှင်သခင်

Vol. 14 Ch. 267

အတန်ကြာသည်အထိပြေးလာပြီးနောက်တွင် အမြီးကိုးချောင်းမီးမြေခွေး သည် ပေထင်းဟွမ်အား ဂူတစ်ဂူကူရွေးပေးလေသည်။ အထဲတွင် ကြယ် ၇ ပွင့် တိညာဉ်သားရဲသည် အသိုက်တွင် အကောင်ပေါက်လေးများနှင့်အတူ လှဲလျောင်းနေသည်။ ပေထင်းဟွမ်သည် ဝိညာဉ်သားရဲအသိုက်နှင့်အတူ အကုန် လုံးကို သိုလှောင်လက်ပတ်ထဲ သိမ်းကြုံးထည့်ရန်ကြံ၏။ သူမသည် ဂူအတွင်း ကို ရှာဖွေကာ နေထိုင်သူအသစ်များကို အနိုင်ကျင့်သည့် သားရဲမရှိစေရန် ညွှန်ကြားလိုက်သည်။

“သခင် ဒါက ကြယ် ၇ ပွင့်လေဝံပုလွေပဲလေ.. ငါ့သွားကြားတောင် မညပ်ဘူး” သစ်တတ်ကျားသည် နစ်နာစွာဖြင့် ပြောလေသည်။

“ဟင်း ငါကတော့ ဇာတ်တူသားမစားဘူး” ငွေရောင်ဝံပုလွေလျှပ်စီးသည် မျက်လုံးများကို ပျင်းရိစွာကျဉ်းမြောင်းကာ ခေါင်းငုံ့ပြီး ဆက်အိပ်နေလေသည်။

“သခင် မြန်မြန် အဆင့်တက်တော့.. ဒီနေရာက ပိုပိုပြီးသေးလာတယ်.. နေရာတိုင်းက အနံ့တွေထွက်နေတာ.. ဒီဝံပုလွေတွေရဲ့အနံ့တွေကို ကြိုက်ကို မကြိုက်ဘူး” နွယ်ပင်လေးသည် အသန့်အပြန့်ကြိုက်ရာ နှုတ်ခမ်းဆူပြီး ရွံရှာစွာဖြင့် ‌စောဒကတက်လေသည်။

မွန်မြတ်သောသားရဲများ၏ ဖိအားအောက်တွင် လေဝံပုလွေနှင့်အသိုက် ထဲမှ ဝံပုလွေပေါက်များများသည် ခြေထောက်များ အားပျော့သည်အထိ ကြောက်လန့်နေကြသည်။ သူတို့သည် ထိုသားရဲများ ကန့်သတ်ထားသည့် နေရာအစွန်းထိရောက်အောင် လှိမ့်ပြီးတွားသွားလေ၏။ သူတို့ဖွဲ့စည်းထား သည့် နယ်နိမိတ်မျဉ်းသည် ၎င်းတို့ကို ဆုတ်ခွာခွင့်မပေးပေ။ သူတို့သည် ဤနေရာတွင် ကြောက်လန့်တကြား ပိတ်မိနေလေပြီ။ ထိုမွန်မြတ်သောသားရဲ များသည် ၎င်းတို့ကို တိုက်ခိုက်လိုစိတ်မရှိသည်ကိုမြင်ပြီးနောက် အနည်းငယ် စိတ်သက်သာရာရသွားသည်။

ပေထင်းဟွမ်သည်လည်း အဆင့်တက်ချင်သည်။ သူမသည် အဖွဲ့ကို ဦးဆောင်ပြီး ဝိညာဉ်ခွဲတောင်တန်းသို့ သွားရန်မှာ ပြဿနာမရှိဟု ဝမ်ဝေ့နှင့် တခြားသူများကို ပြောခဲ့သော်လည်း ကောင်းကင်အဆင့်ခွန်အားရှိရမည်ဖြစ် သည်။ သူမသည် ကောင်းကင်အဆင့်သို့မရောက်မချင်း စိတ်မအေးနိုင်ပေ။

ထို့ကြောင့်ပင် မည်သူမှမမြင်နိုင်သည့်အချိန်တွင် မွန်မြတ်သောသားရဲကို အမဲလိုက်ရန်ထွက်လာပြီး မွန်မြတ်သောသားရဲကို ထိန်းကျောင်းပြီး အဆင့် တက်ရန် ညကို အခွင့်ကောင်းယူခဲ့ခြင်းဖြစ်သည်။

ဤဂူ၏ တောင်ခြေတွင် နစ်မြုပ်နေသည်။ ဂူဝင်ပေါက်ကို ကျောက်တုံး ကြီးနှစ်တုံးဖြင့် ဝန်းရံထားသည်။ ဝိညာဉ်ခွဲတောင်ကြားတွင်ရှိခဲ့သည့်အချိန်နှင့် ယှဉ်ရလျှင် လျှပ်စီး၏ဂူသည် ပိုရိုးရှင်းပြီး အရိုင်းဆန်သည်။ သူသည် ထိုအရာကို လုပ်နိုင်သလောက် လုပ်ခဲ့ခြင်းဖြစ်သည်။ ပေထင်းဟွမ်သည် သူမကို စောင့်ကြပ် ရန် သားရဲများအားလုံးကို လွှတ်လိုက်သည်။ သူမသည် သေအံ့ဆဲဆဲဖြစ်နေ သည့် ကြမ်းတမ်းသောမြေကြီးဝက်ဝံအား ထိန်းကျောင်းရန် ထုတ်လိုက်ချိန်တွင် ကြီးမားသောဖိအားသည် သူမကို တိုက်ခိုက်လေသည်။

အမြီးကိုးချောင်းမီးမြေခွေးအပါအဝင် သားရဲများအားလုံးသည် တုန်ယင် ကာ ထိုဖိအားလာရာဘက်သို့ ဒူးထောက်ကြရသည်။ ပေထင်းဟွမ် မည်မျှပင် ကြိုးစားစေကာမူ ဝိညာဉ်အနက်ဆုံးအပိုင်းမှ ကြောက်ရွံ့မှုကို ခံစားရလေသည်။

“ဘာလို့ ဒီလောက် အားကောင်းနေရတာလဲ” ပေထင်းဟွမ်၏ ခြေထောက်များ အားနည်းလာသည်။ သူမသည် ဘေးမှ ကျောက်တုံးကြီးကို ကိုင်ကာ သူမ၏ခန္ဓာကိုယ်ကို မနည်းတောင့်ခံနေရသည်။ ဤခံစားချက်… ပေထင်းဟွမ်သည် ယန်ယဲ့ကို ပထမဆုံးအကြိမ်မြင်ခဲ့သည့်အချိန်ကို မတွေးဘဲ မနေနိုင်တော့ပေ။ ထိုစဉ်က သူသည် ကြောက်မက်ဖွယ်ကောင်းသော ခံစား ချက်ကို ပေးစွမ်းခဲ့သော်လည်း ယခုခံစားရသည်ထက် ဆယ်ပုံတစ်ပုံမျှသာ ဖြစ်ခဲ့သည်။

“အထွတ်အမြတ်သားရဲလား” အမြီးကိုးချောင်းမီးမြေခွေးကို ဖိအားတစ်ခု နှင့် အနိုင်ယူနိုင်နေသည်မှာ ဤသတ္တဝါ၏ ခွန်အားသည် အားကောင်းသည်ဟု ပင် ဖော်ပြ၍မရနိုင်တော့ပေ။

“ထွက်လာခဲ့ အဂူး.. မင်း အသက်ကို ငါယူမယ်လို့ ပြောနေတာ”

အသံသည် နူးညံ့ပြီး လှပသည်။ ထိုအသံသည် ကောင်းကင်နှင့် မြေကြီး ကြားရှိ အရာတစ်ခုလိုပင်။ ၎င်းအသံသည် ငရဲမှဆန့်ထွက်လာသည့် တစ္ဆေတစ်ကောင်၏ လက်ကဲ့သို့အေးစက်ကာ လူတစ်ယောက်၏ လည်ချောင်း ကို ဆုပ်ညှစ်လိုက်သည်။ စကားလုံးတိုင်းသည် သက်ရှိများအားလုံး၏ ဝိညာဉ် ကို ပိတ်လှောင်ထားလိုက်သလိုပင်။

ပေထင်းဟွမ်သည် အသက်ရှူရန် အားကုန်ကြိုးစားနေရသည်။ သူမသည် ရေပေါ်သို့ထွက်လာသည့် ငါးကဲ့သို့ ပါးစပ်ဟထားရပြီး လေထဲမှ ပါးလွှာသည့် အောက်ဆီဂျင်ကို စုပ်ယူရန် ကြိုးစားနေရ၏။ ဘာဖြစ်တာလဲ။ ဒီလူက ဘာလို့ ဒီကိုရောက်လာတာလဲ။ သူ လမ်းသေချာမလျှောက်နိုင်ဘူးလား။ သူက ဘာလို့ ဒီလိုလူမျိုးကို ကြောက်နေရတာလဲ။

သူ၏အသံသည် နူးညံ့ပြီး နားဝင်ချိုသလို အလွန်လည်း ကြောက်ဖို့ကောင်းသည်။ အသံတိုင်းသည် လူတစ်ဦး၏ဝိညာဉ်အနက်ပိုင်းထိ တူနှင့်ထုလိုက်သလိုဖြစ်စေကာ သေချင်လောက်အောင် ဖိအားပေးနိုင်သည်။

“သခင် ဒါက.. ဒါက ညအရှင်သခင်ပဲ” လျှပ်စီးသည် ထိုလူ၏ရောင်ဝါနှင့် အထူးရင်းနှီးသည်။ ထို့အပြင် ယခုအချိန်ထိ သူသည် ယန်ယဲ့၏အသံကို မှတ်မိ နေတုန်းပင် “အညံ့ခံမှာလား အသေခံမှာလား” သူ အကြိမ်မည်မျှပင် သေစေ ကာမူ ထိုအသံကိုမေ့မည်မဟုတ်ပေ။

***

All Chapters