Chapters

အသိလား ရန်သူလား

Vol. 14 Ch. 268

အသိလား ရန်သူလား

Vol. 14 Ch. 268

“ညအရှင်သခင်လား လူသားလား” ကျို့ယန်သည် မယုံနိုင်သေးပေ။ အနီရောင်မြေခွေးသည် ဖိအားလာရာဘက်သို့ ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် မေးလေသည် “အသိလား ရန်သူလား”

မည်သူမှ ပြန်မဖြေသလို သားရဲများလည်း နှုတ်ဆိတ်နေသည်။ ဤကဲ့သို့ ဖိအားအောက်တွင် စဉ်းစားရန်ပင် မလွယ်ကူလှပေ။

ပေထင်းဟွမ် ပါးစပ်ဟပြီး ညည်းညူမည်အပြုတွင် အားကောင်းသော စွမ်းအားတခြားတစ်ခု ထွက်လာသည်။ ဖိအားနှစ်ခုသည် ကြမ်းတမ်းစွာ တိုက်မိ ရာ ယန်ယဲ့၏ ဖိအားတချို့ကို ချိုးနှိမ်လေသည်။ ထိုအခါမှပင် ပေထင်းဟွမ် အသက်ပြန်ရှင်လာသလို အသက်ကိုနက်နက်ရှိုင်းရှိုင်းရှူလိုက်သည်။

ဒီလူ နောက်မှ သူမ သူနဲ့ဘယ်လို စာရင်းရှင်းမလဲဆိုတာ ကြည့်နေလိုက်။

“အထွတ်အမြတ်သားရဲဖိအားပဲ” ကျို့ယန်၏အသံသည် ပေထင်းဟွမ်၏ ဝိညာဉ်ပင်လယ်ထဲတွင် ထပ်မံပေါ်ပေါက်လာရာ မြေကြီးပေါ်တွင် မူးလဲသွား မတတ်ကြောက်လန့်သွားစေသည်။

အထွတ်အမြတ်သားရဲဟုတ်လား။ အဂူးက အထွတ်အမြတ်သားရဲလား။ မိုးနတ်မင်းရေ သူမက အထွတ်အမြတ်သားရဲကို အမြဲတွေ့ချင်ခဲ့တာလေ။ မိုးနတ်မင်းက သူမစိတ်ထဲက ပြင်းထန်တဲ့ဆန္ဒကိုကြားသွားပြီး ဖြည့်ဆည်းပေး ဖို့ ကူညီလိုက်တာလား။ ယန်ယဲ့က ဒီအထွတ်အမြတ်သားရဲနဲ့ ဘာအမုန်းတရား တွေများရှိလို့လဲ။

ပေထင်းဟွမ်သည် တတ်နိုင်သမျှ အားကုန်ထုတ်ပြီး တောင်ပေါ်သို့ တက် လိုက်သည်။ ယန်ယဲ့၏ဖိအားသည် အထွတ်အမြတ်သားရဲ၏ ဖိအားကို တစ်ပိုင်း တစ်စတိုက်ခိုက်ပြီးနောက် ပေထင်းဟွမ်သည် လှုပ်ရှားနိုင်လာသည်။ ပေထင်းဟွမ်၏ ရူးသွပ်နေသော လှုပ်ရှားမှုကိုကြည့်ပြီး ကျို့ယန်သည် ကြောက် လွန်း၍သေတော့မည်။ သူမသည် အလျင်အမြန်ပင် ပေထင်းဟွမ်အား တားကာ ပြောလိုက်သည် “သခင် တက်မသွားနဲ့ အမြင့်မှာရပ်နေရင် သူတို့တိုက်ခိုက်တဲ့ အချိန်ကျ ပိုအန္တရာယ်များတယ်”

“ဟုတ်တယ် သခင်.. သူတို့တွေက လုံးဝကိုထိပ်တန်းအဆင့် ပညာရှင် တွေပဲ.. မြေပေါ်မှာတိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး.. မိုးပေါ်ကမှ သူတို့ရဲ့စစ်မြေပြင်ပဲ.. ဒီမှာပုန်းနေရင်တောင် သူတို့ကိုမြင်ရပါတယ်” လျှပ်စီးပင်လျှင် ပူပန်နေသည်။ အကယ်၍ သူ့သခင်သာ မတော်တဆပတ်သက်မိပါက သူ့အသက်လည်း ဆုံးရှုံး လိုက်ရနိုင်သည်။

ဟုတ်သားပဲ။ သူမ ဘာလို့အဲဒါကိုမတွေးမိတာလဲ။ သူမသည် အလျင်အမြန်ပင် ကြီးမားသောကျောက်တုံးပေါ်မှ ဆင်းလိုက်သည်။ သူမကိုယ် သူမ တည်ငြိမ်အောင်မလုပ်ခင်မှာပင် အားကောင်းသော အနည်းငယ်အက်ကွဲ ကွဲအသံထွက်ပေါ်လာသည် “နတ်ဆိုးဧကရာဇ် မင်းငါ့ကိုသတ်ချင်ရင် ငါ ဘာမှ ပြောစရာမလိုပါဘူး ဒါပေမဲ့ အဲတုန်းက ငါသခင့်ကို သစ္စာမဖောက်ခဲ့ဘူး.. ငါတို့ ခန္ဓာကိုယ်က ကျိန်စာအမှတ်က သခင့်အပိုင်မဟုတ်တော့ဘူး”

“ငါ မင်းကိုယုံမယ်လို့ ထင်နေတာလား.. နတ်ဘုရား ၁၂ ပါးတောင် ကျဆုံးသွားတာ.. မင်းနဲ့ အားနည်းတဲ့မှော်သားရဲတွေပဲ အသက်ရှင်ကျန်ခဲ့တာ လေ.. ငါ မလှုပ်ရှားတာကလည်း သေခြင်းကမင်းအတွက် လွယ်လွန်းနေလို့ပဲ” ယန်ယဲ့၏အသံသည် ပေါ့ပါးပြီး အေးစက်သည်။ ကြီးမားသောသက်ရောက်မှုကို သယ်ဆောင်လာကာ တောတစ်ခုလုံးကို အမှောင်ကဲ့သို့ လွှမ်းခြုံလိုက်သည်။

မိုးပေါ်တွင် ညထက်ပင် မှောင်မိုက်သည့် ရှည်လျားသောနဂါးတစ်ကောင် နှင့် ကြီးမားသောပုံရိပ်တစ်ခုတို့ ပြင်းထန်စွာတိုက်မိရာ မြေကြီးအက်ကွဲပြီး တောင်ပြိုလောက်သည်အထိ မြည်ဟိန်းသံကြီးထွက်လာသည်။ တောထဲမှ ရှေးသစ်ပင်များသည် ပေါက်ကွဲမှုအသံအောက်တွင် ပြားသွားကာ ကြီးမားသော ချိုင့်ကြီးဖြစ်သွားလေသည်။

ထိုနေရာမှ စွမ်းအားများ ဖြာထွက်ကာ ကောင်းကင်နှင့် မြေကြီးကွဲသွား လောက်စေသည့် စွမ်းအားကို သယ်ဆောင်လာလေသည်။ သူမတူသော စွမ်းအားနှင့် ကီလိုမီတာဒါဇင်ပတ်ပတ်လည်ရှိ ပစ္စည်းများကို ပြားချပ်သွားစေ သည်။ ပေထင်းဟွမ်တို့ပုန်းအောင်းနေသော ကျောက်တုံးကြီးကို စွမ်းအားလှိုင်း အနည်းငယ်သာထိသည်။ ကျောက်တုံးကြီးမှာ အက်ကွဲသံထွက်လာပြီး သူမ မျက်စိရှေ့၌ပင် ပြိုကွဲသွားလေတော့သည်။

သူမအနောက်မှ တောင်တန်းပေါ်မှ ကျောက်တုံးကြီးများ လိမ့်ကျလာ သည်။ ပေထင်းဟွမ်သည် ထိတ်လန့်သွားကာ လက်ဝှေ့ယမ်းပြီး သားရဲများ အားလုံးကို လေဟာ မြေအတွင်းသို့ ထည့်လိုက်သည်။ သူမသည် အနောက်မှ ဂူထဲတွင်ပုန်းအောင်းကာ ကျိန်ဆဲမိသည် “သေစမ်း”

ဒီလူက ဘယ်လောက်တောင် အားကောင်းတာလဲ။ ပြီးတော့ သူက ညအရှင်မဟုတ်ဘူးလား။ ဘာလို့ နတ်ဆိုးဧကရာဇ်ဖြစ်နေတာလဲ။

ခမ်းနားသောမီးလျှံသည် ကောင်းကင်တစ်ဝက်ကို နီရဲတောက်ပစေပြီး မှင်ဖြင့် ဖော်ပြ၍မရနိုင်သော အနက်ရောင်သည် နေ့ခင်းဘက်ကို ဖုံးလွှမ်းလိုက် ၏။ မြေကြီးများပြိုကျနေသည့် အထက်ကောင်းကင်တွင် လူတစ်ဦးသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရပ်နေသည်။

***