← Chapters

မရဏလောက၏အောက်ပိုင်းမီးလျှံ

Vol. 14 Ch. 269

မရဏလောက၏အောက်ပိုင်းမီးလျှံ

Vol. 14 Ch. 269

သူ့တွင် ပခုံးထိကျနေသည့် အနီရောင်ဆံပင်တိုနှင့် နတ်မိစ္ဆာမျက်အိမ်တို့ ရှိသည်။ သိုင်းဝတ်စုံခပ်တိုတိုကို ဝတ်ဆင်ထားသည့် လူသည် ထူးဆန်းသည့် အနီရောင်ဓားကောက်ကို လက်ထဲတွင်ကိုင်ထားသည်။ ဓားကောက်မှ အနီ ရောင်မြူခိုးများတက်လာကာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။

တခြားတစ်ယောက်မှာ ငွေရောင်ဆံပင်ရှည်များသည် တောင်များအတွင်း မှ ညလေအဝေ့တွင် လွင့်ပျံနေသည်။ သူ၏ခရမ်းရောင်ဝတ်ရုံသည် ခန္ဓာကိုယ် ပေါ်တွင် အလွှာလိုက်ရှိနေကာ လေသည် လှုပ်ရှားအောင်မလုပ်နိုင်ပေ။ သူ့လက်များသည် ဘေးနှစ်ဖက်တွင်ကျနေကာ လက်ဗလာကို ပြသနေသည်။ သူသည် ကျောက်စိမ်းပန်းပုရုပ်ထုကဲ့သို့လှပသည်။ သို့သော် သူ့လက်များသည် အနီရောင်ဓားကောက်ထက်ပင် ပို၍ကြောက်ဖို့ကောင်းနေသည်။

သူ၏ အလွန်လှပသော မျက်နှာကြောင့် ထိုလူသည် မိန်းကလေးလား ယောက်ျားလေးလားဆိုသည်ကိုပင် ပြောရခက်သည်။ အေးစက်သည့် မျက်ခုံး နှစ်ခုသည် တောင်များကဲ့သို့ နားသန်မွေးထိ ထောင့်ဖြတ်ပျံနေသည်။ သူ၏ ရှည်လျားပြီး ကျဉ်းမြောင်းသည့် မျက်လုံးများသည် ခရမ်းရောင်ဖြစ်ပြီး ၎င်းတို့၏ အလင်းသည် လွှမ်းမိုးနိုင်သည်။ မျက်လုံးထောင့်များလှန်လိုက်သည် နှင့် သူ၏ပရောပရီမျက်နှာတွင် နတ်ဆိုးဆန်သည့်အရိပ်အယောင်ကိုပါ ထပ်ပေါင်းသွား၏။

သူသည် ယန်ယဲ့ဖြစ်သည်။

မိုးပေါ်ကို ကြည့်လိုက်သည်။ လရောင်မရှိသလို ကြယ်ရောင်လည်းမရှိ ပေ။ ပေထင်းဟွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းကြီးချလိုက်သည်။ လပြည့်ညတော့မဟုတ်ပေ။

သူက ဒီမှာဘာလုပ်နေတာလဲ။ ရန်ငြိုးအဟောင်းတွေကို ရှင်းနေတဲ့ပုံပဲ။ ဘာတွေဖြစ်နေတာလဲ။ ပေထင်းဟွမ် ရှုပ်ထွေးသွားသည်။

“နတ်ဆိုးဧကရာဇ် မင်းက ငါ့ထက်သန်မာတာ မှန်ပါတယ်.. ဒါပေမဲ့ ဒီနေရာမှာ မင်းစွမ်းအားကို ဖိနှိပ်ထားတယ်.. မင်းကငါ့ထက် သန်မာနိုင်တော့ မှာမဟုတ်ဘူး လွန်မလာနဲ့.. မင်းက နှစ်တွေအများကြီး သခင်ကိုစွဲလမ်းခဲ့တာ ကြောင့်သာမဟုတ်ရင် ဒီလိုသာငါ့ကို အကြိမ်ပေါင်းများစွာလိုက်သတ်နေမယ် ဆိုရင်တော့ မင်းကို လပြည့်ညမှာ မင်းကိုသတ်ပစ်ပြီးပြီ” အဂူးသည် မျက်လုံး များကို ကျဉ်းမြောင်းလိုက်သည်။ သူ့မျက်လုံးထဲတွင် ဓားသွားကဲ့သို့ စူးရှသည့် အနီရောင်အလင်းတန်းလက်သွားသည်။

“အဂူး ဒီနယ်ပယ်က ငါ့ကိုဖိနှိပ်နိုင်ပါတယ်.. ဒါပေမဲ့ အဲဒီခွန်အားက အဆင့်ကိုပဲ တန်ပြန်နိုင်တာမဟုတ်ဘူးဆိုတာ မင်းသိရမယ်.. ငါ မင်းကို သေစေချင်ရင် ငါ လက်တစ်ချက်ဝှေ့လိုက်ရုံပဲ.. အဲတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ ငါ မရှင်းနေလို့ သူမရဲ့ဝိညာဉ်ကို နှစ်တွေအများကြီးလိုက်စုတာနဲ့တင် အလုပ်ရှုပ်နေခဲ့တာ.. မဟုတ်ရင် မင်း ဒီနေ့အထိ အသက်ရှင်လိမ့်မယ်လို့ထင်နေ လား” ချောက်ကမ်းပါးကဲ့သို့ မြင့်မားသည့် အသွင်အပြင်နှင့် ကမ္ဘာပေါ်သို့ ဆင်းသက်လာသော ဘုရင်တစ်ပါး၏ ရောင်ဝါနှင့်အတူ ယန်ယဲ့၏ အေးစက် သောမျက်နှာပေါ်တွင် စိတ်မရှည်ခြင်း အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။ သူသည် လက်မြှောက်ပြီး နူးညံ့စွာပင် လက်မနှင့် လက်ညှိုးကိုလှည့်လိုက်၏။ အနက်ရောင်မီးလျှံလုံးသည် သူ၏လက်ချောင်းထိပ်တွင် ကခုန်နေသည်။ ကမ္ဘာကို ဖျက်ဆီးနိုင်လောက်သည့် စွမ်းအားတစ်ခုသည် မီးလျှံငယ်တစ်ခုမှ ဆင်းသက်လာခဲ့သည်။

“ဖူး”

ထပ်ပြီးတောင့်မခံနိုင်တော့ဘဲ ပေထင်းဟွမ်သည် ရုတ်တရက် သွေးအပြည့်အန်ထွက်ကာ ကျောက်တုံးကြီးပေါ်သို့ တည့်တည့်ကျသွားသည်။ သူမ မေ့မလဲခင် နောက်ဆုံးအခိုက်အတန့်တွင် ပေထင်းဟွမ်သည် နောင်တများ ဖြင့် ပြည့်သွားသည်။ သူမက ဒီဆူပူအုံကြွမှုတွေကို ကြည့်ဖို့ ဘာလို့များ ဒီကို ရောက်လာမိတာလဲ။ ဒီလိုသေသွားတာ အရမ်းကို ရှက်ဖို့ကောင်းနေပြီလေ။

အရာအားလုံးကို ဝါးမျိုနိုင်သည့် မည်းနက်နေသောမီးလျှံများသည် သူ၏ ဖြူစွတ်နေသော လက်ချောင်းများအကြားတွင် ကခုန်နေသည်။ မီးလျှံနှစ်ခု ထပ်သွားသည်နှင့် ထိုပြင်းထန်သော ဖိအားသည် ကမ္ဘာကြီးပေါ်သို့ ကျရောက် လာသည်။ သူနှင့်မျက်နှာချင်းဆိုင်တွင်ရပ်နေသည့် အဂူးသည် ဖြူဖျော့သွားကာ သွေးထဲမှတက်လာသည့် ကြောက်ရွံ့မှုသည် မထိန်းချုပ်နိုင်လောက်အောင် ဝိညာဉ်ထဲသို့ ပျံ့သွားလေ၏။

“မရဏငရဲမီး.. မင်းမီးက ဒီကမ္ဘာကိုတောင် ပြောင်းလဲသွားစေနိုင်တယ်” အဂူးသည် ထွက်ပြေးရန် အားထုတ်လေသည်။

ယန်ယဲ့သည် ထိုမီးတောက်များဖြင့် သူ့ကို ရှို့လိုက်ပါက သူ့ဝိညာဉ်ပင် ကျန်တော့မည်မဟုတ်သည်ကို တွေးလိုက်သည့်ချိန်တွင် ယန်ယဲ့၏ လက် ငါးချောင်းသည် လေထဲတွင် ဆုပ်ကိုင်လိုက်ပြီး လက်ဖဝါးထဲမှ မီးတောက်များ သည် ပျောက်ကွယ်သွားလေသည်။ သူအင်္ကျီလက်ကို ဝေ့လိုက်သည်နှင့် ရုတ်တရက် အဂူးအား တိုက်ခိုက်လိုက်သည်။ ရွှေရောင်ခပ်ဖျော့ဖျော့ နတ်စွမ်းအားသည် အဂူး၏ခန္ဓာကိုယ်ကို ရိုက်မိပြီး ၎င်း၏ခန္ဓာကိုယ်သည် ဝိညာဉ်ခွဲတောင်တန်း၏ အတွင်းပိုင်းထဲသို့ ကြိုးပြတ်သွားသည့် စွန်ကဲ့သို့ ကျသွားလေတော့သည်။

“ဟွမ်အာ”

ယန်ယဲ့သည် ပေထင်းဟွမ်ဆီသို့ ရောက်လာသည်။ အကြောက်တရား သည် သူ့နှလုံးသားအား အဆိပ်ကဲ့သို့ ဖျက်ဆီးလိုက်သည်။ သူ အားကောင်း သော်လည်း မိုးပေါ်မှ ပြုတ်ကျလုမတတ်ပင်။ နူးညံ့သောအင်အားတစ်ခုသည် ပေထင်းဟွမ်အား ရစ်ပတ်လိုက်သည်။ သူမ၏ ပျော့ပျောင်းသောခန္ဓာကိုယ် သည် သူ့ရင်ခွင်ထဲသို့ ကျရောက်သွားပြီး သူမခန္ဓာကိုယ်၏ နွေးထွေးမှုကို ခံစားလိုက်ရပြီး‌ နောက်ဆုံးတွင် သူ့နှလုံးသားသည် သူ့ရင်ဘတ်ထဲသို့ ပြန်ရောက်လာသည်။

လွန်ခဲ့သည့်နှစ်ပေါင်း တစ်သောင်းကဖြစ်စေ နှစ်ပေါင်း တစ်သောင်း ကြာပြီးနောက်ဖြစ်စေ သူမကို ဆုံးရှုံးရမည့် နာကျင်မှုကို သူမခံစားနိုင်ပေ။

***

All Chapters