← Chapters

ထွက်ပြေးချင်နေပေမဲ့ တွန့်ဆုတ်နေတယ်

Vol. 14 Ch. 271

ထွက်ပြေးချင်နေပေမဲ့ တွန့်ဆုတ်နေတယ်

Vol. 14 Ch. 271

ယန်ယဲ့၏ အကြည့်သည် အလွန်ခက်ထန်နေရာ ပေထင်းဟွမ်သည် သူ့ကို တည့်တည့်ပင်မကြည့်ရဲပေ။ သူ၏လက်မသည် သူမခန္ဓာကိုယ်ရှိ အကြောများ အားလုံးကို လှုံ့ဆော်နေရာ ခန္ဓာကိုယ်၏တစ်လက်မစီတိုင်းသည် တုန်ယင်နေ သည်ကို ခံစားမိသည်။ ဤခံစားချက်ကြောင့် သူမ ထွက်ပြေးချင်သော်လည်း အနည်းငယ် တွန့်ဆုတ်နေပြန်သည်။

ယန်ယဲ့သည် ပေထင်းဟွမ်၏ ပုံမှန်မဟုတ်သည့်ပုံစံကို သတိထားမိပြီးဖြစ် ၏။ သူသည် သူမကိုလွှတ်ပေးပြီး ဂူအလယ်ရှိ နှင်းဖြူရောင်ကျားသားရေပေါ်သို့ လှဲလိုက်သည်။ ယန်ယဲ့သည် ထိုင်ကာ သူ့ဘေးသို့ ပုတ်ပြလေသည် “ဒီကိုလာခဲ့”‌

ပေထင်းဟွမ်သည် လျှောက်သွားပြီး သူ့ဘေးတွင်ထိုင်လိုက်သည်။ သူမ ခေါင်းအသာမော့ကြည့်ရာ သူ၏တောက်ပနေသော ခရမ်းရောင်မျက်လုံးများ ဖြင့် သွားဆုံလေသည်။ ကြည့်လိုက်သည်နှင့် အကြည့်မလွှဲနိုင်လောက်အောင် ပင်။ ပေထင်းဟွမ်သည် လက်မြှောက်ကာ သူမ၏ဖြူသွယ်သောလက်ချောင်း ထိပ်များဖြင့် သူ့မျက်လုံးကို ပွတ်သပ်ပေးလိုက်သည်။

သူမသည် သူ၏မျက်လုံးများကို ညင်သာစွာမှိတ်လိုက်သည်။ သူ၏ မျက်ခုံးများသည် ခမ်းနားလှကာ မျက်လုံးများသည် အလွန်ပင်ညုတုတုနိုင်လှ သည်။ စုတ်တံနှင့် မှင်ရည်တို့ဖြင့် ဆွဲရန်ပင်ခက်ခဲလှသော မျဉ်းကြောင်းများ သည် မတွေးနိုင်လောက်အောင် တောက်ပသည်။ ပေထင်းဟွမ်သည် လှပသော ယောက်ျားသားများကို မြင်ဖူးသည်။ မည်သူတစ်ဦးတစ်ယောက်ကမှ သူမ၏ စိတ်ကို မဆွဲဆောင်နိုင်ပေ။ သူမသည် မနစ်မြုပ်ဘဲမနေနိုင်ပေ။

“ယဲ့ ခင်ဗျားမျက်လုံးတွေက အရမ်းလှတာပဲ”

အသံသည် ဂူထဲတွင် နူးညံ့စွာထွက်လာသည်။ ထို့သော် ကမ္ဘာမြေကိုပင် ကွဲအက်စေလောက်သည်။ ၎င်းအသံသည် ယန်ယဲ့၏နားစည်ကို ကွဲအက်စေ ကာ သူ့ရင်ထဲတွင် အလွန်ကြီးမားသောလှိုင်းဂယက်ဖြစ်စေသည်။

အသက်ပြင်းပြင်းရှူရင်းနှင့် ယန်ယဲ့သည် စောလွန်းနေသည်ဟု သူ့ကိုယ် သူ သတိပေးနေမိသည်။ နှစ်ပေါင်းသောင်းချီ ပြန်ဝင်စားပြီးနောက် သူသည် ဤဝိညာဉ်ကို မှတ်မိပြီး သူမကိုစွဲလမ်းခဲ့သည်။ သို့သော် သူမတွင်တော့ ထို အတွေးမရှိသည့်ပုံပင်။ သူသည် စိုးရိမ်ခြင်းမရှိဘဲ သူမကို ကြောက်နေမိသည်။

သူမ၏လက်ကို ညင်သာစွာဆုပ်ကိုင်ရင်းနှင့် ယန်ယဲ့ မျက်လုံးများပွင့်လာ သည်။ ပေထင်းဟွမ်၏ ရင်မှာမခုန်ဘဲမနေနိုင်တော့ပေ။ သူ့လောက် ဘုန်းကျက်သရေရှိသူမျိုး ဤကမ္ဘာသုံထောင်တွင် ရှိတော့မည်မဟုတ်ပေ။

“ဘာလို့ ထွက်ပြေးလာလဲဆိုတာ ငါ့ကိုမပြောရသေးဘူးနော်” ယန်ယဲ့ သည် အစောက လန့်၍သေအံ့ဆဲဆဲဖြစ်သွားရာ သူမကို အလွယ်တကူလွှတ် မပေးနိုင်ပေ။ သူ၏ခရမ်းရောင်မျက်လုံးများသည် အနည်းငယ်ကျဉ်းမြောင်းကာ မြင့်မြတ်သောရောင်ဝါကို ထုတ်လွှတ်လေသည်။

“အာ” ပေထင်းဟွမ်သည် ယန်ယဲ့အပေါ်တွင် မွေးရာပါ ယုံကြည်နေမိပုံကို သိချင်သော်လည်း သူသည် မင်ကဲ့သို့ပင် သူမကို ဘယ်သောအခါမှ ထိခိုက်စေ လိမ့်မည်မဟုတ်ဟု ခံစားနေရသည်။ ထိုခံစားချက်သည် မည်သည့်နေရာမှ လာသလဲဆိုသည်ကို နားမလည်သော်လည်း သူမ၏အလိုလိုသိစိတ်ကို အလွန် ယုံကြည်သည်။ သူမသည် ယန်ယဲ့ဆီမှ မည်သည့်ကြောက်ရွံ့မှုမှ မခံစားရပေ‌။ “ကျွန်တော့်ကိုအရင်ပြော ခင်ဗျားက ဒဏ္ဍာရီလာနတ်မှော်ဆရာလား”

ပေထင်းဟွမ်၏ မျက်နှာလေးသည် အားမာန်ဖြင့်ပြည့်နှက်နေပြီး ကမ္ဘာ ကြီးရှေ့မှ သူမ၏အေးစက်မှုသည် ပြောင်းလဲသွားခဲ့သည်။ သူမ၏ မှင်ကဲ့သို့ မည်းနက်နေသာမျက်လုံးများသည် လင်းလက်နေသည်။ သူမသည် သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားကာ သူ၏ အလေးချိန်အများစုသည် ယန်ယဲ့၏ လက်ကောက်ဝတ်ပေါ် ကျရောက်နေသည်။ သူတို့နှစ်ယောက်ကြား မှ အကွာအဝေးသည် အလွန်နီးကပ်နေသည်ဟု မခံစားရပေ။

ယန်ယဲ့သည် သူမ မိန်းကလေးဖြစ်သည်ကို သိသော တစ်ဦးတည်းသော သူဖြစ်သည်။

မတတ်သာစွာဖြင့် အသက်ရှူထုတ်ပြီး ယန်ယဲ့သည် အပြစ်တင်မည့် စကားလုံးများကို မျိုသိပ်လိုက်သည်။ သူမသည် အလွန်ပင်ဉာဏ်ကောင်းသည်။ တစ်ခါရှုံးပြီးသည်နှင့် သူမသည် အနာဂတ်တွင် တူညီသောအမှားကို လုပ်မည် မဟုတ်ပေ။ သူမသည် အတိုက်အကြောင်းကို သိရန် စိတ်ရှည်ရှည်ဖြင့် စောင့်ခဲ့ သည်။ “နတ်ဘုံဆိုတာ ဒဏ္ဍာရီထဲမှာမရှိဘူး.. တကယ်တည်ရှိနေတာပဲ.. ရောက်ဖို့ခက်တာပဲရှိတယ်.. ပြီးတော့ ပင်မတိုက်က အရမ်းကိုနိမ့်ကျတဲ့နေရာပဲ သူတို့ခွန်အားက အဆင့်တစ်ခုကိုရောက်တာနဲ့ ကျွမ်းကျင်သူတွေက ပိုမြင့်တဲ့ နေရာကို သွားရလိမ့်မယ်”

သူမ၏ဝိညာဉ်သည် ကမ္ဘာပေါ်မှ ဤနေရာသို့ ရောက်လာသကဲ့သို့ပင်။ ပေထင်းဟွမ်သည် အတွေးထဲနစ်မြောမိသည်။ သူမသည် ယန်ယဲ့၏ တိုးညင်း သောအသံကို နားထောင်ရင်း မီးတောက်ကို စိုက်ကြည့်နေသည်။ “ဟွမ်အာ အခု အဲဒါတွေကို အာရုံမစိုက်နဲ့.. မင်း ခွန်အားက အဆင့်တစ်ခုရောက်ပြီဆိုရင် တချို့ကိစ္စတွေကို အလိုလိုသိလာလိမ့်မယ်.. အဲဒီအထွတ်မြတ်သားရဲက မင်း ထင်သလောက် အားမကောင်းဘူး.. ကောင်းကင်အဆင့်ပညာရှင်လောက်ပဲ တွေးလို့ရမှာ.. ငါ သူ့ကိုသတ်ချင်ရင် လက်ချောင်းလေးလှုပ်လိုက်တာနဲ့ အဲဒီ မြွေလေးက အကြိမ်‌ပေါင်းထောင်ချီသေနေလောက်ပြီ”

***

All Chapters