← Chapters

သူတို့သခင်ကို အောင်နိုင်ခဲ့တာလား *

Vol. 14 Ch. 272

သူတို့သခင်ကို အောင်နိုင်ခဲ့တာလား *

Vol. 14 Ch. 272

“သူ့ကို မသတ်တာ သူ့သခင်ကြောင့်လား.. သူမ သေသွားတာလား.. သူမ တကယ်ကြီးသေသွားတာလား” ပေထင်းဟွမ်သည် ယန်ယဲ့၏ မျက်လုံးများကို စိုက်ကြည့်နေသည်။ သူမ၏အသံသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေကာ သူမကိုယ်တိုင်ပင် သတိမထားမိပေ။

သို့သော် ထိုစိတ်လှုပ်ရှားမှုကြောင့်ပင် သူ၏နီရဲသောနှုတ်ခမ်းများကို လှပ စွာတွန့်ကွေးသွားစေသည်။ သူ၏ခရမ်းရောင်မျက်လုံးများသည် ခမ်းနားစွာ လင်းလာပြီး ပန်းပွင့်လာသကဲ့သို့ ဖြစ်နေသည်။ သူသည် လက်မြှောက်ပြီး သူမ၏ နှာခေါင်းကို ဆိတ်လိုက်သည်။ သူ့အသံသည် ဖမ်းစားနိုင်လှသည် “ဟုတ်တယ် ဟွမ်အာ မင်း သူမရဲ့ဇာတ်ကြောင်းကို သိချင်ရင် သန်မာအောင် ပိုကြိုးစားရမယ်”

“ဟင်း ပြောချင်ရင် ပြောလို့ရရဲ့သားနဲ့” ပေထင်းဟွမ်သည် စိတ်ထင့်သွား သော်လည်း အနည်းငယ် မပျော်မရွှင်ဖြစ်တုန်းပင်။ သူမသည် အံကြိတ်ကာ ခေါင်းလှည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ်ချဉ်သွားသလိုခံစားရသည်။ ထိုခံစားချက်သည် သူမကို ကြောက်လန့်စေသည်။ သူမ ထရပ်ကာ အမြန်ထွက် ပြေးသွားရန်ဟန်ပြင်လိုက်သော်လည်း ယန်ယဲ့သည် သူမကို ဆုပ်ကိုင်ထား လိုက်သည် “မင်းရဲ့နတ်မိစ္ဆာဓားခုတ်ချက်ထောင်ချီရော”

“ဘာလဲ” ပေထင်းဟွမ်သည် ခံရခက်စွာဖြင့် ထွက်သွားမည့်ဟန်ပြုသည်။ ယန်ယဲ့သည် သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော်လည်း သူမ မရုန်းကန်ပေ။

ယန်ယဲ့သည် သက်ပြင်းချပြီး ထရပ်လိုက်သည်။ သူ့လက်သည် သူမ၏ လက်မောင်းပေါ်မှတဆင့် ပခုံးပေါ်သို့ရောက်သွားသည် “ဟွမ်အာ လန်ချန်းမိုက ငါ့စကားတွေကြောင့် မင်းရဲ့ဆရာဖြစ်ဖို့ လက်ခံလိုက်တယ်လို့ထင်လား.. လန်ချန်းမိုက နတ်ဘုံအဆင့်ကို ရောက်တော့မယ်လို့ ပြောလို့ရတယ်.. သူ့မှာ လည်း သူ့မာနနဲ့သူပဲ.. အဲတုန်းက သူနဲ့ ပေထင်းမိသားစုက ပေထင်းလန်တို့က ‘ကျောက်စိမ်းသစ်ပင်နဲ့ ဓားထောင်ချီရဲ့နတ်ပုလွေ’ ဆိုပြီး နာမည်ရခဲ့တာ.. သူတို့တွေက အရမ်းရင်းနှီးကြတယ်.. ကျောက်စိမ်းသစ်ပင်ပေထင်းလန်သာ ရုတ်တရက် မိန်းမနဲ့ကလေးသာရသွားရင် သူတို့က နတ်ဖက်တဲ့စုံတွဲဆိုပြီး အကုန်လုံးတွေးခဲ့ကြမှာပဲ”

“ကျောက်စိမ်းသစ်ပင်ပေထင်းလန်လား..” ပေထင်းဟွမ်သည် ထိုစကား များကို ဖြည်းညင်းစွာ ရေရွတ်မိသည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် သူတို့ကို အလွန်ရင်းနှီးနေသည်။ သူမသွေးထဲမှ ရင်းနှီးမှုများ ကြွတက်လာသည်။ သူမ ရုတ်တရက် ခေါင်းလှည့်ပြီး ယန်ယဲ့အား ကြည့်လိုက်သည် “ကျွန်တော့်အဖေနဲ့ အမေကို သိတာလား”

“ကျောက်စိမ်းသစ်ပင် ပေထင်းလန်ကို ပြောဖို့တောင်မလိုဘူးလေ.. သူက ဒီတိုက်မှာ ပြိုင်ဘက်ကင်းပါရမီရှင်ပဲ.. ယဲ့မင်ယင်းကတော့ ငါလည်း သူမရဲ့ နောက်ခံကိုမသိဘူး.. သူမရဲ့သိုင်းပညာက အရမ်းကိုထူးခြားတယ်.. ဟုတ်တယ်”

သူသည် စိတ်မချမ်းမြေ့ဖွယ်ရာ တစ်စုံတစ်ခုကို ပြောတော့မည့်ပုံပေါက် နေရာ သူ့အတွေးများကို အာရုံခံနေသည့် ပေထင်းဟွမ်သည် မျက်လုံးများကို ကျဉ်းမြောင်းကာ အန္တရာယ်များသော အမူအရာဖြင့် သူ့ကိုသတိပေးလိုက်၏။ ယန်ယဲ့သည် မရယ်ဘဲမနေနိုင်တော့ပေ။ သူ့မျက်လုံးထဲမှ မြတ်နိုးသည့် အကြည့်များသည် ထွက်ကျမတတ်ပင်။ ပေထင်းဟွမ်သည် ရှက်သွားကာ သူ့ကို ကြည့်ပြီးပြောလိုက်သည် “အနည်းဆုံး ခင်ဗျားအတွက် ဘာကောင်းလဲဆိုတာ သိတယ်မလား”

ထိုမြင်ကွင်းကိုကြည့်ပြီး ဂူဝင်ပေါက်တွင် စောင့်ကြပ်နေသည့် အစောင့် လေးဦးတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူတို့သည် မြင်နေရသည့်အရာ ကိုပင် မယုံနိုင်ပေ။ အဲဒါ သူတို့ရဲ့ သခင်ဟုတ်ရဲ့လား။ ဧကရာဇ်လိုမျိုး မြင့်မြတ် ပြီးဂုဏ်ရှိတဲ့ သူတို့ရဲ့သခင်များလား။ ဒါက သက်ရှိတွေအကုန်လုံးကို အထင်သေးပြီး တစ်ယောက်ယောက်ကို ကြည့်ဖို့တောင် ကပ်စီးကုပ်တဲ့ သူတို့ သခင်လား။ သူတို့ ဘာမြင်လိုက်တာလဲ။ အာ.. ပေထင်းမိသားစုရဲ့ သခင်လေး ၉ က နည်းနည်းလောက် တွေ့ပြီးတာနဲ့ သူတို့သခင်ကို ဆွဲဆောင်လိုက်ပြီလား။ ပြီးတော့ သူက… ယောက်ျားချင်း စိတ်ဝင်စားတဲ့သူလား။

ကိုယ်ရံတော်လေးယောက်သည် သူ့ကို ကြည့်ပင်မကြည့်ရဲတော့ပေ။ သူတို့သည် ပြန်လှည့်သွားကာ မျက်နှာများကို လက်ဖြင့် ကာထားလိုက်ကြ၏။ ထို့နောက် သူတို့သည် နားထဲတွင် အားတက်သရော်ရယ်သည့် ရယ်သံကို ကြား လိုက်ရသည်။ ထိုပေါ့ပါးသောအသံကို အလွန်ရင်းနှီးနေသည်။ သူတို့သည် နားကြားမမှားသည်ကိုလည်း သေချာနေသည်။ သူတို့၏သခင်သည် အမှန်တကယ်ပင် ရယ်မောနေသည်။ နှစ်တစ်သောင်းသက်တမ်းရှိတဲ့ ရေခဲမြစ် လိုလူမျိုးက ရေခဲနဲ့နှင်းတွေ အရည်ပျော်တဲ့အချိန်ရောရှိသေးတာလား။ ရယ်လိုက်တာလား။ ရယ်လိုက်တာပေါ့။

ကိုယ်ရံတော်လေးယောက်သည် သူတို့ဆီသို့ အကြောက်တရားလှိုင်းကြီး တစ်ခုရောက်လာသလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ရွှမ်ဝူ၊ ပိုင်ဇဲ့၊ ပီဖန်းတို့သည် ချုံချီအား ထူးဆန်းသောအကြည့်ဖြင့် ကြည့်ကြလေသည်။ ချုံချီ သည် သတ္တိရှိလွန်းသည်ဟု သူတို့စိတ်ထဲတွင် တွေးနေကြသည်။ သူသည် သေရမည်ကိုမကြောက်ပေ။ ထိုနေ့က သူသည် ဝိညာဉ်ခွဲတောင်ကြားတွင် သခင်ဖြစ်သူ၏ အချစ်တော်နှင့်တိုက်ခိုက်ခဲ့ကာ တစ်ဖက်လူကို ဒဏ်ရာရအောင် လုပ်ပြီးနောက် အသက်ရှင်ကျန်ခဲ့သည်။ သူ၏ကံကြမ္မာသည် မရိုးရှင်းနိုင်ပေ။

ခွန်အားနှင့်ပတ်သက်၍ အားကျစရာတော့မရှိပေ။ ခေတ္တမျှလေ့ကျင့် လိုက်သည်နှင့် ကျင့်ကြံနိုင်သည်။ ကံကြမ္မာကိုတော့ ကောင်းကင်ဘုံက ချပေး ခြင်းဖြစ်သည်။ ချုံချီကို ကောင်းကင်ဘုံက ဘယ်လောက်တောင် မျက်နှာသာ ပေးလိုက်လဲ။

***

All Chapters