နက်ရှိုင်းသောအမုန်းတရား
Vol. 14 Ch. 273
“အဲနောက်ပိုင်း ဘယ်လိုဖြစ်သွားလဲ” ပေထင်းဟွမ်သည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ဤခန္ဓာကိုယ်ပိုင်ရှင်၏မိဘများသည် သူမ၏မိဘများ ပင်ဖြစ်သည်။ ၎င်းသည် သူမ၏နောက်ခံနှင့် ဆက်စပ်နေသဖြင့် လျစ်လျူမရှုနိုင် ပေ “သူတို့အကုန်သေသွားပြီဆိုတဲ့သတင်းပဲ ရလိုက်တယ်.. သူတို့သေသွား တယ်ဆိုတာကို ငါ မယုံဘူး.. သူတို့ ဘယ်သွားလဲဆိုတာ သိလား”
ယန်ယဲ့၏ ချစ်ရည်လဲ့နေသောအကြည့်များသည် ပေထင်းဟွမ်အပေါ်၌ သာရှိနေသည်။ သူမဝမ်းနည်းနေပုံကို ကြည့်ရသည်မှာ သူ၏အသည်းကို အကြိမ်ပေါင်းရာချီယားယံသွားစေသည်။ သူသည် လက်မြှောက်ကာ ပေထင်းဟွမ်၏နဖူးကို အသာပုတ်ကာ သူမကို စိတ်ငြိမ်အောင်လုပ်ပေးလိုက် သည် “ငါက ဒီကိစ္စတွေရဲ့ နည်းနည်းလေးကိုပဲသိထားတာ.. အဲတုန်းက ငါ ရောက်လာတာ နှစ်နည်းနည်းပဲရှိသေးတာ.. သူတို့တွေကို အင်အားစုကြီးတချို့ က လိုက်ခဲ့တယ်လို့ကြားတယ်.. နောက်တော့ သူတို့ပျောက်သွားတာပဲ သူတို့ ဘယ်သွားလဲဆိုတာ ဘယ်သူမှမသိကြဘူး.. နောက်ပိုင်း ငါစုံစမ်းရသလိုဆို သူတို့တွေ မသေဘူး.. ဒီအတိုင်း ဒီနယ်မြေမှာမရှိတော့တာပဲ”
“သူတို့တွေက ဒီနယ်မြေမှာမရှိတော့တာဟုတ်လား” ပေထင်းဟွမ်သည် ဤရလဒ်ကိုမမျှော်လင့်ပေ။ သို့သော် သူမ၏မိဘများ ဆုံးပါးသွားသည်ဟု သိလိုက်ရသည်ထက် ပိုကောင်းသည်။ သူမသည် သက်ပြင်းကြီးမချဘဲမနေနိုင် တော့ပေ “သူတို့ ဘယ်သွားသွားပါ ကျွန်တော် သူတို့ကိုရှာမယ်”
သူတို့သည် သူမ၏မိဘများဖြစ်ကြသည်။ သူတို့နောက်သို့ အဖွဲ့အစည်း ကြီးများမှ လိုက်နေသည်။ ထိုအဖွဲ့အစည်းများသည် အော့နှလုံးနာဖွယ်ရာ ဖြစ်သည်။
မည်သည့်အဖွဲ့အစည်းများ ပါဝင်နေသည်ကို ပေထင်းဟွမ် မမေးပေ။ သူမ၏လက်ရှိခွန်အားနှင့်ဆိုလျှင် မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေကာမူ သူမ လုပ်နိုင်သည့်အရာ ဘာမှမရှိပေ။ သူမ လုပ်နိုင်သောအရာမှာ သူမကိုယ်သူမ သန်မာအောင်လုပ်ပြီး အနာဂတ်တွင် သူမ၏ပြဿနာများကို ဖြေရှင်းနိုင်မည့် အစွမ်းအစရှိလာပြီး မိဘများအတွက် လက်စားချေရန်ဖြစ်သည်။
ယန်ယဲ့သည် ပေထင်းဟွမ်၏ စိတ်နေသဘောထားကြောင့် ထိတ်လန့်နေ မိသည်။ သူမသည် ဇွဲကြီးသလို တည်ငြိမ်နေနိုင်သေးသည်။ သူမသည် အမျှော်အမြင်ရှိကာ မွန်မြတ်သည့်စိတ်ထားရှိသည်။ သူမသည် အခြေအနေကို ကြံ့ကြံ့ခံကာ အကဲဖြတ်နိုင်သည်။ ထပ်မေးလျှင်လည်း အသုံးမဝင်နိုင်သည်ကို သိသဖြင့် ထပ်မမေးတော့ပေ။
သို့သော် ဤအရာသည် မိဘများ၏ နက်ရှိုင်းသောအမုန်းတရားဖြစ်သည်။ သူမကဲ့သို့လူမျိုး ဤကမ္ဘာပေါ်တွင် မည်မျှရှိနိုင်မည်နည်း။ နှုတ်ဆိတ်ကာ တောင့်ခံပြီး လှုပ်ရှားရန် အခွင့်အရေးကိုစောင့်နေခဲ့သည်။
“ကျွန်တော် မမေးချင်တာမဟုတ်ဘူး.. ဖြစ်နိုင်သလောက် အချိန်တို အတွင်းမှာ လက်စားချေချင်လို့ပဲ” သူမကိုယ်သူမ အခိုင်အမာပြောဆိုလိုက် သကဲ့သို့ ပေထင်းဟွမ်သည် အံကြိတ်ကာ ခက်ထန်စွာပြောလေသည်။
လပြည့်ညမဟုတ်သော်လည်း ယန်ယဲ့သည် စိတ်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရ၏။ သူသည် ပေထင်းဟွမ်အား ညင်သာစွာ ရင်ခွင်ထဲဆွဲသွင်းကာ သူမ၏ပခုံးပေါ်သို့ မေးတင်လိုက်သည် “ဟွမ်အာ မင်း သူတို့ကိုမုန်းရင် သူတို့ကို ချေမှုန်းဖို့အတွက် ငါ ကူညီပေးမယ်”
“မဟုတ်ဘူး”
သူမ၏အသံသည် ခိုင်မာလှသည်။ ပေထင်းဟွမ်၏အပြုံးသည် မီးအလင်း ထဲတွင် သွေးဆာနေသည် “ကျွန်တော့်ကိစ္စတွေမှာ ဝင်မပါပါနဲ့… အဲလူတွေကို ကျွန်တော့်အစွမ်းအစနဲ့ပဲ အဆပေါင်းဆယ်ချီရာချီ ပြန်ပေးဆပ်ခိုင်းမယ်”
ဤအရာသည် ပေထင်းဟွမ်ဖြစ်သည်။ သည်အရာမှာ သူမဖြစ်သည်။ သူမ ၏ အရင်ဘဝသို့မဟုတ် ယခုဘဝတွင် မည်သို့ဖြစ်စေကာမူ သန်မာခြင်းနောက် ကို သူမလိုက်သည်။ သူမကိုချစ်သူများနှင့် သူမချစ်သောသူများအားလုံးကို ကာကွယ်ချင်သည်။
ကြယ်အလင်းမှိန်သွားသည်နှင့် နေထွက်ပြီး လဝင်သွားပြန်၏။ ဂူအတင် ပေါက်တွင် ပထင်းဟွမ်သည် ယန်ယဲ့၏ကိုယ်တိုင် လမ်းညွှန်မှုအောက်တွင် လက်ထဲရှိဓားပျော့ကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်နေပြီဖြစ်သည်။ ကမ္ဘာ့ အသန်မာဆုံးဓားသိုင်းဖြစ်သည့် နတ်မိစ္ဆာဓားခုတ်ချက်တစ်ထောင်ကို နတ်လက်နက်ညကွပ်မျက်နှင့်တွဲဖက်လိုက်သောအခါ ကြယ်ဓားသခင်၏ ကြယ်ဝိညာဉ်ကွပ်မျက်နှင့်ပင် ယှဉ်နိုင်လေသည်။
ဓားပျော့ကိုးချောင်းကို အဖြူရောင်ပိုက်ကွန်အဖြစ် ယက်လုပ်ကာ ပစ်မှတ်ကို ဘောင်ခတ်ထားနိုင်သည့် အားကောင်းသောကာကွယ်ရေး အတားအဆီးကို တည်ဆောက်နိုင်လေသည်။ ကျန်သည့် ဓားပျော့ ၁၈ ချောင်း သည် ကြက်ခြေခတ်အဖြစ်တည်ဆောက်ကာ ပစ်မှတ်ကို အုပ်ထားနိုင်သည်။ နှင်းဖြူရောင်ဓားအလင်းလက်လာသည်။ ကောင်းကင်အဆင့် ပညာရှင်ပင်လျှင် ထိုဓားပိုက်ကွန်မှ ထွက်ပြေးရန် ခက်ခဲလိမ့်မည်။
နတ်လက်နက်၏ ကောင်းကင်ဘုံကိုအံတုနိုင်သော စွမ်းအားကြီးသည့် ပညာနှင့်ပေါင်းစပ်လိုက်လျှင် မမြင်နိုင်သောစွမ်းအားတစ်ခုသည် ဤဓားပျံ၏ စွမ်းအင်ကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေး၏။ ရန်သူနှင့်ရင်ဆိုင်ရချိန်တွင် သူသည် ဓားပျံပိုက်ကွန်ပြုလုပ်ကာ ရန်သူကို ချောင်ပိတ်နိုင်၏။ ထိုနေရာသို့ ဝင်ပြီးပြန်ထွက်လာလျှင် ထိုကဲ့သို့စွမ်းအားသည် ရန်သူကို ကြောက်သွားစေ လောက်သည်။ စဉ်းစားကြည့်ရုံနှင့်တင် စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။
***