← Chapters

အနမ်းနဲ့ဘာလို့ကျေးဇူးမတင်တာလဲ

Vol. 14 Ch. 274

အနမ်းနဲ့ဘာလို့ကျေးဇူးမတင်တာလဲ

Vol. 14 Ch. 274

“ယဲ့ ဒီဓားပျံနှစ်ခွရဲ့ ကိုယ်ပျောက်သိုင်းက အရမ်းကိုမိုက်တာပဲ”

ထွက်မသွားခင်တွင် ပေထင်းဟွမ်သည် ဓားပျံပေါ်တွင်ရပ်နေသည်။ ဓားပေါ်တွင်ရပ်ပြီး ပျံရသည့်ခံစားချက်မှာ သူမအရင်ဘဝရှိ ဇာတ်လမ်းများကို သွားအမှတ်ရစေသည်။ ထိုကျင့်ကြံသူများသည် ကောင်းကင်ပေါ်တွင် ဓားပျံကို လွတ်လပ်စွာစီးနိုင်ကြသည်။ တီဗီထဲတွင် ဓားပျံတစ်ချောင်းကိုသာမြင်ခဲ့ရ၏။ သို့သော် ယခုအခါ ပေထင်းဟွမ်သည် ဓားပျံသုံးလက်ပေါ်တွင်ရပ်နေရသည်။ ၎င်းတို့သည် ခါးပတ်ပတ်ရလောက်အောင် ပျော့ပျောင်းကာ သူမကို ဝန်းရံပြီး အတားအဆီးအဖြစ် ပြုလုပ်ပေးထားသည်။ အဝေးမှကြည့်လျှင် သူမသည် အမတကဲ့သို့ အလွန်ပင် ကြည့်ကောင်းလှသည်။

“ဟွမ်အာ ငါ့ကို ဘယ်ကိုကျေးဇူးတင်မှာလဲ” ယန်ယဲ့သည် လေပေါ်တွင် ပေါလောပေါ်နေရာ သူ၏ခရမ်းရောင်ဝတ်ရုံသည် လွင့်နေသည်။ မြတ်နိုးမှုများ ပြည့်နှက်နေသည့် သူ၏ခရမ်း ရောင်မျက်လုံးများသည် ပေထင်းဟွမ်အား စိုက်ကြည့်နေသည်။ သူ၏နှုတ်ခမ်းများသည် မက်မွန်ပန်းပွင့်ကဲ့သို့ ကွေးတက် ပြုံးသွားလေသည် “အနမ်းနဲ့ ဘာလို့ကျေးဇူးမတင်ရမှာလဲ”

“ဟား ဟား ဟုတ်ပြီ” ပေထင်းဟွမ်သည် လက်မြှောက်ကာ အဝေးမှ အနမ်းပစ်ပေးလိုက်သည်။ သူမသည် လှည့်ပြီးနောက် အူလိုက်သည်းလိုက် ရယ်မောလိုက်သည်။ သူမ၏ပုံရိပ်သည် လှည့်လည်သွားလာသူစခန်းဆီသို့ ပျံသွားလိုက်သည်။ သူမ၏ အနက်ရောင်ဝတ်ရုံသည် လေနှင့်အတူလွင့်ပါနေ ကာ နေရောင်အောက်တွင် အဖြူရောင်စက်ဝိုင်းအလင်းသည် အေးစက်စွာ လင်းလက်နေသည်မှာ သူမကို အဇူရာစစ်နတ်ဘုရားနှင့်ပင် ဆင်တူစေသည်။

ယန်ယဲ့၏ခရမ်းရောင် မျက်လုံးများသည် သူမဆီမှမခွာနိုင်သေးပေ။ သူမသည် မိုးကုတ်စက်ဝိုင်းအတွင်းတွင် အနက်ရောင်အစက်အပျောက်ဖြစ်သွား သည်အထိ သူသည် သူမဆီမှ အကြည့်မခွာနိုင်သေးပေ‌။

“အေဂူး မင်းသခင်က မင်းအတွက် အသနားခံပေးမှတော့ မင်းအသက်ကို သက်ညှာပေးလိုက်မယ်” ယန်ယဲ့၏ ပန်းပွင့်လွှာနှင့်တူသော နှုတ်ခမ်းမှ ထိုစကားများထွက်လာသည်။ ရှည်လျားသော ဆံပင်နက်တ်ချောင်းသည် သူ့လက်ချောင်းတွင် ရစ်ပတ်ပါလာသည်။ သူသည် ဂရုတစိုက်ဖြုတ်ကာ ညာဘက်လက်ရှိ လက်စွပ်တွင် ညင်သာစွာရစ်ပတ်လိုက်သည်။ သူ၏ လက်ချောင်းထိပ်တွင် အနက်ရောင်မီးတောက်လုံး ခုန်တက်လာသည့်အချိန် တွင် ထိုဆံပင်သည် လက်စွပ်အတွင်းသို့ ရောက်သွားပြီဖြစ်သည်။

ထိုဆံပင်သည် ပေထင်းဟွမ် သူ့ရင်ခွင်ထဲအိပ်သွားစဉ်က ကျန်ခဲ့သည့် ဆံပင်ဖြစ်သည်။

တောင်တန်းသည် မြင့်လိုက်နိမ့်လိုက်နှင့်၊ ထူထဲသောတောအုပ်ကို နေရောင်မှ လွှမ်းခြုံထားသည်။ မရေမတွက်နိုင်သော စွန့်စားသူများသည် ဝိညာဉ်ခွဲတောင်တန်းတွင် နေ့စဉ်နှင့်အမျှသေဆုံးနေရသည်။ မေရှို့သည် မသေချင်သေးပေ။ အကြောင်းမှာ သူ့အသက်ကို တန်ဖိုးထားနေခြင်းကြောင့် မဟုတ်ဘဲ သူ၏အရှင်ဖြစ်ူ လက်စားမချေပြီးမချင်း အေးအေးချမ်းချမ်း သေဆုံး နိုင်မည်မဟုတ်သောကြောင့်ပင်။ သူ၏မိဘများသည် လွန်ခဲ့သည့်နှစ် အနည်းငယ်က ငွေလရောင်အင်ပါယာဆန့်ကျင်မှုတွင် သေဆုံးခဲ့ပြီဖြစ်သည်။

“အစ်ကို သူ့ကိုတားရအောင်.. အစ်ကိုက ခေါင်းဆောင်ကိုပြန်သွားရှာ လိုက် ထိပ်တိုက်မတိုက်ခိုက်နဲ့နော်” မေလော့သည် ကြယ် ၉ ပွင့်ဝိညာဉ်သခင် အဆင့်သာရှိသေးသည်။ သို့သော် အရေးကြုံသောခိုက်အတန့်တွင် သူမသည် အားကောင်းသော ကြယ် ၅ ပွင့်မွန်မြတ်သောသားရဲ ဝင်ရိုးစွန်းနှင်းစပါးအုံးမြွေ ကိုမကြောက်ပေ။ သူမ အသေခံပြီး အစ်ကိုဖြ်သူကို သက်ရှင်ခိုင်းမည်။

ဤကြယ် ၅ ပွင့် နှင်းစပါးအုံးမြွေရှေ့တွင် သူတို့၏အဖွဲ့ငယ်လေးသည် ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိပေ။

“မဟုတ်ဘူး ညီမလေး မင်းအရင်သွားလိုက်.. ခေါင်းဆောင်တို့ကိုသွားရှာ ပြီး ငါတို့ကို လာကယ်လှည့်.. မြန်မြန် မင်းကို မြန်မြန်သွားဖို့ ငါ အမိန့်ပေးတယ်” မေရှို့၏လက်နက်သည် အညှာတာမဲ့စွာဖြင့် နှင်းစပါးအုံးမြွေရှိရာသို့ ခုတ်ထစ် နေသည်။ ဓားတစ်ချောင်းသည် ကွေးကောက်နေပြီဖြစ်သည်။ ကြယ် ၃ ပွင့် ဝိညာဉ်သခင်ကြီး၏ခွန်အားသည် ၎င်းကိုအနည်းငယ် နာကျင်သွားစေသော် လည်း ဒေါသထွက်စေရာ သူ၏အမြီးကို ကြမ်းတမ်းစွာဖြင့် အဖွဲ့ငယ်ဆီသို့ ယမ်းလိုက်သည်။

တိုက်ခတ်လာသောလေသည် သစ်ရွက်နှင့် မြေဆီလွှာများကို မွှေနှောက် သွားသည်။ မောင်နှမနှစ်ယောက်၏စိတ်တွင် ခြောက်ကပ်မှုများဖြင့် ပြည့်နေ သည်။ သူတို့၏ အသက်သည် ဤနေရာတွင် အဆုံးသတ်ရတော့မည်။

မျက်စိတစ်မှိတ်အတွင်းတွင် နှင်းဖြူရောင်အလင်းသည် မိုးပေါ်မှ ဆင်းသက်လာသည်။ နှင်းဖြူရောင်ပိုးသားဖြင့် ပြုလုပ်ထားသည့် ကြီးမားသော ပိုက်ကွန်သည် မြေပေါ်မှနှင်းစပါးအုံးမြွေ၏‌ဦးခေါင်းကို အုပ်လိုက်သည်။ ၎င်းသည် ဓားပျော့ပြုလုပ်ထားသော ဓားပိုက်ကွန်ဖြစ်သည်။ ဓားတိုင်းကို အပြာရောင်ဒြပ်စင်စွမ်းအင်အလွှာဖြင့် ရစ်ပတ်ထားသည်။ အလွန်မြန်ဆန်သော အရှိန်ဖြင့် ဓားပျော့သည် အလျင်အမြန်ပင် တစ်နေရာတည်းတွင် စုစည်းသွား သည်။ ကြီးကျယ်ခမ်းနားသောရောင်ဝါဖြင့် ဓားပျော့များသည် နှင်းစပါးအုံးမြွေ ၏ ဦးခေါင်းဆီသို့ ခုတ်ချလိုက်သည်။

လျှပ်စီးလက်သွားသည်မှာတော့ ပြောရန်ပင်မလိုပေ။

အားလုံး၏အမြင်တွင် တံလျှပ်များကိုသာ မြင်လိုက်ရသည်။ သူတို့၏ အကြည့်ထဲမှ လှုပ်ရှားမှုများသည် ဓားပျော့ပြောင်းလဲသွားသည့်အရှိန်၏ ဆယ်သန်းပုံ တစ်ပုံပင်မမှီပေ။ ဓားပျော့ ၁၈ ချောင်းသည် တစ်နေရာတည်းတွင် ရောယှက်သွားကာ ရောင်ဝါလည်းစုစည်းမိသားဖြစ်သွား၏။ နှင်းဖြူရောင် ဓားဖျားသည် နှင်းစပါးအုံးမြွေ၏ဦးခေါင်းကို တည့်တည့်ထိုးစိုက်သွားလေသည်။

***

All Chapters