← Chapters

တပ်ဦးစီး မင်းလား *

Vol. 14 Ch. 275

တပ်ဦးစီး မင်းလား *

Vol. 14 Ch. 275

ဘုန်း…

နှင်းစပါးအုံးမြွေ၏ဦးခေါင်းကို စူးရှသောအလင်းပစ်မှတ်သွားသည်နှင့် မိုးကောင်းကင်ကို လှုပ်ခါစေသည့် ကျယ်လောင်သောအသံထွက်ပေါ်လာ၏။ စူးရှသောနာကျင်စွာ အော်ဟစ်သံနှင့်အတူ တိုက်မိရာမှထွက်လာသော ကြီးမား သည့် လေလှိုင်းကြီးသည် တစ်လွှာပြီးတစ်လွှာဆီသို့ ပျံ့နှံ့သွားလေသည်။ ကမ္ဘာ မြေကြီးကို ကွဲအက်စေလောက်သည့် ရောင်ဝါသည် အဘက်ဘက်သို့ ပြန့်ကျဲ သွားကာ ပတ်ပတ်လည်မှ အရာများအားလုံးကို မှောက်သွားစေသည်။ အဖွဲ့ငယ် များ၊ မြေဆီလွှာများနှင့်အတူ ပြိုလဲသွားသော သစ်ပင်ပင်စည်များသည် မုန်တိုင်းနှင့် ကြုံလိုက်ရသလို ကြေကွဲစရာမြင်ကွင်းဖြစ်ခဲ့လေသည်။

ပေထင်းဟွမ်၏ နတ်အာရုံသည် ကြီးမားသောနှင်းစပါးအုံးမြွေဆီသို့သာ ကျရောက်နေသည်။ ၎င်းသည် မွန်မြတ်သောသားရဲဆိုပါက ပေထင်းဟွမ်သည် မွန်မြတ်သောသားရဲချပ်ဝတ်တန်ဆာမရှိလျှင်တောင် ထွက်ပြေးနိုင်သည့် အစွမ်းအစရှိသည်ဟု သတိပေးနေသလိုပင်။ နှင်းဖြင့်လေ့ကျင့်ထားသော ခန္ဓာ ကိုဘ်၏ ကာကွယ်မှုနှင့်အတူ သူမသည် မွန်မြတ်သောသားရဲ၏ ချောင်းမြောင်း တိုက်ခိုက်မှုကိုပင် မကြောက်ပေ။

မုန်တိုင်းသည် တဖြည်းဖြည်းငြိမ်သက်သွားသည်နှင့် တောင်ကုန်းပေါ်မှ အသံများသည် ထူးဆန်းလာသည်။ မေရှို့နှင့် မေလော့တို့သည် မြေပေါ်မှ ထကာ ခေါင်းလှည့်ပြီး ကြည့်လိုက်သည်။ သူတို့အတွက် ထိတ်လန့်သွားစေ သည်မှာ မယှဉ်နိုင်လောက်အောင် အင်အားကောင်းသော နှင်းစပါးအုံးမြွေသည် မြေပေါ်တွင် အကြောလိုက်နေပြီဖြစ်သည်။

နှင်းစပါးအုံးမြွေ၏အရေသည် အထူးသဖြင့်မာကြောကာ ၎င်း၏ ကာကွယ်မှုမှာလည်း ကောင်းကင်ကိုပင် အံတုနိုင်သည်။ အထူးသဖြင့် ၎င်း၏ ဦးခေါင်း၌ဖွက်ထားသည့် နတ်မိစ္ဆာဗဟိုချက်သည် ထိုးဖောက်ရန် ခက်ခဲသည်။ သို့သော် ဤအခိုက်အတန့်တွင် အသားများသွေးများဖြင့် ရှုပ်ပွနေကာ သွေးများ စီးကျနေခဲ့သည်။ ၎င်း၏မီးပုံးအရွယ်အစားရှိသည့်မျက်လုံးများသည် တစ်ဝက် ပိတ်ကာ သေအံ့ဆဲဆဲဖြစ်နေပြီ။ ၎င်း၏အသက်မှာ အန္တရာယ်သို့ကျရောက်နေ လေပြီ။

အားကောင်းလိုက်တာ။ မိုးပေါ်ကကျလာတဲ့ ဓားပျံက တည့်တည့်ကို ထိုးဖောက်သွားတာ။ တစ်ချက်တည်းနဲ့ ကြယ် ၅ ပွင့် မွန်မြတ်တဲ့သားရဲကို မြေပေါ်မှာ ဒူးထောက်သွားစေတာ။ ဘယ်သူမှမယှဉ်နိုင်လောက်အောင် အားကောင်းနေတာပဲ။

နတ်ဓားကို ဒြပ်စင်စွမ်းအင်ထပ်ပေါင်းကာ နတ်မိစ္ဆာဓားခုတ်ချက်တစ် ထောင်သိုင်းကို သုံးရသဖြင့် ပေထင်းဟွမ်သည် ဤသက်ရောက်မှုကို အလွန် ကျေနပ်နေသည်။ ဤခွန်အားသည် ကြယ်ဓားသခင်၏ ကြယ်ဝိညာဉ်သိုင်းထက် သန်မာသည်။ သို့သော် သူသာ ခွန်အားကို တစ်နေရာတည်းတွင် အာရုံစိုက်ထား ပါက သက်ရောက်မှုသည် ပိုကောင်းနိုင်သည်။

အချိန်တစ်ခုအတွင်းတော့ ထိုအရာသည် အတွေးတစ်ခုသာဖြစ်သည်။ ပေထင်းဟွမ်သည် ဓားပေါ်မှပျံဆင်းကာ အသိစိတ်ဖြင့် နတ်လက်နက်ကို ထိန်းချုပ်လိုက်သည်။ သူမသည် ဓားပျံကို သူမဘေးသို့ ပြန်ခေါ်လိုက်သည်။ လက်တစ်ချက်ဝှေ့လိုက်သည်နှင့် ပေထင်းဟွမ်သည် မသေမရှင်ဖြစ်နေသည့် နှင်းစပါးအုံးမြွေကို ဆွဲယူကာ သိုလှောင်လက်စွပ်ထဲထည့်လိုက်သည်။ ထို သိုလှောင်လက်စွပ်သည် အတိတ်ကကဲ့သို့ သိုလှောင်နိုင်ရုံတင်မဟုတ်တော့ပေ။ ယန်ယဲ့သည် သူမအား လက်စွပ်အသစ်ပေးခဲ့သည်။ ၎င်းသည် ရိုးရှင်းသော လက်စွပ်အပြားသာဖြစ်သည်။ ၎င်းကိုဝတ်ပြီးနောက် သူမ၏ အသုံးအဆောင် များအားလုံးကိုမမြင်နိုင်တော့ပေ။

အရေးအကြီးဆုံးမှာ သိုလှောင်လက်စွပ်ထဲမှ နေရာသည် လက်ပတ်ထဲမှ နေရာထက်ပင် ပိုကြီးလာသည်။ ထို့အပြင် ၎င်းသည် သက်ရှိများကိုပါ ထည့်ထားနိုင်သည်။

ပေထင်းဟွမ်သည် မွန်မြတ်သောသားရဲအသေများကိုပါ လက်ပတ်ထဲ ထည့်ထားသဖြင့် သူမသားရဲများမှာ စောဒကတက်လာကြသည်။ ထိုသားရဲများ ဆန့်ကျင်ချင်ကြသည်ကို တွေးပြီး ပေထင်းဟွမ်သည် ခေါင်းကိုက်လာသည်။ သူမက ‘မအောင်မြင်’ တဲ့သခင်ဖြစ်နေပြီလား။

“ခေါင်းဆောင် မင်းပဲ”

ပေထင်းဟွမ် ထွက်သွားတော့မည်အပြုတွင် ဖြူဖျော့နေသောမျက်နှာနှင့် လူနှစ်ယောက် ပြေးလာကြသည်။ သူတို့မျက်နှာမှ ဖုန်မှုန့်များကို ဖယ်ရှားပြီး သည်အထိ စောင့်ပြီးမှပင် သူမသည် သူတို့ကိုမှတ်မိသွားလေသည် “မင်းတို့တွေ ကဘာလို့ ဒီရောက်နေတာလဲ”

မေလော့သည် သေခြင်းမှလွတ်မြောက်လာပြီနောက် အလွန်စိတ်လှုပ်ရှား နေသည်။ မေရှို့သည် စိတ်ငြိမ်သွားကာ အလျင်အမြန်ပင် အဖွဲ့ငယ်မှအဖွဲ့ဝင် များကို စုစည်းလေသည် “တပ်ဦးစီး သူတို့တွေက ကျွန်တော်ဦးဆောင်လာတဲ့ အဖွဲ့ငယ်ရဲ့ အဖွဲ့ဝင်တွေပါ တပ်ဦးစီးသာ အချိန်မှီရောက်မလာရင် ကျွန်တော်တို့ တွေ သေမှာပဲ”

“တပ်ဦးစီး ဘာလို့ အရမ်းကြာနေတာလဲ ကျွန်မတို့ ရှင့်ကိုရှာနေတာ နှစ်ရက်တောင်ရှိပြီ တပ်မှူးက အရမ်းစိတ်ပူနေတာ.. လွန်ခဲ့တဲ့နှစ်ရက်က ဝိညာဉ်ခွဲတောင်တန်းမှာ အရမ်းအားကောင်းတဲ့ ပညာရှင်တွေ တိုက်ခိုက်မှုဖြစ် သွားသေးတယ်.. တပ်မှူးက ရှင့်ကို…” မေလော့သည် သူမကို ပုတ်လိုက်သည်။ “ကံကောင်းလို့ ပြန်လာပြီပဲ မြန်မြန် ကျွန်မတို့နဲ့ပြန်လိုက်ခဲ့ပါ”

ပေထင်းဟွမ် ထွက်လာခဲ့သည်မှာ နှစ်ရက်ကြာသွားသည်။ ပထမရက် တွင် သူမသည် သတိမေ့နေခဲ့သည်။ နေက်တော့ ယန်ယဲ့သင်‌ပေးသည့် “နတ်မိစ္ဆာဓားခုတ်ချက်တစ်ထောင်” ကိုလေ့ကျင့်နေခဲ့သည်။ နေကိုကြည့်လိုက် ရာ သူတို့ချိန်းဆိုထားသည့် နေ့တစ်ဝက်ပင်ကျော်သွားလေပြီ။ ချူဖုန်းမည်မျှ ပူပန်နေမည်ကို သူမ မသိတော့ပေ။

***

All Chapters