Chapters

ငွေလရောင်အင်ပါယာ၏မင်းသား *

Vol. 14 Ch. 276

ငွေလရောင်အင်ပါယာ၏မင်းသား *

Vol. 14 Ch. 276

၎င်းသည် လူဆယ်ဦးသာပါဝင်သည့်အဖွဲ့ငယ်တစ်ဖွဲ့ဖြစ်ကာ အများစုမှာ အဆင့်မြင့်ကြယ် ၂ ပွင့်သခင်များဖြစ်ကြသည်။ မေရှို့နှင့် တခြားသက်လတ်ပိုင်း အရွယ်လူတစ်ယောက်သာ ဝိညာဉ်သခင်ကြီးများဖြစ်ကြသည်။ ဤကဲ့သို့အဖွဲ့ သည် ဝိညာဉ်ခွဲတောင်တန်းဆီသို့ မချဉ်းကပ်ဘဲ အပြင်တွင်သွားလာလျှင် ဘေးကင်းနိုင်သည်။

ယခု သူမကို ရှာရန်အတွက် သူတို့သည် ဝိညာဉ်ခွဲတောင်တန်း အစွန်အဖျားသို့ရောက်လာခဲ့ကြသည်။ ပေထင်းဟွမ်သည် သူတို့၏မျက်နှာများ ကို ကြည့်ကာတစ်ယောက်ချင်းစီမှတ်ထားလိုက်သည်။ ပေထင်းဟွမ် ပေါ်လာ သည့်ပုံစံသည် ရဲရင့်လွန်းသည်။ လက်ရှိတွင် ထိုလူများသည် မတုံ့ပြန်နိုင်ကြ သေးပေ။

ဒါက သူတို့ခေါင်းဆောင်လား။ ကြယ် ၁ ပွင့်ဓားသခင်လား။ ပေထင်းဟွမ် ဖြစ်ရမှာမဟုတ်ဘူးလား။ သူက ပေထင်းမိသားစုက အမှိုက်မဟုတ်ဘူးလား။ ကြယ် ၁ပွင့်ဓားသခင်က အမှိုက်လား။ ဒါက ဘယ်နရာစုက ဟာသလဲ။

ရှုပ်ထွေးစွာဖြင့် သူတို့သည် ခေါင်းမော့ကာ ရှေ့မှလျှောက်သွားသော ၁၄ နှစ်အရွယ်ကောင်လေးကို ကြည့်လိုက်ကြသည်။ သူ၏အနက်ရောင်ဝတ်ရုံသည် လေအဝေ့တွင် လွင့်နေကာ ရှည်လျားသောဆံနွယ်များသည် အနောက်တွင် လှုပ်ယမ်းနေသည်။ သူ့ကိုကြည့်သော အားလုံး၏အကြည့်များသည် ကြည်ညို ကာ တဖြည်းဖြည်းတောက်လောင်လာသည်။

သူတို့၏အသည်းများသည် ဗုံများကဲ့သို့ ရိုက်ခတ်လာသည်။ ဤလူသည် သူတို့၏ခေါင်းဆောင်ဖြစ်သည်။ အားကောင်းသော ခေါင်းဆောင်တစ်ဦးပင်။ သူသည် ထူးချွန်သော ကြဘ်ဓားသခင်ဖြစ်ကာ တိုက်ပေါ်တွင် စစ်မှန်သော စွမ်းအားရှင်ဖြစ်သည်။ သူတို့သည် ပညာရှင်ဘေးတွင်လိုက်ကာ သူ၏ ခြေလှမ်း များအတိုင်း လိုက်နင်းလေသည်။ ဤအရာသည် ကံကောင်းလွန်းသည်။

ထိုအခိုက်အတန့်တွင် ကြေးစားများသည် ပေထင်းဟွမ်အနောက်မှ မှိုင်တွေစွာဖြင့် လိုက်လာကြသည်။ ဝိညာဉ်ခွဲတောင်တန်းတွင် သတိရှိရှိဖြင့် သွားလာနေကျ ကြေးစားများသည် သတိမေ့လျော့စွာပင် ပေထင်းဟွမ်၏ ခြေလှမ်းများအတိုင်း လိုက်လာမိကြသည်။

မေလော့သည် စကားများသူဖြစ်၏။ သူမသည် အဖွဲ့ကိုဦးဆောင်ကာ ပေထင်းဟွမ်နှင့် ဘေးချင်းယှဉ်လျှောက်လာသည်။ “မျိုးနွယ်ကြီးလေးခုက လူတွေက ဒီမနက်အစောကပဲ ထွက်သွားကြပြီ.. ဒါပေမဲ့ တုန်ဖန်းကျောက်က နေခဲ့ပြီး စစ်ဦးစီးသူနဲ့အတူ သွားမှာကိုစောင့်နေခဲ့တယ်.. သူက အခုတပ်မှူးနဲ့ အတူရှိနေတယ်.. နေ့ခင်းတောင်ရောက်နေပြီ.. ကျွန်မတို့သာ စစ်ဦးစီးကိုမရှာ နိုင်ရင် သူက လှည့်လည်သွားလာသူစခန်းဝင်ပေါက်မှာ စောင့်နေလောက်ပြီ.. စစ်ဦးစီးကို ရှာနိုင်သည်ဖြစ်စေ မရှာနိုင်သည်ဖြစ်စေ နေ့တစ်ဝက်အတွင်း သတင်းပို့ပါလို့ တပ်မှူးကမှာလိုက်တယ်”

ပေထင်းဟွမ် ခေါင်းညိတ်လိုက်သည် “မင်းပြောတဲ့ တပ်မှူးက ချူဖုန်း လား”

“ဟုတ်ပါတယ်” မေလော့သည် ပေထင်းဟွမ်၏မေးခွန်းကြောင့် အနည်း ငယ်နားမလည်သလိုဖြစ်သွားသည် “သွေးသံမဏိအဖွဲ့ရဲ့ခေါင်းဆောင်က ရှင် ဆိုတော့ သူက တပ်မှူးလို့ အရှင်ကပြောပါတယ်”

“မေလော့ ချူဖုန်းအကြောင်းပြောပြဦး.. သူက ငွေလရောင်အင်ပါယာရဲ့ မင်းသားပဲ ဘာလို့ ဒီမှာလာပုန်းနေတာလဲ” တကယ်တော့ ပေထင်းဟွမ်၏ စိတ်ထဲတွင် အဖြေရှိနှင့်ပြီးသားဖြစ်သည်။ သူမသည် အတည်ပြုချင်ရုံသာဖြစ် ၏။

မေလော့နှင့်မေရှို့တို့၏မျက်နှာမှာ ချက်ချင်းမည်းနက်သွားသည်။ အားကောင်းသော ဝမ်းနည်းမှုများ သူတို့မျက်နှာတွင် ပေါ်လာသည်။ မေရှို့သည် အစက ပေထင်းဟွမ်နောက်မှ ခြေလှမ်းသုံးလှမ်းနောက်ကျပြီး လျှောက်လာ သည်။ ထိုအခိုက်တွင် သူသည် အရှိန်လျှော့ကာ ပေထင်းဟွမ်နှင့် ခွာကျန်နေခဲ့ သည်။

“သခင်” မေလော့၏အသံမှာ တိုးသွားကာ အရင်ကကဲ့သို့ တက်ကြွခြင်း မရှိတော့ပေ “အရှင်.. မဟုတ်သေးဘူး.. တပ်မှူးက ဧကရာဇ်ရဲ့ အချစ်ဆုံး မိဖုရားကမွေးဖွားလာခဲ့တာပါ.. မိဖုရားရဲ့အဆင့်အတန်းက အရမ်းမြင့်မြတ်ပြီး တစ်ခါက အမှောင်နတ်မိစ္ဆာခန်းမရဲ့ သန့်စင်တဲ့သခင်မ အဖြစ်အရွေးခံဖို့ဖြစ်ခဲ့ဖူးတယ်.. မိဖုရားက အရှင့်ကိုမွေးပြီးတော့ လွန်ခဲ့တဲ့ ၁၃ နှစ်က စစ်ထဲမှာဆုံးပါးသွားခဲ့တယ်.. အဲတုန်းက အရှင်က ၁၁ နှစ်ပဲ ရှိသေးတယ်”

“၁၃ နှစ်ဟုတ်လား နတ်မိစ္ဆာနန်းတော်လား” ပေထင်းဟွမ်သည် စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ကာ မေလော့အားမေးလိုက်သည် “မိဖုရားရဲ့ နာမည်ကို မေးလို့ရမလား”

မေလော့ ပြုံးလိုက်သည် “ဘာလို့မရရမှာလဲ.. မိဖုရားက ငွေလရောင်အင်ပါယာမှာ တုနှိုင်းမဲ့ပဲ.. သူမရဲ့ညီမကပဲ သူမနဲ့ယှဉ်နိုင်တယ်လို့ ပြောကြတယ်.. သခင်မရဲ့နာမည်က ယွဲ့မုန့်ချင်ပါ”

***