ကြုံခဲ့ရတဲ့အရှက်ကွဲမှုများ
Vol. 14 Ch. 277
“ယွဲ့မုန့်ယင်း ယွဲ့မုန့်ယင်း” ပေထင်းဟွမ်၏ စိတ်ထဲတွင် ပူဆွေးမှုများ ပြည့်သွားသည်။ ချူဖုန်း၏မိခင်သည် သူမအမေ၏အစ်မကြီးဖြစ်ကာ သူမ၏ အဒေါ်အရင်းဖြစ်သည်။ သူမသည် မိခင်ကိုကာကွယ်ရန် ကျရှုံးခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူမ၏ဝမ်းကွဲအစ်ကိုသည် ဝိညာဉ်ခွဲ တောင်တန်းအနီးသို့ ပြောင်းရွှေ့ပြီး မရေရာသည့်ဘဝနှင့် နေထိုင်ခဲ့ရသည်။
မင်းသားတစ်ပါးအနေနှင့် သူမ၏မိဘများကြောင့် သူသည် ဤအခြေအနေထိ ကျရောက်ခဲ့ရသည်။
“ငါအရင်သွားနှင့်မယ် မြန်မြန်လိုက်ခဲ့ကြတော့” ပေထင်းဟွမ် စကားမဆုံး သေးခင်မှာပင် ရှေ့သို့ခပ်သုတ်သုတ်သွားလိုက်သည်။ သူမဘေးတွင်ပျံလာသည့် ဓားပျံသည် သူမကို လှည့်လည်သွားလာသူစခန်းသို့ သယ်ဆောင်သွားပေးလေ သည်။
တောက်ပသော အဖြူရောင်နေရောင်အောက်တွင် အပြာဖျော့ဖျော့ အလင်းသည် သူမပတ်ပတ်လည်ကို ဝန်းရံထားသည်။ ခပ်ဖျော့ဖျော့နှင်းဖြူ ရောင်အလင်းသည် စူးရှသောအလင်းတန်းထုတ်လွှတ်ပေးနေရာ တောက်ပ သောခါးပတ်ထဲတွင် စိန်များနစ်မြုပ်နေသကဲ့သို့ဖြစ်နေသည်။ ၎င်းအသွင်အပြင် သည် အနက်ရောင်ဝတ်ထားသော ပေထင်းဟွမ်ကို စစ်နတ်ဘုရားနှင့်ပင် ဆင်တူစေသည်။ အလွန်ပင် တောက်ပလွန်းနေသည်။
“မြင်လိုက်ကြလား အဲဒါငါတို့ခေါင်းဆောင်ပဲ အရမ်းကိုမိုက်တာပဲ” မေလော့သည် ပေထင်းဟွမ် ထွက်ခွာသွားသည်ကိုကြည့်ပြီး ရင်ဘတ်ပေါ်သို့ လက်တင်လိုက်သည်။ သူမ၏မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပနေ သည်။ သူမ၏နှလုံးသားသည် ပေထင်းဟွမ်ပေါ် ကျရောက်နေသည်မှာ ကြာပြီ ဖြစ်သည်။ သူမသည် သူ၏နှိုင်းမရနိုင်သော ချောမွတ်သည့်ပုံရိပ်ကြောင့် တအံ့တဩဖြစ်ရကာ သူမကိုယ်သူမပင် မေ့လျော့နေမိသည်။
လေပေါ်သို့ပျံတက်သည်နှင့် ပေထင်းဟွမ်သည် ခန္ဓာကိုယ်ထဲသို့ ဒြပ်စင် စွမ်းအင်များအားလုံးထုတ်ကာ အရှိန်ကို အမြင့်ဆုံးသို့မြှင့်လိုက်သည်။ သူမသည် ထပ်မစောင့်နိုင်တော့ပေ။
သူမ၏စိတ်ထဲတွင် ချူဖုန်းကို ပထမဆုံးအကြိမ်မြင်ခဲ့ရသည့် မြင်ကွင်းကို ထပ်ခါထပ်ခါမြင်ယောင်နေမိသည်။ သူသည် တုန်ဖန်းကျောက်၏ အောက်တွင် ကျရောက်နေခဲ့သည်။ တစ်ဖက်လူသည် သူ့ကိုဖမ်းဆီးကာ ငွေလရောင် အင်ပါယာဆီသို့ ခေါ်သွားချင်ခဲ့သည်။ သူသည် မိဖုရား၏တိုက်ရိုက်ဆက်ခံသူ မင်းသားတစ်ပါးဖြစ်သည်။ သူ၏ ကောင်းလှပါသော ‘အစ်ကိုကြီး’ ၏လက် အောက်တွင် သူသည် မွန်မြတ်သောသားရဲတစ်ကောင်သာသာ တန်ကြေးရှိခဲ့ သည်။
“မင်းအရှက်ကွဲခဲ့သမျှကို ငါ သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်.. မင်း အရှက်ကွဲခဲ့တာအတွက် အဲလူကို ဆယ်ဆ၊ အဆတစ်ရာ၊ အဆတစ်ထောင် တန်ရာတန်ကြေးပြန်ပေးခိုင်းမယ်” ပေထင်းဟွမ်၏စိတ်ထဲမှ ခံစားချက်သည် လှိုင်းလုံးများသဖွယ် လှိမ့်ထနေသည်မှာ လှည့်လည်သွားလာသူစခန်း၏ ဝင်ပေါက်တွင်ရှိသော ပြောင်မြောက်သည့်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား သည့်လူကို မြင်သည့်အချိန်မတိုင်ခင်အထိဖြစ်သည်။ သူသည် လူအုပ်ထဲတွင် နှင်းကြာပန်းကဲ့သို့ ရပ်နေသည်။ သူသည် ဝိညာဉ်နဂါးမောက်သီး စားထား၍ လားမသိပေ သူ့ခန္ဓာကိုယ်မှ စွမ်းအင်အတက်အကျသည် အရင်ကထက် ပို၍ အားကောင်းလာသည်။ သူသည် သူမကဲ့သို့ ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးဖြစ် နေလေပြီ။ သို့သော် သူ၏ခွန်အားကို မစုစည်းနိုင်သေးပေ။
မိုးကုတ်စက်ဝိုင်းမှလူကိုမြင်လိုက်သောအခါ ထိုလူ၏ ပူပန်နေသော မျက်လုံးများသည် ထိတ်လန့်မှုဖြင့် အရောင်လက်လာသည်။ သူ သူမကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရချိန်တွင် နှစ်တစ်ထောင်သက်တမ်းရှိ ရေခဲကဲ့သို့ တည်ငြိမ်လေ့ရှိသော သူ၏မျက်နှာသည် အလွန်ဝမ်းမြောက်သွားလေ၏။ သူသည် အမြန်ပင် ရှေ့ရောက်လာကာ အော်လိုက်လေသည် “ရှောင်ကျို့”
သူတို့ ပထမဆုံးတွေ့ဆုံချိန်ကလိုပင် သူ့မျက်လုံးထဲတွင် မလိုလားအပ် သည့်ဆန္ဒ၊ ဇွဲနပဲရှိမှုနှင့် မာနများကြောင့် ပေထင်းဟွမ်သည် ရင်ထဲထိမိသည်။ သူ၏သရုပ်မှန်ကိုသိပြီးနောက် ပေထင်းဟွမ်သည် သူ၏ပီတိဖြာသော မျက်နှာ ထားကိုမြင်လိုက်ရသည်။ ခံစားချက်အတက်အကျနိုင်းသည် သူမအတွက် ဖြစ်တည်နေသည်။ ပေထင်းဟွမ်သည် ခံစားချက်များကို မထိန်းချုပ်နိုင်တော့ ပေ။ သူမ ခြေဖျားထောက်ကာ မိုးပေါ်မှ ဆင်းလာရန်ဟန်ပြင်လေသည်။
“ရှောင်ကျို့” ချူဖုန်းသည် ထိတ်လန့်နေမိသည်။ သူသည် လက်ဆန့်ထုတ်ကာ သူမကို ဆီးကြိုလိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ ပေထင်းဟွမ်သည် ကောင်းကင်အဆင့်ပညာရှင် အစစ်မဟုတ်သေးပေ။ သူမ ပြုတ်ကျပြီသေသွားပါက လွန်ခဲ့သည့်နှစ်ရက်က ဖြစ်သွားခဲ့သည့် ကျွမ်းကျင်သူနှစ်ယောက်ကြားတိုက်ပွဲကို ကြည့်ရသည်ထက် ပင် ပိုဆိုးသွားနိုင်သည်။
သူမသည် အလျင်အမြန်ပင် သူမ၏စိတ်ကို ထိန်းညှိနိုင်လိုက်သည်။ သူမ ခြေထောက်အောက်မှ ဓားပျံသည် သူမကို ခုန်ဆင်းရန်ခွင့်မပြုဘဲ ချူဖုန်း၏ လက်နှစ်ဖက်ဆီသို့ တည့်တည့်သွားပေးလေသည်။
သက်ရောက်မှုသည် အလွန်ကြီးသည်။ ချူဖုန်းသည် သူမကို လက်ဖြင့် ကာကွယ်ပြီးနောက် သူ့ခန္ဓာကိုယ်သည် အနောက်သို့အဆက်မပြတ်ဆုတ်သွား လေသည်။ ခြေလှမ်းဆယ်လှမ်းကျော် ဆုတ်ပြီးနောက် တွန်းအားပျောက်ကွယ် သွားအံ့ဆဲဆဲတွင် သူ မြေကြီးပေါ်ထိုင်မကျရုံတမည်ပင်။
မဟုတ်လျှင် အလွန်ရှက်ဖွယ်ကောင်းလိမ့်မည်။
“ဟား ဟား” ဖြစ်စဉ်တစ်ခုလုံးကို ကြည့်နေသော တုန်ဖန်းကျောက်သည် ဗိုက်နှိပ်ကာ ရယ်မောလေသည်။ သူသည် ဗိုက်ကိုပွတ်ကာ ပြေးလာသည် “ရှောင်ကျို့ မင်းမှာခွန်အားလည်းမရှိဘဲ ဘာလို့မိမိုက်ချင်ယောင်ဆောင်နေ တာလဲ.. ချူဖုန်းကြောင့်သာမဟုတ်ရင် မင်း မသေရင်တောင် မသန်စွမ်းဖြစ်နေ လောက်ပြီ”
“မဆိုးဘူး” ပေထင်းဟွမ်သည် ချူဖုန်း၏ရင်ခွင်ထဲတွင် မင်းသမီးပွေ့ အနေအထားဖြင့်ရှိနေသည်။ သူမသည် ချူဖုန်း၏လည်ပင်းကို လက်ဖြင့် သိုင်းဖက်ထားကာ တုန်ဖန်းကျောက်အား အေးစက်စွာကြည့်လိုက်သည် “ငါ မသန်စွမ်းဖြစ်သွားရင် ဒီမှာနေပြီး ထွက်မသွားတော့ဘူး.. ငါ့ကိုကာကွယ်မယ် ဆိုပြီး ကျိန်ထားတာကို မင်းဖျက်ရဲလား”
***