အမှိုက်နှင့် ကောင်းကင်အဆင့်ကျွမ်းကျင်သူ
Vol. 14 Ch. 278
“အာ..” တုန်ဖန်းကျောက်သည် သူ့ဘဝတစ်ခုလုံး မသန်စွမ်းတစ်ယောက် ၏ အနားတွင် ကုန်ဆုံးသွားရတော့မည်ကိုသာ တွေးနေမိတော့သည်။ ဤ ကောင်လေးတစ်ခုခုဖြစ်လျှင် သူသည် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း ကြောင့် အပြစ်သင့်မည်။ တုန်ဖန်းကျောက်၏ ကျောပြင်တွင် ချွေးအေးများပြန် လာသည် “ရှောင်ကျို့ စိတ်မပူပါနဲ့ မင်းလိုမျိုး ကောင်းကင်ကိုအံတုနိုင်တဲ့သူကို ဘယ်လိုလုပ် ကောင်းကင်ဖျက်ဆီးနိုင်မှာလဲ”
တုန်ဖန်းကျောက် အတော်သတိထားနေသည်ကို မြင်သောအခါ သူသည် ချူဖုန်းကို မွန်မြတ်သောသားရဲနှင့် အလဲအလှယ်လုပ်ချင်နေခြင်းမဟုတ်သည် ကို ပေထင်းဟွမ်အမှတ်ရွားသည်။ ထပ်ပေါင်းပြောရလျှင် သူသည် ဤနေရာ၌ နေခဲ့ကာ မျိုးနွယ်ကြီးလေးခုနှင့် ထွက်မသွားခဲ့ပေ။ ထို့ကြောင့် ပေထင်းဟွမ် တွင် တုန်ဖန်းကျောက်နှင့် ပတ်သက်သည့် မကောင်းသောခံစားချက်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
သူသည် ရင်ခွင်ထဲမှ လူကိုတင်းကြပ်စွာဖက်လိုက်သည်နှင့် သူမ၏ အားနည်းပြီး အရိုးမဲ့သောခန္ဓာကိုယ်သည် ချူဖုန်း၏စိတ်အတွင်းထဲရှိ ခံစားချက် ကို ထူးဆန်းသလိုဖြစ်စေသည်။ ၎င်းသည် သူ့ကို ကြောက်လန့်အောင် လှုံ့ဆော် ပေးသော်လည်း သူသည် ထိုအတိုင်းလွှတ်ပေးရန် ဆန္ဒမရှိတော့ပေ။ ချူဖုန်း သည် မျက်စိရှေ့မှ နီးကပ်နေသော မျက်နှာကို စိုက်ကြည့်နေသည်။ နီးကပ်လွန်း သဖြင့် သူ၏မျက်နှာအသွင်အပြင်သည် ရှင်းလင်းနေသည်။ မသိလိုက်ခင်မှာပင် သူ့မျက်လုံးထဲတွင် နူးညံ့မှုများ ပေါ်လာသည်။
ပြောင်မြောက်သော ချပ်ဝတ်တန်ဆာသည် သူ့ခန္ဓာကိုယ်ကို ရစ်ပတ် ထားကာ သစ်ကြုတ်ကဲ့သို့ သန်မာစေသည်။ သူ့မျက်နှာသည် ရေခဲမြစ်ပေါ်ရှိ ကြာပန်းကဲ့သို့ သန့်စင်နေကာ လှပသောမျက်လုံးများသည် ရေကဲ့သို့ ကြည်လင် လေသည်။ သူသည် နွေးထွေးမှုများဖြင့် ပြည့်နှက်သွားသည်။ သူ့ရင်ခွင်ထဲမှ လူငယ်သည် ကျောက်စိမ်းကဲ့သို့ပင် ပြောင်မြောက်သည်။ သူတို့နှစ်ယောက် သည် တင်းကြပ်စွာ ပူးကပ်နေကြသည်။ ထိုမြင်ကွင်းသည် ထိုနေရာမှလူအများ ကို ထိတ်လန့်သွာစေသည်။
ဝမ်ဝေ့၏နှလုံးတစ်ခုသာ သွေးထွက်နေသည်။ သူ၏အရှင်နှင့် စစ်ဦးစီးတို့ မှာ လိုက်ဖက်သည်ကို သူဝန်ခံသည်။ သို့သော် ဤလူငယ်သည် မိန်းကလေး မဟုတ်ပေ။ ကံမကောင်းစွာပင် သခင်ပေထင်းဟွမ်သည် ယောက်ျာလေးဖြစ်နေ သည်။ ဝမ်ဝေ့သည် စဉ်းစားလိုက်သည်နှင့် စိတ်အနှောင့်အယှက်ဖြစ်မိလေ၏။
သူတို့နှစ်ယောက် တင်းကြပ်စွာ ဖက်ထားကြသည်ကို မလိုလားသဖြင့် ဝမ်ဝေ့သည် အလျင်အမြန်ပင် ရှေ့တိုးလာကာ ပေထင်းဟွမ်အား အရိုအသေပြု လိုက်သည် “စစ်ဦးစီး မျိုးနွယ်ကြီးလေးခုက ထွက်သွားကြပါပြီ ကျုပ်တို့လည်း ထွက်သွားသင့်ပြီမဟုတ်ဘူးလား”
ပေထင်းဟွမ်သည် ချူဖုန်း၏လက်ထဲမှဆင်းလိုက်ကာ စခန်းဝင်ပေါက် တွင်စောင့်နေသောအဖွဲ့ကို ကြည့်လိုက်သည်။ သူမသည် စိတ်ထဲတွင် နားမလည်သဖြင့် ချူဖုန်းကိုပြောလိုက်သည် “ဝမ်းကွဲအစ်ကို မင်းအဖွဲ့မှာ လူ အယောက် ၂၀ ပဲရှိတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား.. မေရှို့နဲ့ မေလော့က လည်း လူ ၁၀ ယောက်ခေါ်လာတာတွေ့ခဲ့တယ်.. ဒီမှာဘာလို့ အယောက် ၁၀၀ ကျော်ရှိနေသေးတာလဲ”
ဝမ်းကွဲအစ်ကိုဟုတ်လား။ ချူဖုန်းနှင့် တုန်ဖန်းကျောက်တို့သည် ထို ဂုဏ်ပုဒ်ကြောင့် ထိတ်လန့်သွားသည်။
ထိုအခါမှပင် အဖွဲ့ထဲမှလူများသည် ရုတ်တရက် သတိဝင်လာကြသည်။ အထူးသဖြင့် ဝမ်ဝေ့ဖြစ်သည်။ သူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်း ကြီးချလိုက်သည်။ ထို့ကြောင့် သူသည် ယောက်ျားချင်းသဘောကျသူမဟုတ်ဘဲ ဝမ်းကွဲဖြစ်နေခြင်းသာ။ နည်းနည်းလောက် ပိုရင်းနှီးလိုက်လည်း အဆင်ပြေ၏။
“အရှင်စစ်ဦးစီး” ၂ မီတာရှည်သော ပိန်ပိန်ပါးပါးလူတစ်ယောက်သည် အဖွဲ့ထဲမှ လျှောက်ထွက်လာသည်။ သူသည် စစ်သည်ဝတ်စုံခပ်တိုတိုကို ဝတ်ဆင်ထားကာ ကျောတွင် လေးလံသောဓားကိုလွယ်ထားသည်။ သူသည် ညာဘက်လက်ဖြင့် ဘယ်ဘက်ရင်အုံကိုတင်ကာ ပေထင်းဟွမ်အား ဦးညွှတ်လေသည် “ကျွန်တော့်နာမည်က ခိုင်ပါ ကျွန်တော်ဦးဆောင်တဲ့အဖွဲ့က ၂၃ ယောက်ရှိပါတယ်.. ကျွန်တော်တို့မှာက စစ်ဦးစီးလိုမျိုးကောင်းကင်အဆင့် တိုက်ခိုက်ရေးသမားမရှိပါဘူး.. စစ်ဦးစီးတို့နောက်လိုက်ဖို့ ကျွန်တော်တို့ကို ခွင့်ပြုပေးနိုင် မလား.. ကျွန်တော်တို့ကို အထူးတလည်ဂရုစိုက်နေဖိုမ့လိုပါဘူး.. အန္တရာယ်နဲ့ တွေ့ရင်လည်း ဘာမှလုပ်ဖို့မလိုပါဘူး.. ကျွန်တော်တို့ ရလာတာ တွေကိုလည်း ငါးပုံတစ်ပုံပေးဖို့ ဆန္ဒရှိပါတယ်.. စစ်ဦးစီးသဘောတူမလား မသိဘူး”
ကောင်းကင်အဆင့်ပညာရှင်သာလျှင် အရှင်ဟုခေါ်ခံရရန် အရည်အချင်း ပြည့်မှီသည်။ ဤနေရာမှ အယောက် ၁၀၀ ကျော်သည် ပေထင်းဟွမ် မိုးပေါ်ပျံ သည်ကို မျက်လုံးနှင့်အတပ်မြင်ခဲ့ကြသည်။ ထို့ကြောင့် သူမ၏အဆင့်သည် ကောင်းကင်အဆင့်ဖြစ်သည်ကို သူတို့ သံသယမဝင်ပေ၊။ ထပ်ပေါင်းပြောရလျှင် ပေထင်းဟွမ်၏အဖွဲ့ထဲတွင် တုန်ဖန်းကျောက်နှင့် ဝမ်ဝေ့ကဲ့သို့ ကောင်းကင် အဆင့်ပညာရှင် နှစ်ဦးလည်းရှိသေးသည်။ သူတို့သာ ဤအဖွဲ့နောက်လိုက်လျှင် မိသားစုကြီးလေးခု၏နောက်လိုက်သည်ထက် မနိမ့်ကျနိုင်ပေ။
သူတို့သည် အစက တုန်ဖန်းကျောက်နှင့် ဝမ်ဝေ့တို့ကြောင့် သွေးသံမဏိ အဖွဲ့ကိုဝင်လာသည်ဟု ပြောရနိုင်သော်လည်း လက်ရှိတွင်တော့ ဤ ၁၄ နှစ် အရွယ်ကောင်လေးသည် သူတို့၏ရွေးချယ်မှုအကြောင်းအရင်းဖြစ်သည်။ ၁၄ နှစ်အရွယ် ကောင်းကင်အဆင့်ကျွမ်းကျင်သူ.. သူ၏အနာဂတ်သည် မည်မျှ ထူးခြားလိမ့်မည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။ အပြင်တွင် တစ်နှစ်ပတ်လုံး လှည့်ပတ်သွားနေသူများသည် အဖွဲ့ကိုမည်သို့ရွေးချယ်ရမည်ကို သိကြသည်။
ပေထင်းမိသားစု၏ ‘အမှိုက်’ ဟုခေါ်သောလူသည် ကောင်းကင်အဆင့် ပညာရှင်ဖြစ်လိမ့်မည်ဟု မည်သူမှ မတွေးမိပေ။ လက်ရှိ ပေထင်းဟွမ်ကို မြင် သည်နှင့် ခိုင်သည် ဘာလုပ်ရမည်ကို သိသည်။
***