အဖွဲ့အားတောင့်လာခြင်း *
Vol. 14 Ch. 279
“စစ်ဦးစီး” အသက်နှစ်ဆယ်အရွယ်ခန့်ရှိသော ဆွဲဆောင်မှုရှိသည့် မိန်းကလေး နောက်တစ်ယောက်သည် အဖွဲ့ထဲမှလျှောက်ထွက်လာသည်။ သူမ၏ ကိုယ်ကျပ်သားရေစကတ်သည် ပေါင်အထိသာရောက်နေကာ သူမ၏ လှပသောခြေထောက်များသည် နေရောင်အောက်တွင် တောက်ပနေ၏။ သို့သော် အဖွဲ့၏အများစုမှာ ယောက်ျားသားများဖြစ်သော်လည်း မည်သူကမှ သူမကို ပြစ်မှားသည့်အကြည့်ဖြင့် မကြည့်ကြပေ။ ဤလူသည် မည်မျှ အားကောင်းသည်ကိုမြင်နိုင်သည်။
သူမသည် ရိုသေသည့်အကြည့်များဖြင့် ပေထင်းဟွမ်အား ကြည့်လေ၏။ အမြဲတစေ မာနတစ်ခွဲသားဖြင့်နေတတ်သော အမျိုးသမီးပညာရှင် ဆယ်လင်း၏ မျက်နှာတွင် အလွန်လေးစားသောမျက်နှာထားရှိနေသည်။ “ကျွန်မနာမည်က ဆယ်လင်းပါ ကျွန်မအဖွဲ့မှာ အယောက် ၃၀ လောက်ရှိပါ တယ် သခင်ခိုင်လိုပဲ အရှင့်ရဲ့အဖွဲ့နောက်ကနေ ကျွန်မတို့ကိုလိုက်ခွင့်ပေးဖို့ ပြောပါရစေ... ကျွန်မတို့ ဝိညာဉ်ခွဲတောင်တန်းကိုဝင်တာက ကံစမ်းချင်လို့ပါ.. ကျွန်မတို့က ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို လောဘ မတက်ရဲပါဘူး”
ဆယ်လင်းသည် အသက်ပြင်းပြင်းရှူလိုက်သည် “အရှင် အရှင်က ကောင်းကင်အဆင့်ပညာရှင်ပဲ.. ကျွန်မတို့ရတာရဲ့ ငါးပုံတစ်ပုံကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး ဒါပေမဲ့ ကျွန်မတို့ ကမ်းလှမ်းနိုင်တာ ဒါအကုန်ပါပဲ”
ထို့နောက်တွင် အဖွဲ့ခေါင်းဆောင်သုံးဦးထွက်လာသည်။ သူတို့သည် ဝေ့အာရှင်း၊ ဖုန်းဟိုင်နှင့် ဖန်ဖင်တို့ဖြစ်ကြသည်။ သူတို့တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင်အဖွဲ့ရှိကြကာ ပေထင်းဟွမ်နောက်သို့လိုက်ချင်ကြသည်။
ထို့ကြောင့်ပင် အယောက် ၂၀ ကျော်ရှိသောအဖွဲ့သည် တစ်မဟုတ်ချင်း တွင် ဤကဲ့သို့ကြီးထွားလာခြင်းပင်။ ပေထင်းဟွမ်သည် နှာခေါင်းကိုထိကာ ချူဖုန်းအား လှည့်ကြည့်လေသည်။
“ရှောင်ကျို့” ချူဖုန်းသည် သူ၏သရုပ်မှန်ကို ရှင်းပြရန်အချိန်မရှိတော့ ပေ။ သူလျှောက်သွားပြီး ပေထင်းဟွမ်၏ပခုံးကို လက်ဖြင့်သိုင်းဖက်လိုက်သည် “သူတို့က မျိုးနွယ်ကြီးလေးခုနဲ့ ထွက်သွားဖို့လုပ်ခဲ့ကြတာ.. နန်ကုန်းမိသားစုက အသည်းအသန်ငြင်းနေတော့ သူတို့တွေ နေခဲ့ပြီး ငါတို့နဲ့စောင့်နေခဲ့တာပဲ”
“အရှင် မျိုးနွယ်ကြီးလေးခုအဖွဲ့က အားကောင်းပေမဲ့ သူတို့နောက်လိုက် ခွင့်ပြုရင် ကျွန်မတို့က သူတို့ကို ထိခိုက်စေမှာမဟုတ်ပါဘူး.. ဒါပေမဲ့ နန်ကုန်း မိသားစုရဲ့ခေါင်းဆောင်က ထောင်လွှားလွန်းတယ်.. သူက ကျွန်မတို့ အဖွဲ့လေး ကိုလှောင်ခဲ့တယ်.. ဇာမဏီနောက်ကိုလိုက်ချင်နေတဲ့ ငှက်အုပ်တဲ့ ကျွန်မတို့က အဲလိုမျိုးဆက်ဆံခံရတာကို မခံနိုင်ပါဘူး.. အရှင်သာ ကျွန်မတို့တောင်းဆိုချက် ကို လက်မခံရင် ဒီစစ်ဆင်ရေးကို ဖျက်လိုက်မှာပါ” ဆယ်လင်း၏စကားများ သည် အယောက်တစ်ရာသောလူများ၏ ဒေါသကိုလှုံ့ဆော်လိုက်သည်။ နန်ကုန်းမိသားစုကို ထောင်လွှားပြီး တခြားသူများကို အနိုင်ကျင့်သည်ဟု အားလုံးက စွပ်စွဲခဲ့ကြသည်။
လွတ်လွတ်လပ်လပ်သွားလာနေသော အဖွဲ့မှာငါးဖွဲ့ရှိပြီး ပေထင်းဟွမ်၏ သံမဏိကြေးစားအဖွဲ့နှင့် ပေါင်းလိုက်သောအခါ အယောက်တစ်ရာကျော်ပါဝင် သော ခြောက်ဖွဲ့ဖြစ်သွားသည်။ ထိုအထဲမှသုံးယောက်သည် ကောင်းကင် အဆင့်ပညာရှင်ဖြစ်သည်။ ဤမျှကြီးမားသောဖွဲ့စည်းမှုသည် မျိုးနွယ်ကြီးလေး ခုထက်မနိမ့်နိုင်ပေ။ ပြောရလျှင် မှော်သားရဲတောတွင် တစ်နှစ်ပတ်လုံး လှည့်ပတ်ခဲ့သောဤစစ်သည်များသည် ယခုအချိန်ထိ အသက်ရှင်နိုင်ကြသည်။ အသက်ကယ်နိုင်စွမ်းမရှိသူ မည်သူရှိမည်နည်း။ မိသားစု၏ကာကွယ်ခြင်းကို ခံရသည့် နူးနူးညံ့ညံ့ မျိုးရိုးမြင့်သခင်လေး သခင်မလေးများထက် သူတို့သည် ပိုသန်မာသည်။
အဖွဲ့ကြီးတစ်ဖွဲ့ကိုကြည့်ရင် သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေ သည်။ အားလုံးပေါင်း အဆင့် ၃ ပညာရှင် အယောက် ၃၀ ရှိကာ ကျန်လူများ သည် အဆင့် ၂ ပညာရှင်များဖြစ်ကြသည်။ ထိုအခိုက်တွင် အားလုံးသည် ပေထင်းဟွမ်အား ထိတ်လန့်စွာကြည့်မိကြသည်။ သူတို့သာ သူတို့ကိုယ်တိုင် မျက်လုံးနှင့် မြင်ရခြင်းကြောင့်သာမဟုတ်လျှင် အားလုံးက အမှိုက်ဟု ထင်နေကြသော ပေထင်းမိသားစု၏ သခင်လေး ၉ သည် ကောင်းကင်အဆင့် ဓားသခင်ဖြစ်လိမ့်မည်ဟု ထင်ကြမည်မဟုတ်ပေ။
ဘယ်လောက်တောင် စံထားလိုက်သလဲ။
စိတ်ဓာတ်အကျဆုံးလူမှာ တုန်ဖန်းကျောက်ဖြစ်သည်။ ပေထင်းဟွမ် အကြောင်းသိလေလေ သူမကိုနားမလည်နိုင်လေလေဖြစ်သည်။ လွန်ခဲ့သည့် နှစ်ရက်က သူမသည် ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်ခဲ့ကာ သူ့ကို ညှဉ်းပန်းခဲ့ သည်။ သူသည် ဤလက်တွေ့ကို လက်ခံခဲ့သည်။ ယခုအခါ မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင်အဆင့်ဓားသခင်ဖြစ်သွားခဲ့သည်။
မိုးနတ်မင်းရေ.. ဒီကမ္ဘာမှာ တရားမျှတမှုရောရှိရဲ့လား။ ဒါက ပေထင်း မိသားစုရဲ့ အမှိုက်သာဆိုရင် တုန်ဖန်းမိသားစုရဲ့ပါရမီရှင်ဖြစ်တဲ့ သူကဘာလဲ။
ပေထင်းဟွမ်သည် ထိုလူ၏ဝမ်းနည်းနေသောမျက်လုံးများကို လျစ်လျူရှု လိုက်သည်။ သူမသည် စခန်းဝင်ပေါက်ရှိ ကျောက်တုံးကြီးပေါ်သို့ ခုန်တက် လိုက်သည်။ သူမ၏ အေးစက်ပြီး ချောမောသည့်မျက်နှာပေါ်တွင် ကြယ်ကဲ့သို့ တောက်ပသောမျက်လုံးများသည် နေရာတစ်ခုလုံးကို ပတ်ကြည့်လိုက်သည် “ကျွန်တော့်သံမဏိသွေးကြေးစားအဖွဲ့ကို အထင်ကြီးပေးလို့ကျေးဇူးတင်ပါ တယ်.. ကျွန်တော်တို့အဖွဲ့က အယောက် ၂၀ ပဲရှိပါတယ်.. ကျွန်တော်တို့နောက် လိုက်ချင်ရင် သံမဏိသွေးတံခါးက အမြဲတမ်းဖွင့်ပေးထားပါတယ်.. ဆုအတွက် ကတော့…”
***