← Chapters

ငါလည်း သခင်ပေထင်းဟွမ်ရဲ့လူပဲ

Vol. 14 Ch. 280

ငါလည်း သခင်ပေထင်းဟွမ်ရဲ့လူပဲ

Vol. 14 Ch. 280

ပေထင်းဟွမ်သည် အေးစက်စွာပြုံးလိုက်သည် “လောလောဆယ်တော့ ကျွန်တော်က တိုက်ကြီးရဲ့ထိပ်တန်းကြေးစားအဖွဲ့တွေလောက် မကောင်းနိုင် သေးပေမဲ့ ပိုက်ဆံရှာဖို့ ဒီနည်းလမ်းကိုသုံးမှာမဟုတ်ဘူး.. ဝိညာဉ်ခွဲတောင်တန်း က အရမ်းအန္တရာယ်များတယ်.. ကျွန်တော်တို့က ခရီးအတူသွားကြမယ်ဆိုမှ တော့ လမ်းတစ်လျှောက်ကို တစ်ယောက်နဲ့တစ်ယောက် ကူညီသွားရမှာပေါ့.. အရေးအကြီးဆုံးက အသက်ရှင်ဖို့ပဲ”

တစ်နည်းပြောရလျှင် လမ်းတွင် အန္တရာယ်ကြုံစေကာမူ သံမဏိသွေး အဖွဲ့ဝင်များသည် ရပ်ကြည့်နေမည်မဟုတ်ပေ။

၎င်းသည် သံမဏီသွေး၏ အတောင်ပံအောက်တွင် သူတို့ကို ဆွဲသွင်း လိုက်သည်နှင့်တူသည်။ ကောင်းကင်အဆင့်ပညာရှင်၏ ကတိသည် သူတို့ အသက်ကို တစ်လွှာထပ်ပြီး ကာကွယ်ပေးလိုက်သလိုပင်။ ဤကတိထက် အရေးကြီးသည့်အရာမျိုး မည်သည့်နေရာတွင်ရှိဦးမည်နည်း။

ထိုအခိုက်တွင် လူတစ်ရာကျော်သည် ပေထင်းဟွမ်အား တအံ့တဩ ကြည့်ကြလေသည်။ ၁၄ နှစ်အရွယ် လူငယ်သည် ကောင်းကင်အဆင့်ပညာရှင် ဖြစ်နေသည်။ အားလုံးသည် သူတို့ရွေးချယ်လိုက်သောကံကို ဝမ်းမြောက်ဝမ်း သာဖြစ်ရန် မစောင့်နိုင်တော့ပေ။ နောက်ဆုံးတွင် သူတို့သည် အခွင့်အရေးရကာ သူ့နောက်သို့ လိုက်ရတော့မည်။

“ဒီကောင်က ခံစားချက်တွေကို ဘယ်လိုမွှေရမလဲဆိုတာ သိနေတာပဲ” တုန်ဖန်းကျောက်သည် မျက်တောင်ခတ်လိုက်သည်။ ပေထင်းဟွမ်သည် ဘာကြောင့် ချူဖုန်း၏ကိစ္စကို ဝင်ပါကာ ချူဖုန်းကို မသိသေးသည့်အချိန်မှာပင် သူ၏ ‘နတ်မိစ္ဆာလက်သည်း’ အောက်မှ ကယ်လိုက်သည့်အကြောင်းအရင်းကို နောက်ဆုံးတွင် သူနားလည်လာသည်။ သူမသည် အေးစက်ပြီး နှလုံးသားမဲ့ သလိုထင်ရသော်လည်း သူမနှင့် ဆက်ဆံပြီးမှပင် သူမသည် အပြင်တွင် အေးစက်သော်လည်း အတွင်းပိုင်းတွင်နွေးထွေးသူဖြစ်သည်ကို နားလည်လိုက် သည်။ တကယ်တော့ ဤနှလုံးသားမဲ့သည့်ကမ္ဘာတွင် သူမသည် နူးညံ့သော စိတ်ကိုအမြဲတမ်းထိန်းသိမ်းထားခဲ့သည်။

သို့သော် ဤစိတ်သည် သူမကိုချစ်သောသူများနှင့် သူမချစ်သောသူများ အတွက်သာ တည်ရှိနေသည်။

ထိုလူများသည် သူမကို ယုံကြည်ရန်ရွေးချယ်ခဲ့ပြီး သူမသည်လည်း သူတို့ ကိုလက်လျော့မည်မဟုတ်ပေ။

“သခင်ပေထင်းဟွမ် အသက်ရှည်ပါစေ”

“ကောင်းတယ် သခင်ပေထင်းဟွမ်က သဘောတူလိုက်ပြီ.. ငါ သခင် ပေထင်းဟွမ်နဲ့အဆင့်တက်ဖို့ အခွင့်အရေးရသွားပြီ.. မိုးနတ်မင်းရေ ငါ့ကို ဆိတ်ကြည့်ပါဦး ငါအိပ်မက်မက်နေတာမဟုတ်ဘူးမလား”

“သခင်ပေထင်းဟွမ်က ကောင်းကင်အဆင့်ပညာရှင်ပဲ.. ပြီးတော့ ငါတို့ အဖွဲ့မှာလည်း ကောင်းကင်အဆင့်ပညာရှင်ရှိနေပြီပဲ”

“အဓိပ္ပာယ်မရှိတာ သခင်ပေထင်းဟွမ်က သံမဏီသွေးကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ မင်းရဲ့ခေါင်းဆောင်မဟုတ်ဘူး”

“လုပ်စမ်းပါ ခုနကမကြားလိုက်ရဘူးလား ငါတို့က ဒီစစ်ဆင်ရေးအတွက် အဖွဲ့ဖြစ်သွားပြီ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ကူညီရမှာ”

အဖွဲ့ထဲမှအသံများကိုနားထောင်ပြီး ဆယ်လင်းနှင့်တခြားသော ခေါင်းဆောင်လေးယောက်တို့သည် အံ့ဩမှု၊ မယုံကြည့်မှု၊ ကျေးဇူးတင်မှုနှင့် တခြားသော ရှုပ်ထွေးသည့်ခံစားချက်များဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြလေသည်။ ပေထင်းဟွမ်သည် ပေထင်းမိသားစုဝင်တစ်ယောက်ဖြစ် ကြောင်းကို ငြင်းဆန်ခဲ့ကာ ပေထင်းမိသားစုမှပြောခဲ့သမျှသည် သူမအတွက် မှတ်သားဖွယ်ရာဖြစ်သည်ကို အားလုံးသိကြသည်။ သူမသည် မိသားစုကြီးလေး ခုမှဖြစ်သော်လည်း သူတို့ကို အထင်မသေးဘဲ လေးစားခဲ့သည်။

ဤလူငယ်သည် အားလုံး၏ လေးစားမှုနှင့်ထိုက်တန်သည်။

ဤလေးစားမှုသည် အားလုံးနောက်မှလိုက်သည်အထိ တိုက်တန်သည်။

စိတ်ပိုင်းဖြတ်ပြီးနောက် ဆယ်လင်းသည် ရှေ့သို့လျှောက်သွားပြီး ပေထင်းဟွမ်ရှေ့၌ ရပ်လိုက်သည်။ သူမသည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဘယ်ဘက်ရင်အုံပေါ်တွင်တင်လိုက်သည်။ သူမသည် ထောင်လွှားသော ခေါင်းကိုငုံ့ကာ ပြောလိုက်သည် “အရှင်ပေထင်းဟွမ် အခုကစပြီး ကျွန်မ ဆယ်လင်းက ကျွန်မအဖွဲ့ကိုဖြန့်ဖို့ ဆန္ဒရှိပါတယ်.. အရှင်သာ ဆန္ဒရှိရင် ကျွန်မ တို့ကို အမိန့်ပေးလို့ရပါတယ်.. တစ်သက်လုံး အရှင့်နောက်ကလိုက်ဖို့ ဆန္ဒရှိပါ တဘ်.. ကျွန်မကျန်တဲ့တစ်ဘဝလုံး နောင်တရမှာမဟုတ်ပါဘူး.. အရှင့် ယုံကြည် မှုကို ဖောက်ဖျက်မိရင် ကျွန်မသေပေးပါမယ်”

ငွေရောင်ကြယ်ပုံစံအဖွဲ့အစည်းသည် မိုးပေါ်မှကျလာကာ ပေထင်းဟွမ် နှင့် ဆယ်လင်းကို လွှမ်းခြုံလိုက်သည်။ ငွေရောင်အလင်းပျောက်ကွယ်သွား သည်နှင့် သစ္စာဆိုခြင်း သက်ရောက်မှုရှိသွားသည်။ ဆယ်လင်း၏အဖွဲ့သည် သံမဏိကြေးစားအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သွားလေပြီ။

ထို့နောက် တစ်ချိန်တည်းမှာပင် ခိုင်၊ ဖုန်းဟိုင်၊ ဝေ့အာရှင်းနှင့် ဖန်ဖင်တို့သည် တစ်ယောက်ပြီးတစ်ယောက်ထွက်လာကာ ပေထင်းဟွမ်အား သစ္စာရှိရန် ကျိန်ဆိုလေသည်။

“မဖြစ်နိုင်တာ သူ့နောက်လိုက်လို့ ဘာကောင်းလို့လဲ” တုန်ဖန်းကျောက် သည် ထိုသို့ပြောလိုက်သော်လည်း သူ့စိတ်ထဲတွင်သိနေသည်။ သူသည် သစ္စာမဆိုသော်လည်း စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချပြီးသားဖြစ်၏။ သူသည် သူမနောက်သို့ တစ်သက်လုံးလိုက်သွားမည်။ သူမတွင် လူအများကို ရွှင်လန်းစေသည့် မှော်အစွမ်းတစ်ခုရှိသည်။

***

All Chapters