← Chapters

V7 Chapter 34

Vol. 7 Ch. Chapter 34

V7 Chapter 34

Vol. 7 Ch. Chapter 34

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 34 -

"ဘဝမှာ တစ်ခါမှ ဒီလိုမျိုး နိုင်ငံတော်အခမ်းအနားနဲ့ ခရီးသွားရမယ်ထင်မထားဘူး။ တိုက်လေယာဥ်အုပ်ကြီးကပါ ငါတို့နားကနေ ပတ်ပျံနေတာပဲ။"

လင်ဒါက လေယာဥ်ပြတင်းပေါက်မှန်ကနေတစ်ဆင့်

အပြင်ကိုလှမ်းကြည့်ရင်း ပြောလိုက်တယ်။ အမေရိကန်ရဲ့အကောင်းဆုံးတိုက်လေယာဥ်တွေဖြစ်တဲ့ အက်စတာတိုက်လေယာဥ်တွေက သူတို့ကိုဘေးကနေ ကာကွယ်ပေးနေပါတယ်။ ပြီးတော့ သူတို့စီးနေတဲ့ လေယာဥ်ကလည်း စစ်အေးကာလက စွမ်းဆောင်ရည်အကောင်းဆုံး စပိုင်ယာဥ်ကို အဆင့်မြှင့်ထားတဲ့ အထူးလေယာဥ်ပါ။

"အခုက စစ်ပွဲကာလပါ။ ကြိုမမြင်ရတဲ့ အကြောင်းတစ်ခုခုကြောင့် မစ်ရှင်အဖွဲ့တစ်ခုခုဖြစ်သွားမှာ သူတို့မလိုလားဘူးလေ။"

ဖလေရာက လေယာဥ်မယ်ထည့်ပေးတဲ့ ဝိုင်နီကို တစ်ငုံချင်းသောက်ရင်း ပြောလိုက်တယ်။ ဖရက်ကတော့ ခေါင်းခါပြပြီး လက်ရှိလုံခြုံရေးတင်းကျပ်မှုကို သိပ်သဘောကျပုံမရဘူး။

"ဟမ့်၊ ငါတို့မစ်ရှင်အဖွဲ့ကို တကယ်ဒုက္ခပေးနိုင်တဲ့အရာသာ ရှိလာမယ်ဆိုရင် အဲဒီရိုးရိုးလေယာဥ်တွေက အသုံးဝင်တော့မှာမဟုတ်ဘူး။"

မက်ဒါနာလည်း ခေါင်းညိတ်လိုက်မိတယ်။ ဒီမှာရှိနေတဲ့ လူတိုင်းလိုလိုက အက်စတာယာဥ်အုပ်ကြီးတစ်ခုလုံးကို ဖျက်​ဆီးပစ်နိုင်သူတွေပါ။ တကယ့်တကယ် တစ်ခုခုဖြစ်လာရင် အက်စတာယာဥ်အုပ်တွေက အသုံးမဝင်တော့ဘူး။ ဒါပေမဲ့ သူစိတ်ဝင်စားနေတာက လုံခြုံရေးအခြေအနေမဟုတ်ပါဘူး။ ဥရောပဘက်က သတင်းတွေကိုပါ။ သူ့ရဲ့အထူးလုပ်ထားတဲ့ တက်ပလပ်ကိုဖွင့်ပြီး ငြိမ်းချမ်းရေးမဟာမိတ်ဘက်က သတင်းလိုင်းတွေကို လိုက်ပတ်ကြည့်နေတယ်။

ဆိုဖီယာကတော့ ပိုးကောင်ဗိုလ်ချုပ်နဲ့တိုက်ပွဲမှာ ပင်ပန်းထားလို့ဆိုပြီး မက်ဒါနာရဲ့ဘေးမှာလာထိုင်ရင်းကနေ အိပ်ပျော်သွားပြီ။ ကောင်းကောင်းအိပ်တာမဟုတ်ဘဲ မက်ဒါနာ့ပခုံးကို မှီအိပ်နေတာမလို့ လင်ဒါကတော့ အသည်းတယားယားဖြစ်နေပြီး ဖြစ်နိုင်ရင် အာကာသနတ်သူငယ်မလေးကို ကိုင်ပေါက်ချင်နေပုံပဲ။

လေယာဥ်ပေါ်မှာ မက်ဒါနာရဲ့ဟာရမ်အုပ်စုအပြင် ဘဏ္ဍာစိုးပိုးဟပ်သုံးကောင်နဲ့ လိုလီလေးလည်းရှိနေတယ်။ ဘဏ္ဍာစိုးတွေကို ဆိုဖီယာက ကလေးထိန်းဖို့ ခေါ်လာတယ်ပြောတာပဲ။

...

"DWTV သတင်းဌာနကနေ ကြိုဆိုလိုက်ပါတယ်။ ယနေ့ညနေပိုင်းအတွက် တင်ဆက်သွားမယ့် သတင်းတွေကတော့ ငြိမ်းချမ်းရေးမဟာမိတ်ရဲ့ထိပ်သီးအစည်းအဝေးပွဲကို လန်ဒန်မှာကျင်းပသွားမယ့် သတင်း၊ ရိုမေးနီးယားစစ်မြေပြင်ကို ငြိမ်းချမ်းရေးမဟာမိတ်တပ် ရောက်ရှိပြီဖြစ်ဆိုတဲ့သတင်း၊ ရုရှားအနောက်ပိုင်းတပ်အများစု လက်နက်ချတဲ့သတင်းတို့ပဲဖြစ်ပါတယ်။"

သတင်းလွှင့်နေတဲ့ချန်နယ်ကို ရှာတွေ့ပြီးမလို့ ရှာနေတာကို ရပ်လိုက်ပြီး သတင်းဆက်ကြည့်တယ်။ ပြီးတော့ တစ်ခါတည်းပါ ပြုံးလိုက်မိသေးတယ်။ ဗီဒီယိုကလစ်မှာ ဆုဗာနာက ရောက်လာပြီဖြစ်တဲ့ ဆုဗာနာကိုယ်စားလှယ်အဖွဲ့ကိုလည်း တွေ့ရလို့ပါ။

"အဟယ်ဟယ်၊ ကောင်လေးဒီပက ကိုယ်စားလှယ်ခေါင်းဆောင်လား။"

ဒါပေမဲ့ ဒီပက အိမ်ရှေ့မင်းသားဆိုတာ တွေးမိတော့ သိပ်မထူးဆန်းဘူးလို့ ကောက်ချက်ချလိုက်မိတယ်။ ထိပ်သီးအစည်းအဝေးကို နှစ်ပိုင်းခွဲထားပြီး ဒီပတို့က ပုံမှန်နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံချင်းပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးကြမှာဖြစ်ပြီး မက်ဒါနာကတော့ ဂုဏ်ထူးဆောင် စစ်သေနာပတိအနေနဲ့ မစ်ရှင်အဖွဲ့ရဲ့အစည်းအဝေးမှာပါရမှာပါ။ ဗီဒိယိုကိုဆက်ကြည့်နေရင်းနဲ့ မက်ဒါနာလည်း မျက်မှောင်ကြုတ်လိုက်မိတယ်။ သတင်းကြေညာသူကတော့ သတင်းဆက်ကြေညာနေတယ်။

"လက်ရှိအချိန်မှာတော့ လန်ဒန်မြို့ကို မဟာမိတ်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြတဲ့ ကနေဒါ၊ အိုင်ယာလန်၊ ဂျာမဏီ၊ အာရပ်အစည်းအရုံး၊ ပြင်သစ်နဲ့ ဆုဗာနာနိုင်ငံတို့က ခေါင်းဆောင်တွေရောက်ရှိနေပြီဖြစ်ပြီးတော့ လေ့လာသူနိုင်ငံများဖြစ်တဲ့ အရှေ့တောင်အာရှ ပူးပေါင်းဆောင်ရွက်ရေးမဟာမိတ်အဖွဲ့နဲ့ တောင်အာဖရိကသမ္မတနိုင်ငံတို့က ကိုယ်စားလှယ်တွေလည်း ရောက်ရှိနေပြီဖြစ်ပါတယ်။"

ဗီဒီယိုထဲမှာ ရင်းနှီးနေတဲ့ ဟိုဘဝင်လေဟပ် မြန်မာဘုရင်ကောင်ကို မက်ဒါနာမြင်လိုက်ရ​လို့ နှာမှုတ်လိုက်တယ်။ ဒီလူကို အခုလိုတွေ့ရတာ သိပ်တော့မထူးဆန်းဘူး။ အာဆီယံအစည်းအရုံးက မြူတန့်မဟာမိတ်ရန်ကနေ ရှင်ကျန်ခဲ့ပေမဲ့ တကယ့်တည်းတည်းလေးပါ။ အသက်ရှိနေသေးတယ်လို့ ဆိုနိုင်ရုံလေးပဲ။ အခုဩစတေးလျကို ပိုးကောင်တွေသိမ်းလိုက်တော့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားတို့ မလေးရှားတို့က အချိန်မရွေးတိုက်ခိုက်ခံရနိုင်တဲ့ နေရာတွေဖြစ်သွားပြီ။

ပြီးတော့ ပိုးကောင်ဗိုလ်ချုပ်တွေကို သူတို့မှာရင်ဆိုင်နိုင်တဲ့ အင်အားမျိုးမရှိသေးဘူး။ ဒီတော့ ဆုဗာနာနဲ့ ဆက်ပြီးအားပြိုင်နေမယ့်အစား တစ်ဖက်တည်းဖြစ်နေတာ သူတို့အတွက်ပိုကောင်းတယ်။

"ကြည့်ရတာ ကျန်နေသေးသမျှ လူသားနိုင်ငံတွေအားလုံး ငြိမ်းချမ်းရေးမဟာမိတ်ထဲကို ဝင်လာမယ့်ပုံပဲ။ တခြားရွေးစရာလည်းမရှိတော့ဘူးလေ။" ဖလေရာက ပြောလိုက်တယ်။

ပိုးကောင်အင်ပါယာက ဖက်ဒရေးရှင်းလို့အုပ်စုကြီးကိုတောင် ယှဥ်တိုက်လာတာပါ။ ကာဒေးရှက်စကေးရဲ့အဆင့်တစ်ကိုတောင် မရောက်သေးတဲ့ ကမ္ဘာဂြိုဟ်က နိုင်ငံတွေအနေနဲ့ အလံတစ်ခုတည်းအောက်မှာစုစည်းနေမှသာ နိုင်ချေရှိမှာ။

မက်ဒါနာလည်း ခေါင်းညိတ်ပြီး ထောက်ခံလိုက်ပါတယ်။ သတင်းကြေညာသူကတော့ နောက်ထပ်သတင်းကို ကြေညာဖို့အဆင်သင့်ဖြစ်နေပြီ။ ပြီးတော့ တက်လာတဲ့ သတင်းဗီဒီယိုက တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတယ်။

အပြာရောင်နောက်ခံပေါ်မှာ ငြိမ်းချမ်းရေးချိုးငှက်ပုံပါတဲ့ အလံကိုတပ်ဆင်ထားတဲ့ မဟာမိတ်တပ်ဖွဲ့တွေက အလင်းဒြပ်စင်ဗဟိုချက်ပါတဲ့ အမြောက်တွေကိုသုံးပြီး တစ်ဖက်ခြမ်းကို ပစ်ခတ်နေပါတယ်။ ဗီဒီယိုထဲက မြေမျက်နှာသွင်ပြင်ကို မက်ဒါနာမရင်းနှီးပေမဲ့ ဥရောပမှာပဲဆိုတာကိုတော့ ကျိန်းသေသိနေတယ်။ ဒါပေမဲ့ အဲဒီဒေသမှာ အပင်တွေရော သက်ရှိတွေရော ရှိမနေပါဘူး။ တပ်ဖွဲ့တွေက ကတုတ်ကျွင်းတွေထဲမှာ နေရာယူထားပြီး အမြောက်တွေနဲ့အဝေးတစ်နေရာကို ပစ်ခတ်နေရတယ်။

အလင်းဒြပ်စင်ကျည်တွေက တစ်ဖက်ခြမ်းကိုကျပြီး

ပေါက်ကွဲရာကနေ ထွက်ပေါ်လာတဲ့ အသံကျယ်တွေနဲ့အလင်းရောင်တွေကြောင့် ညပိုင်းရိုက်တဲ့ဗီဒီယိုဖြစ်ပေမဲ့ နေ့ဖက်လိုမျိုး အလင်းရောက်ရှိနေပါတယ်။

"အဲဒီခပ်ဝေးဝေးက အကောင်တွေက ကျိုင်းကောင်တွေလား။" မက်ဒါနာက ဗီဒီယိုကို ချဲ့ပြီးသူတို့ပစ်နေတဲ့ နေရာကိုကြည့်လိုက်တယ်။ ဝါးတားတားပေမဲ့ လူနှစ်ရပ်လောက်ရှိတဲ့ အကောင်ကြီးတွေကို သူတို့မြင်နေရတယ်။

"ဒီဗီဒီယိုက ရိုမေးနီးယားမှာလား၊ ငြိမ်းချမ်းရေးမဟာမိတ်ပိုင်နက်အစပ်မှာလား။" မက်ဒါနာ မတွေးတတ်အောင် ဖြစ်သွားတယ်။

ပိုးကောင်အုပ်ကြီးကို အမြောက်ထောင်ချီက ဦးတည်ပစ်ခတ်နေပေမဲ့ တဖြည်းဖြည်းနီးလာနေတာကို သူတို့မြင်ရတယ်။ ပိုးကောင်တွေရောက်လာခါနီးတော့ ကင်မရာသမားက ကောင်းကင်ပေါ်ကို ထိုးချိန်လိုက်တယ်။ ကောင်းကင်ပေါ်မှာ တစ်ခုခုလာနေပါပြီ။

အပြာရောင်အလင်းတန်းတွေက ကျယ်လိုရွေ့လျားနေပြီး အနည်းဆုံးအရေအတွက်က ထောင်ချီတယ်။

အဲဒီအလင်းတန်းတွေက တဖြည်းဖြည်းမြေပြင်နဲ့နီးလာခါမှ အတောင်ပံပါတဲ့ မိန်းမလှလေးတွေနဲ့တူမှန်း

သတိထားမိလိုက်တယ်။

"ဖရာလီတာရဲ့စစ်နတ်သမီးတပ်ဖွဲ့ပဲ၊ သူတို့်အရေအတွက်က အရင်တစ်ကြိမ်ကထက်ပိုများနေပြီပဲ။" မက်ဒါနာက ချက်ချင်းပဲ သူတို့ကိုမှတ်မိသွားတယ်။ ဘာပဲပြောပြော စစ်နတ်သမီးတွေက အေမီဘားဂျက်ဗားရှင်းပါ။ ဒီတော့ အနည်းနဲ့အများတော့ အေမီနဲ့တူကြတယ်။

အေမီကလုန်းတွေက မြေပြင်ပေါ်ရောက်တာနဲ့ ကျိုင်းကောင်တွေကို စပြီးအမဲဖျက်တယ်။ မြေပြင် အမြောက်တပ်သားတွေရှေ့မှာပဲ တစ်ကောင်ပြီးတစ်ကောင် တစ်စစီဖြစ်သွားပြီး တပ်သားတွေက ဝမ်းသာရအားနဲ့ လက်ခုပ်တီးအားပေးကြတယ်။ တချို့ဆိုရင် အင်္ကျီတွေပါချွတ်ပြီး နတ်သမီးလေးတွေကို အားပေးနေသေးတယ်။

"အား၊ ယောက်ျားတွေကတော့ ယောက်ျားလေးတွေပါပဲ။ ဒီဟာတွေက အရုပ်တွေမှန်းသိနေလဲ အိုင်ဒေါတွေလိုမျိုး အားပေးနေတော့တာပဲ။"

မက်ဒါနာက ပြောပြောဆိုဆိုနဲ့ တစ်ဖက်ခုံမှာထိုင်နေပြီး ဂိမ်းဆော့နေတဲ့ အေမီကိုကြည့်မိတယ်။ အဲဒီနောက်တော့ ပခုံးတွန့်လိုက်ပြီး "အင်း၊ သူတို့ကို အပြစ်တင်လို့တော့ မရပါဘူးလေ။"

သတင်းတင်ဆက်သူကတော့ နောက်ဆုံးသတင်းကို ဆက်ကြေညာတယ်။ မြူတန့်မဟာမိတ်လက်အောက်က နောက်ဆုံးကျန်နေသေးတဲ့ အနောက်ရုရှားတပ်တချို့ လက်နက်ချသွားတဲ့သတင်းပါ။ အရှေ့ရုရှားသမ္မတကတော့ ရုရှားပြည်တွင်းစစ်ပြီးပြီလို့ကြေညာလိုက်ပြီး မြူတန့်ဗီလိန်တွေကို ဖမ်းဖို့ပဲရှိတော့တယ်လို့ပြောပါတယ်။ တကယ်လည်း မြူတန့်မဟာမိတ်က အခုအချင်းချင်းတိုက်ခိုက်နေကြပြီဖြစ်ပြီး ပြိုကွဲနေပါပြီ။ အရင်လို မစည်းလုံးတဲ့ ဗီလိန်တစ်အုပ်ပဲဖြစ်နေပြီ။

....

သူတို့လေယာဥ်ပေါ်ကဆင်းတော့ အရင်တစ်ခေါက်လိုပဲ ပန်ဒရာဂွန်မိသားစုက သူတို့ကိုလာကြိုတယ်။ ပြီးတော့ သုံးယောက်ထဲက အငယ်ဆုံးမလေးကိုင်ထားတဲ့ ဆိုင်းဘုတ်ကိုမြင်တော့ မက်ဒါနာသေချင်စိတ်ပေါက်သွားတယ်။

[အချစ်ဆုံး ဒါလင်မက်ဒါနာရေ၊ အသည်းတုံးလေးက ဒီမှာပါ။]တဲ့။

ဖရာလီတာလက်ချက်မှန်းသိပေမဲ့ ဖတ်ကြည့်ပြီး တော်တော်ကျောချမ်းသွားတယ်။ လင်ဒါ၊ ဆိုဖီယာ၊ ဖလေရာ၊ ​အေမီနဲ့ ဖရက်တို့ရဲ့အကြည့်တွေလည်း ပြောင်းလဲသွားပါတယ်။ ပြိုင်ဖက်ကြီးတစ်ယောက်ရဲ့အိမ်ကွင်းကို သူတို့ရောက်လာပြီလေ။

"မေမေနဲ့မေမေ၊ လန်ဒန်ကနေ ကြိုဆိုပါတယ်။" ဖွားဖွားပန်ဒရာဂွန်ရဲ့ဘေးမှာရပ်နေတဲ့ လီဆာက မက်ဒါနာနဲ့လင်ဒါဆီကို ပြေးဝင်လာတယ်။ လင်ဒါက လီဆာကို စီးဖမ်းလိုက်ပြီး ချီမြှောက်လိုက်တယ်။ လီဆာရဲ့ပုတ်သင်အမြီးက တယမ်းယမ်းဖြစ်နေပေမဲ့ လေဆိပ်ကလူတွေက ကြောက်ဖို့နေနေသာသာ သူ့ကိုဓာတ်ပုံရိုက်နေကြသေးတယ်။

"လီဆာ၊ အရင်တစ်ခါတွေ့တုန်းကထက် အများကြီးထွားလာတယ်နော်။" မက်ဒါနာက လီဆာ့ခေါင်းကို ပုတ်ရင်းပြောလိုက်တယ်။ တကယ်လည်း ဒီကောင်မလေးက သူ့အရပ်ကိုမီလုနီးပါးဖြစ်နေပြီ။ တစ်ချိန်တည်းမှာပဲ မက်ဒါနာက လေဆိပ်ကိုလိုက်ပတ်ကြည့်ရင်း မေးလိုက်မိတယ်။

"ဖရာလီတာရော မပါဘူးလား။ သူအလုပ်လုပ်နေရလို့များလား။" မဟာမိတ်မစ်ရှင်အဖွဲ့ခေါင်းဆောင်ဖြစ်လို့ ဖရာလီတာက ကိစ္စအများကြီးကို တာဝန်ယူထားရတယ်။ ပြီးတော့ မဟာမိတ်ကို ကာကွယ်ဖို့အတွက် လက်ရှိနည်းပညာတွေကို ချိုးဖျက်နိုင်ဖို့လုပ်နေရသေးတယ်လေ။ ဒီတော့ လေယာဥ်ပေါ်မှာရှိနေတည်းက သူ့ကိုလူကိုယ်တိုင်လာကြိုဖို့ မျှော်လင့်မထားဘူး။

ဒါပေမဲ့ ဖွားဖွားပန်ဒရာဂွန်နဲ့မေမေပန်ဒရာဂွန်ကြားမှာရပ်နေတဲ့ နောက်ကောင်မလေးတစ်ယောက်က သူ့ကိုဒေါသတကြီးစိုက်ကြည့်နေတဲ့အတွက် ခေါင်းကုတ်လိုက်မိတယ်။ ဒီကောင်မလေးကို သူတကယ်ပဲမသိဘူး။ 'ချစ်ဖို့ကောင်းကောင်းသား။'လို့ တွေးမိတာပဲရှိတာ။

လီဆာနဲ့အရပ်အတူတူပဲဲဖြစ်ပြီး ပိုးသားလိုရွှေရောင်ဆံပင်မျိုးရှိတယ်။ ဆံပင်ကို နောက်မှာစုပြီးမြင်းစီးပုံချည်ထားတယ်။ ရင်က ဖွံဖွံ​ဖြိုးဖြိုးရှိပြီး C cup ထက် နည်းနည်းပေးသေးတော့တာ။ ပြီးတော့ အနက်နဲ့အပြာစပ် လိုလီတာဂါဝန်တိုလေးကိုဝတ်ထားပြီး အပြာနုရောင် စတော့ကင်လည်းဝတ်ထားသေးတယ်။

"အာရာ၊ နင်ကရော ပန်ဒရာဂွန်မိသားစုကပဲလား။ ဖရာလီနာနဲ့ဘာတော်လဲ။ သူ့ဝမ်းကွဲအစ်မတို့ဘာတို့လား။"

မက်ဒါနာလည်း စပ်စုချင်တာနဲ့ ကောင်မလေးရှေ့သွားပြီး မေးလိုက်တယ်။ သူ့ကိုယ်သူမိတ်ဆက်ရမလားလို့ စဥ်းစားနေတဲ့အချိန်မှာပဲ ကောင်မလေးရဲ့လက်က မြောက်တက်လာပြီး မက်ဒါနာရဲ့နှာနုရိုးကို ထိုးချလိုက်လေရဲ့။

"အောင့်..."

"နင်မသိချင်ယောင်မဆောင်နဲ့ ငါက ဖရာလီတာဟဲ့၊ သောက်မက်ဒါနာရဲ့။"

နာကျင်တဲ့အပြင် မွှန်ပါမွှန်သွားတဲ့အတွက် မက်ဒါနာတစ်ယောက် သူ့နှာခေါင်းသူဖိထားရင်း သူ့ရှေ့က ခပ်ရိုင်းရိုင်းကောင်မစုတ်လေးကို သုံးလေးငါးခါလောက်

ပြန်ကြည့်မိတယ်။ ရုပ်ချင်းနည်းနည်းဆင်ပေမဲ့ မက်ဒါနာမှတ်မိတဲ့ ဖရာလီတာလို့ နည်းနည်းလေးမှထင်စရာမရှိတာ။ ဒါပေမဲ့ လေသံက​တော့ ဖရာလီတာ့လေသံအစစ်ပါ။

"ငါ့ကို လာနောက်နေတာတော့မဟုတ်ပါဘူးနော်၊ ငါသိတဲ့ ဖရာလီတာက ဒီထက်ပုပါတယ်။"

မက်ဒါနာက ကောင်မလေးအရပ်ကို တိုင်းကြည့်တော့ သူ့ပခုံးကိုနည်းနည်းကျော်နေပြီ။ ဒါပေမဲ့ ကောင်မလေးကတော့ မက်ဒါနာ့စကားကို စော်ကားတာလို့ မြင်သွားပုံပဲ။ အံ့ကိုတင်းတင်းကြိတ်ပြီး ခါးသီးတဲ့လေသံနဲ့​ပြောလိုက်လေရဲ့။

"မက်ဒါနာ၊ ကောင်မစုတ်။ ငါက ကြီးထွားဆဲအရွယ်လေလို့၊ နင်က ငါ့ကိုတစ်သက်လုံးကြီးမလာတော့မယ့် သက်ကြီးပုလိုလီလေးလို့ထင်နေတာလား။"

"......" စိတ်ကူးယဥ်ထားသမျှ ကြေမွသွားတဲ့ မက်ဒါနာတစ်ယောက် ရင်နာနာနဲ့ သူ့ရှေ့က ကောင်မလေးကို ကြည့်လိုက်တယ်။ ဒီတော့ ဒါက တကယ့်ဖရာလီတာအစစ်ပေါ့။

ဖရာလီတာကတော့ လက်ပိုက်ပြီး မက်ဒါနာကိုရိုက်တော့မယ့်ပုံစံနဲ့ ကြည့်နေပါပြီ။ သူက မက်ဒါနာကို ဒေါသသံပါပါနဲ့မေးလိုက်တယ်။

"နင်ငါ့အသက်ကိုရော မှတ်မိပါတယ်နော်။"

"ဆယ့်လေးနှစ်မဟုတ်လား...."

"အဲဒါနင်နဲ့ငါနဲ့စတွေ့တုန်းက အသက်ဟဲ့။ အခုဆယ့်ခြောက်နှစ်ပြည့်တော့မှာ။"

"....." သူ့မျက်စိရှေ့မှာတင် ချစ်စရာလိုလီလေးတစ်ယောက် အရွယ်ရောက်တော့မယ်ဆိုတာ ကြားလိုက်ရတော့ မက်ဒါနာတစ်ယောက် နေမကောင်းချင်ဖြစ်သွားတယ်။ မဒမ်ဖလောရင့်ကတော့ ဖရာလီတာနားကို ကပ်ပြီးပြောရှာတယ်။

"သမီးရေ၊ သမီးမွေးနေ့က အများကြီးလိုသေးတယ်မဟုတ်ဘူးလား။ အခုမှ ဆယ့်ငါးနှစ်ထဲဝင်ပြီးတာ မကြာသေးဘူးလေ။"

"ဘာပဲဖြစ်ဖြစ် အဲဒီကောင်မ သတိလစ်နေလို့ သမီးမွေးနေ့လွတ်သွားတာကို မကျေနပ်နိုင်သေးဘူး။"

ဖရာလီတာက ဆောင့်အောင့်ပြောရင်း ရှေ့ကနေ ဦးဆောင်လျှောက်တယ်။ သူတို့လည်း နောက်ကနေ လိုက်ရတော့တာပေါ့။ မက်ဒါနာကတော့ ဖရာလီတာကို ကြည့်ပြီး မအံ့ဩဘဲ မနေနိုင်ဖြစ်နေတုန်းပဲ။

"ဒါပေမဲ့ နင့်ဝတ်ပုံစားပုံက ဘယ်လိုလုပ်ပြီး အများကြီးပြောင်းသွားတာလဲ။ ခါတိုင်းဆိုရင် ကလေးဆန်တဲ့ သခင်မလေးလိုဝတ်တာလေ။ အခုလည်းကလေးဆန်ပေမဲ့ ဝတ်ပုံက နည်းနည်းလွဲနေလားလို့။"

ဒီစကားကိုကြားတော့ ဖရာလီတာက ဖလေရာကို လက်ညိုးထိုးပြတယ်။ ဖလေရာက စီအီးအိုဝတ်စုံနဲ့စကပ်ကို စတော့ကင်အနက်နဲ့တွဲဝတ်ထားတာလေ။

"နင်က စတော့ကင်နဲ့အစ်မကြီးတွေကို သဘောကျမယ်ထင်လို့ ငါလည်းစတော့ကင်ဝတ်လို့ရမယ့်ဟာ ပြောင်းဝတ်တာလေ။ ပြီးတော့ ဒီနေ့တစ်နေ့လေးပဲ ဝတ်မိတာပါ။"

မက်ဒါနာက ဒီစကားကိုကြားတော့ ဖရာလီတာ့ခေါင်းကို ပုတ်ပေးလိုက်တယ်။ "နင်ဝတ်နေကျအတိုင်းပဲ ဝတ်တာကောင်းတယ်။ အဲဒါက နင်နဲ့ပိုလိုက်တယ်။"

ဖရာလီတာက မက်ဒါနာဆီကနေ တုံ့ပြန်စကားကို ကြားတော့ လှလှပြုံးလိုက်တယ်။ နောက်တော့ မက်ဒါနာကို ရွန်းလဲ့တောက်ပနေတဲ့ မျက်လုံးလေးတွေနဲ့ မော့ကြည့်ပြီး ပြောလိုက်လေရဲ့။

"ကောင်းပြီလေ၊ နင်သဘောကျတဲ့အတိုင်း ဖြစ်စေရမယ်။"

မတွေ့တာကြာလို့လားတော့မသိပေမဲ့ ဖရာလီတာက သူ့စကားကို ပိုပြီးနားထောင်ချနေသလိုပဲ။ လေဆိပ်အထွက်နားကိုရောက်တော့ လုံခြုံရေးတပ်ဖွဲ့တစ်ခုရှိနေတာကိုတွေ့ရတယ်။ လေဆိပ်မှာ ပုံမှန်လုံခြုံရေးရှိတာ မထူးဆန်းပေမဲ့ ပုံမှန်ထပ် ပိုတင်းကြပ်နေသလိုပဲ။

"အရင်လတုန်းက ပိုးတောင်မာမျိုးနွယ်စုက သူလျှိုတွေ ငါတို့ထဲကိုဝင်ဖို့ကြိုးစားလို့ တင်းကျပ်ထားတာ သိပ်တော့ကိစ္စမရှိပါဘူး။"

မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ သတိဆိုတာ ပိုတယ်လို့မရှိဘူးလေ။ ဒါပေမဲ့ သူမရှိတုန်းဖရာလီတာတို့ ဘာတွေလုပ်နေလဲ သိချင်လာတယ်။

"မဟာမိတ်ကရော အခြေအနေဘာထူးသေးလဲ။"

"အာရပ်အစည်းအရုံးအဖွဲ့ဝင်တွေက အာဖရိကနိုင်ငံတွေထဲကို ဖောက်ဝင်ဖို့ကြိုးစားနေတယ်။ ပိုးကောင်ကျူးကျော်မှုစကတည်းက အဲဒီနေရာတွေမှာ ဘာဖြစ်နေလဲ ငါတို့မသိရတော့တာ။ ငါတို့စိုးရိမ်တာက ကပ်ပါးမျိုးနွယ်တစ်ခုခု အဲဒီမှာလျှို့ဝှက်ကြီးထွားနေမှာကိုပဲ။ အာဖရိကကို ငါတို့ရဲ့မျက်ကွယ်နေရာ ဖြစ်ခွင့်ပေးလို့မရဘူး။"

သေချာစဥ်းစားကြည့်တော့ ဖရာလီတာပြောတာဟုတ်တယ်။ အမေရိကန်လို နိုင်ငံကြီးတွေမှာတောင် ပိုးကောင်စိမ့်ဝင်တဲ့ ပြဿနာနဲ့ရင်ဆိုင်နေကြရတာပါ။

အာဖရိကနိုင်ငံငယ်လေးတွေက သူတို့ကိုယ်သူတို့တောင် စောင့်ရှောက်နိုင်တာမဟုတ်ဘူး။ တောင်အာဖရိက ကိုယ်စားလှယ်တွေ ဒီကိုရောက်လာတာ အဲဒီကိစ္စပါလိမ့်မယ်ထင်တယ်။ သူတို့က အာရပ်ရပ်ဝန်းပြင်ပ အာဖရိကမှာရှိတဲ့ တစ်ခုတည်းသော ဒေသတွင်းအင်အားကြီးနိုင်ငံပါ။

လေဆိပ်အပြင်ကိုရောက်လာတော့ သူတို့ကိုစောင့်ပြီး ဓာတ်ပုံရိုက်နေတဲ့ သတင်းထောက်တွေရှိပေမဲ့ စုပြုံပြီး မေးခွန်းတွေမေးတာတော့ လုပ်လို့မရကြဘူး။ လုံခြုံရေးတပ်ဖွဲ့က သူတို့ကိုတားထားတယ်။

"အခုငြိမ်းချမ်းရေးမဟာမိတ်ရဲ့အခြေအနေက အထိအခိုက်မခံဘူး။ နောက်မှ သတင်းစာရှင်းလင်းပွဲလုပ်ပြီး သူတို့ကိုရှင်းပြရမယ်။"

ဖလေရာက ပြောလိုက်ပြီး အသင့်ပြင်ထားတဲ့ ယာဥ်တန်းထဲက ဘန်ဒလေကားကိုဝင်တယ်။ ကားတန်းကလည်း ပုံမှန်သမ္မတယာဥ်တန်းတွေထက် ပိုလုံခြုံရေးတင်းကျပ်ထားပြန်တယ်။ ဟန်းဘီးတွေရော အေမီကလုန်းတွေပါပါနေတယ်။ မက်ဒါနာတို့အုပ်စု တံခါးဆယ့်နှစ်ပေါက်ပါတဲ့ ဘန်ဒလေထဲရောက်တော့ မက်ဒါနာက မြို့တွေကိုကာကွယ်နိုင်မယ့် နည်းပညာအ​ကြောင်း စကားစဖြစ်သွားတယ်။

"နင့်ကိုပို့ထားတဲ့ စွမ်းအင်ဒိုင်းစနစ်အ​ကြောင်း ဖတ်ဖြစ်လိုက်သေးလား။"

ဖရာလီတာက ဒီစကားကိုကြားတော့ ခေါင်းညိတ်ပြတယ်။ ကြည့်ရတာ သူလည်းလေ့လာထားပြီးတဲ့ပုံပဲ။ "နင်တပည့်ကောင်းတစ်ယောက် ရထားတာပဲ။ ငါအခု

အဲဒီနည်းပညာကိုစမ်းဖို့ ကုန်ကြမ်းတွေစုထားတယ်။ နင်ဒီမှာရှိနေတုန်း လုပ်ကြည့်ကြတာပေါ့။ ကံကောင်းရင် လန်ဒန်က မြို့ကာကွယ်ရေးစနစ်နဲ့ကာကွယ်ခံရတဲ့ ပထမဆုံးမြို့တော်ဖြစ်လာမှာပဲ။"

မက်ဒါနာ ခေါင်းညိတ်လိုက်တယ်။ သူ့စိတ်ထဲမှာ မကျေလည်ဖြစ်နေတဲ့ကိစ္စတွေကိုပါ တစ်ပါတည်း ပြောလိုက်မိပါတယ်။ "ဖရာလီတာ၊ ငါအခုတွေးမိနေတာက ငါတို့နည်းပညာပစ္စည်းတွေက အကန့်အသတ်တစ်ခုရောက်နေပြီ။ ငါစိုးရိမ်တာက ပိုးကောင်ဗိုလ်ချုပ်တွေနဲ့ ပိုးကောင်ဘုရင်မကို နိုင်ဖို့မျှော်လင့်ချက် မရှိမှာကိုပဲ။"

ဖရာလီတာကတော့ အဲဒီအတွက် ဘာမှတွေးပူပုံမရပါဘူး။ အဲဒီအစား အခုလိုပြောလိုက်တယ်။ "နင်စိတ်ပူမနေပါနဲ့၊ တကယ်လို့ နင်သာ သားရဲလေးကောင်နဲ့ သဘောတူညီချ​က်ရရင် ငါတို့အတွက် မျှော်လင့်ချက်ရှိလာလိမ့်မယ်။"

မက်ဒါနာက မျက်မှောင်ကြုတ်လိုက်တယ်။ ဘာလို့ ဖရာလီတာက သူ့ကို အရာအားလုံးရဲ့သော့ချက်လိုမျိုး ပြောနေရတာလဲ သူနားမလည်နိုင်ဘူး။

All Chapters