သေပြေးရှင်ပြေး
Vol. 9 Ch. 124
“လခွမ်းတဲ့မှပဲ။ ဉာဏ်များလိုက်တဲ့ ကောင်စုတ်လေး "
မီးခိုးရောင် ဝတ်ရုံနဲ့လူက အနောက်ကို တစ်ချက် ဆုတ်လိုက်ပါတယ်။ ဒီမီးခိုးငွေ့တွေက ဘာလဲ ဆိုတာကို သူတိတိကျကျ စစ်ဆေးဖို့ လိုအပ်တယ်လေ။ သူက အတွေ့အကြုံ ရင့်ကျက်တဲ့ လူတစ်ယောက် ဖြစ်တဲ့ အတွက် မကြာခင်မှာပဲ ဒီမီးခိုးငွေ့တွေက ဘာအန္တရာယ်မှ မပေးနိုင်ဘူး ဆိုတာကို သိသွားပါတော့တယ်။
“သွားစမ်းကွာ”
သူက လက်အင်္ကျီစကို တစ်ချက် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ လေပြေတစ်ခုက ဖြစ်ပေါ်လာပြီး မီးခိုးငွေ့တွေကို သယ်ဆောင် သွားပါတော့တယ်။ မီးခိုးငွေ့တွေ ရှင်းလင်းသွားတဲ့ အချိန်မှာတော့ လီဖူချန်းက ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါပြီလေ။
“သေလိုက်ပါတော့ကွာ ... ဒီခွေးမသားလေးက ငါ့ကို အလုပ်ရှုပ်အောင် လုပ်သွားပြန်ပြီ။ ပြေးထားနှင့်ဦးပေါ့ကွာ ... ငါမင်းကို ဖမ်းမိတဲ့ အခါမှ အရှင်လတ်လတ် အရေခွံနွှာမယ်”
မီးခိုးရောင် ဝတ်ရုံနဲ့လူက တောအုပ်ထဲကို ပြေးဝင် သွားပါတော့တယ်။
ဒီအနီးအနား ပတ်ဝန်းကျင်မှာတော့ ထွက်ပြေး ပုန်းခိုစရာ ဆိုလို့ ဒီတောအုပ်ပဲ ရှိတာလေ။ ဒါကြောင့်သူက လီဖူချန်း တစ်ယောက် တောအုပ်ထဲကို ဝင်ပြေးသွားတယ်လို့ ခန့်မှန်း လိုက်တာပါ။
တောအုပ်ထဲကို မီးခိုးရောင် ဝတ်ရုံနဲ့လူ ပြေးဝင်သွားပြီး အချိန် အနည်းငယ် အကြာမှာတော့ ...
လီဖူချန်းက အလောင်းနှစ်လောင်းရဲ့ အောက်နေ ထွက်လာပါတယ်။ လီဖူချန်းက အလောင်း နှစ်လောင်းကို သူ့အပေါ်မှာ တင်ထားပြီး ပုန်းအောင်း နေခဲ့တာပါ။
“တကယ် ပါးနပ်တဲ့ ကောင်လေးပဲ "
ကောင်းကင်ယံ ထက်မှာ ရှိနေတဲ့ ချီဟွာက အဖြစ်အပျက် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ သူကိုယ်တိုင်တောင်မှ လီဖူချန်းရဲ့ လှည့်စားမှုကို ခံလိုက်ရတာပါ။ ကောင်းကင်ယံ ကနေ ကြည့်နေတဲ့ ချီဟွာတောင်မှ လီဖူချန်း တစ်ယောက် မီးခိုးဗုံးကို ဖောက်ခွဲပြီး တောထဲကို ဝင်ပြေး သွားတယ်လို့ ထင်နေခဲ့တာလေ။
လီဖူချန်းက အချိန်ဆွဲမနေပဲ မားရှန် မြင်းတစ်ကောင်ကို ဆွဲပြီး ဒုန်းစိုင်း ထွက်ခွာ သွားပါတော့တယ်။
“တော်သေးတာပေါ့။ ငါသာ ချီအငွေ့အသက် ဖျောက်တဲ့ ပညာရပ်ကို မတတ်ထားရင် ဒီကောင်ကြီးကို လှည့်စားလို့ရမှာ မဟုတ်ဘူး။ “
လီဖူချန်းက မြင်းကို အမြန် စီးနေရင်းနဲ့ သူ့အဖြစ်ကိုသူ တွေးနေမိပါတယ်။ လီဖူချန်းက မြေကမ္ဘာ အဆင့်ပညာရှင် တစ်ယောက်ရဲ့ လက်ချက်နဲ့ ဘဝကူးမဲ့ အခြေအနေကနေ သီသီလေး လွတ်လာ ခဲ့တာလေ။
သေချာတာကတော့ သူဒီလူနဲ့ ထပ်တွေ့လို့ လုံးဝ မရတော့ပါဘူး။ မီးခိုးရောင် ဝတ်ရုံနဲ့လူက သူ့ကို တွေ့တာနဲ့ တန်းပြီး သတ်ဖြတ် တော့မှာပါ။
လျိုတိုင်ရှန်းနဲ့ တိုက်ခိုက်တုန်းက မြေကမ္ဘာ အဆင့် ပညာရှင်တစ်ယောက်ရဲ့ အတွင်းအားနဲ့ ညီမျှတဲ့ တိုက်ခိုက်မှုမျိုးကို ကြုံခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း အခုကတော့ တကယ့် မြေကမ္ဘာ ပညာရှင်ပါ။
မြေကမ္ဘာ ပညာရှင် တစ်ယောက်နဲ့ ထိပ်တိုက် ရင်ဆိုင်ရရင် သေဖို့နှုန်းက ၉၀ရာခိုင်နှုန်း သေချာပါတယ်။
***
မားရှန်မြင်း ဆိုတာက အဆင့်၂မိစ္ဆာသားရဲ သွေးပါသည့် အလျောက် အရှိန်အမြင့်ဆုံးနဲ့ ပြေးလွှားတဲ့ အခါမှာတော့ တစ်ခဏ အတွင်းမှာပဲ လီဖူချန်းကို အရိပ်ပဲ မြင်ရပါတော့တယ်။
ဟူး…
လူရိပ်တစ်ရိပ်က တောအုပ်ထဲကနေ ခုန်ထွက် လာခဲ့ပါတယ်။ အဲသည် သူကတော့ မီးခိုးရောင် ဝတ်ရုံနဲ့ လူစိမ်းပါပဲ။ သူက မြင်းတွေကို တစ်ချက် ရေတွက်လိုက်တဲ့ အခါမှာတော့ မားရှန် မြင်းတစ်ကောင် ပျောက်နေတာကို သိလိုက်ရပါတယ်။
“သေစမ်းကွာ။ ဒီကလေးက ငါ့ကို ပညာ ပြသွားပြီ"
မီးခိုးရောင်ဝတ် လူက သူလှည့်စား ခံလိုက်ရတာကို သိသွားခဲ့တဲ့ အတွက် ဒေါသ အကြီးအကျယ် ထွက်နေပါတယ်။ သူက မြင်းခွာရာတွေကို လေ့လာပြီး လီဖူချန်း ထွက်သွားတဲ့ ဘက်ကို ခန့်မှန်း မိလိုက်ပါတယ်။ သူက လီဖူချန်းရဲ့ နောက်ကို လိုက်ဖို့ ပြင်နေဆင်မှာပဲ သူက လှုပ်ရှားမှုတွေကို ရပ်တန့် လိုက်ပါတယ်။
သူ့ရဲ့ ကျောရိုး တစ်လျောက်မှာ စိမ့်သွားပြီး တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသလို ခံစား လိုက်ရတယ်လေ။ အပေါ်ကို မော့ကြည့်လိုက်တဲ့ အခါမှာတော့ လူတစ်ယောက်က ညင်သာစွာ မြေပြင်ပေါ်ကို ဆင်းသက်လာတာကို မြင်လိုက်ရပါတယ်။
“အကြီးအကဲချီ “
မီးခိုးရောင်ဝတ်လူစိမ်းက ကြောက်လန့်လွန်းလို့ တစ်ကိုယ်လုံး တစ်ဆတ်ဆတ် တုန်နေပါပြီ။
“အတွင်းစည်း တပည့် တစ်ယောက်ကို သတ်ဖို့ မင်းကို ဘယ်သူ အမိန့်ပေးလိုက်တာလဲ”
အကြီးအကဲချီက သူ့ရဲ့ ကောင်းကင် နယ်ပယ် အရှိန်အဝါတွေကို ထုတ်လိုက်ပါတယ်။ မီးခိုးရောင် ဝတ်ရုံနဲ့လူက ချက်ချင်း ဒူးထောက် ချလိုက်ပါတယ်။
“အကြီးအကဲချီ ... ကျွန်တော့်ကို အထင် မမှားလိုက်ပါနဲ့။ ကျွန်တော်က ဒီကောင်လေးကို ဖမ်းဖို့ပဲ ရည်ရွယ် ထားတာပါ။ သတ်ဖို့ အစီအစဉ် မရှိပါဘူး”
“ဟိုး ... ဟိုး ... မင်းက ဖမ်းဖို့ပဲ ရည်ရွယ်ထားတာပေါ့လေ "
ချီဟွာရဲ့ ကောင်းကင်နယ်ပယ် ဖိအားက မီးခိုးရောင်ဝတ်ရုံနဲ့ လူစိမ်းအပေါ်ကို တောင်ကြီး တစ်ခုလို ပိကျလာပါပြီ။ မီးခိုးရောင် ဝတ်ရုံနဲ့လူက ချီဟွာက သူ့ကို သတ်တော့မယ် ဆိုတာကို သဘော ပေါက်လိုက်ပါတယ်။ သူက လေသံကို ပြင်လိုက်ပါတယ်။
“ချီဟွာ ... မင်းငါ့ကို လွှတ်ပေးလိုက်တာ ပိုကောင်းမယ်နော်။ မဟုတ်လို့ ကတော့ ငါ့ရဲ့ လျိုကလန်က မင်းကို ကြည့်နေမှာ မဟုတ်………”
သူ့ရဲ့ စကားကိုတောင် ပြီးအောင် မပြောလိုက်ရသေးခင်မှာပဲ မီးခိုးရောင် ဝတ်ရုံနဲ့ လူစိမ်းက သွေးအိုင် တစ်ခုအဖြစ် ဘဝ ပြောင်းသွားပါတော့တယ်။
***
ကောင်းကင် နယ်ပယ်က ပညာရှင် တစ်ယောက်ရဲ့ စွမ်းပကားက တကယ်ပဲ လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ သူတို့ရဲ့ အရှိန်အဝါကတောင် မြေကမ္ဘာ အဆင့်က ပညာရှင် တစ်ယောက်ကို အလွယ်လေး သတ်ပစ်နိုင်စွမ်း ရှိတယ်လေ။ ဒါပေမဲ့ ဒီမီးခိုးရောင် ဝတ်ရုံနဲ့လူစိမ်းက စိတ်စွမ်းအင် အရမ်း အားနည်းတာလည်း ဖြစ်နေနိုင်ပါတယ်။
“ကောင်လေး … မင်းကောင်းကောင်း ကြိုးစားစမ်းကွာ။ တစ်နေ့မှာ မင်းက နဂါးတစ်ကောင် ဖြစ်လာပြီး လောကကြီးကို လွှမ်းမိုးနိုင်မယ် ဆိုတာကို ငါကောင်းကောင်းကြီး ယုံကြည်တယ်”
ချီဟွာက လီဖူချန်း ထွက်သွားရာဘက်ကို ငေးကြည့်ပြီး ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။ ထို့နောက်မှာတော့ သူက ကောင်းကင်ပေါ်ကို ခုန်တက်သွားပြီး ပျောက်ကွယ် သွားပါတော့တယ်။
***
လီဖူချန်းကတော့ သူ့အနောက်မှာ ဘာတွေ ဖြစ်ပျက်သွားသလဲ ဆိုတာကို လုံးဝမသိပဲ ခရီးနှင်နေ ပါတေ့ာတယ်။
နောက်ထပ် ရက်အနည်းငယ် ကြာတဲ့ အထိ လီဖူချန်း တစ်ယောက် ကြာကြာ မရပ်နားရဲပဲ မြင်းကို ဒုန်းစိုင်းကာ ခရီး နှင်နေဆဲပါပဲ။ သူ့ရဲ့ လက်ထဲမှာလည်း အဖြူရောင် မီကာဆာ ဗုံးနှစ်လုံးကို အသင့် ပြင်ထားပါတယ်။
တတိယနေ့ကို ကျော်လွန်ပြီးတဲ့ အထိ မြေကမ္ဘာ ပညာရှင်ရဲ့ အရိပ်အယောင်ကို မတွေ့ရတဲ့ အခါမှ လီဖူချန်းက အရှိန်ကို လျော့ချ လိုက်ပါတော့တယ်။ အခုအချိန်ထိ ရန်သူက မပေါ်လာတော့ဘူး ဆိုမှတော့ သူ့ကို မျက်ခြေ ပြတ်သွားပြီ ဆိုတာ သေချာ သွားပါပြီလေ။
မိုးပြာဂိုဏ်းရဲ့ မြောက်ပိုင်းမှာ တည်ရှိတဲ့ လင်းရှမြို့က တကယ် ခရီးသွားလိုက်တဲ့ အခါမှာတော့ ထင်ထားသလောက် မဝေးလှပါဘူး။ လဝက် အကြာမှာပဲ လီဖူချန်းက လင်းရှမြို့ကို ရောက်လာခဲ့ပါပြီ။ လင်းရှမြို့က လူဦးရေ နှစ်သိန်းတောင် မပြည့်တဲ့ မြို့ငယ်လေး တစ်ခုဖြစ်ပါတယ်။
ဒီမြို့လေးမှာတော့ မိုးပြာရောင် ဂိုဏ်းက သိုင်းပညာရှင်တွေ သာမက ထျန်းရှဂိုဏ်းက သိုင်းပညာရှင်တွေ ကိုပါ တွေ့မြင် ရမှာပါ။
မြို့စား စုပင်းကတော့ မြေကမ္ဘာ နယ်ပယ် အဆင့်၉ဖြစ်ပြီး တချို့ မြို့ကီးတွေက မြို့စားတွေထက် အတော်လေး အစွမ်း ထက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမြို့လေးက ဂိုဏ်းနှစ်ဂိုဏ်း စလုံးနဲ့ သိပ်မဝေးတဲ့ အတွက် ဒီမြို့ရဲ့ မြို့စားက အစွမ်းထက်နေဖို့ လိုတယ်လေ။ ဒါပေမဲ့လည်း မြို့စားစုပင်း ခမျာမှာ မြို့စား ဖြစ်ကတည်းက ညဘက် ကောင်းကောင်း အိပ်မပျော် နိုင်ရှာပါဘူး။ ဘယ်နေ့ ဘယ်အချိန်မှာများ ထျန်းရှဂိုဏ်းက ပညာရှင် တစ်ယောက်က သူ့ကို လာစိန်ခေါ်မလဲ ဆိုတာကို တွေးရင်းနဲ့ စိုးရိမ်ကြောင့်ကျ နေရရှာတာပါ။
ဒါကြောင့် သူက ဝမ်ညီအစ်ကို ၃ယောက် ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်ကို ဓားပြတိုက်သွားတဲ့ ကိစ္စကို ဝင်ပါဖို့ အချိန်မရှိတဲ့ အတွက် မိုးပြာရောင် ဂိုဏ်းကို လှမ်းအကြောင်း ကြားရခြင်း ဖြစ်ပါတယ်။
ကျန်းကလန်ကတော့ ဒီလင်းမြို့မှာ အခြေစိုက်ထားတဲ့ ကလန်ငယ်လေး တစ်ခုပါ။ ဒီကလန်ရဲ့ အတော်ဆုံး တိုက်ခိုက်ရေး ပညာရှင်တောင်မှ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉မှာပဲ ရှိသေးပါတယ်။
ယနေ့မှာတော့ လီဖူချန်း တစ်ယောက် ကျန်းကလန်ကို ရောက်လာခဲ့ပါပြီ။
ကျန်းကလန်ရဲ့ ခေါင်းဆောင် ကိုယ်တိုင်က လီဖူချန်းကို ထွက်ပြီး ကြိုဆိုပါတယ်လေ။ လီဖူချန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆ပဲ ရှိသေးတာကို အာရုံခံမိတဲ့ နောက်မှာတော့ ကျန်းကလန် ခေါင်းဆောင်ရဲ့ မျက်နှာကတော့ သိပ်ပြီး မကောင်းတော့ပါဘူး။
ဘာဖြစ်လို့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆က ကလေး တစ်ယောက်ကို မိုးပြာရောင် ဂိုဏ်းက လွှတ်လိုက် ရတာပါလိမ့်။ သူက အနည်းဆုံးတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉က ပါရမီရှင် တစ်ယောက်ကို လွှတ်ပေးလိုက်မယ်လို့ ထင်ထားခဲ့တာပါ။ ဒီကောင်လေးက ဘာလုပ်နိုင်စွမ်း ရှိမှာ မို့လဲလေ။
“မိုးပြာရောင် ဂိုဏ်းရဲ့ အတွင်းစည်း တပည့် လီဖူချန်းက ခေါင်းဆောင်ကျန်းကို အရိုအသေ ပေးပါတယ် ခင်ဗျာ”
လီဖူချန်းက လက်နှစ်ဖက်ကို ဆုပ်ပြီး နှုတ်ဆက်စကား ဆိုလိုက်ပါတယ်။
“သူရဲကောင်းလေးကတော့ အရမ်း ရိုသေ လွန်းနေပါပြီ”
ခေါင်းဆောင်ကျန်းက စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်နေပေမဲ့လည်း မိုးပြာရောင်ဂိုဏ်းက အတွင်းစည်း တပည့် တစ်ယောက်ကိုတော့ မကြိုဆိုပဲ မနေရဲပါဘူးလေ။ သူက လီဖူချန်းကို ကျန်းကလန်ရဲ့ ဧည့်ကြိုဆောင်ထဲကို အမြန်ပဲ ဖိတ်ခေါ် လိုက်ပါတယ်။
ကျန်းကလန်ရဲ့ ဧည်ကြိုဆောင်ထဲမှာတော့…
"သူက ဘာဖြစ်လို့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆မှာပဲ ရှိနေရတာလဲ”
“ကြည့်ရတာ ငါတို့ ကမ်းလှမ်းတဲ့ ဆုကြေးက အရမ်း နည်းနေလို့ ဖြစ်ရမယ်။ ဒါကြောင့် မိုးပြာရောင် ဂိုဏ်းရဲ့ နာမည်ကြီး အတွင်းစည်း တပည့်တွေက ဒီတာဝန်ကို စိတ်မဝင်စား ကျပုံပဲ”
ကျန်းကလန်ရဲ့ အကြီးအကဲတွေကတော့ နဖူးတိုက် ဒူးတိုက် ဆွေးနွေး နေကျပါတယ်။
ဒီတာဝန်ရဲ့ ဆုကြေးငွေကို မြို့စားမင်းက ပေးတာ မဟုတ်ပါဘူး။ ကျန်းကလန်က ရွှေပြား၃၀၀၀၀ ဆုကြေးအဖြစ် ပေးထားတာပါ။ ဒီရွှေပြား ၃၀၀၀၀ ဆိုတာက ကျန်းကလန် အတွက်တော့ နည်းတဲ့ ပမာဏ မဟုတ်ပါဘူး။
ကျန်းကလန် တစ်ခုလုံးက ခြိုးခြံချွေတာပြီး တစ်နှစ်လုံး စုတာတောင်မှ ရွှေပြား ၁၀၀၀၀ မပြည့်ပါဘူးလေ။ ခေါင်းဆောင်ကျန်းက ချောင်းတစ်ချက် ဟန့်လိုက်ပြီး လီဖူချန်းကို မေးလိုက်ပါတယ်။
“သူရဲကောင်းငယ်လေး လီ ... ဒီတာဝန်က လွယ်တဲ့အရာတစ်ခု မဟုတ်ဘူးနော်။ မောင်ရင်လေး တစ်ယောက်တည်းနဲ့ ဖြစ်ပါ့မလား”
လီဖူချန်းက ခေါင်းဆောင်ကျန်းရဲ့ အတွေးကို နားလည်ပါတယ်လေ။
“ခေါင်းဆောင်ကျန်း… အရမ်း စိတ်ပူမနေပါနဲ့။ ကျွန်တော် တစ်ယောက်တည်းနဲ့ ဖြစ်ပါတယ်”
လို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။ ခေါင်းဆောင်ကျန်းက သက်ပြင်း တစ်ချက် ချလိုက်ပြီး
“မောင်ရင်လေးက ယုံကြည်မှု အပြည့် ရှိနေတယ် ဆိုတော့လည်း ဒီအဘိုးကြီးက မောင်ရင်လေး အပေါ်မှာပဲ ပုံအောပြီး ယုံကြည် လိုက်ပါတော့မယ်။ ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်ကို ယူတဲ့နေရာမှာ အကူအညီ ဖြစ်အောင် လူနည်းနည်းတော့ ထည့်ပေး လိုက်ပါရစေ”
လီဖူချန်းက မိုးပျံအောင် တော်နေရင်တောင် အလွန်ဆုံး တိုက်ခိုက်နိုင်လှ ဝမ်ညီအစ်ကိုထဲက တစ်ယောက်လောက်ပဲလို့ ခေါင်းဆောင်ကျန်းက ခန့်မှန်းထားပါတယ်။ ကျန်တဲ့ နှစ်ယောက်ပါ ဝင်တိုက်ရင်တော့ လီဖူချန်းက ခံနိုင်မှာ မဟုတ်ပါဘူး။ လီဖူချန်း ခေါင်းခါ လိုက်ပါတယ်။
“ကျွန်တော်က တစ်ယောက်တည်းပဲ လှုပ်ရှား တတ်လို့ပါ”
“သူရဲကောင်းငယ်လေးလီ ... ဝမ်ညီအစ်ကိုတွေက တစ်ယောက်ချင်း စီတောင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်နေတာနော်။ ပြီးတော့ သူတို့က အဝါရောင် အထွတ်အထိပ် သွေးဘီလူး အတွင်းအား ကျင့်စဉ်ကို ကျင့်ထားသေးတယ်။ သူတို့ပေါင်းပြီး တိုက်ခိုက်ရင် သူရဲကောင်းလေးကို အခက်တွေ့မှာ စိုးရိမ်မိတယ်”
ကျန်းကလန်ရဲ့ အကြီးအကဲ တစ်ယောက်က ထပြီး လီဖူချန်းကို အကြံပေးပါတယ်။ လီဖူချန်းက ပေါ့ပေါ့ပါးပါး ရယ်သွမ်း လိုက်ပြီး
“ဒီကျန်းကလန်မှာ အတော်ဆုံး ပညာရှင်က ဘယ်သူပါလဲ” လို့မေးလိုက်ပါတယ်။
“အဲဒါက ပါရမီမပါတဲ့ ဒီအဘိုးကြီးပါပဲလေ”
လီဖူချန်းကို အစောပိုင်းတုန်းက အကြံပေးတဲ့ အကြီးအကဲက လက်ထောင် လိုက်ပါတယ်။
“တကယ်လို့ အကြီးအကဲက ကျွန်တော့်ရဲ့ လက်ဝါး တစ်ချက်ကို ခံနိုင်ရင် ကျွန်တော် ဘာမှမပြောပဲ ဒီကနေ ချက်ချင်း ထွက်သွားပါ့မယ်။ ကျွန်တော့်ရဲ့ လက်ဝါး တစ်ချက်ကို မခံနိုင်ဘူး ဆိုရင်တော့ ဒီကိစ္စကို ကျွန်တော့်ဘာသာ ဖြေရှင်းပါရစေ။ ဒါက တရား မျှတပါရဲ့လား “
လီဖူချန်းက ထိုအကြီးအကဲကို မေးလိုက်ပါတယ်။
အမေးခံလိုက်ရတဲ့ အကြီးအကဲက ဒေါသ အနည်းငယ် ထွက်သွားပါတယ်။ သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်နေတာ နှစ်ပေါင်းအတော်လေး ကြာခဲ့ပါပြီလေ။ သူ့ရဲ့ အတွင်းအားတွေကလည်း သိပ်သည်းပြီး သန့်စင်နေပါပြီ။ သူလေ့ကျင့်ခဲ့တဲ့ အဆင့်နိမ့် အတွင်းအား ကျင့်စဉ်ကြောင့်သာ မဟုတ်ရင် အစောကြီး ကတည်းက မြေကမ္ဘာ အဆင့်ကို ရောက်နေခဲ့မှာပါ။ အခုတော့ နို့နံ့တောင် မစင်သေးတဲ့ ကောင်လေး တစ်ယောက်က သူ့ကို အိမ်တိုင်ယာရောက် လာစော်ကားနေပါပြီ။
“သူရဲကောင်းလေးလီက ဒီလောက် ယုံကြည်မှု ပြင်းထန်နေမှတော့ ဒီအဘိုးကြီးက စမ်းသပ် ခံရတာပေ့ါလေ "
ကျန်းကလန် အကြီးအကဲက လီဖူချန်းရဲ့ အရှေ့ကို ရောက်လာပြီး သူ့ရဲ့ အတွင်းအားကို ထုတ်ဖောက် လိုက်ပါတယ်။ သိပ်သည်းလှတဲ့ အတွင်းအား အရှိန်အဝါတွေ ထွက်ပေါ်လာပါပြီ။
ဟိုင်းယား…
ကျန်းကလန် အကြီးအကဲက မာန်တစ်ချက် သွင်းလိုက်ပြီး လီဖူချန်းကို ရိုက်ထည့်လိုက်ပါတယ်။ သူရဲ့ လက်ဖဝါး အလည်မှာတော့ အလင်းလုံးလေး တစ်ခုက စွမ်းအင် အပြည့်နဲ့ပေါ့လေ။
“နောက်ကို ပြန်ဆုတ်လိုက် “
လီဖူချန်းက အကြီးအကဲရဲ့ လက်ဝါးကို ဆိုင်ပြီး ပြန်ရိုက်ချ လိုက်ပါတယ်။ ကြောက်စရာ ကောင်းလှတဲ့ မီးဆန္ဒတစ်ခုက လီဖူချန်းရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးကို ခြစ်ခြစ်တောက် ပူလောင် သွားစေတယ်လေ။
ကျန်းကလန် အကြီးအကဲက မီတာ အနည်းငယ်လောက် အနောက်ကို ဆုတ်သွားရပါတယ်။ သူ့ရဲ့ မျက်လုံးထဲမှာတော့ ထိတ်လန့် တုန်လှုပ်နေတဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက် နေပါတယ်။
အရမ်းကို အစွမ်း ထက်လွန်းတယ်။ ဘယ်လိုမှ ရပ်တန့်လို့ မရတော့တဲ့ အစွမ်းမျိုးပါပဲ။ ဒါက မိုးပြာရောင် ဂိုဏ်းက အတွင်းစည်း တပည့် တစ်ယောက်ရဲ့ အစွမ်းပဲလား။
မဖြစ်နိုင်ဘူး။ သာမန် အတွင်းစည်း တပည့် တစ်ယောက်က ဒီလောက် စွမ်အားကြီးမားမှာ မဟုတ်ပါဘူး။ ဒီလူငယ်လေးက မိုးပြာရောင် ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် စာရင်းထဲက တစ်ယောက်ပဲ ဖြစ်ရမယ်။ ငါတို့ကသာ သူ့နာမည်ကို မကြားဖူးတာပဲ။
“သူရဲကောင်းလေး လီရဲ့ သိုင်းအစွမ်းအစကတော့ တကယ်ကို ကြောက်စရာ ကောင်းလှ လွန်းပါတယ်။ ဒီအဘိုးကြီးကတော့ အသက်ကြီးလွန်း လှပါပြီလေ”
ကျန်းကလန်ရဲ့ အကြီးအကဲက လီဖူချန်းကို ပြုံးပြီး တောင်းပန်စကား ဆိုလိုက်ပါတယ်။
လီဖူချန်းက ပြောင်းလဲသွားတဲ့ ကျန်းကလန်က အကြီးအကဲတွေရဲ့ အမူအရာကို ကြည့်ပြီး
“ကဲအားလုံး အပိုစကားတွေ တော်လိုက်ကျပါစို့”
ဝမ်ညီအစ်ကိုတွေရဲ့ နေရာကိုသာ ကျွန်တော့်ကို ပြောလိုက်ပါတော့။
***