အံ့အားသင့်နေသောရှောင်ချိုးနှင့်ပိုင်ယောင်
Vol. 78 Ch. 1083
“လန်ရှောင်နီလား..... ကျွန်တော် နားကြားမမှားပါဘူးနော်။”
ရှောင်ချိုး မယုံကြည်နိုင်ပေ။
“ဝိဥာဥ်ငါးကလန်ရဲ့ မင်းသမီး လန်ရှောင်နီလေ။”
ပိုင်ယောင်သည်လည်း မျက်လုံးအပြူးသား ဖြစ်နေမိသည်။
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်။ သူမက ငါ့အသက်ကို ကယ်ခဲ့လို့ အခုကစပြီး သူမဘက်မှာ နေပေးတော့မှာ။”
“အမ်..... ကျွန်တော် နားမလည်ဘူး။”
ရှောင်ချိုး ခေါင်းကုတ်လိုက်သည်။
အန်လင်း သက်ပြင်းချလာသည်။
“ကိစ္စကတော့ရှည်တယ်။ ဘာပဲဖြစ်ဖြစ် သူမ အသက်ကိုရင်းပြီး ငါ့ကိုကယ်ထားတာမို့လို့ ကျေးဇူးရှိသွားပြီ။ မင်းတို့ စိတ်ထဲမထားဖို့ မျှော်လင့်တယ်။”
လန်ရှောင်နီသည် ရှောင်ချိုးနှင့် ပိုင်ယောင်တို့၏ ရန်သူ ဖြစ်သည်။
ရှောင်ချိုး ခပ်ဖွဖွ ပြုံးလာသည်။
“သူမနဲ့ ချန်းနန်က ပိုင်ယောင်ကို ဒုက္ခပေးတုန်းကသာ အဆင်မပြေခဲ့တာပါ။”
“အဲ့ဒါတွေလည်း ပြီးခဲ့ပြီလေ။ ကျွန်တော်တို့လည်း ချန်းနန်ကိုသတ်ပြီး သူမကိုပါ သတ်မလို ဖြစ်ခဲ့တာမို့ လန်ရှောင်နီဘက်က ရန်ကြွေးမထားရင် ပြီးတာပါပဲ။”
အန်လင်း ခေါင်းညိတ်ပြလာသည်။
“စိတ်မပူပါနဲ့။ သူမက ငါ့စကားကို နာခံတယ်။”
ရှောင်ချိုး : “.....”
ပိုင်ယောင် : “......”
ရှောင်ချိုး အံ့သြနေမိသည်။
“အစ်ကိုကြီးအန်လင်း ဘာတွေဖြစ်ခဲ့တာလဲ။”
“အဟမ်း..... သူမက ငါ့ကိုကယ်ခဲ့တာလို့ ပြောထားတယ်လေ။ ဒီကိစ္စက ရှည်တယ်။ နောက်မှပြောကြမယ်။”
အန်လင်းမှာ အန္တရာယ်များသည်ဟု ခံစားမိသောကြောင့် ထပ်မပြောတော့ပေ။
“ဒါပေမယ့် သူမက ကယ်ပေးပြီး ဘာလို့ သူမကပဲ နာခံနေရတာလဲ။”
ပိုင်ယောင် နားမလည်နိုင် ဖြစ်နေသည်။
အန်လင်း စကားဆိုလာသည်။
“လန်ရှောင်နီက အရမ်းရိုးတာလေ။ အရင်တုန်းကလည်း ချန်းနန်ရုပ်နဲ့တင် ကြွေဆင်းသွားတာ။ အခုကြတော့ ငါ့အရည်အချင်းတွေမြင်ပြီး ငါမှငါ ဖြစ်သွားတော့တာပဲ။”
“အော် အဲ့လိုကိုး....”
ရှောင်ချိုး ဉာဏ်အလင်းပွင့်သွားသည်။
ပိုင်ယောင်မှာ ရှောင်ချိုးအားကြည့်ကာ တစ်စုံတစ်ခု ပြောလိုပါသော်လည်း ဘာမှမပြောဖြစ်လိုက်ပေ။
ရှောင်ချိုးသည် လူသားများ၏ အလှစံနှုန်းအကြောင်း မသိသောကြောင့် အန်လင်းမှာ ချန်းနန်ထက် ချောမောခန့်ညားသည်ဟူသော စကားအား အမှန်တကယ် ယုံကြည်သွားသည်။
ပိုင်ယောင်သည်လည်း အန်လင်းအား အရှက်မခွဲလိုသဖြင့် ဘာမှမပြောတော့ပေ။
အန်လင်းသည် စကားလမ်းကြောင်းပြောင်းကာ တိုက်ပွဲများ အနိုင်ရခဲ့ကြာင်း ပြောပြလိုက်သည်။
ထိုအချိန်တွင် တီနာသည် မှတ်တမ်းတင် သလင်းကျောက်တစ်ခုအား ထုတ်လာသည်။
“ပိုင်ယောင် နင်စိတ်မပူနဲ့တော့။ ဘီလူးအန်လင်းနဲ့ လန်ရှောင်နီ ဆက်ဆံရေးက အရမ်းကောင်းတာ။ ဝိဥာဥ်ငါးကလန်က မြေခွေးဖြူ မျိုးနွယ်စုကို ဘာမှလုပ်မှာ မဟုတ်ဘူး။”
သလင်းကျောက်ထဲမှ အန်လင်းနှင့် လန်ရှောင်နီတို့ ညင်သာစွာ ပွေ့ဖက်နေပုံတစ်ခု ထွက်ပေါ်လာသည်။
အန်လင်း : “.....”
ရှောင်ချိုး : “.....”
ပိုင်ယောင် : “......”
အန်လင်းမှာ တီနာထံ သွားလိုက်သည်။
“နာလေး ဘာလုပ်နေတာလဲ။”
တီနာ ခပ်ဖွဖွ ပြုံးလာသည်။
“ပိုင်ယောင် စိတ်ပူနေမှာစိုးလို့ သက်သေထုတ်ပြလိုက်တာလေ။ ငါတော်တယ်မလား။”
အန်လင်းမှာ မှတ်တမ်းတင် သလင်းကျောက်အား ယူလိုက်သည်။
“နာလေးက အရမ်းတော်တာပဲ။”
ပိုင်ယောင် ကြောင်တောင်တောင် ဖြစ်နေမိသည်။ တီနာ၏ သက်သေသည် ကောင်းမွန်လှပါသော်လည်း မမြင်သင့်သော အရာတစ်ခုအား ကြည့်လိုက်မိသလို ခံစားချက်မျိုး ရရှိနေသည်။
ဝုန်း......
မှတ်တမ်းတင် သလင်းကျောက်မှာ ပျက်စီးသွားလေပြီ။
“အာ..... ကျောက်သား မကောင်းဘူးပဲ။ မတော်တဆ ဖျက်စီးမိသွားပြီ။”
အန်လင်း စိတ်ပျက်စွာ ပြောလာသည်။
“တောင်းပန်ပါတယ် နာလေး....”
ရှောင်ချိုး : “......”
ပိုင်ယောင်: “......”
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ : “......”
သက်သေကို ဒီလိုပဲ ဖျက်စီးလိုက်တာလား......
မတော်တဆဆိုပြီး အမှုန့်ပါ ကြေသွားတာလေ.....
ဒါကြီးက သိသာလွန်းနေတယ်မလား......
တီနာ မျက်လုံးပြူးသွားသည်။
“ထျန်းလေးကို ဘယ်လိုရှင်းပြရတော့မှာလဲ။”
“ထျန်းလေးလည်း ပါတာလား။”
အန်လင်း အမူအရာ ပြောင်းလဲသွားသည်။
“သူက နင်နဲ့ မိန်းကလေးတွေ ထိတွေ့နေတဲ့ပုံတွေ လိုချင်တာ။ ထူးထူးဆန်းဆန်းမို့ မလုပ်ပေးချင်ပေမယ့် သူကအတင်းတောင်းဆိုနေတာလေ။”
တီနာ ရှင်းပြလိုက်သည်။
“အော် အဲ့လိုလား။”
အန်လင်း ရယ်မောလိုက်သည်။
“နာလေး စိတ်မပူနဲ့နော်။ ငါကိုယ်တိုင် ရှင်းပြလိုက်မယ်။”
အန်လင်း ပြုံးကာပြောလာသည်။
ရှောင်ချိုးမှာ တံထွေးပင် မြိုချလိုက်မိသည်။
ပိုင်ယောင်မှာ သူ့အားအသံဖြင့် ဆက်သွယ်လာသည်။
“လျှောက်မတွေးနေနဲ့ဦး။ သူတို့နှစ်ယောက်က သူငယ်ချင်းတွေလည်း ဖြစ်နိုင်တယ်။”
ရှောင်ချိုး အနည်းငယ် တွေးလိုက်သည်။
“သူငယ်ချင်းတွေမို့ အစ်ကိုကြီးအန်လင်း ပြောသမျှ နားထောင်နေတာလား။”
ပိုင်ယောင် : “.....”
ပိုတောင်ဆိုးသွားသလိုပဲ.....
အန်လင်းမှာ ရှောင်ချိုးနှင့် ပိုင်ယောင်အား ရှင်းပြလိုက်သည်။
“လန်ရှောင်နီနဲ့ငါက သာမန်ဆက်ဆံရေးပါပဲ။ ငါက ဆရာကြီး၊ သူမက လက်အောက်ငယ်သားလေ။”
ရှောင်ချိုးနှင့် ပိုင်ယောင် ခေါင်းညိတ်ပြလိုက်ကြသည်။
“ကျွန်တော် ယုံပါတယ်။”
ရှောင်ချိုး လေးနက်စွာ ပြောလိုက်သည်။
“ကျွန်မရောပဲ။”
ပိုင်ယောင်လည်း ပြုံးကာပြောလာသည်။
“နာလေးလည်းယုံတယ်။”
တီနာ လက်ထောင်ပြလိုက်သည်။
အန်လင်း မျက်ဆံလှန်လိုက်သည်။
“မလိုပါဘူး။”
ထိုသို့ဖြင့် ၎င်းတို့လည်း စုကျိုးအင်မော်တယ်ဂိုဏ်းထဲ အတူတကွ ဝင်လာလိုက်ကြသည်။
“အစ်မကြီးပိုင်ရော သူမနဲ့ ပြောစရာရှိလို့။”
အန်လင်း မေးမြန်းလိုက်သည်။
“နန်းဆောင်သခင်မ ပိုင်လင်က ဇာမဏီကမ္ဘာငယ်ကနေ ထွက်မလာတာ နည်းနည်းကြာပြီ။”
ရှောင်ချိုး တုံ့ပြန်လိုက်သည်။
“သုတေသနတွေ လုပ်နေပြန်တာလား။”
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
“ဘာတွေထပ်လုပ်နေပြန်တာလဲ။”
ရှောင်ချိုး ခပ်ဖွဖွ ပြုံးလိုက်သည်။
“ဂိုဏ်းတစ်ခုလုံးမှာ နန်းဆောင်သခင်မ ပိုင်လင်က အစ်ကိုကြီးစကားပဲ နားထောင်တာလေ။ ကျွန်တော်တို့ သွားမေးရင်တောင် သူပြောပြတာတွေ နားလည်မယ် မထင်ဘူး။”
အန်လင်း ပြုံးလိုက်မိသည်။
ငါလည်း အစ်မကြီးပိုင် စကားတွေ နားမလည်ပါဘူးကွာ..... သူမနဲ့ ရှိနေရင် မျောက်တစ်ကောင်လိုတောင် ခံစားမိတယ်......
“ဟုတ်သားပဲ။ အစ်ကိုကြီးအန်က နန်းဆောင်သခင်မ ပိုင်လင်ကို ဘာပြောမလို့လဲ။”
ရှောင်ချိုး မေးမြန်းလာသည်။
“သင်္ဘောတစ်စင်း ပြင်ခိုင်းမလို့။”
အန်လင်း တုံ့ပြန်လိုက်သည်။
ရှောင်ချိုး ကြောင်တောင်တောင် ဖြစ်သွားရသည်။
“သင်္ဘောလား။”
“ဟုတ်တယ်။ သင်္ဘောအကြီးကြီး....”
အန်လင်း ပြုံးကာပြောလာသည်။
“ဘယ်လောက်တောင် ကြီးတာလဲ။”
ပိုင်ယောင်လည်း သိချင်လာမိသည်။
အန်လင်း အနည်းငယ်တွေးကာ ပြောလိုက်သည်။
“ကီလိုမီတာ ငါးဆယ်လောက်ပေါ့။”
ရှောင်ချိုး : “.....”
ပိုင်ယောင် : “......”
၎င်းတို့နှစ်ဦး အံအားသင့်သွားရသည်။
အန်လင်းသည် စုကျိုးအင်မော်တယ်ဂိုဏ်းအတွက် ကြယ်စင်မီးလျှံ စစ်သင်္ဘောအား ပြန်ပြင်တော့မည်ပင် ဖြစ်သည်။