ပိုင်လင်နှင့်စစ်သင်္ဘော
Vol. 78 Ch. 1084
ဇာမဏီကမ္ဘာငယ်၌.....
ပိုင်လင်သည် နန်းဆောင်တစ်ခုထဲထိုင်ကာ လက်ဖက်ရည်ကြမ်းသောက်လျက် တွက်ချက်မှုများ ပြုလုပ်နေသည်။
“နန်းဆောင်သခင်မ ပိုင်လင်ကတော့ တယ်ဟုတ်နေပါလား။”
အန်လင်း ပြုံးကာပြောလာသည်။
ပိုင်လင်မှာ အန်လင်းအား တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် လက်ဖက်ရည်ကြမ်းအား မော့လိုက်သည်။
“ငါအလုပ်လုပ်နေတယ်။”
ပိုင်လင်၏ မျက်ဝန်းထဲတွင် သတင်းအချက်အလက်များ ပါဝင်သော အလင်းမှုန်များစွာ ဖြတ်ပြေးနေလေသည်။
ပိုင်လင်သည် အကောင်းဆုံး စူပါကွန်ပျူတာတစ်လုံးလို အလုပ်လုပ်နိုင်သည်။
သူမသည် တွက်ချက်မှုများကိုလည်း စိတ်ဖြင့်သာ ပြုလုပ်လေ့ ရှိသည်။
“ကျွန်တော် တမင်လာနှောင့်ယှက်တာ မဟုတ်ပါဘူး။”
အန်လင်း ပြုံးကာရှင်းပြလိုက်သည်။
“ဘာကိစ္စလဲ။”
ပိုင်လင် အန်လင်းအား ကြည့်လိုက်သည်။
အန်လင်း ခေါင်းကုတ်လိုက်မိသည်။
“သင်္ဘောတစ်စင်း ပြင်ပေးစေချင်လို့။”
ပိုင်လင် စိတ်ရှုပ်သွားလေသည်။
“သင်္ဘောပြင်တဲ့သူကိုခေါ်လေ။”
“အဲ့ဒါက စစ်သင်္ဘောလေ။ ရိုးရိုးသင်္ဘော မဟုတ်ဘူး။”
အန်လင်းမှာ အပြာရောင် အလုံးတစ်ခုအား ထွက်ပေါ်စေလိုက်သည်။
ပိုင်လင် မျက်မှောင်ကျုံ့လိုက်သည်။
“ပြီးပြည့်စုံတဲ့ အနုပညာ တစ်ခုလိုပဲ။”
အန်လင်း လက်မထောင်ပြလာသည်။
“အစ်မကြီးက တကယ်သိတာပဲ။”
ထိုစစ်သင်္ဘောမှာ အမှန်တကယ် ပစ်ချက်မဲ့လှသည်ပင်။
ပိုင်လင် စိတ်ဝင်စားသွားရသည်။
“နင့်စစ်သင်္ဘောက ဘယ်လောက်ကြီးလဲ။ ငါနေရာလုပ်မလို့။”
အန်လင်း စကားဆိုလိုက်သည်။
“အလျား ကီလိုမီတာ ငါးဆယ်ကီလိုမီတာ၊ အနံ ဆယ့်ငါးကီလိုမီတာ၊ အမြင့်ကတော့ ကီလိုမီတာ နှစ်ဆယ်လောက်ရှိတယ်။”
ပိုင်လင် မျက်နှာပျက်သွားသည်။
“ငါ့ကမ္ဘာငယ်လေးတောင် ပျက်သွားလောက်တယ်။ အဲ့လောက်ကြီးတာကို ဘယ်ကရလာတာလဲ။”
“ပင်လယ်ကြမ်းပြင် ခေါင်းတလားက....”
အန်လင်း တုံ့ပြန်လိုက်သည်။
ပိုင်လင် မျက်စောင်းထိုးလိုက်သည်။
“ဆရာကြီးလိုလို လုပ်မနေနဲ့။ နင့်မျက်လုံးတွေက နင့်ကိုသစ္စာဖောက်နေတယ်။I
အန်လင်း အနည်းငယ် ရှက်မိသွားသည်။
ပိုင်လင်သည် လက်တစ်ဖက်နှင့် အပြာရောင်အလုံးအားကိုင်ကာ ကျန်တစ်ဖက်ပေါ်တွင် အဖြူနှင့်အမည်း အလုံးနှစ်ခုအား ဖြစ်ပေါ်စေလိုက်သည်။
ဝုန်း.....
ကောင်းကင်ထက်၌ ကျယ်လောင်လှသော ပေါက်ကွဲသံ တစ်ခုအား ကြားလိုက်ရသည်။
တောင်တစ်တောင်ပေါ်ရှိ သစ်ပင်များ၊ သားရဲများနှင့် မြစ်ချောင်းအင်းအိုင်များမှာ တစ်ဖက်သို့ ရွှေ့ပြောင်းခံလိုက်ရလေသည်။
ဇာမဏီကမ္ဘာငယ်တွင် နေရာကျယ်တစ်ခု ရှိသွားပြီ ဖြစ်သည်။
အန်လင်း အံ့အားသင့်နေသည်။
“ကမ္ဘာတစ်ခုလုံးကို စိတ်ရှိသလို ထိန်းချုပ်ရတာ အရမ်းကောင်းမှာပဲ။”
ပိုင်လင် ခပ်ဖွဖွ ပြုံးလိုက်မိသည်။
“စမ်းကြည့်ချင်လား။”
အန်လင်း ဝမ်းသာသွားရသည်။
“တကယ်ကြီးလား။”
ပိုင်လင် ခေါင်းညိတ်ပြလာသည်။
“ဒါပေါ့။ အရင်ဆုံး ဟင်းလင်းပြင်သို့အပြန် အဆင့်ရောက်မှရမယ်။ အံ့ဖွယ်တာအို မရှိရင် အဆင်ပြေမှာ မဟုတ်ဘူး။”
အန်လင်း စကားဆိုလာသည်။
“ဘယ်တော့မှ အဲ့အဆင့် တက်မလဲဆိုတာ နတ်ဘုရားတွေပဲ သိလိမ့်မယ်။”
“တခြားသူတွေအတွက်တော့ ကြာရင်ကြာမှာပေါ့။”
ပိုင်လင် အန်လင်းအား ကြည့်လိုက်သည်။
“နင့်ကိုငါယုံတယ်။ အချိန်သိပ်မပေးရလောက်ဘူး။”
အစ်မကြီးပိုင်က ငါ့ကိုအထင်ကြီးသားပဲ.....
ပိုင်လင်သည် အပြာရောင်အလုံးအား ဖြည်းညင်းစွာ ကိုင်တွယ်လိုက်ပြီးနောက် မိုးကြိုးလျှပ်စီးများ ပြည့်နှက်သွားတော့သည်။
ဝုန်း......
မြေပြင်တွင် ငါးဆယ်ကီလိုမီတာခန့်အထိ ရှင်းလင်းသော နေရာတစ်ခု ဖြစ်ပေါ်လာသည်။
ကြီးမားလှသော ပုံရိပ်တစ်ခုလည်း ထွက်ပေါ်လာလေသည်။
ထိုသည်မှာ ထူးခြားလှသော စစ်သင်္ဘော တစ်စင်းပင်။
“တကယ်ကြီး ကြီးတာပဲ။”
ပိုင်လင်မှာ ကြယ်စင်မီးလျှံ စစ်သင်္ဘောအား ငေးကြည့်နေမိသည်။
“ရင်းနှီးနေသလိုပဲ။”
သူမ မျက်မှောင်ကျုံ့လိုက်သည်။
“ဝိဥာဥ်ငါးကလန်ရဲ့ ကြယ်စင်မီးလျှံ စစ်သင်္ဘောလေ။”
အန်လင်း ရှင်းပြလာသည်။
ပိုင်လင် အသက်ပြင်းပြင်း ရှူလိုက်မိသည်။
“အံ့ဖွယ်တာအို အစွမ်းတွေပါပြီး ခေတ်လွန်နေတဲ့ စစ်သင်္ဘောကြီးလေ။ အဲ့လို ထိပ်တန်းလက်နက်ကို ဘယ်လိုရလာတာလဲ။”
“အခု ကျွန်တော်တို့ စုကျိုးအင်မော်တယ်ဂိုဏ်းအတွက် ဖြစ်သွားပြီ။”
အန်လင်း ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
ပိုင်လင် ကူကယ်ရာမဲ့စွာ အန်လင်းအား ကြည့်လိုက်မိသည်။
ကြယ်စင်မီးလျှံ စစ်သင်္ဘောမှာ တန်ဖိုးကြီးလှသည်။
အန်လင်းသည် ထိုမျှကြီးမားသော အခွင့်အရေးအား အမိအရ ဆုပ်ကိုင်နိုင်ခဲ့၏။
ငါတကယ် လူရွေးမှန်လိုက်တာပဲ......
ပိုင်လင်မှာ နွေဦးလေပြေအလား ပြုံးလိုက်သည်။
“နင်ဒီကိုလာတာ မှန်သွားပြီ။”
သူမသည် စစ်သင်္ဘောကြီးအား သေသေချာချာ စစ်ဆေးလိုက်သည်။
“ဟဲ့..... ဒါကြီးက တော်တော်ထိထားတာပဲ။”
“ငါကလွဲရင် ပြင်နိုင်မယ့်သူတောင် မရှိလောက်ဘူး။ ဒီကမ္ဘာငယ်ရဲ့ အစွမ်းကိုသုံးပြီး မြန်မြန်လေး ပြင်ပေးလို့ ရလောက်တယ်။”
ပိုင်လင် ယုံကြည်ချက်ရှိစွာ ပြောလာသည်။
ထို့နောက် ဂရုတစိုက် တွက်ချက်နေပြန်သည်။
အန်လင်း စိတ်ရှည်လက်ရှည် စောင့်နေလိုက်သည်။
ပိုင်လင်မှာ မကြာမီပင် မျက်ဝန်းများ ပြန်လည်ပွင့်ဟလာသည်။
“စိတ်ဝိဥာဥ်ကျောက်တုံး သန်းတစ်ရာလောက်တော့ကျမယ်။”
ဝုန်း.....
သန်းတစ်ရာပြန်ပဲလား.....
အန်လင်းမှာ မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။
“ကျွန်တော်တို့ဂိုဏ်းမှာ သန်းငါးဆယ်ဝန်းကျင်ပဲရှိမှာ။ ကျန်တာဘယ်လိုလုပ်ကြမလဲ။”
သူခက်ခဲစွာ မေးလိုက်သည်။
ပိုင်လင် လက်ခါပြလာသည်။
“ငါဂရုမစိုက်ဘူး။ ငွေရေးကြေးရေး ပြဿနာက ဂိုဏ်းချုပ်နဲ့ပဲဆိုင်တာ။”
အန်လင်း ရင်နာသွားရသည်။
လက်လျှော့လိုက်သင့်လား......
မဖြစ်သေးဘူး...... ကြယ်စင်မီးလျှံ စစ်သင်္ဘောက အံ့ဖွယ်လက်နက်ထက်တောင် တန်ဖိုးကြီးသေးတယ်....
အန်လင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
“ကောင်းပြီလေ။ အဲ့ကိစ္စ ကျွန်တော်နဲ့သာထားလိုက်။”
ပိုင်လင် ဝမ်းသာစွာ ပြုံးလိုက်သည်။
ဂိုဏ်းချုပ်တစ်ယောက်က အဲ့လောက်တော့ တာဝန်ယူသင့်တာပေါ့.....
“ကျွန်တော်နဲ့ ဆွေးနွေးဖို့ လိုက်ခဲ့လေ။”
အန်လင်း၏ မျက်ဝန်းများမှာ တောက်ပနေသည်။
“လူများတော့ အားရှိတာပေါ့။”
ပိုင်လင် : “.....”
သူမ၏ ပျော်ရွှင်မှုများ ပျောက်ကွယ်သွားလေပြီ။