နှစ်တစ်ထောင် ကျောက်စက်နို့ရေ
Vol. 9 Ch. 126
နှင်းဖုံးနေတဲ့ တောင်ထွတ်တစ်ခုရဲ့ လေကွယ်ရာ နေရာမှာတော့ လီဖူချန်းက မိစ္ဆာသားရဲ တစ်ကောင်ရဲ့ ပေါင်တစ်ချောင်းကို မီးကင်နေပါတယ်။
အချိန်အတော်ကြာ ကင်ပြီးတဲ့ နောက်မှာတော့ ကျက်လောက်ပြီ ထင်တဲ့အတွက် လီဖူချန်း တစ်ကိုက် ယူမြည်း ကြည့်လိုက်ပါတယ်လေ။
“ဟင် "
ရုတ်တရက် ဟိုးအဝေး တစ်နေရာမှာ ရွေ့လျားနေတဲ့ အရိပ်တစ်ခုကို လီဖူချန်းက သတိထားမိ လိုက်ပါတယ်။ အာရုံစိုက်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ လီဖူချန်းက ထိုလူရိပ်ရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက် ရတယ်လေ။
“အဲဒါက ဝမ်ညီအစ်ကိုတွေ ထဲက အငယ်ဆုံး မဟုတ်ဘူးလား “
လီဖူချန်းရဲ့ မှတ်ဉာဏ်က ချက်ချင်း အလုပ် လုပ်လာပါတော့တယ်။ လူတွေ ပြောနေကျ စကားတစ်ခွန်း ရှိပါတယ်။
“မင်းအလောတစ်ကြီး ရှာနေတဲ့ အချိန်မှာ မတွေ့တဲ့ အရာက မင်းမလိုချင်တဲ့ အချိန်မှာတော့ မင်းရဲ့ မျက်စိရှေ့အောက်ကို ရောက်လာ လိမ့်မယ်တဲ့"
ဒီစကားက လီဖူချန်းအတွက်တော့ တကယ်ပဲ မှန်နေပါတယ်။ လီဖူချန်း ကင်ထားတဲ့ မိစ္ဆာသားရဲ အသားကို ကုန်အောင် အမြန်စားလိုက်ပြီး ဝမ်ညီ အစ်ကိုတွေထဲက အငယ်ဆုံး ရှိရာဆီကို ကိုယ်ဖော့ပညာနဲ့ ပြေးသွားလိုက်ပါတယ်။
ဝမ်ညီအစ်ကိုတွေရဲ့ နာမည်ကတော့ ဝမ်တာ့၊ဝမ်အဲနဲ့ ဝမ်စန်း ဖြစ်ပါတယ်။
(TL note: ဝမ်တာ့ = ဝမ်အစ်ကိုကြီး ၊ ဝမ်အဲ = ဝမ်ဒုတိယ ၊ ဝမ်စန်း=ဝမ်တတိယ)
ဝမ်စန်းက အနည်းငယ် ခြေရာကောက်ပြီး နောက်မှာတော့ နှင်းဝက်ဝံ တစ်ကောင်ကို ခြေရာခံမိ သွားပါတယ်။
ဒီနှင်းဝက်ဝံက အဆင့်၁ မိစ္ဆာသားရဲ ဖြစ်ပြီး နူးညံ့တဲ့ အသားနဲ့ အရသာ ရှိလွန်း လှပါတယ်လေ။
ဝမ်စန်းက လက်ဝါးရိုက်ချက် တစ်ချက် သုံးပြီး ဒီနှင်းဝက်ဝံကြီးကို အသေသတ်ပစ် လိုက်ပါတယ်။ ထို့နောက်မှာတော့ သူက လိုအပ်တဲ့ အသားတွေကို လှီးဖြတ်ယူပြီး သူတို့ နေထိုင်ရာ အေးစိမ့်ဂူကြီးထဲကို ပြန်သွားပါတယ်။
လီဖူချန်းကတော့ သူ့ရဲ့ ချီအငွေ့အသက်တွေကို မပေါ်အောင် ထိန်းချုပ်ပြီး တိတ်ဆိတ်စွာ လိုက်သွားပါတော့တယ်။ မကြာခင်မှာပဲ ဝမ်စန်းက သူတို့ နေထိုင်ရာ အေးစိမ့်ဂူပေါက်ဝကို ပြန်လည် ရောက်ရှိ လာပါတော့တယ်။
“အစ်ကိုကြီး ... အစ်ကိုလတ် ... ကျွန်တော် ပြန်လာပြီ "
ဝမ်စန်းက အသံကျယ်ကြီးနဲ့ ဂူပေါက်ဝကနေ အသံပေးလိုက်ပါတယ်။
“နေ့တိုင်းညတိုင်း အချိန်ရှိသရွေ့ မင်းကတော့ အော်ကြီးဟစ်ကျယ် လုပ်နေတော့တာပဲ။ မင်းက တကယ်ကို နားညီး စေတယ်ကွာ”
ဝမ်အဲက ဂူထဲကနေ ဝမ်စန်းကို ပြောလိုက်ပါတယ်။ ဝမ်စန်းက နှာခေါင်း ရှုံ့လိုက်ပြီး
“ငါက အော်ကြီးဟစ်ကျယ် လုပ်တယ်ပဲ ထားပါတော့။ အစ်ကိုလတ် ... ခင်ဗျား ကျုပ်ယူလာတဲ့ အသားတွေကို လုံးဝ လာမစားနဲ့နော်”
“ကျွန်တော်ဆိုရင်တော့ နည်းနည်းလောက် ယူစားလို့ ရမလားဗျ”
ကြည်လင်ပြတ်သားတဲ့ အသံတစ်ခုက နှင်းတွေ ကြားကနေ ထွက်ပေါ်လာပါတယ်။
“ဘယ်သူလဲကွ "
ဝမ်ညီအစ်ကို သုံးယောက်က သူတို့ရဲ့ ခေါင်းတွေကို အသံကြားရာဆီကို လှည့်ပြီး ကြည့်လိုက် ပါတယ်။
နှင်းတွေလို ဖြူဖွေးတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လီဖူချန်းက တောင်ထွတ် တစ်ခု အပေါ်ကနေ ခုန်ဆင်း လာတယ်လေ။
“မင်းဘယ်သူလဲ။ မင်းက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရှာတွေ့တာလဲ”
ဝမ်အဲက လီဖူချန်းကို ကြည့်ပြီး မေးလိုက်ပါတယ်။ လီဖူချန်းက ဝမ်စန်းကို မေးငေါ့ ပြလိုက်ပြီး
“ဒါကတော့ ဝမ်စန်းကို ကျေးဇူးတင်ရမှာပဲ "
ဝမ်စန်းက ဒေါသ ထွက်စွာနဲ့
“မင်းက ငါ့နောက်ကို နောက်ယောင်ခံ လိုက်တာပေါ့လေ "
တိတ်ဆိတ်စွာ နေနေတဲ့ ဝမ်တာ့ကတော့
“မင်းက ဒီနေရာအထိ ရောက်လာမှတော့ ပြန်ထွက်သွားဖို့ကို မစဉ်းစားနဲ့တော့။ ငါတို့ ဝမ်ညီအစ်ကိုတွေက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်မှာ ရှိနေတဲ့ ပညာရှင်တွေ အများကြီးကို သတ်ခဲ့ပြီးပြီ။ ဒါပေမဲ့ မိုးပြာရောင်ဂိုဏ်းက တပည့်တွေကိုတော့ တစ်ခါမှ မသတ်ဖူးသေးဘူး။ ဒါက ဂုဏ်ယူစရာ ကောင်းတဲ့ အရာတစ်ခုပဲ”
ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆ကို ရောက်နေတဲ့သူက မိုးပြာရောင်ဂိုဏ်းက တပည့်ကလွဲပြီး တခြား ဖြစ်နိုင်စရာ မရှိပါဘူးလေ။
“ဟီး ... ဟီး ... မိုးပြာရောင်ဂိုဏ်းက အတွင်းစည်း တပည့်က ငါ့ရဲ့ သွေးမိစ္ဆာ လျှို့၀ှက် နည်းစနစ်ကို ထိပြီးသွားရင် ဘယ်လို ဖြစ်သွားမလဲ ဆိုတာကို ငါအရမ်း သိချင်နေမိပြီကွာ”
ဝမ်အဲက သူ့ရဲ့ နှုတ်ခမ်းတွေကို တစ်ချက် သပ်လိုက်ပါတယ်။ သွေးမိစ္ဆာ လျှို့၀ှက် နည်းစနစ်က အသုံးပြုခံရသူကို အသိစိတ်တွေ မဲ့သွားစေပြီး ကြိုက်နှစ်သက်သလို စေခိုင်းနိုင်စွမ်း ရှိပါတယ်လေ။ အသုံးပြုခံရသူက တဖြည်းဖြည်း သွေးတွေ ခမ်းခြောက်သွားပြီး အသေဆိုးနဲ့ သေရတာပါ။ ဒီနည်းစနစ်က တကယ်ကို ရက်စက်ပြီး လူမဆန်လွန်း လှတဲ့အတွက် တော်ရုံတန်ရုံလူက လေ့ကျင့်လေ့ မရှိပါဘူး။
“ငါက အစတုန်းကတော့ မင်းတို့ ညီအစ်ကို သုံးယောက်ရဲ့ အတွင်းအား စိတ်ပင်လယ်ကိုပဲ ဖျက်ဆီး ပစ်မယ်လို့ စဉ်းစား ထားခဲ့တာ။ အခုလို မင်းတို့က ကိုယ့်အခြေအနေ ကိုယ်မသိမှတော့ သတ်ပစ် လိုက်တာပဲ ကောင်းပါတယ်လေ။ မင်းတို့ကောင်တွေ မြေဝါလမ်းကို ရောက်တဲ့အခါမှာ ငါ့ဓားအကြောင်း ပြန်ပြောင်း ဆွေးနွေးပြီး ငိုနေကျပေတော့”
(မြေဝါလမ်း= ငရဲပြည်ကို ဦးတည်သွားရာလမ်း)
“သေစမ်းကွာ"
ဝမ်စန်းရဲ့ လက်တွေက သွေးကဲ့သို့ ရဲရဲနီလျက် ရှိနေပါတယ်။ ဒါကတော့ သူလေ့ကျင့် တတ်မြောက်ထားတဲ့ သွေးနှော လက်ဝါး ဖြစ်ပါတယ်လေ။ ဒါပေမဲ့ ဝမ်စန်းက ဒီသွေးနှော လက်ဝါးသိုင်းကို အကြိုပြီး ပြည့်စုံခြင်း အဆင့်အထိပဲ လေ့ကျင့် ရပါသေးတယ်။
“သွေးမိစ္ဆာ လျှို့၀ှက် နည်းစနစ် "
ဝမ်အဲရဲ့ ခန္ဓာကိုယ်ကနေတဲ့ သွေးကဲ့သို့ နီရဲပျစ်ထွေးနေသော အရည်တွေ ထွက်ပေါ် လာခဲ့ပါတယ်။ သွေးမိစ္ဆာ လျှို့၀ှက် နည်းစနစ်က ကြယ်နှစ်ပွင့် အဆင့် လျှို့၀ှက် နည်းစနစ် ဖြစ်ပါတယ်။ ဒီပညာရပ်က လူတစ်ယောက်ကို သွေးဆာနေတဲ့ မိစ္ဆာတစ်ကောင် အသွင်ကို ပြောင်းသွား စေနိုင်ပါတယ်။
ဒီသွေးမိစ္ဆာ ပြောင်းထားတဲ့ လူတစ်ယောက်ရဲ့ လက်ဝါးရိုက်ချက် တစ်ချက်ကို ထိလိုက်တာနဲ့ ထိခံရတဲ့သူက သွေးတွေ တစ်စစ ခမ်းခြောက်သွားပြီး သေသွားစေနိုင်တယ်လေ။ သွေးလက်ဝါး တစ်ခုနဲ့ သွေးရည်တွေကတော့ လီဖူချန်းကို စတင် တိုက်ခိုက် လိုက်ပါပြီ။
“ကြယ်ပျံဓားသိုင်း။ အကုန် ပျက်စီးစမ်း "
လီဖူချန်းက ဒီအခြေအနေမှာတော့ ဓားဆန္ဒကို မထုတ်မဖြစ် ထုတ်သုံး လိုက်ရပါတယ်။
“အား "
ဝမ်စန်းက သူ့လည်ပင်းကို သူဆုပ်ကိုင်ရင်းနဲ့ မြေကြီးပေါ်ကို လဲကျသွားပါတယ်။
ဝမ်အာရဲ့ သွေးရည်ကြည်တွေကလည်း ဖျက်ဆီးခံလိုက်ရတဲ့ ပုံပါပဲ။ သူ့ရဲ့ ရင်ဘတ်မှာတော့ ဓားဒဏ်ရာ တစ်ခု ရှိနေပြီး အဲဒီ ဓားဒဏ်ရာက သူ့ရဲ့ သွေးမိစ္ဆာချီတွေကို လွင့်ပြယ် သွားစေတယ်လေ။
“ဘယ်လိုကြီးလဲဟ ... ဒီကောင်လေးက ညီလတ်ရဲ့ သွေးမိစ္ဆာ အကာအကွယ် ကိုတောင် ဖျက်ဆီး လိုက်နိုင်တာလား”
လှုပ်ရှားဖို့ ပြင်နေတဲ့ ဝမ်တာ့က သူ့ရဲ့ အကြံအစည်တွေ ကိုတောင် ရုတ်သိမ်း လိုက်ရပါတယ်လေ။ ဝမ်စန်းရဲ့ သွေးနှော လက်ဝါးကို အနိုင် ယူလိုက်တာ ကိုတော့ သူက လက်ခံပေးလို့ ရပါတယ်။
ဒါပေမဲ့ ဝမ်အဲရဲ့ သွေးမိစ္ဆာ လျှို့၀ှက် နည်းစနစ်က အကြို ပြီးပြည့်စုံခြင်း အဆင့်မှာလေ။ ပြီးတော့ ဒီနည်းစနစ်က ခုခံခြင်းမှာ အတော်လေး အားကောင်းပါတယ်။ ဝမ်အဲရဲ့ ဒီသွေး အကာအကွယ်ကို မြေကမ္ဘာ အဆင့်၁မှာ ရောက်နေတဲ့ ပညာရှင်ကတောင် ဖျက်ဆီးဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ ဒီစိတ်တန်ခိုး ဖွဲ့စည်းခြင်း အဆင့်၆ပဲ ရှိသေးတဲ့ လူငယ်လေးကတော့ ဖျက်ဆီး ပစ်လိုက်ပါပြီ။ ဒီလူငယ်လေးက သာမန်တော့ မဟုတ်ပါဘူး။
“ထွက်ပြေးရမယ်"
ဝမ်တက ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်ကို ဆွဲငင်ယူလိုက်ပြီး ထွက်ပြေးပါတော့တယ်။
လီဖူချန်းက သေဆုံးနေတဲ့ ဝမ်ညီအစ်ကို နှစ်ယောက်ဆီက ကျမ်းစာအုပ် နှစ်အုပ်ကို အရင် သိမ်းဆည်း လိုက်ပါတယ်။ ထို့နောက် မှာတော့ သူက ဝမ်တရဲ့ နောက်ကို ပြေးလိုက် သွားပါတော့တယ်။
ဝမ်တပြေးသွားတဲ့ လိုဏ်ဂူ လမ်းကြောင်းကတော့ တစ်လမ်းတည်းပဲ ရှိပါတယ်။ ဒါပေမဲ့ ဒီလမ်းကြောင်းကြီးက အဆုံး မရှိသလိုပါပဲ။
ဝမ်တက အရှေ့ကနေ ဦးဆောင် ပြေးနေရင်းနဲ့ လိုဏ်ဂူရဲ့ နံရံ အချို့ကို ဖျက်ဆီး ခဲ့ပါသေးတယ်။ သူ့ရဲ့အကြံက အနောက်က လိုက်လာတဲ့ လီဖူချန်း တစ်ယောက် နှောင့်နှေး သွားအောင်ပါ။
လီဖူချန်းက သူ့ရဲ့ ကြက်သွေးရောင် လျှို့၀ှက် မီးတောက် အတွင်းအားကို ထုတ်ဖော်ထားပြီး ဝမ်တရဲ့ အနောက်ကနေ လိုက်လာပါတယ်။
သူ့ရဲ့ အရှေ့မှာ ပိတ်နေတဲ့ ကျောက်တုံးတွေ ရှိလာရင်တော့ သူက ကျောက်ခွဲလက်ဝါးကို အသုံးပြုပြီး ဖယ်ရှား လိုက်တယ်လေ။ ဒီဂူလမ်းကြောင်းက တစ်ခုတည်းပဲ ရှိတဲ့အတွက် သူက ကိုယ်ဖော့ပညာကို သုံးဖို့ အစီအစဉ် မရှိပါဘူး။
တစ်ယောက်ကပြေး တစ်ယောက်က အနောက်က လိုက်ရင်းနဲ့ တစ်နာရီလောက် အကြာမှာတော့ သူတို့ သွားနေတဲ့ ဂူလမ်းကြောင်းက အတော်လေး ကျယ်ပြန့် လာပါတယ်။
အရှေ့ကနေ ပြေးလွှားနေတဲ့ ဝမ်တာ့ကို ကြည့်ရတာကလည်း မဟန်ပါဘူး။ သူကလည်း ပထမဆုံး အကြိမ်အဖြစ် ဒီနေရာအထိ ရောက်လာတဲ့ ပုံပါပဲလေ။ ဒါပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်က လီဖူချန်းရဲ့ လက်ထဲကနေ ထွက်ပြေး လွတ်မြောက်ဖို့ပါပဲ။
“ဒီကျောက်စိမ်း ရုပ်ပွားတော်က မင်းရဲ့ဟာပဲ”
ဝမ်တာ့က သူ့ရဲ့ အားတွေအကုန် စုစည်းလိုက်ပြီး ကျောက်စိမ်း ရုပ်ပွားတော်ကို လီဖူချန်းဆီကို ပစ်ထည့် လိုက်ပါတယ်။ လီဖူချန်းက သူ့ရဲ့ ဘယ်ဘက်လက်ကို အသုံးပြုပြီး ကျောက်စိမ်း ရုပ်ပွားတော်ကို အသာအယာ ဖမ်းထားလိုက်ပါတယ်။
“သွေးဆေဘာ"
အဲဒီ အခိုက်အတန့်လေးမှာပဲ ဝမ်တာ့က သူ့ရဲ့ ဆေဘာကို ထုတ်ပြီး လီဖူချန်းကို ခုတ်ပိုင်း လိုက်ပါတယ်။
ဒီဆေဘာက အညှာအတာ ကင်းမဲ့စွာနဲ့ လေထုကို ဖြတ်သန်းပြီး လီဖူချန်းဆီကို ရောက်လာပါတယ်။ ဒီဓားချက်က သူ့ရဲ့ ဦးတည်ရာ လမ်းတစ်လျှောက်မှာ ရှိနေ့တဲ့ အတားအဆီး မှန်သမျှကို ဖြတ်ပိုင်းပစ်မယ့် ပုံပါပဲ။
ဒါကတော့ သူလေ့ကျင့်ထားတဲ့ ဆန်းကြယ် အဆင့်နိမ့် သွေးဆေဘာ ဓားသိုင်းပါပဲ။
ထက်မြက်လှတဲ့ ရတနာဓားရဲ့ အကူအညီပါ ပေါင်းလိုက်တဲ့ အခါမှာတော့ ဝမ်တာ့ရဲ့ တိုက်ခိုက်မှုက ဝမ်အဲနဲ့ ဝမ်စန်း ပူးပေါင်း တိုက်ခိုက်တာထက်ကို ပိုပြီး ပြင်းထန် နေပါတယ်လေ။
ကျောက်စိမ်း ရုပ်ပွားတော်ကို ဖမ်းယူနေတဲ့ လီဖူချန်းက သူ့ရဲ့ဓားချက်ကို ခုခံနိုင်စွမ်း ရှိလိမ့်မယ်လို့ ဝမ်တာ့က မယုံကြည် ထားပါဘူး။
ဒီဆေဘာဓားချက်က လီဖူချန်းကို အကြီးအကျယ် ဒဏ်ရာ ရသွားစေနိုင်တယ်လေ။
သူသာ ကံကောင်းမယ် ဆိုရင် ဒီဆေဘာဓားချက်က လီဖူချန်းကိုတောင် နှစ်ပိုင်း ပြတ်သွားစေဦး မှာပါ။ဒီလိုသာ ဖြစ်သွားခဲ့မယ် ဆိုရင်တော့ သူက ကျောက်စိမ်း ရုပ်ပွားတော်ကိုတောင် ပြန်လည် ပိုင်ဆိုင်နိုင်ခွင့် ရှိလာမှာ မဟုတ်ပါလား။
ဖြစ်နိုင်ချေတွေကို စဉ်းစား အပြီးမှာတော့ ဝမ်တာ့ရဲ့ မျက်လုံးတွေက လိုချင် တပ်မက်မှုတွေကြောင့် တောက်ပ လာပါတယ်။ လီဖူချန်းကတော့ ခေါင်းတစ်ချက် ခါလိုက်မိပါတယ်။ သူ့ရဲ့ရန်သူက အရမ်းကို လောဘ ကြီးလွန်းတယ်လေ။ လောဘ ကြီးလွန်းတဲ့ လူတွေက သာမန်အားဖြင့် အသက်ရှည်လေ့ မရှိကျပါဘူး။
လီဖူချန်းရဲ့ ဘယ်ဘက်လက်က ကျောက်စိမ်း ရုပ်ပွားတော်ကို ဖမ်းထားရင်းနဲ့ပဲ ညာဘက်လက်က ဓားချက်နှစ်ချက် ထွက်သွားပါတယ်။
ထန် … စွပ်…
ပထ မဓားချက်က ဝမ်တာ့ရဲ့ ဆေဘာဓားချက်ကို ခုခံ ကာကွယ်လိုက်ပြီး ဒုတိယဓားချက်က ဝမ်တာ့ရဲ့ လည်မျိုကို ထိုးစိုက် သွားခဲ့ပါတယ်။
“ဘာကြောင့် ဒီလောက် မြန်နေရတာလဲ”
ဝမ်တာ့က လီဖူချန်းကို မယုံကြည်နိုင်တဲ့ အကြည့်တွေနဲ့ ကြည့်ရင်း အသက် ထွက်သွားပါတယ်။
ဒီဓားချက်ရဲ့ အမြန်နှုန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် ပညာရှင်ရဲ့ ကန့်သတ်ချက် အမြန်နှုန်းကို ကျော်လွန် နေခဲ့တာလေ။ ဒီလို ဓားချက်မျိုးကို ဆယ်ကျော်သက် အရွယ် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၆က မြင်ရဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့ အရာတစ်ခုပါ။
“ငါက ဓားဆန္ဒကို သုံးလိုက်လို့ပါ”
လီဖူချန်းက တိုးတိုးတိတ်တိတ် အဖြေ ပေးလိုက်ပါတယ်။
ဓားဆန္ဒ ထွက်ပေါ်လာမှုက မဖြစ်နိုင်တဲ့ အရာတွေကို ဖြစ်အောင် ပြောင်းလဲ လိုက်နိုင်ပါတယ်။ တချို့တွေ ပြောကြတာကတော့ ကောင်းကင်အဆင့် ဓားသိုင်းရဲ့ ဓားဆန္ဒဆိုရင် တောင်ကြီး တစ်ခုလုံးကိုတောင် နှစ်ခြမ်း ခွဲပစ်လိုက် နိုင်တယ်တဲ့လေ။
လီဖူချန်းက ဝမ်တာ့ရဲ့ ကိုယ်ပေါ်ကနေ နောက်ထပ် ကျမ်းစာအုပ် နှစ်အုပ် ထပ်တွေ့ပြန်ပါတယ်။ အစောပိုင်းတုန်းက သူရခဲ့တဲ့ ကျမ်းစာအုပ် နှစ်အုပ်နဲ့ ဆိုရင်တော့ သူ့ဆီမှာ စုစုပေါင်း ကျမ်းစာအုပ် လေးအုပ် ရှိသွားခဲ့ပါပြီ။
အဲဒါတွေ ကတော့ သွေးဘီလူး အတွင်းအား ကျင့်စဉ် ၊သွေးဆေဘာ၊ သွေးနှော လက်ဝါးနဲ့ သွေးမိစ္ဆာ လျှို့၀ှက် နည်းစနစ်တို့ပဲ ဖြစ်ကျပါတယ်။
“ဒီကျမ်းစာအုပ် လေးခုစလုံးက တကယ်ပဲ သွေးဆာပြီး ရက်စက် ကြမ်းကြုတ် လွန်းတယ်။ ဒါတွေက လမ်းမှန်က သိုင်းသမားတွေ အတွက် မသင့်တော်ဘူးပဲ”
လီဖူချန်းက ကျမ်းစာအုပ်တွေကို ဖတ်ရှု လေ့လာပြီးတဲ့ နောက်မှာတော့ ဒီစာအုပ်တွေက သူ့အတွက်ကော၊ လီကလန် အတွက်ပါ မသင့်တော်ဘူး ဆိုတာကို သိလိုက် ရပါတယ်။
ဒီကျမ်းစာအုပ်တွေကို ဝမ်ညီအစ်ကိုတွေက ဘယ်ကနေ ရခဲ့သလဲ ဆိုတာကိုတော့ ဘယ်သူမှ အဖြေပေးနိုင်မှာ မဟုတ်တော့ ပါဘူးလေ။
“ဟင် ... ဒီဟာက နို့ရည်ထွက်တဲ့ ကျောက်တုံးလား”
လီဖူချန်းရဲ့ အကြည့်တွေက အေးစိမ့် လိုဏ်ဂူရဲ့ တစ်နေရာကို ရောက်သွား ပါတော့တယ်။ ဒီအေးစိမ့်လှိုဏ်ဂူက အတော်ကြီးကို ကြီးမားလွန်းပါတယ်။ ဒီလှိုဏ်ဂူရဲ့ အမြင့်က ပေပေါင်းများစွာကို မြင့်တဲ့ အတွက် ဒီနေရာမှာ ရပ်နေတဲ့ လီဖူချန်းက သူ့ကိုယ်သူ ပုရွက်ဆိတ်သာသာမျှကို ထင်မြင် လာမိပါတယ်။
လိုဏ်ဂူရဲ့ မျက်နှာကျက်မှာတော့ ကျောက်စက်ပန်းဆွဲတွေ အများကြီး ဖြစ်ပေါ်နေပြီး အလွန်တရာမှ ရင်သပ် ရှုမောဖွယ် ကောင်းလှပါတယ်။ ကျောက်စက် ပန်းဆွဲတွေရဲ့ တချို့တလေ မှာတော့ နို့ရည်စက် ကလေးတွေက ရေကန် တစ်ခုထဲကို စီးကျလျက် ရှိနေပါတယ်။
“နို့ရည် ကျောက်တုံးတွေက မိခင်ကမ္ဘာမြေရဲ့ အဆီအနှစ်တွေပဲ။ နှစ်တစ်ရာ သက်တမ်းရှိတဲ့ နို့ရည် ကျောက်တုံး တစ်တုံးက အဝါရောင် အလယ်အလတ် ခန္ဓာကိုယ် သန့်စင်ဆေးလုံးနဲ့ ညီမျှတယ်။ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ နို့ရည် ကျောက်တုံး တစ်တုံးကတော့ အဝါရောင် အထွတ်အထိပ် ခန္ဓာကိုယ် သန့်စင်ဆေးလုံးတစ်လုံးနဲ့ ညီမျှတယ်တဲ့။
ဒီမှာတော့ ကျောက်စက် နို့ရည်တွေက ရေကန်ထဲကိုတောင် စီးကျနေတာ။ ငါသာ ဒီရေကန်ထဲမှာ ဝင်စိမ်လိုက်လို့ကတော့ အတော်ကို အကျိုး ရှိသွားမှာပဲ။
လီဖူချန်းက ရေကန်ထဲကို ခုန်ဆင်းချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာပါပြီ။
သူအစောပိုင်းတုန်း ကတော့ လျှို့၀ှက် သွေးမျိုးဆက် ခန္ဓာကိုယ်ကို ကျင့်ကြံဖို့အတွက် အရင်းအမြစ် မလုံလောက်မှာကို စိုးရိမ် နေခဲ့ရတာလေ။
အခုတော့ ကံကောင်းပြီး ကျောက်စက် နို့ရည်ကန် တစ်ခုကို တွေ့လိုက်ရပါပြီ။ ဒီကျောက်စက် ပန်းဆွဲတွေကို ကြည့်ရသလောက် ဆိုရင်တော့ ဖြစ်ပေါ်နေတာက နှစ်ပေါင်းထောင်ချီ ရှိနေလောက် ပါတယ်လေ။
***