← Chapters

ငွေရှာမည့်အစီအစဥ်

Vol. 78 Ch. 1085

ငွေရှာမည့်အစီအစဥ်

Vol. 78 Ch. 1085

စုကျိုးအင်မော်တယ်ဂိုဏ်း၏ အစည်းအဝေးခန်း၌

အန်လင်း၊ တီနာ၊ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ၊ ရှောင်ဇယ်၊ ရှောင်ချိုး၊ လျှိုချင်းဟွမ်၊ ဘရိုင့်စ်၊ ပိုင်လင်နှင့် ကြေးခွံဖြူဝံပုလွေနတ်ဘုရားတို့ ရှိနေကြသည်။

အန်လင်းသည် အနောက်ပင်လယ် ခရီးမှအပြန် ကြယ်စင်မီးလျှံ စစ်သင်္ဘောအား ယူဆောင်လာခဲ့သည်။

အားလုံးသည် ကြယ်စင်မီးလျှံ စစ်သင်္ဘောအားကြည့်ကာ အံ့အားသင့်မိရသည်။

ထိုစစ်သင်္ဘောကြီးမှာ မျက်စိတဆုံး ကြီးမားလှပေသည်။

“ကြယ်စင်မီးလျှံ စစ်သင်္ဘောနဲ့သာဆို တာအိုပေါင်းစည်းခြင်း အဆင့်တစ်ယောက် ရလိုက်သလို ဖြစ်သွားလိမ့်မယ်။”

အန်လင်း တည်ငြိမ်စွာ ပြောလာသည်။

ပျော်ရွှင်သော အော်ဟစ်သံများ ဆူညံသွားတော့သည်။

“ဘုရားရေ.... သက်တော်ရာကျော် ရှည်ပါစေ သခင်ရေ... စုကျိုးအင်မော်တယ်ဂိုဏ်းက အခုထက် ပိုကြမ်းလာဦးမှာလား။”

ကြေးခွံဖြူဝံပုလွေနတ်ဘုရား စကားဆိုလိုက်သည်။

“အန်လင်းကတော့ အာဂလူပါပဲ။ အုတ်ဂူကနေအပြန် စစ်သင်္ဘောပါ သယ်လာသေးတယ်။”

လျှိုချင်းဟွမ်၏ မျက်ဝန်းများမှာ တောက်ပနေသည်။

သူမ အမှန်တကယ်ပင် ထိုစစ်သင်္ဘောအား ဦးဆောင်သူ ဖြစ်ချင်မိသည်။

“စစ်သင်္ဘောက နည်းနည်းထိထားတာလား။”

ရှောင်ဇယ် မျက်မှောင်ကျုံ့ကာ မေးလာသည်။

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

“အဲ့ဒါကြောင့်ပဲ လူစုလိုက်တာလေ။ စစ်သင်္ဘောကို ပြင်ဖို့က သန်းတစ်ရာလောက်ကုန်မှာ။”

“အာ.....”

ပြင်ဆင်ခမှာ အားလုံးအား ရေခဲရေနှင့် ပက်လိုက်သလိုပင်။

စိတ်ငြိမ်သွားပြီးနောက် သူ့ထက်ငါ အပြိုင်အဆိုင် စတင်တွေးတောလာကြသည်။

ပိုက်ဆံ..... အဓိက ပြဿနာက အဲ့ဒါပဲ......

“ဂိုဏ်းမှာက စိတ်ဝိဥာဥ်ကျောက်တုံး သန်းငါးဆယ်လောက်ပဲရှိမှာ။ အကုန်သုံးလိုက်ရင်တောင် ငါးဆယ်ထပ်လိုနေသေးတယ်။”

ရှောင်ဇယ် သုံးသပ်လိုက်သည်။

တီနာ အကြံပြုလာသည်။

“ဘောပျံမျိုးနွယ်စု ပိုင်နက်ထဲက မိုင်းတွင်းကို အသားကုန်ဖော်ရင်တော့ ရလောက်တယ်။”

အန်လင်း ခေါင်းခါပြလိုက်သည်။

“အဲ့လိုလုပ်လို့ မဖြစ်ဘူး။”

“အဲ့မိုင်းတွင်းက ဂိုဏ်းရဲ့ အသက်သွေးကြောပဲ။ သေရေးရှင်ရေး ကိစ္စမဟုတ်ရင် မထိကြနဲ့။”

အန်လင်း၏ စကားအား လျှိုချင်းဟွမ်လည်း ခေါင်းညိတ်သဘောတူလာသည်။

သူမ ခေတ္တမျှ တွေးတောကာ မျက်ဝန်းများ တောက်ပလာခဲ့သည်။

“အကြံရပြီ။”

အားလုံးမှာ လျှိုချင်းဟွမ်အား ကြည့်လိုက်ကြသည်။

လျှိုချင်းဟွမ်သည် ရှောင်ချိုးအားကြည့်ကာ ပြုံးလိုက်သည်။

“ရှောင်ချိုးနဲ့ ပိုင်ယောင် မင်္ဂလာပွဲက မြေခွေးနက် မျိုးနွယ်စုနဲ့ ဝိဥာဥ်ငါးကလန်ကြောင့် ပျက်သွားရတာ နှမြောစရာပဲ။”

“အဲ့ဒါကြောင့် စုကျိုးအင်မော်တယ်ဂိုဏ်းမှာ ထပ်ကျင်းပရင် မကောင်းဘူးလား။ အရင်တစ်ခါ လက်ဖွဲ့မပေးလိုက်ရတဲ့ သူတွေလည်း မျက်နှာသာ ရသွားတာပေါ့။”

လူတိုင်းမှာ အသက်ရှူသံများ ပြင်းသွားကြသည်။

အန်လင်း ဝမ်းသာကျေနပ်သွားသည်။

“မေ့နေတော့မလို့....”

“လောကကြီးလည်း ဒီအခမ်းအနားကို ဆင်နွှဲခွင့် ရသင့်တယ်။”

ဘရိုင့်စ် ထောက်ခံလိုက်သည်။

“ဒီမင်္ဂလာပွဲကို အားပေးတယ်ဗျာ။”

ရှောင်ဇယ် စိတ်လှုပ်ရှားနေသည်။

“ငါရောပဲ။”

“ငါ့လည်းမေ့မထားနဲ့။”

“+၁နော်။”

ပိုင်လင် မျက်နှာပျက်သွားသည်။

နင်တို့တွေ ရိုးရိုးသားသား ငွေမရှာတတ်ကြဘူးလား...... ငါဘာတွေ မျှော်လင့်မိပါလိမ့်.......

နောက်ဆုံး ဆုံးဖြတ်ရမည့်သူမှာ ရှောင်ချိုးတို့ လင်မယားပင်။

ရှောင်ချိုး စားပွဲအား လက်ဖြင့်ရိုက်လိုက်သည်။

“ချဗျာ။”

အစည်းအဝေးခန်းမအတွင်း အောင်ပွဲခံသံများ ပဲ့တင်ထပ်သွားသည်။

ဂိုဏ်းအနေဖြင့် များပြားလှသော အထောက်အပံ့များအား ရရှိတော့မည် ဖြစ်သည်။

ပိုင်လင် အနည်းငယ်တွေးကာ ပြောလိုက်သည်။

“အခုလိုနေတာ စိတ်ဝိဥာဥ်ကျောက်တုံး သန်းငါးဆယ်နော်။ ဂိုဏ်းဖွင့်ပွဲတုန်းကတောင် သန်းသုံးဆယ် ကျော်ကျော်ပဲရတာ။”

“မတူတော့ဘူးလေ။”

အန်လင်း ပြုံးကာပြောလာသည်။

“စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ ဂုဏ်ကအရမ်းမြင့်နေပြီ။ ပြီးတော့ ဂိုဏ်းချုပ် ကျွန်တော်ကလည်း မိုးကြိုးကပ်ဘေး အရှင်သခင် ဖြစ်တဲ့အပြင် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကို ရှယ်ဖြုတ်ထားတာ။”

“အနောက်ပင်လယ်ကလည်း ကျွန်တော်တို့နဲ့ ဆက်ဆံရေး တည်ဆောက်ချင်နေတာလေ။ ဂိုဏ်းဖွင့်ပွဲထက်ကို ငွေဝင်မှာ သေချာတယ်။”

“အဲ့ဒါတောင်မှ ငွေလိုနေသေးရင် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကနေ ချေးလိုက်မယ်။”

အန်လင်း ရယ်ရယ်မောမော ပြောလိုက်သည်။

ပိုင်လင် : “......”

အားလုံး : “......”

ခန်းမတစ်ခုလုံး တိတ်တဆိတ်ပင် ထိုအကြံအစည်ကို ထောက်ခံလိုက်ကြသည်။

လာမည့်နှစ်ဆယ့်ငါးရက်အတွင်း ရှောင်ချိုးနှင့် ပိုင်ယောင်၏ မင်္ဂလာပွဲအား စုကျိုးအင်မော်တယ်ဂိုဏ်းတွင် ကျင်းပမည် ဖြစ်သည်။

အန်လင်းသည် ထိုသတင်းအား ဖြန့်ပေးရန် လင်ကျွင်းကျွင်းထံ အကူအညီ တောင်းလိုက်သည်။

ကျောင်းပျက်ခဲ့သည်မှာ နှစ်လခန့် ရှိနေပြီ ဖြစ်သောကြောင့် အန်လင်းမှာ ကျောင်းတော်သို့ ပြန်လာဖြစ်ခဲ့သည်။

“အန်လင်း အနောက်ပင်လယ်မှာ နင်ဘာတွေလုပ်ခဲ့လဲ။”

စုရှောင်လန် ခါးထောက်ကာ မေးလိုက်သည်။

ရေသူမ မင်းသမီးလေးနှင့် အန်လင်းတို့ နီးစပ်နေပြီဖြစ်ကြောင်း ကောလဟလ အချို့ကို သူမ ကြားသိခဲ့ရသည်။

“ရှောင်လန် ကိုယ်ရှင်းပြပါရစေ။”

အန်လင်းသည် အနောက်ပင်လယ်သို့ ခရီးစဥ်မှ အစပြု၍ ဖြစ်ပျက်ခဲ့သည်များအား တတ်နိုင်သမျှ အမှန်ပြောပြလိုက်သည်။

ဇာတ်လမ်းရှည်သလို ညတာလည်း ရှည်လှပေသည်။

ဖယောင်းတိုင်မီး ဖျော့ဖျော့အောက်တွင် စုရှောင်လန်၏ မျက်ဝန်းလေးများက တောက်ပလင်းလက်လို့နေသည်။

ရံဖန်ရံခါ ထွက်လာတတ်သော သူမ၏ မေးခွန်းများကိုလည်း အန်လင်းမှာ မနားတမ်း ဖြေနေရသည်။

ဖြစ်ပျက်ခဲ့သည်များအား ပြောပြပြီးနောက် စုရှောင်လန် အတွေးများသွားသည်။

“ဘယ်လိုပဲဖြစ်ဖြစ် လန်ရှောင်နီက အသက်နဲ့ရင်းပြီး နင့်ကိုကယ်တာကို နားမလည်နိုင်ဘူး။”

သူမ စူပုပ်ပုပ် ဖြစ်နေလေပြီ။

“သူမက အရမ်းတုံးတာလေ။ သေသေချာချာတောင် မသိသေးတဲ့ ချန်းနန်ကိုတောင် အသက်နဲ့ရင်းပြီး ကယ်သေးတာ။ ကိုယ့်ကိုကယ်တာလည်း သိပ်မဆန်းပါဘူး။”

စုရှောင်လန် စိတ်ပြေသွားသည့် အခါမှသာ အန်လင်း သက်ပြင်းချနိုင်သည်။

ချန်းနန်မှာ အန်လင်း၏ အသက်အား ကယ်လိုက်သည်ပင်။

စုရှောင်လန် ခပ်ဖွဖွ ပြုံးလိုက်သည်။

“အဓိပ္ပါယ် ရှိသားပဲ။”

သူမ သိုလှောင်လက်စွပ်ထဲမှ စိတ်ဝိဥာဥ်ကျောက်တုံးများ ထုတ်ပေးလိုက်သည်။

“ဒါအရင်လကဝင်ငွေတွေ....”

အန်လင်း၏ မျက်ဝန်းများ တောက်ပသွားရသည်။

“ရှောင်လန်က အကောင်းဆုံးပဲ။ ချစ်တယ်နော်။”

သူ၏ပိုင်ဆိုင်မှုမှာ စိတ်ဝိဥာဥ်ကျောက်တုံး ရှစ်ဆယ့်ခြောက်သန်း ရှိနေပြီပင်။

သူသည် စိတ်ဝိဥာဥ်ကျောက်တုံးများ သိမ်းပြီးသည့်တိုင် ပြုံးပြုံးကြီး ဖြစ်နေသည်။

စုရှောင်လန် မျက်စောင်းထိုးလိုက်သည်။

“နင်ကငွေပဲချစ်တာပါ။ ကိုငွေချစ်ကြီး....”

အန်လင်း အသိစိတ်ဝင်လာကာ ချက်ချင်းပင် ရှောင်လန်၏လက်အား ဆွဲလိုက်သည်။

“ရှောင်လန် မင်းအတွက်လည်း အံ့သြစရာ ပါလာတယ်။”

All Chapters