← Chapters

စတုတ္ထနှစ်ကုန်စာမေးပွဲ

Vol. 78 Ch. 1087

စတုတ္ထနှစ်ကုန်စာမေးပွဲ

Vol. 78 Ch. 1087

အန်လင်း၏ အခြေအနေအရ စာမေးပွဲအား ကျော်သွားနိုင်ပါသော်လည်း ထူးခြားမနေချင်သောကြောင့် ဖြေရန်ဆုံးဖြတ်လိုက်သည်။

အနက်ရောင်စိမ့်တောသည် အန္တရာယ်များသော ပတ်ဝန်းကျင် ဖြစ်သဖြင့် သူ၏သူငယ်ချင်းများကိုလည်း ကာကွယ်ရမည်ပင်။

ရက်စက်သော တိုက်ပွဲများသည် တိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေပါသော်လည်း အန်လင်းမှာ တတ်နိုင်သမျှ ကူညီပေးမည် ဖြစ်သည်။

ကိုးပြည်ထောင်၏ အနောက်တောင်ဘက် ကျောက်မျက်ပြည်နည်၌ လင်းကန်မြို့တော်ဟု အမည်ရသော မြို့ကြီးတစ်မြို့ ရှိသည်။

ထိုမြို့တော်သည် သွေးမျိုးနွယ်စုနှင့် တဂျိန်းဂျိန်း တိုက်ခိုက်နေတတ်သော နေရာတစ်ခုဟု ဆိုနိုင်သည်။

မြို့တော် အနောက်ဘက်တွင် မရဏ အငွေ့အသက်များ ပြည့်နေသော ကုန်းမြေနက်များ ရှိနေသည်။

မြို့နံရံတွင် ရုတ်တရက် တိုက်ခိုက်မှုများအတွက် စစ်သည်တော်များ၊ ကင်းထောက်များ၊ အမြှောက်စစ်သည်တော်များနှင့် တိုက်ခိုက်ရေးစစ်သည်တော်များ စသဖြင့် အမျိုးအစား စုံလင်စွာ စောင့်ကြပ်နေပြီး ခံတပ်ကြီးတစ်ခုလိုပင် ဖြစ်နေသည်။

ဓားအင်မော်တယ် လင်းရှောင်မှာ အန်လင်းအား သတိပေးလာသည်။

“ကျောင်းသားအန်လင်း သိုသိုသိပ်သိပ်ပဲနေနော်။ ဧကရာဇ်ရိတန်းက လေဒင်ကိစ္စကို ကျေနပ်ဦးမှာ မဟုတ်ဘူး။”

“စိတ်မပူပါနဲ့။ ကျွန်တော့် လုံခြုံရေးကို ဂရုစိုက်မှာပါ။”

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

ဓားအင်မော်တယ် လင်းရှောင်မှာ အန်လင်းအားကြည့်ကာ သက်ပြင်းချမိသည်။

“ဘယ်အခြေအနေပဲဖြစ်ဖြစ် မင်းကိုယ်မင်းသာ ဦးစားပေး။ ကောင်းကင်ဘုံခုံရုံးအတွက် မင်းကအရေးကြီးတယ်။”

လေးလေးနက်နက် ရှိလွန်းလှသော အတန်းပိုင်ဆရာကြောင့် အန်လင်းမှာ ကောင်းကောင်းမွန်မွန် နာခံနေရတော့သည်။

ဓားအင်မော်တယ် လင်းရှောင်သည် ကျောင်းသားများအား တာဝန်အတွက် မစေလွှတ်ရဲတော့ပေ။

ယခင်တစ်ခါက အန်လင်းသည် ဟင်းလင်းပြင်သို့အပြန် အဆင့်ကိုပင် ဇီဝိန်ခြွေခဲ့သောကြောင့် ထိပ်တန်းအဆင့် သခင်လေး လေဒင်ကိုပင် ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းတို့အားလုံး ကိစ္စချောမလို ဖြစ်ခဲ့ရသည်။

ဧကရာဇ်ရိတန်းသည် ထိုကိစ္စအား အမျက်ထွက်နေဦးမည် ဖြစ်သောကြောင့် သွေးမျိုးနွယ်စု မြို့တော်များအား ဝင်မဖျက်ရဲတော့ပေ။

ဓားအင်မော်တယ် လင်းရှောင်သည် အန်လင်းအား ဂရုတစိုက် မှာကြားကာ ထွက်ခွာသွားသည်။

အန်လင်းသည် တပိုင်အားစီးကာ မြို့နံရံပေါ် ပျင်းရိနေသည်။

“ကတ်စီဒီ၊ မာလင်နဲ့ တိုဘိယတို့ရော ဘယ်လိုနေကြလဲ မသိဘူး။ သံသယ မဝင်အောင် သိုသိုသိပ်သိပ် နေကြမယ်တော့ ပြောတာပဲ။”

အန်လင်း သက်ပြင်းချလိုက်သည်။

ဟင်းလင်းပြင်သို့အပြန် အဆင့်များအတွက် နှစ်ရာနှင့်ချီ သီးသန့်ကျင့်ကြံသည်မှာ ပုံမှန်သာ ဖြစ်သည်။

“သူတို့က အစ်ကိုကြီးသွေးကို လွမ်းနေကြမှာလေ။ အကြာကြီး နေနိုင်မှာ မဟုတ်ပါဘူး..... ဝုတ်။”

တပိုင် နှစ်သိမ့်ပေးလိုက်သည်။

အန်လင်း ဝန်မခံလိုပါသော်လည်း တပိုင် ပြောသည်မှာ အမှန်တရားများပင်။

“သွေးမျိုးနွယ်စုရဲ့ မြင့်မြတ်သောတမာန်တော် သုံးပါးက ရုတ်တရက်ကြီး စုကျိုးအင်မော်တယ်ဂိုဏ်းဆီ ခိုလှုံလာရင် ဧကရာဇ်တွေ ပေါက်ကွဲမှာပဲနော်.... ဝုတ်။”

တပိုင်သည် ရောက်တက်ရာရာ စိတ်ပူတတ်ပါသော်လည်း ယခုအတွေးအား လျစ်လျူရှု၍ မရပေ။

“ဖြစ်နိုင်ပါတယ်။”

အန်လင်း ပြုံးကာခေါင်းညိတ်ပြလိုက်သည်။

“အဲ့ဒါကြောင့် ကြယ်စင်မီးလျှံ စစ်သင်္ဘောကို အမြန်ဆုံး ပြင်မှရမယ်။ အဲ့ဒါမှ အစေခံတွေအတွက် နေရာတစ်ခု ပေးနိုင်မှာ။”

တပိုင် စကားဆိုလိုက်သည်။

“အစ်ကိုကြီးက တဖြည်းဖြည်းနဲ့ တကယ့်ဆရာကြီး ဖြစ်လာပြီ။”

“တကယ်လား။ တာအိုပေါင်းစည်းခြင်း အဆင့်တွေကို ကြွားလုံးပစ်တာကနေ ဖြစ်လာတယ်ထင်တယ်။”

အန်လင်း ရယ်မောလိုက်သည်။

“ဒီစကားကိုက လေကြီးနေပြီ.... ဝုတ်....”

အန်လင်း အံ့သြသွားရသည်။

သဘာဝကျကျတောင် ကြွားတတ်နေပြီလား......

၎င်းတို့သည် မြို့နံရံပေါ်သွားရင်း ပျင်းလာကြသည်။

“အစ်ကိုကြီးအန် ကျွန်တော် ပျင်းလာပြီ။”

အန်လင်းမှာ တပိုင်ကျောပေါ် လှဲချလိုက်သည်။

“ဘာဖြစ်တာလဲ အစ်ကိုကြီးအန်...”

တပိုင် မေးမြန်းလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။”

အန်လင်းမှာ သက်တောင့်သက်သာ ဆက်လှဲနေလေသည်။

........

လင်းကန်မြို့တော်၌ ဆယ်ကီလိုမီတာ ကွာဝေးသော တောင်နက်တစ်ခု၌....

တောင်တန်းမှာ ကျောက်တုံးကျောက်ဆောင်များ ပြည့်နှက်နေသည်။

“သခင် တုလု ဒါက လင်းကန်မြို့တော် မြေပုံပါ။ စစ်သည်တော် အရေအတွက်အစ အကုန်အသေးစိတ် ပါပါတယ်။”

မီးခိုးရောင် ဆံနွယ်နှင့် အမျိုးသားမှ ပြုံးကာပြောလာသည်။

သူသည် တောင်ငယ်တစ်ခုစာမျှရှိသော ဗလတောင့်တောင့်နှင့် အမျိုးသားအား ဝါကျင့်ကျင့် မြေပုံတစ်ခု ပေးလိုက်သည်။

ဗလတောင့်တောင့်နှင့် အမျိုးသားမှာ မြေပုံအား လေ့လာကြည့်ရှုလိုက်သည်။

“သခင်တုလု ကောင်းကင်ဘုံခုံရုံးက ကျောင်းသားတစ်ရာကလည်း ဒီနေ့ပဲ မြို့ကိုရောက်လာပါတယ်။”

မီးခိုးရောင်ဆံနွယ်နှင့် အမျိုးသား သတိပေးလာသည်။

“တာအိုခန္ဓာအဆင့်နဲ့ စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် အမှိုက်ကောင်တွေကို ဘာလုပ်ရမှာလဲ။ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ဆရာတွေကိုတော့ ငါ့တာဝန်သာထား။ လူများများ ရှိတော့လည်း သွေးများများ သောက်ရတာပေါ့။”

တုလု အေးစက်စွာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။”

မီးခိုးရောင်ဆံနွယ်နှင့် အမျိုးသား အရိုအသေ ပေးလိုက်သည်။

တုလုသည် မြို့စားမင်းအဆင့်ရှိကာ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်ပြီး အထက်မှ စေလွှတ်လာသူ ဖြစ်သည်။

လင်းကန်မြို့တော်အား တုလုသာ ဆန္ဒရှိပါက သွေးပင်လယ်အဖြစ် ပြောင်းပစ်နိုင်သည်။

“ဟားဟား..... စစ်သည်တော်တွေတင်မကဘူး။ လူငယ်လေးတွေပါ ရှိနေတာပဲ။ ကောင်းကင်ဘုံခုံရုံးက ကျောင်းသားတွေက အရမ်းအရည်အချင်း ရှိတာတဲ့။ ငါကိုယ်တိုင် မြည်းကြည့်ရတော့မှာပေါ့။”

တုလု လျှာသပ်ကာ ပြောလာသည်။

မီးခိုးရောင်ဆံနွယ်နှင့် အမျိုးသားမှာလည်း စိတ်လှုပ်ရှားနေမိသည်။

သူသည် တောက်ပသော အနာဂတ်အား မြင်ယောင်နေမိပြီပင်။

ဝုန်း.....

ထိုအချိန်မှာပင် ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ တုလုမှာ မြေပြင်သို့ လဲကျသွားရသည်။

အရိုးကျိုးသံများပါ ထွက်ပေါ်လာလေသည်။

တောင့်တောင့်ဖြောင့်ဖြောင့် တုလုမှာ စက္ကူတစ်စအလား ပါးလွှာသွားပြီ ဖြစ်သည်။

ထိတ်လန့်နေသော အော်ဟစ်သံကြီး ပဲ့တင်ထပ်သွားသည်။

“သခင်တုလု.....”

မီးခိုးရောင်ဆံနွယ်နှင့် အမျိုးသားမှာ တုလုအား ကြောင်ကြည့်နေမိသည်။

ပတ်ဝန်းကျင်မှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။

တုလု၏ ပြားကပ်ကပ် ခန္ဓာကိုယ်တွင် အသက်စွမ်းအက် မကျန်ရစ်တော့ပေ။

သခင်တုလုက ဒီလိုနဲ့ သေပြီလား......

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် တစ်ယောက်က အော်ခွင့်လေးတောင် မရလိုက်တာလား......

ဘယ်လိုအစွမ်းမျိုးလဲ.......

မီးခိုးရောင်ဆံနွယ်နှင့် အမျိုးသားမှာ အဝေးမှ မြို့တော်အားကြည့်ကာ ကြောက်စိတ်များ ဝင်လာသည်။

ထို့နောက် အော်ဟစ်ကာ ထွက်ပြေးသွားတော့သည်။

........

လင်းကန်မြို့နံရံ၌....

ဓားအင်မော်တယ် လင်းရှောင်၊ စုရှောင်လန်၊ ရွှမ်းယွမ်ချန်နှင့် စုချန်းရန်တို့မှာ တပိုင်ရှိရာသို့ ကြည့်လိုက်သည်။ တပိုင်သည်လည်း အဝေးမှ စွမ်းအင်ပေါက်ကွဲမှုအား အာရုံခံမိလိုက်သည်။

“အစ်ကိုကြီးအန်လင်း ဘာဖြစ်သွားတာလဲ။”

တပိုင် မေးမြန်းလာသည်။

အန်လင်းမှာ ကောင်းကင်ပြာအားငေးကာ စကားဆိုလာသည်။

“ဘာမှမဖြစ်ပါဘူး။ ခြင်ရိုက်လိုက်တာလေ။”

All Chapters