သွေးမြည်းစမ်းခြင်းပွဲတော်
Vol. 78 Ch. 1089
စစ်နတ်ဘုရား ကောင်းကင်ဖောက်ခွဲခြင်းအမြှောက်သည် နာမည်နှင့်ပင် အထာကျလွန်းလှသည်။
အန်လင်းအနေဖြင့် ထိုအမြှောက်အား ရချင်နေပြီပင်။
ဧကရာဇ်ရိတန်း အာရုံမစိုက်မိစေရန်အတွက် သူ၏ဇစ်မြစ်အား ဖုံးကွယ်ထားရန် ဆုံးဖြတ်ထားသည်။
မည်သို့ပင်ဆိုစေကာမူ ဟင်းလင်းပြင်သို့အပြန် အဆင့်များ အနေဖြင့် သူ၏အမည်အား သိစရာ မလိုအပ်ပဲ မုန်းတီးရွံရှာသွားရန်သာ လိုအပ်သောကြောင့် အဆင်ပြေလှသည်။
အန်လင်းသည် တီနာနှင့် တပိုင်အား လင်းကန်မြို့တော်တွင် ထားရစ်ခဲ့ကာ စိတ်လှုပ်ရှားစွာ ထွက်လာခဲ့လေသည်။
........
စုရှောင်လန်သည် အန်လင်းနှင့်အတူ လိုက်ချင်နေသည်။
“ရှောင်လန် မင်းနေခဲ့တာကောင်းမယ်။ အန္တရာယ်များလွန်းတယ်။”
အန်လင်း စကားဆိုလိုက်သည်။
“နင့်ရဲ့ ခုခံကာကွယ်ရေးက ငါ့ထက်သာမှလာပြော...”
စုရှောင်လန်မှာ လိပ်ခွံအား ပုတ်ပြလိုက်သည်။
အန်လင်း : “.....”
သူ၏ ခုခံကာကွယ်ရေးအား မေးခွန်းထုတ်ခံရမည်ဟု ထင်မထားခဲ့ပေ။
“ကောင်းပြီလေ။ တူတူသွားကြတာပေါ့။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မမေ့ရဘူးနော်။”
အန်လင်း သတိပေးလိုက်သည်။
“လုံခြုံရေးအတွက် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်တွေကိုပဲ ပစ်မှတ်ထားကြမယ်။”
စုရှောင်လန် သုံးသပ်လိုက်သည်။
“အဲ့ဒါဆို ပြေးဖို့လည်းလွယ်တယ်။”
“ကိုယ့်အတွေးလည်း အဲ့လိုပဲ။”
အန်လင်း ခေါင်းညိတ်သဘောတူလာသည်။
သူသည် သွေးမျိုးနွယ်စုများအား ရှင်းပစ်ချင်သည်ထက် မစ်ရှင်အောင်မြင်စေရန်သာ ထွက်လာရခြင်း ဖြစ်သည်။
“ရထားတဲ့ သတင်းတွေအရ အနီးဆုံး ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူက အရိုးမိစ္ဆာဂိုဏ်းရဲ့ ဘိုးဘေး ဘလက်ခ်ပဲ။ သူက ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်တဲ့။”
စုရှောင်လန်သည် ကောင်းကင်ဘုံခုံရုံးထံမှ သွေးမျိုးနွယ်စု ပိုင်နက်မြေပုံအား ရယူထားခဲ့သည်။
“အဲ့ဒါဆိုလည်း ဒင်းပေါ့။”
တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများမှလွဲ၍ အန်လင်းမှာ မည်သူကိုမှ မကြောက်ရွံ့ပေ။
၎င်းတို့နှစ်ဦးမှာ အနောက်အရပ်သို့ ဦးတည်ခဲ့ကြသည်။
.......
လမင်းစန္ဒာမှာ ကောင်းကင်ထက် တွဲလဲခိုနေသည်။
သွေးနီရောင် အပင်များမှာလည်း လေပြေများနှင့်အတူ ယိမ်းနွဲ့ကခုန်နေလေသည်။
အနက်ရောင် သက်ရှိများမှာလည်း အရိပ်များသဖွယ် လှုပ်ရှားနေသည်။
ကြီးမားလှသော အရိုးစုများထဲတွင်လည်း ရိုးတွင်းခြင်ဆီ စုပ်ယူနေသော အင်းဆက်များ ရှိနေ၏။
အနက်ရောင်စိမ့်တောသည် သဘာဝအရ တိုက်စားခြင်း အစွမ်းများ ပိုင်ဆိုင်ထားသောကြောင့် ဤနေရာမှ သက်ရှိများမှာ အရေထူကြသည့်အပြင် လှပသည်ဟူသော စကားလုံးနှင့် ဆန့်ကျင်ဘက်သာ ဖြစ်လေ့ရှိသည်။
..........
အနီရောင် အပင်များ ဝန်းရံထားသော တောင်ထိပ်တစ်ခုပေါ်၌
ကြီးမားလှသော အရိုးခေါင်းကြီးတစ်ခု ရှိနေသည်။
ထိုသည်မှာ အရိုးမိစ္ဆာဂိုဏ်း တည်နေရာပင် ဖြစ်သည်။
ညအချိန် ဖြစ်သောကြောင့် အရိုးမိစ္ဆာဂိုဏ်းမှာ သွေးပွဲတော်တစ်ခုအား ကျင်းပနေလေသည်။
သွေးမျိုးနွယ်စုသည် ညအချိန်တွင် ပျော်ပါးလေ့ရှိသည်။
ပုံရိပ်နှစ်ခုမှာ ကောင်းကင်ထက်တွင် တိတ်တဆိတ် ပျံဝဲနေကြသည်။
အန်လင်းသည် ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားသလို စုရှောင်လန်မှာ ပုံရိပ်ယောင်ကြယ်စင်ဝတ်ရုံအား လွှမ်းခြုံထားသောကြောင့် ကြယ်စင်များနှင့်ပင် တသားတည်း ဖြစ်နေသည်။
ပုံရိပ်ယောင်ကြယ်စင်ဝတ်ရုံသည် ကွယ်ဝှက်ရာတွင် အသုံးဝင်လှသော ရတနာတစ်ခုပင်။
ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်များသည်ပင် ၎င်းတို့အား အာရုံမခံနိုင်လောက်ပေ။
အရိုးမိစ္ဆာခေါင်းကြီးထဲ၌....
အနီရောင် ကော်ဇောအား ခန်းမတခွင် ခင်းကျင်းထားသည်။ ကြာပန်းသဏ္ဍာန် မီးဆိုင်းတစ်ခုကိုလည်း ခန်းမအလယ်တွင် ချိတ်ဆွဲထားသေးသည်။
ထိုခန်းမကြီးမှာ ကြီးကျယ်ခမ်းနားလွန်းလှသည်။
သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ ခန်းမအတွင်း ပျော်ပျော်ရွှင်ရွှင် စုဝေးနေကြသည်။
ဂိုဏ်းချုပ်ငယ်လေး စတားဘတ်မှာ သွေးဝိုင်ခွက်အား မြှောက်လိုက်သည်။
“ဒါက ကျုပ်တို့ အရိုးမိစ္ဆာဂိုဏ်းရဲ့ ရှစ်ဆယ့်နှစ်ကြိမ်မြောက် သွေးမြည်းစမ်းခြင်းပွဲတော်ပဲ။ နှင်းသွေးနီဂိုဏ်း၊ ကောင်းကင်ဘုံ ကင်းမြှီးကောက်ဂိုဏ်းနဲ့ ကြွရောက်လာပေးတဲ့ ကျန်တဲ့ သုံးဆယ့်နှစ်ဂိုဏ်းလုံးကို ကျေးဇူးတင်ပါတယ်။”
“ပွဲတော်ရဲ့ အဓိက အခမ်းအနားဖြစ်တဲ့ သွေးလေလံပွဲကတော့ နောက်နှစ်နာရီအတွင်း စတော့မှာပါ။ အားလုံး ပျော်ကြဖို့ မျှော်လင့်ပါတယ်။”
ထိုစကားနှင့်အတူ စတားဘတ်မှာ သွေးဝိုင်ခွက်အား မော့လိုက်သည်။
သွေးမျိုးနွယ်စု ကျင့်ကြံသူများလည်း အော်ဟစ်အားပေးကာ ဝိုင်ခွက်များအား မော့လိုက်ကြသည်။
စတားဘတ် စင်ပေါ်မှ ဆင်းလာသည်နှင့် အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ဦး ရောက်ရှိလာသည်။
“တပည့်လေး နှင်းသွေးနီဂိုဏ်းချုပ်နဲ့ ကောင်းကင်ဘုံ ကင်းမြှီးကောက်ဂိုဏ်းချုပ်တွေဆီမှာ ဆက်ဆံရေး တိုးတက်အောင်လုပ်ဦး။”
“အရေးကြီးတာက နှင်းသွေးနီဂိုဏ်းပဲ။ သူတို့က မြင့်မြတ်သောတမာန်တော်တွေနဲ့ အဆက်အသွယ် ရှိတယ်တဲ့။”
စတားဘတ် ပြုံးကာခေါင်းညိတ်လိုက်သည်။
“စိတ်မပူပါနဲ့ဆရာ။”
စတားဘတ်ရှေ့တွင် ရှိနေသူမှာ အရိုးမိစ္ဆာဂိုဏ်း၏ ဘိုးဘေး ဘလက်ခ် ဖြစ်သည်။
“ဘာတွေပြောနေကြတာလဲ။ ကျွန်မအကြောင်းတော့ မဟုတ်ဘူးမလား။”
အနီရောင်ဝတ်ရုံနှင့် လှပသော အမျိုးသမီးတစ်ဦး ရောက်ရှိလာသည်။
သူမသည် နှင်းသွေးနီဂိုဏ်းချုပ် အလိုင်ဇာပင်။
စတားဘတ်သည် သိုလှောင်လက်စွပ်ထဲမှ ဝိုင်ခွက်ငယ်အားထုတ်ကာ အလိုင်ဇာထံ သွားလိုက်သည်။
“ဂိုဏ်းချုပ် အလိုင်ဇာရဲ့ အလှတရားက ညွှန်းဖွဲ့မမှီ ဖြစ်နေတော့လည်း ဆရာနဲ့ ချီးကျူးနေမိတာပါ။”
အလိုင်ဇာမှာ ဝိုင်ခွက်အား လက်ခံလိုက်သည်။
“အဲ့လိုတွေ ပြောနေတာ မရှက်ဘူးလား။”
သူမသည် စတားဘတ်အားကြည့်ကာ ဝိုင်ခွက်အား သောက်လိုက်သည်။
“ကျွန်မတို့ကြားက ဆက်ဆံရေးက တိုးတက်ဖို့ မခက်ပါဘူး။”
အလိုင်ဇာ ညင်သာစွာ ပြောလာသည်။
စတားဘတ် ကသိကအောက် ဖြစ်သွားရသည်။
၎င်းတို့၏ စကားများအား သူမ ကြားသွားမည်ဟု ထင်မသွားခဲ့ပေ။
“လေလံတင်မယ့် ပစ္စည်းသာ ကျွန်မလက်ထဲ ရောက်လာရင် ဒီဆက်ဆံရေးက အရမ်းခိုင်မာသွားမှာ။ အဲ့ဒါတင်မကဘူး။ ရှင့်အတွက် အိပ်မက်ဆန်တဲ့ ညတစ်ညဖြစ်အောင် ကျွန်မ လုပ်ပေးနိုင်တယ်။”
အလိုင်ဇာ၏ လျော့ရဲရဲ ဝတ်ရုံမှာ ဖွံ့ထွားနေသော ရင်အစုံအား လှစ်ဟနေစေသည်။
သာမန်လူသာ ဆိုပါက ထိုသို့သော မြင်ကွင်းမျိုးမှာ နှာခေါင်းသွေးလျှံသွားစေနိုင်သည်။
စတားဘတ်သည်ပင် နှလုံးခုန်သံများ ဆူညံနေလေပြီ။
ထိုအချိန်တွင် ဘလက်ခ် စကားဆိုလာသည်။
“ကျုပ်တို့မှာလည်း အဲ့ဒါက တစ်ခုပဲရှိတာ။”
သူတည်ငြိမ်စွာ ပြောလိုက်သည်။
“တခြားဂိုဏ်းတွေကလည်း ဒါအတွက်ပဲ ရောက်လာကြတာလေ။ ကျုပ်တို့ ဂုဏ်သိက္ခာကို ထည့်တွက်ပေးပါဦး။”
အလိုင်ဇာ နှာခေါင်းရှုံ့ကာ ထွက်ခွာသွားတော့သည်။
ဘလက်ခ်ကြောင့် စတားဘတ်အား ဆက်လက်မြူဆွယ်ရန် မဖြစ်နိုင်တော့ပေ။
စောင့်ဆိုင်းနေခဲ့ရသော လေလံပွဲမှာ စတင်တော့မည် ဖြစ်သည်။
အန်လင်းနှင့် စုရှောင်လန်မှာ ခန်းမတခွင်ကြည့်ကာ ဝမ်းသာနေမိကြသည်။
“ဒီတစ်ခါတော့ ပွပေါက်တိုးတာပဲ။”
အန်လင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
ခန်းမအတွင်း ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ လေးဦးပင် ရှိနေလေသည်။