အကောင်းဆုံးနတ်ရတနာ
Vol. 78 Ch. 1091
စတားဘတ်၏ဘေးတွင် အနီရောင် အဝတ်စဖြင့် အုပ်ထားသော ပစ္စည်းတစ်ခု ရှိနေသည်။
ဘလက်ခ်သည် အေးစက်စက် အမူအရာနှင့် လေလံစင်အနီး ထိုင်နေလျက် ရှိသည်။
နှင်းသွေးနီဂိုဏ်းချုပ် အလိုင်ဇာနှင့် ကောင်းကင်ဘုံ ကင်းမြှီးကောက်ဂိုဏ်းချုပ် ဆင်ပစွန်တို့မှာလည်း လက်အောက်ငယ်သား အချို့နှင့်အတူ အရှေ့ဆုံးတွင် ရှိနေကြသည်။ ပထမတန်းစား ဂိုဏ်းအချို့သည် ဂိုဏ်းချုပ်ကိုယ်တိုင် တက်ရောက်ခြင်စ မရှိပဲ ကိုယ်စားလှယ်များအား လွှတ်ပေးထားကြသည်။
ထိုကိုယ်စားလှယ်များမှာ ဒုတိယတန်းတွင် နေရာယူထားကြသည်။
အန်လင်းနှင့် စုရှောင်လန်သည် ထိုခုံတန်းများစွာ၏နောက်တွင် အခြားသော သာမန်သွေးမျိုးနွယ်စုဝင်များနှင့် ရောနှောကာ မတ်တပ်ရပ်နေကြသည်။
“သွေးမြည်းစမ်းခြင်းပွဲတော်ရဲ့ အရေးအကြီးဆုံး အခမ်းအနားကို ရောက်ရှိလာပါပြီ။ ပထမဆုံး လေလံပစ္စည်းကတော့ အသင်္ချေတစ္ဆေသားရဲချောက်ရဲ့ လျှပ်စီးလင်းနို့ပဲ ဖြစ်ပါတယ်။”
စတားဘတ်မှာ အနီရောင် အဝတ်စအား ဖယ်ရှားလိုက်သည်။
အပြာရောင် လျှပ်စီးများ ရှပ်ပြေးနေသော ပေသုံးဆယ်ခန့်ရှိ အနက်ရောင် လင်းနို့တစ်ကောင်အား တွေ့လိုက်ရသည်။
ငွေရောင်တံစို့တို့ဖြင့် ၎င်း၏ခန္ဓာကိုယ်အား ထိုးဖောက်ထားကာ ကျဆင်းလာသော သွေးများအား ခွက်တစ်ခုနှင့် ခံထားသည်။
လင်းနို့မှာ ညီးညူတုန်ယင်နေလေသည်။
အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။
အသက်ရှင်နေသေးတယ်ဟ....
စတားဘတ်မှာ လင်းနို့အားပွတ်ကာ စကားဆိုလာသည်။
“ဒီအသင်္ချေတစ္ဆေချောက်ရဲ့ လျှပ်စီးလင်းနို့က စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်ပါ။ သူ့သွေးထဲက အသက်စွမ်းအင်ကို လတ်ဆတ်နေစေဖို့ အသက်ရှင်နေအောင် လုပ်ထားပါတယ်။”
“ဒီသွေးကို သောက်လိုက်တာနဲ့ လတ်ဆတ်ပြီး သက်တောင့်သက်သာ ဖြစ်စေတဲ့ အရသာကို ခံစားရမှာပါ။ ဒါ့အပြင်ကို သွေးထဲမှာပါတဲ့ အသက်စွမ်းအင်က ပထမတန်းစား အဆင့်ရှိပါတယ်။”
“လင်းနို့ကိုယ်ထဲမှာလည်း သွေးတစ်တန်ကို သိုလှောင်ပေးထားတယ်။ ကြမ်းခင်းစျေးကတော့ စိတ်ဝိဥာဥ်ကျောက်တုံး တစ်သိန်းပါ။ လေလံမစခင် အားလုံးကို နမူနာနည်းနည်း ပေးပါ့မယ်။”
စတားဘတ် လက်တစ်ချက် လှုပ်လိုက်သည်နှင့် သွေးစက်များမှာ အသင့်ပြင်ထားသော ဝိုင်ခွက်များထဲ ရောက်လာသည်။
သွေးမြည်းစမ်းခြင်းပွဲတော်ဆိုတာ ဒါကိုပြောတာလား......
အန်လင်းမှာ ဝိုင်ခွက်အားကြည့်ကာ တွေးမိသွားသည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်၌ ချီးကျူးသံများ ဝေဆာနေလေပြီ။
မကြာမီပင် လေလံအား စတင်ခဲ့သည်။
အဆုံးတွင်မူ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ဂိုဏ်းချုပ်တစ်ဦးမှ စိတ်ဝိဥာဥ်ကျောက်တုံး တစ်သိန်းရှစ်သောင်းဖြင့် လေလံအောင်သွားခဲ့သည်။
နှင်းသွေးနီဂိုဏ်းချုပ်နှင့် ကောင်းကင်ဘုံ ကင်းမြှီးကောက်ဂိုဏ်းချုပ်မှာ လေလံပင် ဝင်မဆွဲကြပေ။
ဆက်လက်ကျင်းပသော လေလံများမှာလည်း ဆင်တူသော သန္ဓေပြောင်းသားရဲများသာ ဖြစ်သည်။
မကြာမီပင် အဝတ်အစား မပါပဲ ဒဏ်ရာများ ပြည့်နှက်နေသော သတ္တဝါတစ်ကောင်အား တွေ့လိုက်ရသည်။ ၎င်း၏တောင်ပံနက်များအား နောက်ဘက်တွင် စုချည်ထားကာ ခန္ဓာကိုယ်တွင် သစ်သားတိုင်တွင် တုပ်နှောင်ထားသည်။
အန်လင်းနှင့် စုရှောင်လန် အံ့သြသွားရသည်။
သွေးမျိုးနွယ်စုဝင်တွေက တကယ်ကြီး ရဲတင်းကြတာပဲ....
လေလံပွဲမှာလည်း အထွဋ်အထိပ်သို့ ရောက်နေလေပြီ။
စတားဘတ် ပြုံးကာပြောလာသည်။
“အားလုံး မြင်ကြတဲ့ အတိုင်းပါပဲ။ ဒါက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် တောင်ပံနက်မျိုးနွယ်စုဝင်ပါ။ ဉာဏ်ရည်မြင့် သက်ရှိတွေထဲမှာ ဖမ်းရအခက်ဆုံးက အလင်းတောင်ပံမျိုးနွယ်စုရော၊ ဗာမီလီယမ်ငှက် မျိုးနွယ်စုရော မဟုတ်ပါဘူး။ အဲ့ဒါကတော့ သူရဲဘောကြောင်တဲ့ တောင်ပံနက်မျိုးနွယ်စုတွေပါ။”
“ဒီတောင်ပံနက်မျိုးနွယ်စုရဲ့သွေးကို အားလုံးလည်း စိတ်ဝင်စားကြမယ် ထင်ပါတယ်။ သူ့ရဲ့သွေးက သန့်စင်ပြီး အလင်းတောင်ပံမျိုးနွယ်စုတွေလို ချိုမြိန်တဲ့အပြင် အရသာလည်း ပိုကောင်းပါတယ်။ နမူနာကို မြည်းစမ်းကြည့်ရင် သဘောကျသွားကြမှာပါ။”
စတားဘတ်သည် သွေးစက်များအား ပို့လွှတ်လိုက်ပြန်သည်။
တောင်ပံနက်မျိုးနွယ်စုသည် လူသားများနှင့် ဆင်တူကာ သွေးများစွာ မပါဝင်သောကြောင့် နမူနာသွေးစက်မှာ သေးငယ်လှပေသည်။
သွေးနမူနာအား မြည်းစမ်းပြီးနောက် သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ ယစ်မူးသော အမူအရာများ ဖြစ်ပေါ်လာသည်။
အန်လင်း၏ သိုလှောင်လက်စွပ်ထဲမှ မိစ္ဆာရှင်းဓားမှာလည်း သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ထွက်ပေါ်ကာ တုန်ယင်လာသည်။
မိစ္ဆာရှင်းဓားသည် မည်သည့်အခါမှ ဆန္ဒများအား မထုတ်ဖော်ဖူးပေ။
“ရှဲ့လေး..... ဘာဖြစ်လို့လဲ။”
အန်လင်း ချက်ချင်းပင် မိစ္ဆာရှင်းဓားအား ဆက်သွယ်လိုက်သည်။
“ငါတစ်ယောက်ယောက်ကို ခုတ်ချင်လို့....”
အေးစက်စူးရှသော စကားသံအား ကြားလိုက်ရလေသည်။
အန်လင်း အနည်းငယ် တွေးတောလိုက်သည်။
မိစ္ဆာရှင်းဓားသည် တောင်ပံနက်မျိုးနွယ်စု၏ အထွဋ်အမြတ်ထားရသော ဓားတစ်လက် ဖြစ်သည်။
“မင်းက တောင်ပံနက်မျိုးနွယ်စုကို ကယ်ချင်လို့လား။”
အန်လင်း မေးမြန်းလိုက်သည်။
“ဒါပေမယ့် ခဏတော့ စောင့်လိုက်ဦး။ ငါကိုယ်တိုင် ဒီသွေးမျိုးနွယ်စုဝင်တွေကို ရှင်းပစ်ပေးမယ်။”
အန်လင်းမှာ သူ၏အဖြေသည် ဆရာကျလွန်းသည်ဟု ခံစားနေရသည်။
“အထင်လွဲနေတယ်ထင်တယ်။”
မိစ္ဆာရှင်းဓား တည်ငြိမ်စွာ ပြောလာသည်။
“ငါပြောတာက အဲ့တောင်ပံနက်မျိုးနွယ်စုကို သေအောင်ခုတ်ချင်တယ်ပြောတာ။”
အန်လင်း : “.....”
မထင်မှတ်ထားသော အပြောင်းအလဲကြောင့် အန်လင်း ကြောင်အမ်းနေမိသည်။
ထိုအချိန်တွင် တောင်ပံနက်မျိုးနွယ်စုအား လေလံစတင်ကြလေပြီ။
ကြမ်းခင်းစျေးမှာ စိတ်ဝိဥာဥ်ကျောက်တုံး ငါးသိန်း ဖြစ်သည်။
စျေးများလွန်းပါသော်လည်း အပြိုင်အဆိုင် လေလံဆွဲသူများကြောင့် သက်ဝင်စည်ကားလွန်းလှသည်။
သွေးမျိုးနွယ်စုဝင်အချို့သည် အသက်စွမ်းအင်နှင့် သွေးများကို စုပ်ယူကာ ကျင့်ကြံကြသောကြောင့် ၎င်းတို့အတွက်မူ ထိုတောင်ပံနက်မျိုးနွယ်စုဝင်မှာ ရှားပါးဆေးလုံးတစ်လုံးလိုပင်။
အဆုံးတွင် တောင်ပံနက်မျိုးနွယ်စုဝင်အား တစ်သန်းရှစ်သောင်းဖြင့် လေလံဆွဲသွားခဲ့သည်။
လေလံအောင်သွားသူမှာ ကောင်းကင်ဘုံ ကင်းမြှီးကောက်ဂိုဏ်းချုပ် ဆင်ပစွန်ပင်။
“အခုကတော့ လေလံပွဲရဲ့ အဓိက အချိန်ကို ရောက်ရှိလာပါပြီ။”
စတားဘတ်မှာ အလွန်စိတ်လှုပ်ရှားနေပုံရသည်။
“အားလုံး စောင့်မျှော်နေကြတဲ့ ပစ္စည်းကို လေလံတင်တော့မှာပဲ ဖြစ်ပါတယ်။”
သွေးမျိုးနွယ်စုဝင်များထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
“ဒီပစ္စည်းကို အရမ်းမြင့်မြတ်တဲ့သူက ထိန်းချုပ်ထားတာပါ။ ကျေးဇူးပြုပြီး ဧည့်သည်တော်များလည်း ဒီကိစ္စကို လျှို့ဝှက်ထားပါ့မယ်လို့ ကျိန်ဆိုပေးဖို့ တောင်းဆိုချင်ပါတယ်။”
သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ တာအိုနှလုံးသားနှင့် ကျိန်ဆိုလိုက်ကြသည်။
အန်လင်းနှင့် စုရှောင်လန်မှာလည်း အားလုံးကို ရှင်းထုတ်ပစ်မည် ဖြစ်သောကြောင့် အတူတကွ လိုက်လံကျိန်ဆိုလိုက်သည်။
ထို့နောက် စတားဘတ်မှာ ကြေညာမှုတစ်ခု ပြုလုပ်လာသည်။
“လေလံပွဲအတွက် ပစ္စည်းကတော့ မြင့်မြတ်သောတမာန်တော် ကတ်စီဒီကိုယ်တိုင် ဘိုးဘေးတွေရဲ့ မြင့်မြတ်နယ်မြေကနေ ရလာတဲ့ နတ်ရတနာပါ။ ဒီနတ်ရတနာက ဘဝရဲ့ အဓိပ္ပါယ် အစစ်အမှန်ကို နားလည်စေနိုင်တယ်။”
ပရိသတ်များအားလုံး အံ့အားသင့်သွားကြသည်။
အန်လင်းနှင့် စုရှောင်လန်မှာလည်း ကြောင်တောင်တောင် ဖြစ်သွားလေသည်။
ကတ်စီဒီပဲလား......
မြင့်မြတ်သောတမာန်တော်ဟူသော အမည်နာမနှင့်ပင် ရတနာမှာ ပိုမိုတန်ဖိုးမြင့်သွားသည်။
သွေးမျိုးနွယ်စုဝင်များမှာ ရတနာအား မြင်တွေ့ရရန် မစောင့်နိုင်တော့ပေ။
“ဒီနေ့က သွေးမြည်းစမ်းခြင်းပွဲတော် ဖြစ်ပေမယ့် အခုပစ္စည်းကတော့ တစ်စက်ထဲသော သွေးမို့လို့ နမူနာ မရပါဘူး။”
“ဒါကတော့ မြင့်မြတ်ခေါင်းဆောင်ရဲ့သွေးပဲ ဖြစ်ပါတယ်။”
“ဒီသွေးက ကျွန်တော်တို့ ခန္ဓာကိုယ်တွေကို သန့်စင်စေပြီး အသက်အဆီအနှစ်ကို ပိုမိုကောင်းမွန်စေတယ်။ ဒါအပြင်ကို ကျွန်တော်တို့ တည်ရှိမှုတွေ အဆင့်ပိုမြင့်သွားပြီး မြင့်မြတ်ခေါင်းဆောင်သွေးနဲ့ ဆင်တူလာစေမှာပဲ ဖြစ်ပါတယ်။”
အားလုံး မျက်လုံးပြူးသွားသည်။
ထိုသွေးတစ်စက်မှာ အဖိုးတန်လွန်းလေသည်။
မြင့်မြတ်ခေါင်းဆောင်ရဲ့ သွေးတစ်စက်.....
ပရိသတ်များမှာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။
စတားဘတ်သည် သိုလှောင်လက်စွပ်ထဲမှ သွေးတစ်စက်အား ထုတ်ဖော်လိုက်သည်။
ထိုသွေး၏ အရှိန်အဝါမှာ ခန်းမတစ်ခုလုံးထံ ပျံ့နှံ့သွားလေသည်။
စုရှောင်လန် ကြောင်အမ်းအမ်းဖြစ်ကာ အန်လင်းအား လှည့်ကြည့်လိုက်သည်။
အန်လင်းသည်လည်း တောင့်တောင့်ကြီး ရပ်နေမိသည်။
“သောက်ကျိုးနည်း..... အဲ့ဒါ ငါ့သွေးမဟုတ်ဘူးလား။”