← Chapters

ငါနင့်ကိုသတ်မယ်

Vol. 10 Ch. 127

ငါနင့်ကိုသတ်မယ်

Vol. 10 Ch. 127

လီဖူချန်းက ကျောက်စက် ပန်းဆွဲကနေ ကျနေတဲ့ နို့ရည် အနည်းငယ်ကို လက်နဲ့ ခံယူလိုက်ပြီး လျှာဖျားလေးနဲ့ တို့ကာ မြည်းကြည့်လိုက်ပါတယ်။

"ဝိုး … ဒီကျောက်စက်နို့ရည်ရဲ့ အာနိသင်က အဝါရောင် အထွတ်အထိပ် ဆေးဝါးတွေ ထက်ကို သာလွန် ကောင်းမွန်နေပါရောလား"

လီဖူချန်းက မျက်ခုံးတစ်ချက် ပင့်လိုက်ပါတယ်။ ဒီနို့ရည်စက်က ပါးစပ်ထဲ ရောက်တာနဲ့ ချိုအေးမွှေးနေပြီး ဝမ်းထဲကို စိမ့်ကာ ဝင်သွားတာလေ။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ပင်ပန်းနွမ်းနယ်မှု တွေကို ပြေပျောက်စေရုံသာမက သူ့ရဲ့ အကြောအခြင်တွေကိုပါ ပျော့ပြောင်း စေတယ်လေ။ ဒီကျောက်စက် နို့ရည်က သူသိထားသည့် အတိုင်း ခန္ဓာကိုယ်မှာ ရှိနေတဲ့ အသွေးအသားတွေကို သန့်စင်နိုင်စွမ်း ရှိနေသည် ဟုတ်ပါလား။

လီဖူချန်းရဲ့ မျက်လုံးတွေက ဝမ်းသာမှုတွေကြောင့် အရောင် တောက်နေပါပြီလေ။ သူက တစ်ခါတုန်းက အဝါရောင် အထွတ်အထိပ် ဆေးတစ်လုံးကို ဝယ်သောက်ဖူးပါတယ်။ အဲဒီဆေးရဲ့ အမည်က သွေးနဂါး ဆေးလုံးပါ။ တစ်လုံးကို ထောက်ပံ့ရေးရမှတ် ၁၀၀၀၀ တောင် ပေးရတယ်လေ။ အဲဒီဆေးလုံးတစ်လုံးရဲ့ အစွမ်းက ဒီကျောက်စက်နို့ရည် တစ်စက်ထက်တော့ အကျိုးအာနိသင် ပိုကောင်းတယ်ဆိုတာကို သူမငြင်းလိုပါဘူး။ ဒါပေမဲ့ အခုဒီမှာ တွေ့နေရတဲ့ ကျောက်စက် နို့ရည်တွေ နည်းတာမှ မဟုတ်တာလေ။ လီဖူချန်းက သူ့ကိုယ်သူ ဘာလို့ ဒီလောက် ကံကောင်း နေရတာလည်း ဆိုတာကိုတောင် မတွေးတတ်တော့ပါဘူး။

"ဒီနေရာမှာ ဘယ်အချိန် ကတည်းက ဒီကျောက်တုံးတွေ ဖြစ်တည်နေပါလိမ့်”

လီဖူချန်းက နှစ်တစ်ရာ ကျောက်စက်နို့ရည်အကြောင်းတော့ ကြားဖူးတာ ကြာနေပါပြီ။ အခုတွေ့တဲ့ ကျောက်တုံးတွေက နှစ်တစ်ရာ ထက်ကိုတောင် ကျော်လွန်နေတယ် ဆိုတာကတော့ သေချာနေပါတယ်။

လီဖူချန်းက ကျောက်စက် နို့ရေကန်ကို ကြည့်လိုက်ပြီး အလျင်စလိုနဲ့ သူ့ရဲ့ အဝတ်အစားတွေ အကုန်လုံးကို ချွတ်ကာ ရေထဲကို ဒိုင်ဗင်ထိုး ဆင်းသွားပါတော့တယ်။

"ဗွမ်း"

လီဖူချန်းက ရေကန်ထဲမှာတော့ ငါးတစ်ကောင်လိုပါဘဲ။

“အား … နေလို့ ကောင်းလိုက်တာကွာ။ ဒီနေရာမှာ ကောင်းကောင်းကြီး အနားယူမှဘဲ”

လီဖူချန်းက သဘာဝစွမ်းအင်တွေ အများကြီး ပါဝင်နေတဲ့ ဆေးရည်ကန်ထဲမှာ စိမ်နေရတဲ့အတိုင်း ခံစားနေရပါတယ်။ သဘာဝ စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ရဲ့ မွေးညှင်းပေါက်တွေကနေ စိမ့်ဝင်လာပြီး အတွင်းအား စီးကြောင်းတွေနဲ့ ရောနှောသွားတယ်လေ။ အခုချိန်မှာတော့ လီဖူချန်း တစ်ယောက်က စိတ်ရောကိုယ်ပါ အေးချမ်းနေပြီး သူ့ရဲ့ အတွင်းအားတွေက တစ်စထက်တစ်စ ပိုမိုသိပ်သည်းလာတာကို ခံစားမိနေပါတယ်။ ဒီအဖြစ်အပျက်က သူ့ကို ပိုပိုပြီး စိတ်ချမ်းမြေ့ စေတယ်လေ။

ထို့နောက်မှာတော့ လီဖူချန်းက အချိန်ဖြုန်း မနေတော့ဘဲ သူ့ရဲ့ ”လျှို့ဝှက် သွေးမျိုးဆက် ခန္ဓာကိုယ်' ကို လေ့ကျင့်ဖို့ ပြင်ပါတော့တယ်။

လျှို့ဝှက် သွေးမျိုးဆက် ခန္ဓာကိုယ် ပညာရပ်က  သွေးကြော လည်ပတ် စီးဆင်းပုံနဲ့ ချီအတွင်းအား လည်ပတ်ပုံကို ပေါင်းစပ်ထားတဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ပြီးတော့ ဒီနည်းစနစ်က သွေးပမာဏ နဲ့ ချီအတွင်းအား အများအပြားကို ကုန်ခမ်းစေပါတယ်။ ဒီကျင့်စဉ်ကို လေ့ကျင့်မယ့်သူက လုံလောက်တဲ့ အထောက်အပံ့ ဆေးဝါးသာ မသုံးနိုင်ဘူး ဆိုရင်တော့ သွေးသားတွေ ခမ်းခြောက်ပြီး သေနိုင်တဲ့ ဆိုးကျိုး တစ်ခုတော့ ရှိပါတယ်။

အရင်တုန်းတော့ လီဖူချန်းက အထောက်အပံ့ ဆေးဝါး မလုံလောက်တဲ့အတွက် ဖြည်းဖြည်းချင်းစီသာ စမ်းတဝါးဝါးနဲ့ လေ့ကျင့်ခဲ့ရတယ်လေ။ အခုတော့ အခြေအနေတွေက မတူတော့ပါဘူး။ သူ့မှာ ကျောက်စက် နို့ရည်တွေ ပျော်ဝင်နေတဲ့ ရေကန် တစ်ခုလုံး ရှိနေပါပြီ။ သူက ဒီကျင့်စဉ်ကို အကြောက်အရွံ့မရှိ စိတ်အေးလက်အေး ဇောက်ချပြီး လေ့ကျင့်ပါတော့တယ်။ သူ့ရဲ့ ကြွက်သားတွေကလည်း တစ်စထက်တစ်စ ပိုပြီး ကျစ်လစ်သန်မာ လာနေပါတယ်။အထူးသဖြင့် သူ့ရဲ့ အရိုး သိပ်သည်းဆက ပိုမိုပြီး ကောင်းမွန်လာပါတယ်။

သူကအရင်တုန်းက ကြေးနီရောင် တိုက်ပွဲဝင် ခန္ဓာကိုယ်နဲ့ တာအိုလမ်းခွဲ ခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့တယ်လေ။ ဒါပေမဲ့ ဒီအပြင်အား ကျင့်စဉ်နှစ်ခုက သူ့ရဲ့ အရိုး  သိပ်သည်းဆကို ကောင်းလာအာင် မကူညီနိုင်ခဲ့ပါဘူး။

အရိုး သိပ်သည်းဆဆိုတာ အပြင်အား ခန္ဓာကိုယ် လမ်းစဉ်ကို လိုက်စားသူ တစ်ယောက်အတွက်တော့ တကယ့် အရေးကြီးတဲ့ အခြေခံပါဘဲ။ အရိုး သိပ်သည်းဆတွေက မကောင်းမွန်နေရင်တော့ လူသားတွေရဲ့ ခန္ဓာကိုယ်က အဆုံးစွန်သော ကန့်သတ်ချက်တွေကို ဖောက်ဖျက်ဖို့အတွက် သိပ်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အရိုး သိပ်သည်းဆက မင်းရဲ့ အပြင်အား ခန္ဓာကိုယ် လမ်းစဉ်အတွက် အလွန် အရေးကြီးပါတယ်။

သာမန် မျက်လုံးနဲ့တောင် မြင်နိုင်တဲ့ အဖြူရောင် အခိုးအငွေ့တွေက လီဖူချန်း လေ့ကျင့်နေတဲ့ နေရာကနေ တစ်ထောင်းထောင်း ထလျက် ရှိနေပါတယ်။ လီဖူလျန်းရဲ့ အသက်ဓာတ်အားက ပိုပိုပြီး အားကောင်းလာနေပါတယ်။ လီဖူချန်းက ရေကန်ထဲမှာ လေ့ကျင့်ရင်းနဲ့ တဖြည်းဖြည်း အောက်ဘက်ကို ရောက်လာပါတယ်။

ဒါပေမဲ့ လီဖူချန်း မသိတာ တစ်ခုကတော့ သူလေ့ကျင့်နေတဲ့ နေရာရဲ့ အောက်ဘက် ၁၀မီတာ အကွာလောက်မှာ မိန်းမပျိုလေး တစ်ယောက်ကလည်း သူ့လို လေ့ကျင့်နေတယ် ဆိုတာပါပဲ။

ဒီမိန်းမပျိုလေးရဲ့ မျက်နှာအလှအပက နတ်ဘုရားတို့ ပေးသနားထားတဲ့ အတိုင်းပါပဲ။ သူမရဲ့ မျက်နှာသွင်ပြင်က မည့်သည့်နေရာမှာမှ အပြစ် အနာအဆာကို ဆိုစရာ မရှိပါဘူး။ ရေနတ်ဘုရားတွေရဲ့ ဆုတောင်းကြောင့် နတ်ရေစင်ကနေ မွေးဖွားလာတဲ့ ရေနန်းသူဇာလေး တစ်ပါး သက်ရှိထင်ရှား လူ့ပြည်ကို အလည်အပတ် ရောက်နေသည့် ပုံပါဘဲလေ။ ဒီလ အလှပဂေးလေးက မိုးပြာရောင် ဂိုဏ်းက အပြင်စည်း အလှမယ် လေးပါးထက်ကို အပုံကြီး သာတယ် ဆိုတာကိုတော့ လုံးဝ လက်သင့်ခံရမှာပါပဲ။ မိုးပြာရောင် ဂိုဏ်းမှာဆိုရင် ကျောက်စိမ်းမျက်နှာ နတ်မိမယ်လို့ သမုတ်ခံရတဲ့ ဇောင်မင်းယွီကသာ ဒီမိန်းမပျိုလေးကို အလှအပ အရာမှာ ယှဉ်နိုင်မှာပါ။

ဒီမိန်းမပျိုလေးရဲ့ ခန္ဓာကိုယ်က နေတော့ အနက်ရောင် အလင်းတန်းတွေ ဖြာထွက်လျက် ရှိနေပါတယ်။ ဒီအနက်ရောင် အရှိန်အဝါတွေက သူမကို ပိုပြီးတော့ သာမန်ထက် ပိုပြီး ထူးခြား စေနေသလိုပါဘဲ။

နှစ်တစ်ထောင် ကျောက်စက် နို့ရည်တွေ ပျော်ဝင်နေတဲ့ ရေကန်ကို သူမက လေ့ကျင့်ဖို့ အတွက် ဟိုးရှေးမဆွကတည်းက အသုံးပြုနေပုံပါပဲ။ ဒီမိန်းမပျိုလေးကတော့ ထျန်းရှဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် မျိုးဆက်တွေထဲက တစ်ယောက် ဖြစ်ပြီး ရန်ချင်းဟူလို့ အမည်တွင်ပါတယ်။

နှစ်တစ်ထောင် ကျောက်စက်နို့ရည်ရဲ့ ဆေးဖက်ဝင်မှုက ဆန်းကြယ်တစ်ဝက် အဆင့်ရှိတဲ့ ဆေးတစ်လုံး ထက်ကို ပိုသာလွန် ကောင်းမွန်တာကို သူမက ကောင်းကောင်းကြီး သိထားတဲ့ အတွက် ဒီနေရာကို မကြာခဏ လာလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူမရဲ့ ဂိုဏ်းတော်က ထောက်ပံ့တဲ့ ဆေးဝါးတွေက မလုံလောက် လို့ပါပဲ။

ထျန်းရှဂိုဏ်းက  ဂိုဏ်းသား တစ်ယောက်ချင်းစီရဲ့ အရည်အချင်းကို စမ်းသပ်တဲ့ အခါမှာ မိမိကိုယ်ကို အားကိုးနိုင်စွမ်းကိုပဲ အဓိက စမ်းသပ်တာပါ။

"မင်းလိုချင်တဲ့ အရာရှိရင် အဲဒါကို မင်းရဲ့ အစွမ်းအစနဲ့ဘဲ ရအောင်ယူ။ တခြားသူကို အားကိုးနေရင်တော့ မင်းရဲ့ တာအိုလမ်းစဉ်က သူတစ်ပါးကို မှီခိုရတဲ့ လမ်းစဉ်ဘဲ ဖြစ်နေမှာပဲ”

ဒီလို အတွေးအခေါ်မျိူးကို ထျန်းရှဂိုဏ်းက ဂိုဏ်းသား တစ်ယောက်ချင်းစီရဲ့ ခေါင်းထဲကို ရိုက်သွင်း ထားပေးတာပါ။ ထျန်းရှဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေက မိုးပြာရောင် ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းတွေလိုတော့ ပစားပေးခြင်းကို မခံကျရပါဘူး။ အမြဲတမ်း ကိုယ့်အားကိုယ် ကိုးပြီး လေ့ကျင့်ကြရတာပါ။ ဒီလို လေ့ကျင့်ရတဲ့အတွက် သူတို့ရဲ့ အစွမ်းအစတွေက ပိုပြီး တောက်ပလာတယ်လေ။ ဒါကြောင့်လည်း မိုးပြာရောင် ဂိုဏ်းက ပါရမီရှင်တွေက ထျန်းရှဂိုဏ်းရဲ့ ပါရမီရှင်တွေနဲ့ ယှဉ်လိုက်ရင် အမြဲတမ်း ရှုံးနိမ့် နေရတာပါ။

ထျန်းရှဂိုဏ်းမှာ ဆန်းကြယ် အထွတ်အထိပ် အဆင့် ခန္ဓာကိုယ် သန့်စင်တဲ့ ကျမ်းတစ်အုပ် ရှိပါတယ်။ အဲဒီ ကျမ်းစာအုပ်ရဲ့ အမည်ကတော့ 'နတ်ဆိုးခန္ဓာကိုယ်' ဖြစ်ပါတယ်။

အဲဒီကျင့်စဉ်ရဲ့ အမြင့်ဆုံး အဆင့်ကို ရောက်သွားရင် ခန္ဓာကိုယ် အပြင်အားက ကီလိုဂရမ် တစ်သိန်း အထိ ရောက်သွားနိုင်ပါတယ်။

နှစ်တစ်ထောင် ကျောက်စက်နို့ရည်ရဲ့ အစွမ်းကြောင့် ရန်ချင်းဟူက ဒုတိယအဆင့်ကို ရောက်နေခဲ့ပြီး ကီလိုဂရမ် ၄၀၀၀၀ နဲ့ညီမျှတဲ့ အပြင်အားကို ပိုင်ဆိုင်ထားခဲ့ပါပြီ။ ဒုတိယအဆင့်ကို အောင်မြင်ပြီးရင်တော့ ခန္ဓာကိုယ် အပြင်အားက ၅၀၀၀၀ ကီလိုဂရမ် အားအထိ ရှိလာမှာပါလေ။

ရန်ချင်းဟူက သူမရဲ့ ကျင့်စဉ်လေ့ကျင့်တာ ပြီးသွားတဲ့အတွက် မှိတ်ထားတဲ့ မျက်လုံးအစုံကို ဖွင့်လိုက်ပါတယ်။

သူမရဲ့ မျက်လုံးတွေက ရွှန်းစိုနေပြီး အလွန်ဘဲ လှပပါတယ်လေ။ ဒါပေမဲ့ မိစ္ဆာဆန်တဲ့ အငွေ့အသက်တွေ အနည်းငယ်တော့ ပါရှိနေပါတယ်။သူမရဲ့ စူးရှတဲ့မျက်လုံးတွေကတော့ ဓားတစ်စင်းလို ခံစားမှုမျိုးကို ပေးစွမ်းနေတဲ့အတွက် တော်ရုံတန်ရုံလူကတော့ သူမနဲ့ မျက်လုံးချင်းဆိုင်ပြီး ကြည့်ရဲမှာ မဟုတ်ပါဘူး။

သူမ လေ့ကျင့်နေတုန်းက ပတ်ဝန်းကျင်ကို သတိ မထားမပေမဲ့လည်း အခု အချိန်မှာတော့ အခြားသော သက်ရှိ တစ်ယောက်ရဲ့ ဖြစ်တည်မှုကို ကောင်းကောင်းကြီး အာရုံ ရနေတယ်လေ။

“ဒီလူကတော့ သေသင့်နေပြီ”ရန်ချင်းဟူရဲ့ မျက်လုံးတွေက သွေးဆာမှု တွေကြောင့် အရောင် တောက်လာခဲ့ပါပြီ။

ရန်ချင်းဟူက လခြမ်းကွေး သဏ္ဍာန်ရှိတဲ့ ဓားကောက်တစ်လက်ကို ထုတ်ယူလိုက်ပြီး ရေကန် အထက်ဘက်ကို ဆန်တက်လာခဲ့ပါတယ်။

လီဖူချန်းကတော့ သူမသိတဲ့ အန္တရာယ် တစ်ခု သူ့ဆီကို လာနေပြီ ဆိုတာကို သတိ မမှုမိသေးပါဘူး။

လွန်ခဲ့တဲ့ တစ်နှစ် အတွင်းမှာတော့ လီဖူချန်းက သူ့ရဲ့ လျှို့ဝှက် သွေးမျိုးဆက် ခန္ဓာကိုယ် ပညာရပ်ကို အဆင့် ၃ အထိ ရောက်အောင်ဘဲ လေ့ကျင့်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားက ၂၅၀၀၀ ကီလိုဂရမ်ဘဲ ရှိတယ်လေ။ဒါပေမဲ့ အခု တစ်နာရီလောက် လေ့ကျင့်လိုက်တာနဲ့ လီဖူချန်းရဲ့ လျှို့ဝှက် သွေးမျိုးဆက် ခန္ဓာကိုယ်က အဆင့်၃ကို အောင်မြင်သွားခဲ့တဲ့ အတွက် ခန္ဓာကိုယ် အပြင်အား ၃၀၀၀၀ ကီလိုဂရမ်အားကို ပိုင်ဆိုင်သွားခဲ့ပါပြီ။

ဒီလိုအချိန်တိုအတွင်း တိုးတက်သွားရတဲ့ အကြောင်းအရင်းကတော့ ဒီကျောက်စက် နို့ရည်ကန်ကြောင့် ပါပဲ။ လီဖူချန်းမှာက ခိုင်မာတဲ့ စိတ်ဆန္ဒရယ် ၊ ထိုးထွင်း သိမြင်နိုင်မှုက အစောကြီးကတည်းက ရှိနေပြီးသားလေ။ သူလိုအပ်တာ ဆိုလို့ ဆေးဝါး အရင်းအမြစ်ပဲ ရှိတာပါ။

ကြေးနီရောင်တိုက်ပွဲဝင် ခန္ဓာကိုယ်နဲ့ တာအိုလမ်းခွဲ ခန္ဓာကိုယ် ပညာရပ်တွေကို လေ့ကျင့်ခဲ့တုန်းဆိုရင် လီဖူချန်းရဲ့ ဆေးဝါး အရင်းအမြစ်က အကန့်အသတ်နဲ့ ချင့်ချိန်ပြီး အသုံးပြုခဲ့ရတာလေ။ အဲဒီအတွက် လီဖူချန်းက စိတ်ရှိလက်ရှိ မကျင့်နိုင်ဘဲ အမြဲတမ်း စိတ်တထင့်ထင့်နဲ့ လေ့ကျင့်ခဲ့ရတာပါ။ အခုချိန်မှာတော့ လိုအပ်တဲ့ အရင်းအမြစ် ဆေးဝါးက လိုတာထက်ကို ပိုနေတဲ့အတွက် သူက ဘာမှစိတ်ပူစရာမလိုဘဲ အတားအဆီးမရှိ အဆင့်၃ကို အောင်မြင်သွားတာပါ။

ကျောက်စက်နို့ရည် နှစ် ၁၀ဝဝ ကျောက်စက်နို့ရည် ဖြစ်နေတာကလည်း တစ်ကြောင်းပေါ့လေ။

ဆန်းကြယ်တစ်ဝက် အဆင့်ရှိတဲ့ ဆေးလုံးတစ်လုံးက အနည်းဆုံး ရွှေပြား ၅၀၀၀၀ တန်ပါတယ်။ ဒီရေကန်ထဲကို စီးကျနေတဲ့ နှစ်တစ်ထောင် ကျောက်စက် နို့ရည်ရဲ့ တန်ဘိုးက ဘယ်လောက်နဲ့ သွားညီမလဲ ဆိုတာကိုတော့ သူမတွက်ရဲတော့ပါဘူး။

လျှို့ဝှက် သွေးမျိူးဆက် ခန္ဓာကိုယ်ရဲ့ တတိယအဆင့်ကို အောင်မြင် အပြီးမှာတော့ လီဖူချန်းက စတုတ္ထအဆင့်ကို ဆက်ပြီး လေ့ကျင့်ဖို့ ပြင်လိုက်ပါတယ်။

ဒါပေမဲ့ …

အရမ်း ပြင်းထန်တဲ့ သတ်ဖြတ်ခြင်း အငွေ့အသက် တစ်ခုက ရေကန်ရဲ့ အောက်ပိုင်းကနေ သူ့ဆီက ဆန်တက်လာတာကို လီဖူချန်းက ခံစားလိုက်မိတယ်လေ။

လီဖူချန်းက မျက်လုံးတွေကို ဖွင့်လိုက်ပြီး အနောက်ကို အမြန် ဆုတ်လိုက်ပါတယ်။

ဘုန်း …

ကောင်းကင်မှာ သာနေတဲ့ ဆန်းသစ်စ လကလေးနှင့် ဆင်တူသည့် ဓားတစ်လက်က လီဖူချန်းမူလ လေ့ကျင့်နေသည့် နေရာကို ရောက်လာပြီး ရေမျက်နှာပြင်ကို ပေါက်ကွဲထွက် သွားစေပါတယ်။

“ဟင်”

ရန်ချင်းဟူက အနည်းငယ် အံ့အားသင့် သွားပါတယ်။ သူမက ဂိုဏ်းတော်ရဲ့ တိမ်လွှာနက် ကိုယ်ဖော့ပညာကို သုံးပြီး လီဖူချန်း အနားကို ချည်းကပ်လာတာလေ။ အနားရောက်လို့ ပိုင်ပြီဆိုတော့မှ အနက်ရောင် လခြမ်းကွေး ဆေဘာ ဓားသိုင်းကို ထုတ်သုံးလိုက်တာပါ။ ဒီဓားချက်က တစ်ဖက် လူကို တစ်ချက်တည်းနဲ့ သေသွားစေလိမ့်မယ်လို့ သူမက တွေးထင် ထားခဲ့တာလေ။

ဒီနေ့မှာတော့ သူမရဲ့ လုပ်ကြံ သတ်ဖြတ်မှုက မအောင်မြင်ခဲ့ပါဘူး။

အတိတ် နေ့ရက်တွေတုန်းက ဆိုရင် ရန်ချင်းဟူက ဓားချက် တစ်ချက်တည်းနဲ့တောင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ထိပ်သီးတွေကို သတ်နိုင်ခဲ့တာလေ။ တစ်ဖက်လူက မြေကမ္ဘာ အဆင့်က ပညာရှင် မဖြစ်သေးသရွေ့ ဒုတိယဓားချက်ကို ထုတ်သုံးစရာ မလိုခဲ့ပါဘူး။

ဒုတိယဓားချက်ကို ထုတ်သုံးစရာ မလိုဘူးလို့ တွေးထင် ခဲ့မိတဲ့အတွက် ရန်ချင်း ဟူက သူမရဲ့ အဝတ်အစား တစ်စိုး တစ်စိမျှ မပါတဲ့ ကိုယ်ခန္ဓာကို  အကာအကွယ် ပြုဖို့လည်း မပြင်ဆင်ထားခဲ့မိပါဘူး။ အခုတော့ သူမရဲ့ မိမွေးတိုင်း ဖမွေးတိုင်း ခန္ဓာကိုယ်က လီဖူချန်းရဲ့ မျက်စိအတွက် စားတော်ပွဲကြီး တစ်ခုလို ဖြစ်သွားခဲ့ပါပြီ။

စစချင်းမှာတော့ လီဖူချန်းက အဖြူရောင် ကျောက်စိမ်း ပန်းပုသူဇာလေး တစ်ရုပ် အသက် ဝင်လာတယ်လို့ ထင်နေမိတာပါ။

“အား … လှလိုက်စမ်းတာကွာ …”

လီဖူချန်းရဲ့ စိတ်ထဲမှာ ပထမဆုံးပေါ်လာတဲ့ အတွေးက အလှတရား ဆိုတာပါဘဲ။

လှပလွန်းတဲ့ မျက်နှာသွင်ပြင် …

လှလိုက်တဲ့ ခန္ဓာကိုယ် အချိုးအစား …

သူမရဲ့ လုံးကျစ်ပြီး တင်းရင်းနေတဲ့ ရင်သာ မို့မို့လေးရယ် သေးသိမ်ပြီး ထွာဆိုင်မျှသာ ရှိတဲ့ ခါးကျဉ်ကျဉ်လေးရယ် …

ဟူး ဘယ်နေရာမှမှ အပြစ်ဆိုဖွယ်ရာကို မရှိတော့ပါလား …

လီဖူချန်းကလည်း သွေးသား ဆူဖြိုးစအရွယ် ယောကျာ်းပျိုလေး တစ်ယောက် ဖြစ်တဲ့အပြင် အတွေ့အကြုံလည်း တစ်ခါမှ မရှိသေးပါဘူး။ ဒါကြောင့် သူက ဒီလိုလှပတဲ့ မြင်ကွင်းမျိုးကို မြင်လိုက်ရတဲ့ အခါမှာ ထန်းချုပ်နိုင်စွမ်း မရှိသေးဘူးလေ။ သူ့ရဲ့ မြန်ဆန်လှတဲ့ သွေးလည်ပတ်မှုကြောင့် မျက်နှာကြီးက နီရဲ ထူအမ်းလာပြီး ခါးအောက်ပိုင်းက အိပ်ပျော်နေတဲ့ ညီတော်မောင် နဂါးလေးကလည်း ၈၀ဒီဂရီနီးပါးမျှ ထောင်တက်လာကာ မာန်စွယ် တစ်ငေါငေါဖြင့် ရှိနေပါတော့တယ်။

“အယုတ်တမာကောင် … သေစမ်း …"

သူမရဲ့ လုံးတီး ခန္ဓာကိုယ်ကို ကြည့်ပြီး ထောင်မတ်နေတဲ့ လီဖူချန်းရဲ့ အဖြစ်ကို အတွေ့မှာတော့ ရန်ချင်းဟူရဲ့ လူသတ်ချင်စိတ်တွေက တားမရ၊ ဆီးမရကို ဖြစ်လာပါတယ်။

အနက်ရောင် လခြမ်းဓားချက်က နောက်ထပ်တစ်ကြိမ် ထွက်ပေါ်လာပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ဓားချက်က ပိုမို မြန်ဆန်လာပြီး ပို၍ ရက်စက် ကြမ်းကြုတ် လာပါတယ်။

အန္တရာယ်

လီဖူချန်းရဲ့ စိတ်တွေက အရမ်း မွန်းကျပ်လာကာ အကြောအခြင်တွေ တောင့်တင်းလာပါတယ်။ ဒါက သူအန္တရာယ်နဲ့ တွေ့ဆုံရတဲ့ အချိန်တွေမှာမှ ဖြစ်ပေါ်လာတတ်တဲ့ အရာတစ်ခုပါ။

ဒီမိန်းမငယ်လေး အလွန်ဆုံး ရှိလှ အသက် ၁၇ ပေါ့။ ဒါပေမဲ့ သူခံစား မိသလောက်ဆိုရင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၈ ကို ရောက်နေပါပြီ။

လီဖူချန်းဆိုတဲ့ သူတောင်မှ အသက် ၁၆ နှစ် ပြည့်ပြီးမှ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်ခဲ့တာလေ။

ယုဝူရှန်းလို ကြယ်ငါးပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တောင်မှ သူ့ထက် ၆လလောက်ပဲ စောပြီး စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်တာပါ။

အခုတေ့ာ ဒီအသက် ၁၇ နှစ်လောက်ပဲ ရှိသေးပုံရသည့် မိန်းမငယ်လေးက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၈ ကို ရောက်နှင့်နေခဲ့ပါပြီ။ ဒီတစ်နှစ် အတွင်းမှာတောင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ ကို ရောက်ရင် ရောက်သွားနိုင်ပါသေးတယ်။

ဒီမိန်းမငယ်လေးက ဒဏ္ဍာရီတွေထဲက ကြယ် ၆ ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်များလား။

လီဖူချန်းက စဉ်းစားနေရင်းနဲ့ ဒီမိန်းမပျိုရဲ့ အလားအလာကို ခန့်မှန်းလိုက်မိပါတယ်။

ကြယ်ငါးပွင့် အရိုး တည်ဆောက်ပုံ ဆိုတာတောင်မှ လူပေါင်း တစ်သန်းလောက်မှာမှ တစ်ယောက်လောက် ရှိတာလေ။ သူတို့ကိုတောင် ပါရမီရှင်တကာ့ ပါရမီရှင်လို့ သတ်မှတ်လို့ ရနေပါပြီ။ ဒီလို ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဆိုတာကြီးက လီဖူချန်းတို့ အတွက်တော့ ဒဏ္ဍာရီ ပုံပြင် သက်သက်ပါဘဲ။

သူ့ဆီကို ဝင်လာတဲ့ ဓားချက်ကိုတော့ လီဖူချန်းက သေသပ်စွာ ရှောင်တိမ်း လိုက်ပါတယ်။ သူ့ရဲ့ ညာဘက်လက်က ကန်ရေပြင်ကို ရိုက်ချက်လိုက်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ပြန်ကန်အားကို အသုံးပြုပြီး လေထဲကို ခုန်တက်လိုက်ပါတယ်။ ပြန်ကျလာတဲ့ အခါမှာတော့ အနောက်ဘက် အတော်ဝေးဝေးကို ရောက်လို့နေခဲ့ပါပြီ။ မိန်းမငယ်လေးရဲ့ ဓားကတော့ သူ့ရဲ့ ခြေဖဝါး အောက်ကနေ ပွတ်ကာသီကာလေး ကျော်ဖြတ်သွားခဲ့တယ်လေ။

လီဖူချန်းက ရှောင်တိမ်းလို့ အပြီးမှာတော့ ဖျတ်ခနဲ ပြန်ခုန်ဝင်လာကာ ဘယ်ဘက်လက်ဝါးကို အသုံးပြုပြီး တစ်ဖက်လူရဲ့ လက်နက်ကို ဆွဲလုဖို့ ကြိုးစားလိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ အနက်ရောင် သံဓားက ရေကန်စပ်မှာ ရောက်နေလို့ပါပဲ။ လီဖူချန်းကသာ ရေကန်စပ် အထိကို ပြေးသွားမယ်ဆိုရင် အနှီမိန်းမပျိုက သူ့ကို ကောင်းကောင်း သမ တော့မှာပါ။

ရန်ချင်းဟူက လီဖူချန်းရဲ့ တုံ့ပြန်မှုတွေကို ဒီလောက်ကြီး မြန်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ သူမ ချက်ချင်းပဲ ဓားကိုင်လက်ကို ပြောင်းလိုက်ကာ လီဖူချန်းရဲ့ လက်ချောင်းတွေကို အလျားလိုက် ဖြတ်ဆွဲချလိုက်ပါတယ်။ လီဖူချန်းက မူလကအတိုင်း သူမရဲ့ ဓားကို လုနေဦးမယ် ဆိုရင် လက်ချောင်းတွေက အကုန်ပြတ်ပြီး သွေးတံခွန် ဖြစ်သွားမှာပါ။

လီဖူချန်းက ညာဘက်ဖြေဖနောင့်တစ်ချက် နင်းဆောင့်လိုက်ပြီး ခန္ဓာကိုယ်ကို လှည့်လိုက်ပါတယ်။ ဖြစ်ချင်တော့ သူနင်းလိုက်တဲ့ ရေကန်အောင်ခြေက ကျောက်တုံးက ရေညှိတွေနဲ့ ချော်နေတဲ့ အတွက် တွက်ဆထားတဲ့ အတိုင်း မဖြစ်လာတော့ပါဘူး။ လီဖူချန်း သုံးလိုက်တဲ့ အားက လိုတာထက် များသွားတဲ့ အတွက် မိန်းမငယ်လေးရဲ့ ခန္ဓာကိုယ်ကို ပစ်တိုက် လိုက်မိပါတယ်။ ရန်ချင်းဟူကလည်း ရုတ်တရက် ဝင်တိုက်လာတဲ့ လီဖူချန်းရဲ့ ခန္ဓာကိုယ်အားကို မထိန်းနိုင်တဲ့အတွက် နှစ်ယောက်သား ရေထဲကို လုံးထွေးရစ်ပတ်ပြီး လဲကျ သွားပါတော့တယ်။ သူတို့ နှစ်ယောက်စလုံးက အဝတ်တွေ တစ်စိုးတစ်စိမျှ မပါတဲ့ သူနှစ်ယောက်လေ။ ဒီဖိုနဲ့မ အထိအတွေ့မှာတော့ နှစ်ယောက်စလုံးက တဒင်္ဂမျှ သာယာကာ မိန်းမော သွားကြပါတယ်။ ပထမဦးဆုံး သတိ ဝင်လာတာကတော့ ရန်ချင်းဟူပါပဲ။

“ငါနင့်ကို သတ်ပစ်မယ်"

ကြောက်စရာ ကောင်းလှတဲ့ အနက်ရောင် ချီအတွင်းအားတွေက ရန်ချင်းဟူရဲ့ ခန္ဓာကိုယ်ကနေ ပေါ်ထွက်လာပြီး လီဖူချန်းကို ရိုက်ထုတ် ပစ်လိုက်ပါတယ်။

ဝေါ့ …။

လီဖူချန်းကတော့ သွေးတစ်လုတ် အန်လိုက်ပြီး ရေကန်စပ်ကို လွင့်ထွက် သွားပါတော့တယ်။

လီဖူချန်းက သူ့ရဲ့ဒဏ်ရာကို အမှု မထားအားသေးဘဲ လေဟာနယ် လက်ဝါးကို အသုံးပြုကာ အနက်ရောက် သံသေဓားကို ဆွဲယူလိုက်ပါတယ်။ သူ့လက်ထဲကို ဓားရောက်လာတာနဲ့ လီဖူချန်းက ဓားကွက်ခင်းပြီး မိန်းမငယ်လေးကို စောင့်ကြို နေပါတော့တယ်။

“မင်း ခြေတစ်လှမ်း အပြင်ဘက်ကို လှမ်းရဲလှမ်းကြည့်။ ငါမင်းကို မရရအောင် လိုက်သတ်မယ်”

ရန်ချင်းဟူက ရေကန် အပြင်ဘက်ကို ချက်ချင်း လိုက်ထွက်မလာသေးဘဲ ရေကန် အနက်ပိုင်းကို ငုပ်ဆင်းသွားပါတယ်။

လီဖူချန်းက ဉာဏ်ရည်နိမ့်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ သူက ဒီမိန်းမပျို ရေထဲကို ငုပ်ပြီး အဝတ်အစား သွားဝတ်တယ် ဆိုတာကို ကောင်းကောင်းကြီး ရိပ်မိပါတယ်။ ဒီမိန်းမငယ်လေးက အဝတ်အစား ဝတ်ပြီးတာနဲ့ သူ့ကို လာသတ်မယ် ဆိုတာက အရမ်းကြီးကို သိသာ လွန်းနေတယ်လေ။

***

All Chapters