ဘာလို့လုံလောက်အောင်အမုန်းမခံရတာလဲ
Vol. 78 Ch. 1094
“ကြည့်စမ်း.... ဂိုဏ်းချုပ်စတားဘတ် လှုပ်ရှားပြီဟေ့။”
“ဟားဟား..... ဒင်းကိုကြည့်ပါဦး ကြောက်လို့မလှုပ်ရဲတော့ဘူး။”
“အာ.... ဂိုဏ်းချုပ်စတားဘတ် ထိသွားပါလား။”
သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ မျှော်လင့်ချက်များ ပျက်သုန်းသွားရသည်။
“ဘာတွေကြောင်နေတာလဲ။”
သွေးမျိုးနွယ်စု ကျင့်ကြံသူတစ်ဦး အော်ဟစ်လိုက်သည်။
“ဂိုဏ်းချုပ်ကို မြန်မြန်သွားကူလေ။”
စုရှောင်လန်မှာ ချီတက်လာသော လူအုပ်ကြီးအားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
ထို့နောက် နဂါးစာကလေးဓားနှင့်အတူ မရဏလောကအား ယူဆောင်လာတော့သည်။
သွေးများနှင့် လဲနေသော စတားဘတ်မှာ ဒေါသနှင့် အရှက်တရားများ ကြီးစိုးလာရသည်။
“ငါ့ကိုအထင်မသေးနဲ့။”
သူဟစ်ကြွေးလိုက်သည်။
“ငါမင်းကိုသတ်ပြမယ်။”
စတားဘတ် ဓားအားမြှောက်ကာ ပြေးဝင်လာသည်။
“လေဟာနယ်ချိပ်စည်း....”
သူသည် သာမန်တိုက်ခိုက်မှုတွင် အသာစီး မရနိုင်ကြောင်း သိသွားသောကြောင့် ဟင်းလင်းပြင်သို့အပြန် အဆင့်များ၏ အားသာချက်အား သုံးလိုက်သည်။
စုရှောင်လန်မှာ ဓားကိုင်ရင်းနှင့်ပင် အေးခဲသွားလေသည်။
စတားဘတ် အားပါးတရ ရယ်မောလိုက်သည်။
“ဟားဟားဟား.... မင်းသိလား.... ငါ....”
“နေဖြိုခွဲခြင်း.....”
စုရှောင်လန်၏ ခန္ဓာကိုယ်မှာ ရုတ်ချည်းတောက်ပလာကာ အားကောင်းလှသော အရှိန်အဝါများ ဖြာထွက်လာသည်။
သူမသည် လေဟာနယ်ချိပ်စည်းအကြောင်း နားမလည်ပါသော်လည်း အနေအထား တစ်ခုသို့ ရောက်ရှိနေသော ကျင့်ကြံသူသည် ထိုချိပ်စည်းများအား ဖြိုခွင်းပစ်နိုင်သည်။
ထို့ကြောင့် စတားဘတ်၏ မျက်စိရှေ့မှောက်တွင်ပင် မိုးပြာရောင် နဂါးကြီး ထပ်မံထွက်ပေါ်လာသည်။
ဝုန်း.....
စတားဘတ်၏ဓားမှာ နဂါးကြီးနှင့် တွေ့ဆုံသွားပြန်သည်။
စတားဘတ် : “......”
ဘယ်လောက်တောင် ရင်းနှီးနေတဲ့ မြင်ကွင်းလဲ....
စုရှောင်လန်မှာ ရုတ်တရတ် တိုက်ခိုက်လိုက်သောကြောင့် စတားဘတ်မှာ နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားရသည်။
“အန်လင်းအတွက် နင့်ကိုအရှင်ထားမလို့ပဲ။ ဒါပေမယ့် နင်ကိုက သေလမ်းရှာနေတာ။”
စုရှောင်လန် စကားဆိုလိုက်သည်။
စတားဘတ် သွေးအန်ကာ လဲကျသွားရသည်။
ဒီမိန်းမ ဘာတွေပြောနေတာလဲ...... ငါလည်း နားမလည်ပါလား......
.......
ပေါက်ကွဲမှုနှင့်အတူ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ ပျက်စီးသွားသည်။
ခန်းမအမိုးမှာလည်း ဟောင်းလောင်းဖြစ်သွားလေသည်။
အရိုးမိစ္ဆာဂိုဏ်း၏ အရိုးခေါင်းကြီးမှာ ထိုသို့ပွင့်ထွက်သွားရသည်။
အန်လင်း၏ လက်ညှိုးတစ်ချက်ကြောင့် ဝင်္ကပါ ပျက်စီးသွားပြီးနောက် ဘလက်ခ်သည်လည်း သွေးပွက်ပွက်အန်သွားရသည်။
ထိုအချိန်တွင် ဂမ်ဒမ်သုံးမှာ အမှုန်စွမ်းအင်ဓားနှင့်အတူ ဘလက်ခ်ထံ ပြေးဝင်လာလေပြီ။
ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် ဆင်ပစွန်မှာလည်း ယောင်ကျီး၏ ဖိနှိပ်မှုကို ခံနေရပြီး သွေးမျိုးနွယ်စုဝင်များ၏ ပြန်လည်ကောင်းမွန်နိုင်သော အစွမ်းကြောင့်သာ မဟုတ်ပါက အခါတစ်ရာပြန် သေနေလောက်ပြီပင်။
အန်လင်းသည်လည်း မီးတောက်ခုနစ်သွယ်နှင့်အတူ တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
“ပျက်စီးစမ်း....”
သူသည် မီးနတ်ဘုရားအသွင်အား အသက်သွင်းကာ အလိုင်ဇာ၏ သွေးအကာအရံအား ဖျက်စီးကာ သူမ ခန္ဓာကိုယ်အား ထိုးချလိုက်သည်။
အလိုင်ဇာ သွေးအန်သွားရသည်။
“နင်ကဘယ်သူလဲ။ မြင့်မြတ်သောတမာန်တော်က အပြစ်ပေးမှာ မကြောက်ဘူးလား။”
သူမ အော်ဟစ်လိုက်သည်။
“ရိုးရိုးသားသားပြောရရင် လုံးဝမကြောက်ဘူး။”
အန်လင်း ရယ်မောလိုက်သည်။
မီးနတ်ဘုရားအသွင် အသက်သွင်းထားသော အန်လင်းအား အလိုင်ဇာ မယှဥ်နိုင်ပါချေ။
အန်လင်းမှာ မီးတောက်များနှင့် အလိုင်ဇာအား ဆက်တိုက် တိုက်ခိုက်နေသည်။
ဝုန်း.....
ပေါက်ကွဲသံနှင့်အတူ အလိုင်ဇာ လဲကျသွားရသည်။
အန်လင်းမှာ အချိန်မဆွဲပဲ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ဝုန်း.....
လက်သီးပုံရိပ်ကြီး ပေါ်ထွက်လာပြီးနောက် အလိုင်ဇာမှာ အသက်ရှူသံများ မမှန်တော်ပေ။
ရန်သူသည် သန်မာလွန်းနေသောကြောင့် သူမ မည်သို့မျှ ပြန်မတိုက်နိုင်ပေ။
အန်လင်းမှာ မိစ္ဆာရှင်းဓားအားထုတ်ကာ စနစ်ကို စစ်ဆေးလိုက်သည်။
ထူးဆန်းလိုက်တာ.... ဘာလို့ အခုထိ ကိုးယောက်လဲ....
ဒင်းကို အဲ့လောက်ထိ သမထားတာတောင် မမုန်းသေးဘူးလား....
မဖြစ်နိုင်ဘူး.....
အန်လင်း အလိုင်ဇာအား ကြည့်ရှုလိုက်သည်။
“ငါမင်းကိုသတ်ပစ်မယ်။”
အလိုင်ဇာ နှာခေါင်းရှုံ့ပြလိုက်သည်။
“လာစမ်းပါ။”
အန်လင်းမှာ ဓားအားကိုင်ကာ ရှေ့ဆက်လာသည်။
အလိုင်ဇာမှာ အံကြိတ်ကာ နဂါးနှစ်ကောင် ထွက်ပေါ်စေလိုက်သောကြောင့် နဂါးဟိန်းသံများ ပဲ့တင်ထပ်သွားသည်။
သို့သော် အလိုင်ဇာသာ လွင့်ထွက်သွားရလေသည်။
ဝါယောဓား......
အန်လင်းသည် လေတောင်ပံအားဖြန့်ကာ သူမကို ထပ်မံတိုက်ခိုက်လိုက်သည်။
အလိုင်ဇာမှာ အဝတ်အစားများ စုတ်ပြဲကာ သွေးများစီးကျနေပြီး အတော်ပင် ပုံပျက်ပန်းပျက် ဖြစ်နေသည်။
မည်သို့ပင်ဆိုစေကာမူ အန်လင်း၏ စနစ်ထဲတွင် သူမသည် မမုန်းတီးသေးပေ။
အန်လင်း ကြောင်တောင်တောင် ဖြစ်နေမိသည်။
“အ့... အ....”
အလိုင်ဇာသည် အင်္ကျီစအား ဆုပ်ကိုင်ကာ တုန်တုန်ယင်ယင် ငြီးငြူနေရသည်။
“မင်းရဲအသက်ကို အဆုံးသတ်ပေးတော့မယ်။”
အန်လင်းထံမှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ထွက်ပေါ်လာသည်။
“မြင့်မြတ်သောတမာန်တော်က စော်ကားခံမယ် ထင်နေလား။ နင်လည်း ငါနဲ့အတူ လိုက်သေရမှာပါ။”
အလိုင်ဇာ ရင်ကော့ခေါင်းမော်ထားသည်။
အန်လင်းမှာ စနစ်အား ထပ်မံစစ်ဆေးလိုက်သည်။
သောက်ကျိုးနည်း..... သေရမှာတောင် မမုန်းနိုင်သေးဘူးလား....
“မင်းဘာလို့ ငါ့ကိုမမုန်းတာလဲ။”
အန်လင်း မနေနိုင်တော့ပေ။
အလိုင်ဇာ အံကြိတ်ကာ ပြောလာသည်။
“ဘာလို့မမုန်းရမှာလဲ။ နတ်ရတနာ ခိုးသွားတဲ့အပြင် ဒီလောက်သောင်းကြမ်းနေတာကို ငါမုန်းတာပေါ့။”
ကြည့်ရတာတော့ မုန်းတဲ့ပုံပါပဲ.....
မလုံလောက်သေးတာလား......
အန်လင်းမှာ မိစ္ဆာရှင်းဓားနှင့် ထပ်မံတိုက်ခိုက်လိုက်သည်။
အလိုင်ဇာသည် ခုခံရန် ကြိုးစားပါသော်လည်း အကြုံးမဝင်ခဲ့ပေ။
“အား...”
သူမ၏ ခြေထောက်မှ သွေးများစီးကျလာသည်။
ဝါယောဓား.....
အန်လင်းမှာ အကာအရံအား ဖျက်စီးကာ တိုက်ခိုက်လိုက်ပြန်သည်။
“အား....”
အလိုင်ဇာ၏ အခြားခြေထောက်တစ်ဖက်တွင်လည်း ဒဏ်ရာရရှိသွားသည်။
အန်လင်းမှာ မရပ်တန့်သေးပေ။
“အား..”
အလိုင်ဇာ၏ ရင်ဘတ်မှ သွေးများစီးကျလာသည်။
“ဘာလို့ ဒီနေရာကို လုပ်ရတာလဲ။”
အလိုင်ဇာမှာ မျက်နှာတစ်ခုလုံး နီရဲနေသည်။
အန်လင်းမှာ ဆက်မတိုက်နိုင်တော့ပေ။
တစ်ခုခု မှားနေသလိုပဲ.....
အလိုင်ဇာသည် အဝတ်အစားများ ဆုတ်ပြဲကာ ရှက်သွေးဖြာနေပုံရသည်။
“လာပါ။ ငါ့ကိုအနိုင်ကျင့်စမ်းပါ။”
အလိုင်ဇာ ဆွဲဆောင်မှုရှိစွာ ပြောလာသည်။
အန်လင်း : “.....”
သူသည် အမှန်တရားတစ်ခုအား မတော်တဆ သိရှိလိုက်ရသည်။
ဒင်းက Masochistကြီးပဲ....