Masochistတစ်ယောက်ကိုဘယ်လိုကိုင်တွယ်ရမလဲ
Vol. 78 Ch. 1095
အလိုင်ဇာမှာ masochistတစ်ဦးပင်။
အန်လင်း အံ့အားသင့်သွားရသည်။
ထိုမျှသမနေသည်ကို မမုန်းတီးသည့်အပြင် သာယာနေသည်မှာ မထူးဆန်းတော့ပေ။
အလိုင်ဇာသည် မတ်တပ်ထရပ်ကာ ကြောက်မက်ဖွယ် ဓားမော့နှစ်လက်နှင့်အတူ အန်လင်းထံ ပြေးဝင်လာသည်။
“ဟင်းဟင်း.... ဘာလို့မတိုက်တော့တာလဲ။ ငါ့ကိုကြောက်လို့လား။”
အလိုင်ဇာ စိတ်လှုပ်ရှားစွာ ရယ်မောလာသည်။
“မင်းတကယ်ရူးနေတာလား။”
အန်လင်း ဒေါသထွက်စွာဖြင့် အဆုံးမဲ့ညဓားကွက်အား အသက်သွင်းလိုက်သည်။
ထိုဓားပုံရိပ်သည် အလိုင်ဇာ၏ ဓားမော့ဓားကွက်များအား အလွယ်တကူ ဖျက်စီးကာ သူမ၏ ခန္ဓာကိုယ်ထံ ရောက်ရှိသွားသည်။
“အား....”
အလိုင်ဇာမှာ အဝတ်အစားများ ဆုတ်ပြဲကာ သွေးများစီးကျလာပါသော်လည်း ပါးပြင်တွင် ရှက်သွေးဖြာနေသည်။
“လွှမ်းမိုးမှု ကြီးလိုက်တာ။”
“တကယ်အားကောင်းတဲ့ အရှိန်အဝါပဲ။”
အန်လင်း : “......”
သူတကယ် ဆဲပစ်ချင်လာသည်။
ဒင်းကို ဘယ်လိုလုပ်ရမလဲ.....
အန်လင်းမှာ တိုက်ပင်မတိုက်နိုင်တော့ပဲ အကြီးအကျယ် ခေါင်းစားလာရသည်။
သေအောင်သမလည်း သာယာနေရုံပဲရှိမှာ....
မသမပြန်တော့လည်း သူ့ကိုယ်သူ ဆရာမကြီးဆိုပြီး သာယာနေဦးမှာ.....
မည်သို့ပင်ဆိုစေကာမူ စနစ်၏ လိုအပ်ချက်ကြောင့်သာ မဟုတ်ပါက အလိုင်ဇာသည် သူ့အားမမုန်းတီးခြင်းမှာ ကောင်းမွန်သော အချက်တစ်ချက်ဟု ဆိုနိုင်သည်။
“ဟင်းဟင်း.... ဆက်မတိုက်နိုင်တော့ဘူးလား။”
အလိုင်ဇာ စိတ်လှုပ်ရှားကာ တိုက်ခိုက်မှုများ ပြင်းထန်လာသည်။
“တွေ့ပြီမလား။ နင်ဘယ်လောက်တိုက်တိုက် ငါကဘာမှမဖြစ်ဘူး။ ငါ့အသက်စွမ်းအင်က အရမ်းပြင်းတာ။”
ထားလိုက်ပါတော့.....
“ငါမင်းကို မနိုင်နိုင်ဘူး ထင်နေလား။”
အန်လင်း မထီမဲ့မြင် ပြောလိုက်သည်။
“အခုက ဘာမှတောင် မတိုက်ရသေးဘူး။”
သူအလိုင်ဇာအား စူးစိုက်ကြည့်ရှုလိုက်သည်။
မျက်ရည်သွန်းဖြိုးစေ.....
အလိုင်ဇာ အလိုလို ဝမ်းနည်းကာ မျက်ရည်များ စီးကျလာသည်။
“ဝါး.... နင်ငါ့ကို ဘာလုပ်လိုက်တာလဲ။”
အလိုင်ဇာ အသည်းအသန် ငိုကြွေးလာသည်။
အန်လင်း စနစ်အား စစ်ဆေးလိုက်သောအခါ တုံ့ပြန်မှု မရှိသေးပေ။
“မှန်းကြည့်လေ။”
သူမောက်မာစွာ တုံ့ပြန်လိုက်သည်။
ထို့နောက် အလိုင်ဇာမှာ ဓားတစ်ချက် ကျွေးလိုက်သည်။
အလိုင်ဇာ ကျေနပ်စွာ ငြီးငြူနေစဥ်မှာပင် အီးဗုံးကြဲစေ မန္တာန်အား အသက်သွင်းလိုက်သည်။
အလိုင်ဇာမှာ ဟင်းလင်းပြင်သို့အပြန် အဆင့်ဖြစ်သောကြောင့် အစာစားရန် မလိုအပ်ပါသော်လည်း သွေးမြည်းစမ်းခြင်းပွဲတော်တွင် ပျော်ပျော်ပါးပါး သောက်စားထားခဲ့သည်။ ထိုအစာများမှာ ကြေပင်မကြေသေးပေ။
ဗြစ်......
အလိုင်ဇာ အနောက်တံခါး ပွင့်သွားလေပြီ။
“အား.....”
အလိုင်ဇာ ထိတ်လန့်ရှက်ရွံကာ အနောက်ဆုတ်လိုက်မိသည်။
အန်လင်းမှာ သူမ မမုန်းတီးမချင်း နည်းလမ်းပေါင်းစုံ အသုံးပြုရမည်ပင်။
ဆော်ပလော်တီးခြင်းနှင့် ရွံရှာအောင်လုပ်ခြင်းမှာ မတူညီပေ။
သမခြင်းသည် ကြမ်းတမ်းခက်ထန်ပြီး ရွံရှာခြင်းသည် သက်တောင့်သက်သာ မရှိခြင်းကြောင့် ဖြစ်လာရခြင်း ဖြစ်သည်။
အန်လင်း စိတ်လှုပ်ရှားစွာ စစ်ဆေးလိုက်ပါသော်လည်း စနစ်တွင် ထူးခြားမလာသေးပေ။
မလုံလောက်သေးဘူးပဲ..... ထပ်ကြိုးစားရမှာပေါ့....
အီးဗုံးကြဲစေ မန္တာန်မှာ တစ်ရက်တစ်ခါသာ အသုံးပြုနိုင်သည်။
အလိုင်ဇာသည် ခန္ဓာကိုယ်အား သန့်စင်ကာ အန်လင်းအား အော်ဟစ်လိုက်သည်။
“နင်က ဒီလိုတောင် လုပ်ရဲတယ်ပေါ့။ တကယ်ရွံစရာကောင်းတာပဲ။”
သူမ၏ အမူအရာမှာ ရွံရှာနေကြောင်း သိသာလှသည်။
အန်လင်းသည် အလိုင်ဇာအား မသာယာစေချင်သောကြောင့် ဆက်မတိုက်တော့ပေ။
သို့သော် ကိုယ့်ကိုယ်ကို ဆရာမကြီး ထင်နေမည် စိုးသောကြောင့် ခုခံနေရသည်။
အလိုင်ဇာသည် masochistအပြင် sadistတစ်ဦးပါ ဖြစ်နေသောကြောင့် သူမ၏ စိတ်ဆန္ဒများ မပြည့်ဝမှသာ သူ့အားမုန်းတီးလာလိမ့်မည်။
“ဘာလို့ငါ့ကို မတိုက်တာလဲ။”
အလိုင်ဇာမှာ ဓားမော့နှစ်လက်ဖြင့် သွေးဆာလောင်စွာ တိုက်ခိုက်နေသည်။
အန်လင်းသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်နှင့် ခွမ်းဖန်ခရီးစဥ်ကျင့်စဥ်အား အသက်သွင်းလိုက်သောကြောင့် လှုပ်ရှားမှုများမှာ တစ္ဆေတစ်ကောင်အလား လျင်မြန်သွားလေသည်။
အလိုင်ဇာသည် အန်လင်းအား တစ်ချက်ကလေးပင် ထိအောင်မတိုက်နိုင်သောကြောင့် ရူးတော့မလို ဖြစ်နေရသည်။
.........
ခန်းမအတွင်း၌
တစ်ထောင်နီးပါးသော သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ အတုံးအရုံး လဲကျနေကြသည်။
ဟင်းလင်းပြင်သို့အပြန်အဆင့် စတားဘတ်မှာလည်း သေမလို ဖြစ်နေလေပြီ။
မြေပြင်တွင် နီနီရဲရဲ သွေးပင်လယ်ပင် ဖြစ်နေသည်။
စုရှောင်လန်သည် နဂါးစာကလေးဓားအားကိုင်ကာ တင့်တယ်စွာ ရှိနေပြီး သွေးမျိုးနွယ်စုဝင်များအတွက်မူ သူမသည် ကြောက်မက်ဖွယ်ရာ မိစ္ဆာမကြီးပင်။
“သူမက အသက်စွမ်းအင်ကိုတောင် စုပ်ယူနိုင်တာပဲ။”
“သတ်လိုက်တိုင်း ပိုပိုစွမ်းလာတာ။ သူမက မိစ္ဆာသခင်မ ဖြစ်မယ်။”
“တိုးတိုးနေ သူမကြားသွားဦးမယ်။”
သွေးမျိုးနွယ်စု ကျင့်ကြံသူများ တီတိုးပြောဆိုနေကြသည်။
စုရှောင်လန်သည် စစ်နတ်ဘုရား ရှင်းထျန်၏ အမွေကြောင့် တက်ကြွဖျတ်လတ်လို့နေသည်။
သူမသည် မြေပြင်ပေါ်ရှိ အရှုံးသမားများအား ဂရုမစိုက်ပဲ တံခါးနားသို့ သွားလိုက်သည်။
“အန်လင်း ဘာလုပ်နေတာလဲ။ ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်လောက်ကို အဲ့လောက်ကြာနေတာလား။”
ထို့နောက် အလိုင်ဇာနှင့် အန်လင်း၏ ထူးဆန်းသော တိုက်ပွဲအား တွေ့လိုက်ရသည်။
အလိုင်ဇာသည် အသည်းအသန် တိုက်ခိုက်နေပြီး အန်လင်းမှာ ပြန်မတိုက်ပဲ ရှောင်သာရှောင်နေသည်။
စုရှောင်လန် ကြောင်တောင်တောင် ဖြစ်သွားရသည်။
အန်လင်းက ဘာလုပ်နေတာလဲ......
အလိုင်ဇာကလည်း အဝတ်အစားတွေ အရမ်းပြဲပြီး မသင့်တော်သလို ဖြစ်နေတယ်......
.......
တိုက်ပွဲမြေပြင်၌....
အန်လင်းမှာ တိုက်ခိုက်မှုအား ရှောင်ရှားလိုက်ပြီးနောက် အလိုင်ဇာသည်လည်း အဝေးသို့ ထွက်ပြေးလိုက်သည်။
သူမသည် ထွက်ပြေးနိုင်ရန်အတွက် အန်လင်းအား ဖိအားပေးခဲ့ခြင်းပင်။
“လွတ်မယ်ထင်နေလား။”
အန်လင်း နှာခေါင်းရှုံ့လိုက်သည်။
လေတောင်ပံ၊ ခွမ်းဖန်ခရီးစဥ်နှင့် ဝါယောဓားတို့ကြောင့် အလိုင်ဇာအား လိုက်မှီသွားပြီးနောက် သူမအား ကြာပွတ်ဖြင့် အနိုင်ကျင့်တော့သည်။
စုရှောင်လန်မှာ အန်လင်းအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
“ဘာလို့ ငါ့ကိုမလွှတ်ပေးတာလဲ။”
အလိုင်ဇာမှာ အမှန်တကယ် သည်းမခံနိုင်တော့ပေ။
အန်လင်း အလိုင်ဇာအား ကြည့်ရှုလိုက်သည်။
“ဘာလို့လဲဆိုတော့ မင်းကိုကြိုက်လို့လေ။”
အလိုင်ဇာ မျက်မှောင်ကျုံ့လိုက်သည်။
အန်လင်း ခပ်ဖွဖွ ပြုံးပြလိုက်သည်။
အန်လင်းသည် ပြက်ချော်ချော် အချစ်ဖြင့် သူမ ရွံရှာသွားအောင် လုပ်မည်ပင်။
ယခုကဲ့သို့ အနိုင်ကျင့်ခံရခြင်းကြောင့် အလိုင်ဇာမှာ သေချာပေါက် မုန်းတီးလာပေလိမ့်မည်။
သို့သော် အဝေးမှ ကြည့်ရှုနေသော အမျိုးသမီး တစ်ဦး ရှိနေသည်ကို သူမသိလိုက်ပေ။
စုရှောင်လန် : “ .....”