စစ်နတ်ဘုရားကောင်းကင်ဖောက်ခွဲခြင်းအမြှောက်
Vol. 78 Ch. 1096
စုရှောင်လန် ကိုယ့်စိတ်ကိုယ်ထိန်းထား...... အခုက ထကြမ်းရမယ့် အချိန်မဟုတ်သေးဘူး......
စုရှောင်လန်သည် နဂါးစာကလေးဓားအားကိုင်ကာ ကိုယ့်ကိုယ်ကို အတော်ပင် စိတ်ထိန်းနေရသည်။
အန်လင်းမှာ အကြောင်းပြချက်တစ်ခုခု ရှိလောက်မှာပါ....
........
တိုက်ပွဲမြေပြင်၌...
သူကငါ့ကိုကြိုက်တာလား.....
အလိုင်ဇာ မျက်မှောင်ကျုံ့လိုက်သည်။
“နင်က ရွံစရာကောင်းလိုက်တာ။”
အန်လင်း၏ ပြက်ချော်ချော်ပုံစံအား သူမ အလိုမကျကြောင်း သိသာလှသည်။
သူမ ဓားမော့များကိုကိုင်ကာ အန်လင်းအား တိုက်ခိုက်လိုက်သည်။
အန်လင်းသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်နှင့် ခွမ်းဖန်ခရီးစဥ်အား အသက်သွင်းကာ တိုက်ခိုက်မှုများအား ကာစီးနေလေသည်။
အန်လင်း နောက်ဆုတ်သွားသည်ကို အခွင့်ကောင်းယူကာ အလိုင်ဇာမှာ ထပ်မံထွက်ပြေးလိုက်သည်။
ထိုအချိန်တွင် မြွေများမှာ သူမအား ရစ်ပတ်လာပြန်သည်။
အလိုင်ဇာမှာ အမှန်တကယ် ရူးချင်နေလေပြီ။
“နင်ကငါ့ကို သတ်လည်းမသတ်ဘူး။ လွှတ်လည်းမလွှတ်ပေးဘူး။ နင်ဘာဖြစ်ချင်နေတာလဲ။”
အန်လင်း လူယုတ်မာဆန်ဆန် ပြုံးလိုက်သည်။
“ဘာမှမဖြစ်ချင်ပါဘူး။ မင်းကိုမသတ်ခင် စိတ်ပြေလက်ပျောက် ကစားနေတာလေ။”
ဝုန်း.....
အလိုင်ဇာ ဒေါသများ ပေါက်ကွဲသွားရသည်။
အထင်သေးခြင်း၊ မောက်မာခြင်း၊ ကပျက်ကခြော်နိုင်ခြင်း၊ ရွံရှာစက်ဆုပ်ဖွယ်ကောင်းခြင်းတို့မှာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများပင် ဖြစ်သည်။
“ငါနင့်ကိုသတ်ပစ်မယ်။”
အလိုင်ဇာမှာ လျှို့ဝှက်ကျင့်စဥ်အား အသက်သွင်းလိုက်သောကြောင့် လက်မောင်းနှစ်ဖက်တွင် အဖြူရောင် အစင်းကြောင်းများ ဖြစ်ပေါ်လာသည်။
“နှင်းသွေးနီဓားမော့ဘီး...”
သူမ၏ လက်မောင်းမှ အဖြူရောင်အစင်းများ တောက်ပလာပြီးနောက် ငါးကီလိုမီတာ ပတ်ဝန်းကျင်မှာ အေးခဲသွားရသည်။
ဓားမော့ပုံရိပ် နှစ်ခုမှာလည်း အန်လင်းထံ လျင်မြန်စွာပင် ရောက်ရှိလာသည်။
ဓားမော့တစ်လက်သည် အရိုင်းဆန်ကာ ကျန်တစ်လက်သည် အေးစက်ခက်ထန်သော အရှိန်အဝါကို ပေးစွမ်းနေသည်။ မတူကွဲပြားသော ဓားမော့နှစ်လက်သည် တစ်နည်းတဖုံ ပေါင်းစည်းနေသယောင် ထင်မှတ်ရလေသည်။
အန်လင်းသည် ရှောင်ရှားခြင်း မရှိပဲ ဖရိုဖရဲ သတ္ထုအုတ်ခဲအား ထုတ်လိုက်သည်။
ထိုသည်မှာ အလိုင်ဇာ၏ တိုက်ခိုက်မှုများထဲတွင် အားအကောင်းဆုံးဖြစ်ကြောင်း အန်လင်း အာရုံခံမိသည်။
ဝုန်း....
အဖျက်စွမ်းအင်များ ပေါက်ကွဲကာ တောင်တချို့ပင် ကျိုးကြေပျက်စီးသွားရသည်။
အလိုင်ဇာမှာ အသက်ပြင်းပြင်း ရှူနေရလေသည်။
“နှင်းသွေးနီဓားမော့ဘီးနဲ့ဆိုတော့ မသေရင်တောင် ဒုက္ခိတ ဖြစ်လောက်ပါပြီ။”
ထို့နောက် သူမ မျက်လုံးပြူးသွားရသည်။
“ဘယ်... ဘယ်လိုဖြစ်နိုင်မှာလဲ။”
အုတ်ခဲနက်ကြီးမှာ တည်တည်ငြိမ်ငြိမ် ရှိနေသည်။
အန်လင်း ခပ်ဖွဖွပြုံးကာ အုတ်ခဲနောက်မှ ထွက်လာလိုက်သည်။
“ကျေးဇူးပဲ။”
“ဘာတွေကျေးဇူးတင်နေတာလဲ။”
အလိုင်ဇာ ခံစားချက် မကောင်းတော့ပေ။
“တကယ်မလွယ်ဘူး။”
အန်လင်း ရယ်မောလိုက်သည်။
“မစ်ရှင်အတွက် ကျေးဇူးတင်ပါတယ်။”
(စစ်နတ်ဘုရား ကောင်းကင်ဖောက်ခွဲခြင်းအမြှောက် : စစ်နတ်ဘုရား၏ ဦးခေါင်းထက်တွင် မည်သူမှ မနေနိုင်ပေ။ နေရဲမည့်သူ ရှိပါက ဖောက်ခွဲပစ်လိုက်ပါ။ ပစ်မှတ်သည် သင်၏အပေါ်တွင် ရှိနေမှသာ အသက်သွင်းနိုင်မည် ဖြစ်သည်။ အသက်စွမ်းအင်ဖြင့် အသက်သွင်းနိုင်ကာ တစ်ရက်လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။)
အဆုံးတွင် အလိုင်ဇာ၏ မုန်းတီးမှုများမှာ လုံလောက်သွားခဲ့သည်။
အန်လင်းသည်လည်း စစ်နတ်ဘုရား ကောင်းကင်ဖောက်ခွဲခြင်းအမြှောက်ကို ရရှိနိုင်ခဲ့သည်။
“မင်းကငါ့ကို တိုက်စေချင်နေတာမလား။”
အန်လင်းသည် မြေပြင်ပေါ်သို့ဆင်းကာ ကောင်းကင်ထက်တွင် ရှိနေသော အလိုင်ဇာ၏ ခြေတံရှည်များကို ကြည့်ရှုလိုက်သည်။
ဒီအနေအထားလောက်ဆို အမြှောက်ကို အသက်သွင်းဖို့ အတော်ပဲ.....
အလိုင်ဇာမှာ ရုတ်ချည်းဆိုသလို မရဏ အငွေ့အသက်အား ရရှိလိုက်သည်။
ကီလိုမီတာ ငါးဆယ်ပတ်လည်မှ သက်ရှိစွမ်းအင်များအပြင် အန်လင်း ခန္ဓာကိုယ်ထဲမှ သက်ရှိစွမ်းအင်များပါ ထကြွလာသည်။
ရွှေရောင်အလင်းလုံးနှစ်ခုမှာ အန်လင်း၏ လက်ဝါးထက်တွင် ပေါ်ထွက်လာသည်။
တောက်ပနေသော အရောင်အဝါမှာ ညဥ့်ကောင်းကင်ယံ တစ်ခုလုံးကိုပင် ထွန်းလင်းနေစေ၏။
အလိုင်ဇာမှာ ခုခံကာကွယ်ရေး မန္တာန်များအပြင် အင်မော်တယ် ဓားမော့ဝင်္ကပါကိုပါ အသက်သွင်းလိုက်သည်။
အန်လင်း အလိုင်ဇာအား မော့ကြည့်လိုက်သည်။
“ဘယ်သူမှ ငါ့အထက်မှာ မရှိရဘူး။ စစ်နတ်ဘုရား ကောင်းကင်ဖောက်ခွဲခြင်းအမြှောက် အသက်ဝင်စမ်း...”
ဝုန်း.....
ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။
ကောင်းကင်ထက်သို့ ထိုးတက်သွားသော ရွှေရောင်စက်ဝန်းတွင် သန်းပေါင်းများစွာသော ဒေါသများ ပါဝင်နေသလိုပင်။
ထိုအမြှောက်သည် ကောင်းကင်ကိုပင် ဖောက်ခွဲပစ်လိမ့်မည်။
အလိုင်ဇာမှာ အမြှောက်အားကိုင်ကာ ထိတ်လန့်သွားရသည်။
သူမသည် သေချာပေါက် အမြှောက်စာ တစ်ခုပင်။
ဝုန်း......
သူမ၏ ခုခံကာကွယ်ရေးများအားလုံး ပျက်စီးသွားသည်။
“အား....”
အလိုင်ဇာ စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်။
ရွှေရောင်အမြှောက်သည် အလိုင်ဇာအား ဝါးမြိုကာ ကောင်းကင်ထက်သို့ ဆက်လက်ထိုးတက်သွားသည်။
ဘလက်ခ်၊ ဆင်ပစွန်နှင့် စတားဘတ်တို့မှာ ထိုမြင်ကွင်းအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် တစ်ယောက်က အဲ့လောက်ကြမ်းတယ်လား......
“သောက်ကျိုးနည်း ကြမ်းတယ်ဟေ့။”
အန်လင်းကိုယ်တိုင် တအံ့တသြ ဖြစ်နေမိသည်။
သူ၏အရှိန်အဝါများပါ ခမ်းခြောက်သွားသောကြောင့် အဆင့်မြင့် စိတ်ဝိဥာဥ်ဆေးလုံးအား သောက်သုံးလိုက်ရသည်။
ထို့နောက် အလိုင်ဇာ ပြုတ်ကျခဲ့သော သိုလှောင်လက်စွပ်အား ရယူလိုက်သည်။
အလိုင်ဇာသည် စစ်နတ်ဘုရား ကောင်းကင်ဖောက်ခွဲခြင်းအမြှောက်ကြောင့် ပြာကျသွားပြီပင်။
စုရှောင်လန် ခပ်ဖွဖွ ပြုံးလိုက်သည်။
“ကြည့်ရတာ သူအဆင်ပြေသွားပြီ ထင်တယ်။”
“အဲ့ဒါဆို နင်သေရမယ့် အချိန်ရောက်ပြီ။”
သူမသည် နဂါးစာကလေးဓားအားကိုင်ကာ အနီးရှိ စတားဘတ်အား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။
“ငါမင်းကို မကြောက်ဘူး။”
စတားဘတ်မှာ ဓားကိုင်ကာ ပြောနေပါသော်လည်း သူ၏မျက်ဝန်းများမှာ ဂနာမငြိမ် ဖြစ်နေသည်။
ထိုစိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးလုံးမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ဗာမီလီယမ်ငှက်အော်သံနှင့်အတူ ဓားပုံရိပ်တစ်ခုမှာ စတားဘတ်အား လွှမ်းခြုံသွားလေသည်။
မီးတောက်နေသော အဖြူရောင် ဓားပုံရိပ်သည် တောင်ထိပ်ရှိ အရိုးခေါင်းကြီးကိုပင် ပိုင်းဖြတ်ပစ်ခဲ့သည်။
စုရှောင်လန်သည် စတားဘတ် အပါအဝင် ခန်းမတစ်ခုလုံးအား အမြစ်ဖြတ်ကာ အရိုးမိစ္ဆာဂိုဏ်းအား ရှင်းထုတ်လိုက်တော့သည်။