← Chapters

ဆင်ပစွန်၏ နောက်ဆုံးသောကြိုးစားမှု

Vol. 79 Ch. 1097

ဆင်ပစွန်၏ နောက်ဆုံးသောကြိုးစားမှု

Vol. 79 Ch. 1097

အလိုင်ဇာနှင့် စတားဘတ်တို့ သေဆုံးမှုကြောင့် ဘလက်ခ်နှင့် ဆင်ပစွန်မှာ ဆောက်တည်ရာမရ ဖြစ်ကုန်သည်။

ယောင်ကျီးနှင့် တိုက်ခိုက်နေရသော ဆင်ပစွန်မှာ ထွက်ပြေးရန် ခက်ခဲနေရသည်။ ယောင်ကျီးသည် လေဟာနယ် ခုန်ကျော်ခြင်းအား ပြုလုပ်နိုင်သောကြောင့် ဘယ်လိုပြေးပြေး မလွတ်နိုင်သော အခြေအနေ ဖြစ်နေသည်။

လေဟာနယ် ခုန်ကျော်ခြင်း မပြုလုပ်နိုင်သော ဂမ်ဒမ်သုံးမှာ ပို၍ရင်ဆိုင်ရ လွယ်ကူသည်။

ဘလက်ခ်သည် သေသေချာချာ လွတ်မြောက်နိုင်စေရန် လျှို့ဝှက်ကျင့်စဥ်အပြင် သွေးကိုယ်ပွားတစ်ထောင်ကိုပါ အသုံးပြုခဲ့ရသည်။

အရှိန်အဝါနှင့် ရုပ်ရည်တို့ တထေရာတည်း တူညီသော ဘလက်ခ်ပေါင်း တစ်ထောင်မှာ အရပ်မျက်နှာအစုံသို့ အသည်းအသန် ထွက်ပြေးတော့သည်။

“အားလုံးကငါပဲ။ လာလေ.... ငါ့နောက်လိုက်စမ်းပါ။”

ဘလက်ခ်များမှ ရယ်မောကာ ပြောလာသည်။

ဂမ်ဒမ်သုံး၏ မျက်ဝန်းထဲတွင် ပုံရိပ်များ လည်ပတ်လာကာ လျှပ်စစ်သံလိုက်လှိုင်းများ ဖြာထွက်လာသည်။

“အသက်စွမ်းအင် အဆီအနှစ်ကို စစ်ဆေးနေပါတယ်။”

ဝှစ်.......

ထို့နောက် ဂမ်ဒမ်သုံးမှာ အမှုန်စွမ်းအင်ဓားအားကိုင်ကာ ဘလက်ခ်တစ်ဦးထံ ပျံဝဲသွားလိုကသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

ဘလက်ခ်သည် မယုံကြည်နိုင်စွာဖြင့် ခုခံလိုက်ရသည်။

သူထွက်ပြေးမည့် အစီအစဥ်မှာလည်း ပျက်စီးသွားလေပြီ။

“ခရမ်းကြယ်စင် နည်းပညာကို အထင်မသေးနဲ့။”

အဝေးမှ စကားသံတစ်ခု ထွက်ပေါ်လာပြီးနောက် ကောင်းကင်နှင့်မြေပြင်မှာ အမှောင်ကျသွားတော့သည်။

ဘလက်ခ်မှာ အာရုံငါးပါး ပိတ်ဆို့သွားသည့်အပြင် အံ့ဖွယ်အာရုံပါ အားနည်းသွားရသည်။

မကြာမီပင် အံ့ဖွယ်အာရုံကိုပါ ပျက်စီးသွားစေနိုင်သော စူးရှနာကျင်မှုကို ခံစားလိုက်ရလေသည်။

အေးမြသော လရောင်တို့ ပြန်လည်တောက်ပလာသောအခါ ဘလက်ခ်၏ အော်ဟစ်သံတို့ ဆိုးရွားနေခဲ့ပြီ ဖြစ်သည်။

ထို့နောက် သူ၏ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာ နှစ်ခြမ်းကွဲသွားရသည်။

အန်လင်းသည် လက်ဖြောက်တီးကာ ဗာမီလီယမ်ငှက်မီးတောက်ဖြင့် ပြာချပေးလိုက်ပြီး သိုလှောင်လက်စွပ်အားယူကာ အမိန့်ပေးလိုက်သည်။

“ဂမ်ဒမ်သုံး ယောင်ကျီးကို ကူညီပေးလိုက်...”

.......

ဆင်ပစွန်သည် ခြေကုန်လက်ကမ်း ကျနေသည့်အပြင် ဟင်းလင်းပြင်သို့အပြန်အဆင့် သုံးဦးလုံး သေဆုံးသွားပြီဖြစ်ကြောင်း အာရုံခံမိနေသောကြောင့် ရူးတော့မလို ဖြစ်နေမိသည်။

လွတ်မြောက်နိုင်စရာ မရှိကြောင်း သိရှိနေသောကြောင့် ထွက်ပြေးရန်လည်း လက်လျှော့ထားခဲ့သည်။

သူသည် ယောင်ကျီးအား အနိုင်မတိုက်နိုင်သောကြောင့် အခွင့်အရေး တစ်ခုကိုသာ စောင့်ဆိုင်းနေရသည်။

မကြာမီပင် ဂမ်ဒမ်သုံးပါ ရောက်ရှိလာသောကြောင့် ဆင်ပစွန်မှာ လှိမ့်ပိန့်နေအောင် ဖိနှိပ်ခံလိုက်ရသည်။

ထိုအချိန်တွင် အဖြူရောင် အဝတ်အစားနှင့် ပုံရိပ်တစ်ခု ရောက်ရှိလာသည်။

“မိတ်ဆွေလေး ငါပြောတာ နားထောင်ပါဦး။”

ဆင်ပစွန် အော်ဟစ်လိုက်သည်။

အန်လင်းသည် တိတ်တဆိတ်နှင့်ပင် ဆင်ပစွန်အား အသေဆော်ရန် အမိန့်ပေးလိုက်လေသည်။

ဝုန်း.....

အလင်းလျှပ်စစ်အမြှောက်ကြောင့် ဆင်ပစွန် လွင့်ထွက်သွားသည်။

“ငါ့ကိုမသတ်ပါနဲ့။”

သူအရူးလို ဟစ်ကြွေးနေသည်။

“ငါ့ဆီမှာ မြင့်မြတ်ခေါင်းဆောင်သွေး ရနိုင်မယ့် အဆက်အသွယ်တွေရှိတယ်။”

အန်လင်း ရယ်မောလိုက်သည်။

ငါ့ခန္ဓာကိုယ်မှာ မြင့်မြတ်ခေါင်းဆောင်သွေးတွေ စီးနေတာပဲလေ.... မင်းအကူအညီ လိုစရာလား.....

အဆက်အသွယ်တောင် ရှိတယ်ပေါ့လေ......

ငါ့သွေးငါပြန်သောက်ဖို့တောင် ခက်ခဲနေရမှာလား......

အန်လင်းမှာ မထီမဲ့မြင် အမူအရာနှင့် ဆင်ပစွန်ထံ ဦးတည်သွားလိုက်သည်။

“မင်းကိုယ်တိုင် ဖိအားပေးတာပဲ။ ငါပြောတာ လက်မခံမှတော့ ငါနဲ့တူတူ သေလိုက်တော့။”

ဆင်ပစွန်မှာ သူ၏နှလုံးအား ကိုယ်တိုင်ဆွဲယူလိုက်သည်။

သူ၏ခန္ဓာကိုယ်မှာ ကျူံ့ဝင်လာပြီး သွေးများအငွေ့ပျံကုန်သည့်အပြင် အသက်စွမ်းအင်လည်း ပျောက်ကွယ်သွားသည်။

အန်လင်း နားမလည်နိုင် ဖြစ်သွားရသည်။

ကိုယ့်ကိုယ်ကို သတ်သေသွားတာလား.....

မဟုတ်ဘူး.... ဒီလိုကောင်မျိုးက သတ်သေစရာ မရှိဘူး.....

အန်လင်း အတွေးများနေစဥ်မှာပင် ယောင်ကျီးမှာ ခရမ်းနက်နဂါးမီးတောက်ဖြင့် လောင်ကျွမ်းစေလိုက်သည်။

ဝါးမြိုခြင်း အစွမ်းရှိသော ထိုမီးတောက်မှာ ပူလောင်လွန်းလှသည်။

ယောင်ကျီးသည် ဆင်ပစွန်၏ သိုလှောင်လက်စွပ်အား လွယ်လင့်တကူ ဆွဲယူလိုက်သည်။

ခရမ်းနက်နဂါးမီးတောက်များကြားမှ မီးခိုးရောင် အရိပ်တစ်ခု ပေါ်ထွက်လာကာ အန်လင်းထံ ခုန်ဝင်လာလေသည်။

“အံ့ဖွယ်အာရုံခန္ဓာ....”

ယောင်ကျီးမှာ ပန်းရောင်ချိန်းကြိုးများဖြင့် ထိုအရိပ်အား ဖမ်းရန်လုပ်လိုက်သည်။

“ဟားဟားဟား...... ဒါက အံ့ဖွယ်အာရုံ ကိုယ်ထည်ပဲ။ ငါ့အစွမ်းက ပိုတောင်ကြမ်းလာမှာ။”

ဆင်ပစွန် ရယ်မောလိုက်သည်။

ယောင်ကျီး၏ ပန်းရောင်ချိန်းကြိုးများမှာ သူ့အားမဖမ်းနိူင်ပေ။

ဂမ်ဒမ်သုံးသည် အန်လင်းရှေ့တွင်ရပ်ကာ ဆင်ပစွန်အား ဓားနှင့်ခုတ်လိုက်သည်။

သို့သော် ဆင်ပစွန်၏ ခန္ဓာမှာ အငွေ့သဖွယ် လွတ်လပ်စွာ လှုပ်ရှားနေလေသည်။

“ဝိဥာဥ်နုတ်ခြင်း.....”

ဆင်ပစွန်၏ မီးခိုးရောင်ခန္ဓာမှ အရောင်အဝါများ ဖြာထွက်လာသည်။

သူသည် အန်လင်း၏ အံ့ဖွယ်အာရုံအား တိုက်စားကာ ၎င်း၏ခန္ဓာကို အပိုင်သိမ်းလိုခြင်းပင်။

“ဟားဟား.... တကယ်ကောင်းတဲ့ ခန္ဓာပဲ။”

ဆင်ပစွန် လောဘတက်ကာ ပြုံးလိုက်သည်။

အန်လင်းမှာ ဆင်ပစွန်းအားကြည့်ကာ ရယ်လိုက်မိသည်။

“အတော်ပဲ။ မင်းနဲ့စမ်းကြည့်ရမယ်။”

မြေခွေးနက် ဧကရာဇ်အား သတ်ပြီးနောက် အင်မော်တယ်ဆေးလုံးတစ်လုံးအား ရရှိခဲ့သည်။

ထိုဆေးလုံးသည် ဒဏ္ဍာရီလာသားရဲ မဟူရာဇာမဏီ၏ ရိုးတွင်းခြင်ဆီအား သန့်စင်ထားခြင်းဖြစ်ကာ အံ့ဖွယ်အာရုံ အားကောင်းစေသည့်အပြင် မဟူရာမီးတောက် စွမ်းအင်များကိုလည်း စုပ်ယူစေနိုင်ပြီး ဉာဏ်အလင်းပွင့်နိုင်မည့် အခွင့်အရေးပါရှိသည်။

အန်လင်းသည် အနောက်ပင်လယ်တွင် ရှိစဥ်တည်းက ထိုဆေးအား သောက်သုံးထားခဲ့သည်။

“ငါနဲ့ဇာမဏီတွေက တကယ်ကံစပ်တာပဲ။”

အန်လင်း၏ မျက်ဝန်းများ မည်းမှောင်သွားပြီးနောက် သူ၏ခန္ဓာကိုယ်ထဲမှ မဟူရာဇာမဏီတစ်ကောင် ထွက်ပေါ်လာသည်။

သူ၏အံ့ဖွယ်အာရုံမှာလည်း ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်ထိ ထိုးတက်သွားသည်။

“မဟူရာဇာမဏီဓားမော့.... ထွက်ခဲ့စမ်း...”

All Chapters