ရတနာများနှိုင်းယှဉ်ခြင်း
Vol. 79 Ch. 1098
အန်လင်း၏ ဘေးတွင်ရှိနေသော မဟူရာဇာမဏီမှာ ထက်ရှလွန်းလှသော မဟူရာဓားမော့အဖြစ် ပြောင်းလဲသွားသည်။
အန်လင်းသည် အင်မော်တယ်ဆေးလုံးအား သောက်သုံးပြီးနောက် မဟူရာဇာမဏီ၏ မန္တာန်ကျင့်စဥ်တစ်ခုဖြစ်သော မဟူရာဇာမဏီဓားမော့အား ဉာဏ်အလင်းပွင့်ကာ ရရှိခဲ့သည်။
လက်ရှိအချိန်တွင် အန်လင်း၏ အံ့ဖွယ်အာရုံမှာ ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့် ရှိနေပြီး အံ့ဖွယ်အာရုံ မန္တာန်ကျင့်စဥ်ကိုလည်း အသက်သွင်းထားသည်။
အစောပိုင်းကပင် ယုံကြည်ချက် ပြင်းထန်နေသော ဆင်ပစွန်မှာ မျက်စိပျက်၊ မျက်နှာပျက် ဖြစ်သွားလေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
သူထိတ်လန့်ကာ အော်ဟစ်လိုက်သည်။
“မင်းရဲ့ အံ့ဖွယ်အာရုံက ဘာလို့အဲ့လောက်တောင် အားကောင်းလာရတာလဲ။”
“ငါက ဆရာကြီးမို့လို့လေ။”
အန်လင်း ရယ်မောလိုက်သည်။
ဆင်ပစွန် : “......”
သူသည် နောက်ဆုတ်ရန် မဖြစ်နိုင်တော့သဖြင့် မဟူရာဓားမော့ကိုသာ တိုက်ခိုက်လိုက်သည်။
“အနှိုင်းမဲ့မိစ္ဆာသွေးဓား....”
ဟင်းလင်းပြင်သို့အပြန်အဆင့်များ၏ အံ့ဖွယ်အာရုံကိုပင် ဆုတ်ဖြဲပစ်နိုင်သော သွေးနီရောင်ဓားတစ်လက် ကျဆင်းလာသည်။
မဟူရာဇာမဏီဓားမော့သည်လည်း တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား လှုပ်ရှားလာလေသည်။
ပတ်ဝန်းကျင် အမှောင်ကျသွားသည်နှင့်အတူ ဆင်ပစွန်၏ လက်နက်မှာ ဝါးမြိုခံလိုက်ရသည်။
“မဟုတ်ဘူး။”
အထိတ်တလန့် အော်ဟစ်သံများကြား သူ၏အံ့ဖွယ်အာရုံခန္ဓာပါ ပါပါသွားတော့သည်။
အမှောင်ထု ပြန်လည်ပျောက်ကွယ်သွားကာ ကြယ်ရောင်လရောင်များ လင်းလက်လို့လာသည်။
ဤကမ္ဘာတွင် ဆင်ပစွန် မရှိတော့ပေ။
အန်လင်း သက်ပြင်းချလိုက်သည်။
“ပြိုင်ဘက်ကောင်းတောင် မဟုတ်ပါလား။”
“အကုန်ပဲ သေနေပြီ။ ကြွားလုံးထုတ်ချင်မနေနဲ့။”
စူးရှရှ စကားသံတစ်ခု ထွက်ပေါ်လာသည်။
အန်လင်း လှည့်ကြည့်လိုက်သောအခါ စုရှောင်လန်အား တွေ့လိုက်ရသည်။
သူမသည် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများဖြင့် နဂါးစာကလေးဓားအား ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။
“ပြန်မယ်လေ။ ဘယ်သူတွေကို စောင့်နေသေးတာလဲ။”
စုရှောင်လန် စကားဆိုလာသည်။
အန်လင်း အသိစိတ်ဝင်လာကာ ပျက်စီးနေသော အရိုးမိစ္ဆာဂိုဏ်းအား ကြည့်လိုက်သည်။
“ဒါတွေအားလုံး မင်းရှင်းလိုက်တာလား။”
“တိုက်ခိုက်ပြီး ရတနာယူရမှာ ထုံးစံပဲလေ။ အဲ့ဒါကို နင့်ကြွားလုံးတွေ ထိုင်ကြည့်နေရမှာလား။ အားလုံးသေပြီဆိုပေမယ့် တချို့က မသေခင် သတင်းပို့ထားလောက်တယ်။”
စုရှောင်လန် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
“လုပ်စရာတစ်ခု ရှိသေးတယ်။”
အန်လင်းမှာ ရုတ်တရတ် အရိုးမိစ္ဆာဂိုဏ်းထံ ပျံသန်းသွားသည်။
“အမ်.... ဘာလုပ်ဦးမလို့လဲ။”
စုရှောင်လန် နောက်မှလိုက်လာသည်။
အန်လင်းသည် အရိုးမိစ္ဆာဂိုဏ်း၏ တစ်နေရာသို့ သွားလိုက်သည်။
ထိုသည်မှာ သွေးမြည်းစမ်းခြင်းပွဲတော်၏ လေလံပစ္စည်းများ သိုလှောင်ရာနေရာဖြစ်ကြောင်း စုရှောင်လန် သတိရသွားသည်။
“နင်က ကြင်နာတတ်တာပဲ။ ထင်တောင်မထင်ထားဘူး။”
အန်လင်းမှာ ထိုနေရာအား ဓားနှင့်ခုတ်ဖွင့်လိုက်သည်။
“ကယ်မလို့ မဟုတ်ဘူး။ သတ်စရာရှိလို့...”
စုရှောင်လန် : “.....”
“ဘယ်လောက်တောင် မုန်းနေလို့လဲ။”
“ကိုယ်လည်းသိချင်တယ်။ ရှဲ့လေးက တစ်ချိန်လုံး ပူဆာနေတာလေ။”
အန်လင်း တုံ့ပြန်လာသည်။
သူသည် ဆယ်နှင့်ချီသော သက်ရှိများအား လွှတ်ပေးလိုက်သောကြောင့် ၎င်းတို့မှာ ဒူးပင်ထောက်ကာ ကျေးဇူးတင်သွားကြသည်။
ထို့နောက် အန်လင်းမှာ တောင်ပံနက်မျိုးနွယ်စုဝင်ထံ သွားလိုက်သည်။
“ဟေ့.... ဒီဓားကို မှတ်မိလား။”
တောင်ပံနက်မျိုးနွယ်စုဝင်သည် မျှော်လင့်ချက်များဖြင့် အန်လင်းအား ကြည့်လိုက်ပါသော်လည်း မိစ္ဆာရှင်းဓားအား မြင်သောအခါ ထိတ်ခန့်သွားရသည်။
“ဒါက....”
ရွှပ်.....
မိစ္ဆာရှင်းဓားမှာ တောင်ပံနက်မျိုးနွယ်စုဝင်၏ နှလုံးသားထဲ စိုက်ဝင်သွားသည်။
စုရှောင်လန်သည်ပင် လန့်ဖြန့်သွားရသည်။
အန်လင်းလည်း ကြောင်တောင်တောင် ဖြစ်သွားမိသည်။
“သောက်ကျိုးနည်း ရှဲ့လေး မင်းဘာလို့ ကိုယ့်ဘာသာ လှုပ်ရှားရတာလဲ။”
သူဆူပူလိုက်သည်။
“အနည်းဆုံး စကားတော့ဆုံးအောင် ပြောပါစေ။”
“နားထောင်စရာ မရှိဘူး။”
မိစ္ဆာရှင်းဓား အသံဖြင့် ဆက်သွယ်လာသည်။
အန်လင်း မကျေနပ်ပေ။
“ဒါပေမယ့် ငါစိတ်ဝင်စားတယ်လေ။”
မိစ္ဆာရှင်းဓားမှာ အလေးမထားပေ။
အန်လင်းမှာ တောင်ပံနက်မျိုးနွယ်စုဝင်အား ကြည့်လိုက်သည်။
“မင်းယုံမှာ မဟုတ်ဘူး။”
“ဒါပေမယ့် ဓားက သူ့ဘာသာ လှုပ်ရှားသွားတာပါ။”
တောင်ပံနက်မျိုးနွယ်စုဝင် ခက်ခက်ခဲခဲ ပြောလိုက်သည်။
“ငါ.... ငါမင်းကို ယုံပါတယ်။”
အန်လင်း : “.....”
ထို့နောက် တောင်ပံနက်မျိုးနွယ်စုဝင် သေဆုံးသွားတော့သည်။
မိစ္ဆာရှင်းဓားမှာ ပျော်ရွှင်စွာ မြည်သံပေးပြီးနောက် ငြိမ်သက်သွားလေသည်။
အန်လင်းသည် အံ့ဖွယ်မီးတောက်နှင့် တောင်ပံနက်မျိုးနွယ်စုဝင်အား ပြာချပေးလိုက်သည်။
ရှဲ့လေးက ဘာလို့သူ့ကိုသတ်ရတာလဲ.... သူကရော ဘာလို့မြင်တာနဲ့ လန့်နေတာလဲ....
အန်လင်းမှာ မိစ္ဆာရှင်းဓားအား မေးကြည့်ပါသော်လည်း 'မှန်းကြည့်လေ'၊ 'ပြောစရာလား'ဟူသော စကားများကိုသာ ကြားခဲ့ရသည်။
“သွားကြရအောင်။”
အန်လင်းသည်လည်း အရင်ပြန်ရန်သာ ဆုံးဖြတ်လိုက်သည်။
၎င်းတို့မှာ အုတ်ခဲနက်နှင့်အတူ လင်းကန်မြို့တော်သို့ ပြန်လာခဲ့ကြသည်။
အန်လင်းနှင့် စုရှောင်လန်သည် တိုက်ပွဲမှ ရရှိလာသော ပစ္စည်းများအား စိတ်မရှည်စွာ စတင်ရေတွက်လိုက်ကြသည်။
“ဟင်းလင်းပြင်သို့အပြန်အဆင့် သုံးယောက်ကို သတ်ခဲ့တာဆိုတော့ တကယ်ကံကောင်းတာပဲ။”
အန်လင်း အားနာစွာဖြင့် စုရှောင်လန်အား ကြည့်လိုက်သည်။
စုရှောင်လန်မှာ မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။
“ငါလည်း သွေးမျိုးနွယ်စုဝင် ထောင်နဲ့ချီ သတ်ခဲ့ရတာ တကယ်ကံကောင်းတာပဲ။”
စုရှောင်လန် စိတ်အခြေအနေ ကောင်းနေသောကြောင့် အန်လင်းမှာ သူရရှိထားသော သိုလှောင်လက်စွပ်မျာအား စတင်သန့်စင်လိုက်သည်။
“ကောင်းလိုက်တာ စိတ်ဝိဥာဥ်ကျောက်တုံး ရှစ်ဆယ့်နှစ်သိန်းတောင်ရှိတယ်။ ဒင်းတို့က သွေးမြည်းစမ်းခြင်းပွဲတော်အတွက် သေချာပြင်လာခဲ့တာပဲ။”
စုရှောင်လန်လည်း ပျော်ရွှင်နေသည်။
“ငါလည်း စိတ်ဝိဥာဥ်ကျောက်တုံး ဆယ့်လေးသန်းကျော်ရတယ်။”
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“ဘယ်လောက်ရတာ....”
“ဆယ့်လေးသန်းလေ။”
စုရှောင်လန်မှာ ပါးချိုင့်လေးများ ခွက်နေအောင် ရယ်မောလိုက်သည်။
အန်လင်း : “.....”
ဘာလားဟ..... ငါပဲ သိုလှောင်လက်စွပ် သန့်စင်နည်း မှားနေတာလား.....
ဟင်းလင်းပြင်သို့အပြန်အဆင့် သုံးယောက်ကို သတ်တာတောင် ရှောင်လန်လောက် မရဘူးပေါ့လေ.....
စုရှောင်လန် ရှင်းပြလာသည်။
“အားလုံးက သွေးမြည်းစမ်းခြင်းပွဲတော်အတွက် မျိုးမျိုးမြတ်မြတ် ပြင်ဆင်လာကြတာလေ။ ဂိုဏ်းကိုယ်စားလှယ်တွေလည်း ပါတာကို။”
အန်လင်း သဘောပေါက်သွားရသည်။
ဆရာကြီးတွေ မလာပေမယ့် ငွေတွေတော့ လွှတ်လိုက်တာပဲ......
အဲ့လိုဆို ဂိုဏ်းတွေကို ဂိုဏ်းကြီးတွေနဲ့ ရန်ပတ်ဖြစ်ရင် ငွေရမြန်လောက်မလား......
“ရှောင်လန် ကိုယ့်မှာအကြံရှိတယ်။”
“အန်လင်း ကိုယ့်စိတ်ကိုယ်ထိန်း။ နင်လိုနေရင် ငါ့ဆီကယူလို့ရတယ်။”