← Chapters

မထင်မှတ်ထားသောတွေ့ဆုံမှု

Vol. 79 Ch. 1100

မထင်မှတ်ထားသောတွေ့ဆုံမှု

Vol. 79 Ch. 1100

အရိုးမိစ္ဆာဂိုဏ်း၌

မဟာနက္ခတ်ပညာရှင် ဖုန်းဝေယန့်မှာ ရွှေရောင်နယ်ပယ်တစ်ခုအား ဖြန့်ကျက်လိုက်သည်။

သွေးနီရောင် ဝတ်စုံနှင့် ပုံရိပ်နှစ်ခုမှာလည်း သူ၏ဘေးတွင် ရှိနေကြသည်။

ထိုသည်မှာ ကတ်စီဒီနှင့် တိုဘိယပင်။

မာလင်ကမူ သွေးမျိုးနွယ်စု အဖွဲ့သားများနှင့်အတူ ရန်သူအား ခြေရာခံနေသည်။

“အများဆုံး သုံးလေးယောက်ပဲ။ လျှပ်စီး၊ မီးနဲ့ ဓားရေး ကျွမ်းကျင်ကြတယ်။ နည်းပညာ အကူအညီတွေလည်း ပါဦးမယ်။”

ဖုန်းဝေယန့် တစ်နေရာအား ညွှန်ပြလိုက်သည်။

“တွက်ချက်မှုတွေအရတော့ အရှေ့ဘက်ကို ထွက်သွားတာ ဖြစ်နိုင်တယ်။”

ကတ်စီဒီ မျက်မှောင်ကျုံ့လိုက်သည်။

“အဲ့နေရာမှာ ဂိုဏ်းကြီးတွေ မရှိပါဘူး။”

ဝုန်း.....

ကောင်းကင်ထက်တွင် သွေးနီရောင်လွှမ်းကာ ဧကရာဇ်ဝတ်စုံနှင့် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

“ဧကရာဇ်ရိတန်း....”

တိုဘိယ လေးစားစွာ နှုတ်ဆက်လိုက်သည်။

“မြင့်မြတ်သောတမာန်တော် ကတ်စီဒီ၊ မြင့်မြတ်သောတမာန်တော် တိုဘိယ....”

ဧကရာဇ်ရိတန်းလည်း ပြန်လည်နှုတ်ဆက်လာသည်။

မြင့်မြတ်သောတမာန်တော်၏ အဆင့်အတန်းသည် ဧကရာဇ်များနှင့် တူညီလုနီးပါးပင်။

ဟင်းလင်းပြင်သို့အပြန် အဆင့်သာရှိသော ဖုန်းဝေယန့်မှာ အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။

သတင်းအချက်အလက်များ ရရှိပြီးနောက် ၎င်းတို့မှာ တစ်နေရာသို့ ပျံသန်းခဲ့ကြသည်။

ကတ်စီဒီမှာ တိုဘိယအား လျှို့ဝှက်ဆက်သွယ်လိုက်သည်။

“ဟဲ့.... ဧကရာဇ် ရိတန်းက ဘာလို့အသည်းအသန် ဖြစ်နေတာလဲ။”

တိုဘိယလည်း နားမလည်နိုင်ပေ။

“သူ့ရန်သူလား မသိဘူး။ ဒါပေမယ့် သူလည်း သေသေချာချာ မသိလောက်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် မြင့်မြတ်ခေါင်းဆောင်ရဲ့ အစီအစဥ်ကို ဖျက်တဲ့သူက သေကိုသေရမှာပဲ။”

..........

အနက်ရောင်စိမ့်တော၏ အနောက်ဘက်၌

အန်လင်းမှာ အုတ်ခဲနက်ပေါ်တွင် ရှိနေသည်။

“ငါခံစားချက် သိပ်မကောင်းဘူး။”

စုရှောင်လန် စကားဆိုလာသည်။

“ရန်သူတွေ လိုက်လာသလိုပဲ။”

“စိတ်မပူပါနဲ့။ ဂိုဏ်းတစ်ခုလောက် ဖျက်ခဲ့တာကို။”

အန်လင်း နှစ်သိမ့်ပေးလိုက်သည်။

“တကယ်လို့ လိုက်လာရင်တောင် ပြန်ချနိုင်တာပဲဟာ။ အေးဆေးပါ။”

“လိုက်လာတဲ့သူက တာအိုပေါင်းစည်းခြင်းအဆင့် ဖြစ်နေရင်ရော...”

စုရှောင်လန် စိတ်မအေးနိုင်ပေ။

“တာအိုပေါင်းစည်းခြင်း အဆင့်တွေက တစ်ခုခု လုပ်မယ်ဆို သေချာစဥ်းစားချင့်ချိန်ရတယ်လေ။ အဲ့အချိန်ဆို ကိုယ်တို့တွေ ကိုးပြည်ထောင်တောင် ပြန်ရောက်နေလောက်ပြီ။”

အန်လင်း တုံ့ပြန်လိုက်သည်။

ကောင်းကင်ထက်တွင် သွေးနီရောင် တိမ်တိုက်များ ချက်ချင်းပင် လွှမ်းမိုးလာသည်။

“အန်လင်း ငါတို့နောက်မှာ...”

စုရှောင်လန် သတိပေးလိုက်သည်။

အန်လင်းမှာ အာရုံခံမိနေပြီ ဖြစ်သည်။

“ကောင်းကင်ဘုံခုံရုံးကနေ စစ်ကူမြန်မြန်တောင်းလိုက်တော့။”

စုရှောင်လန်မှာ ကျောက်စိမ်းပြားအား အလျင်အမြန် ချိုးချလိုက်သည်။

“ရန်သူက ဘာအဆင့်လဲ။”

“တာအိုပေါင်းစည်းခြင်းအဆင့်...”

အန်လင်း ခက်ခက်ခဲခဲ ဖြေလိုက်ရသည်။

“ငါ့စကားကြောင့်များလား။”

စုရှောင်လန် ငိုတော့မလို ဖြစ်နေသည်။

“မင်းကြောင့် မဟုတ်ပါဘူး။”

အန်လင်းလည်း ရူးချင်နေရသည်။

သောက်ကျိုးနည်း......

တာအိုပေါင်းစည်းခြင်း အဆင့်များသည် တွေးတွေးဆဆ လှုပ်ရှားရသည်ဟု ပြောခဲ့ပြီး မကြာမီမှာပင် နောက်မှလိုက်ချလာသည်။

တစ်ခုခု သိသွားလို့များလား.....

သွေးနီရောင် တိမ်တိုက်များမှာ ၎င်းတို့နှင့် နီးကပ်နေပြီပင်။

“ဆယ့်စက္ကန့် အချိန်ပေးမယ်။ ခုခံရင် သတ်ပစ်မယ်။”

စကားသံတစ်ခု ပေါ်ထွက်လာသည်။

ဝုန်း......

သွေးနီရောင် တိမ်တိုက်များ ကောင်းကင်တခွင် ပျံ့နှံ့သွားပြီးနောက် သွေးနံ့များနှင့်အတူ ဧကရာဇ်တစ်ပါး လျင်မြန်စွာ ဦးတည်လာသည်။

စုရှောင်လန် နှလုံးခုန်သံများ မြန်လာရသည်။

“ဟင်းလင်းပြင်သို့အပြန်အဆင့်တွေကို သတ်ပြီးတာတောင် ပြေးချင်နေသေးတာလား။ သွေးမျိုးနွယ်စုက သာလေရာဇရပ် မဟုတ်ဘူး။”

စူးရှရှ စကားသံကိုပါ ကြားလိုက်ရသည်။

ဧကရာဇ်ရိတန်းနောက်သို့ ပုံရိပ်သုံးခု ရောက်ရှိလာသည်။

နှစ်ဦးသည် အဖြူရောင်ဝတ်စုံနှင့်ဖြစ်ကာ ကျန်တစ်ဦးမှာ အစိမ်းရောင် ဝတ်ရုံရှည်အား ဆင်မြန်းထားသည်။

အန်လင်းတို့နှင့် ကတ်စီဒီတို့မှာ အချင်းချင်း အာရုံခံမိသွားကြသည်။

ကြောက်ရွံ့နေခဲ့သော အန်လင်းတို့မှာ ကြောင်တောင်တောင် ဖြစ်သွားသည်။

တစ်ခုခု မှားနေတာလား.....

ကတ်စီဒီလည်း နားမလည်နိုင် ဖြစ်သွားသည်။

မြင့်မြတ်ခေါင်းဆောင်ရဲ့ အစီအစဥ်ကို ဖျက်သွားတာက မြင့်မြတ်ခေါင်းဆောင်ကိုယ်တိုင်ပါလား......

အန်လင်းမှာလည်း အီလည်လည်ကြီး ခံစားနေရသည်။

ငါ့နောက်လိုက်နေတာ ငါ့အစေခံတွေပါလားဟ....

“အရိုးမိစ္ဆာဂိုဏ်းကို ဖျက်စီးသွားတာ မင်းတို့လား။”

ဧကရာဇ်ရိတန်း ခက်ထန်စွာ မေးလာသည်။

သူသည် ကီလိုမီတာ ငါးဆယ်ကိုပါ ချိပ်ပိတ်ပစ်လိုက်သည်။

တာအိုပေါင်းစည်းခြင်းအဆင့်၏ ပိတ်လှောင်ခြင်း ဖြစ်သောကြောင့် အန်လင်းတို့ မလွတ်မြောက်နိုင်ပေ။

အန်လင်း အလောတကြီး ပြောလိုက်သည်။

“ဘာတွေလဲ။ ကျုပ်က သာမန် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပါ။”

“ဟုတ်ပါတယ်။ ကျွန်မတို့က လေ့လာဆန်းစစ်သူတွေပါ။”

စုရှောင်လန်လည်း အန်လင်းနှင့်အတူ ပြဇာတ်ကလိုက်သည်။

၎င်းတို့အနေဖြင့် ကောင်းကင်ဘုံခုံရုံးမှ ဖေဖေကြီး စစ်ကူများမလာခင် အချိန်ဆွဲရမည်ပင်။

ဧကရာဇ်ရိတန်း မျက်မှောင်ကျုံ့လိုက်သည်။

၎င်းတို့သည် အမှန်တကယ်ပင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်နေသည်။

ဟင်းလင်းပြင်သို့အပြန် အဆင့်များအား သတ်ဖြတ်ခဲ့သည်မှာ မယုံကြည်နိုင်စရာ ဖြစ်နေလေသည်။

ငါလူမှားတာလား......

မဖြစ်နိုင်ဘူး.....

သားတော်ကလည်း စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် လက်ထဲမှာပဲ သေခဲ့ရတာ......

ဒင်းတို့တွေပဲ ဖြစ်ရမယ်......

“အန်လင်း..... မင်းပဲကိုး....”

ဧကရာဇ်ရိတန်း စူးစိုက်ကြည့်ရှုလာသည်။

အန်လင်း : “.....”

All Chapters