← Chapters

ဆန်းကြယ်သောကံကြမ္မာ

Vol. 79 Ch. 1101

ဆန်းကြယ်သောကံကြမ္မာ

Vol. 79 Ch. 1101

ဧကရာဇ်ရိတန်းမှာ အန်လင်းအား သိသွားပြီပင်။

ဟင်းလင်းပြင်သို့အပြန် အဆင့်များအား သမနိုင်သူမှာ စုကျိုးအင်မော်တယ်ဂိုဏ်းချုပ် အန်လင်းသာ ရှိသည်။

ပြင်းထန်လှသော အရှိန်အဝါများကြောင့် လေထုသည်ပင် တုန်ယင်လာသည်။

ဧကရာဇ်ရိတန်းမှာ အချိန်မရွေး တိုက်ခိုက်တော့မည်ဖြစ်ကြောင်း သိသာလှသည်။

ဧကရာဇ်ရိတန်း မှားယွင်းစွပ်စွဲခြင်း ဖြစ်နိုင်ပါသော်လည်း ၎င်းတို့အား မည်သို့မျှ အလွတ်မခံနိုင်ပေ။

ထိုအချိန်တွင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

“ဒါဆိုမင်းက အန်လင်းပဲ။ ငါ့ညီအစ်ကို ဆင်ပစွန်ကို သတ်သွားတာ ပြန်ကိုပေးဆပ်ရမယ်။”

တိုဘိယ ဟစ်ကြွေးကာ ပြေးဝင်လာသည်။

သူသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်သို့ ရောက်ရှိပြီးနောက် မတော်တဆ ရရှိခဲ့သော သွေးမျိုးနွယ်စုခေါင်းဆောင်၏ ရတနာ နတ်ကောင်းကင်ချိပ်စည်းအား အသက်သွင်းလိုက်သည်။ ထိုရတနာသည် ပြင်ပလောကနှင့် စည်းခြားပေးသော ကျောက်စိမ်းတစ်ခုပင်။

“မိစ္ဆာသတ်အာကာပြင်....”

တိုဘိယ လှုပ်ရှားလိုက်သည်နှင့် သွေးနီရောင် ကျောက်စိမ်းထံမှ သွေးမျိုးနွယ်စုခေါင်းဆောင် အရှိန်အဝါများ ဖြာထွက်လာသည်။

ကတ်စီဒီသည်လည်း ဓားကိုင်ကာ ပြေးဝင်လာသည်။

“အလိုင်ဇာအတွက် လက်စားချေပစ်မယ်။”

ဝုန်း.....

ကြောက်မက်ဖွယ် သွေးနီရောင် အလင်းသည် တိုဘိယ၊ ကတ်စီဒီ၊ အန်လင်းနှင့် စုရှောင်လန်အား လွှမ်းခြုံသွားသည်။

“မိစ္ဆာသတ်အာကာပြင်ထဲမှာ ငါ့ကိုနိုင်တဲ့သူ မရှိဘူး။”

တိုဘိယ အော်ဟစ်လိုက်သည်။

ထို့နောက်.....

၎င်းတို့လေးဦးလုံး ကျောက်စိမ်းထဲသို့ စုပ်ယူခံလိုက်ရသည်။

ဧကရာဇ်ရိတန်း ကြောင်တောင်တောင် ဖြစ်နေလေသည်။

“ရူးနေတာလားဟ..... ငါတစ်ချက်ရိုက်ရုံနဲ့ သေမယ့်ဟာကို....”

မည်သို့ပင်ဆိုစေကာမူ အလိုင်ဇာနှင့် ဆင်ပစွန်သည် မြင့်မြတ်သောတမာန်တော်များနှင့် အမှန်တကယ် ရင်းနှီးခဲ့ကြသည်။

ထို့ကြောင့် ၎င်းတို့ လက်စားချေလိုခြင်းသည်လည်း အပြစ်မဆိုသာပေ။

“အရူးတွေ...”

တိုဘိယမှလွဲ၍ ကျောက်စိမ်းပြားအား ထိန်းချုပ်နိုင်သူ မရှိသောကြောင့် ဧကရာဇ်ရိတန်းသည်လည်း အထဲသို့ လိုက်မဝင်နိုင်ပေ။

ဧကရာဇ်ရိတန်းနှင့် ဖုန်းဝေယန့်မှာ ကြောင်တောင်တောင်နှင့် ကျန်ခဲ့ကြရတော့သည်။

......

ထိုအချိန်၌

မိစ္ဆာသတ်အာကာပြင်ထဲတွင် မရဏနယ်မြေအလား သွေးပင်လယ်ကြီးမှ နေရာယူထားသည်။

မိစ္ဆာအငွေ့အသက်များမှာလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြည့်နှက်နေသည်။

တိုဘိယနှင့် ကတ်စီဒီမှာ ပျော်ပျော်ရွှင်ရွှင်ပင် အန်လင်းအား ခြေထောက်နှိပ်ပေးနေကြသည်။

“မင်းတို့လုပ်တာ ကောင်းပေမယ့် ဒီလောက်နဲ့တော့ ရမယ်မထင်နဲ့။”

အန်လင်း အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့လုပ်ခဲ့တာကို ရှင်းပြသင့်တယ်မလား။”

တိုဘိယမှာ ကတ်စီဒီအား ကြည့်ရှုလိုက်သည်။

“အာ....”

ကတ်စီဒီ ကသိကအောက် ဖြစ်သွားရသည်။

“မြင့်မြတ်ခေါင်းဆောင်အတွက် လျှို့ဝှက်စုဆောင်းထားတဲ့သူတွေ ရုတ်တရတ် သတ်ခံလိုက်ရတော့ ဒေါသထွက်သွားတာပါ။”

သူမ ရှင်းပြလာသည်။

“လက်စားချေဖို့ အကြံပေးတာ ကျွန်တော်ပါ။”

တိုဘိယ ဝင်ရောက်ပြောဆိုလိုက်သည်။

ကတ်စီဒီ နှုတ်ခမ်းအားကိုက်ကာ ပြောလိုက်သည်။

“မဟာနက္ခတ်ပညာရှင် ဖုန်းဝေယန့်နဲ့ ဧကရာဇ်ရိတန်းကို သတင်းပေးတာ ကျွန်မပါ။”

အန်လင်း : “.....”

အန်လင်းမှာ အစေခံများ၏ သစ္စာစောင့်သိမှုကြောင့် ရင်ထဲထိသွားမိသည်။

“နင်တို့က အန်လင်းအတွက် လက်စားချေဖို့ အန်လင်းနောက် လိုက်ခဲ့ကြတာလား။”

စုရှောင်လန် အံ့အားသင့်သွားသည်။

ကတ်စီဒီတို့ လေးလေးစားစား ခေါင်းညိတ်ပြလာသည်။

အန်လင်း စကားဆိုလာသည်။

“တကယ်သောက်ကျိုးနည်းပဲ။”

သူသည် တပည့်၊ သားရဲများအပြင် အစေခံများကြောင့်ပါ သောက်ကျိုးနည်းနေရသည်။

၎င်းတို့သည် ရည်ရွယ်ချက်ရှိရှိပင် တာအိုပေါင်းစည်းခြင်း အဆင့်အား ပင့်လာခဲ့သေးသည်။

ကတ်စီဒီ ရှက်ရွံ့နေသည်။

“ကံကြမ္မာက ဆန်းသားနော်။ ဒီလိုအခြေအနေမှာ လာတွေ့ရတယ်လို့။”

အန်လင်း မကျေမနပ် ဖြစ်သွားသည်။

“ယီးကို ကံကြမ္မာက ဆန်းကြယ်ရမှာလား။ အဲ့ဒါ မေယိုးကံကြမ္မာကွ။ ငါတို့ ငါးပါးမှောက်တော့မှာ။”

“မြင့်မြတ်ခေါင်းဆောင်ကို အသက်နဲ့ရင်းပြီး ကာကွယ်မှာပါ။”

ကတ်စီဒီ ရင်ဘတ်အားပုတ်ကာ ပြောလိုက်သည်။

“ကျွန်တော်သာ ခွင့်မပြုရင် ဒီထဲကို ဧကရာဇ်ရိတန်းတောင် ဝင်လို့မရပါဘူး။”

တိုဘိယ ရှင်းပြလာသည်။

“အချိန်ဘယ်လောက်ရလဲ။”

“နှစ်ဆယ်မိနစ်ပါ။”

အန်လင်း သက်ပြင်းချလိုက်သည်။

“အဲ့လောက်ဆိုရင် ကောင်းကင်ဘုံခုံရုံးက စစ်ကူရောက်လောက်ပါပြီ။”

“အမ်.... ဒီကျောင်စိမ်းက ထူးခြားတယ်နော်။”

တိုဘိယ မဝံ့မရဲ ပြောပြလာသည်။

“ကောင်းကင်ဘုံခုံရုံးက ကောင်းကင်အရှင်သခင်တောင် မြင့်မြတ်ခေါင်းဆောင်ကို အာရုံခံနိုင်မှာ မဟုတ်ဘူး။”

အန်လင်း : “.....”

အန်လင်းမှာ ထပ်ဆင့်သောက်ကျိုးနည်းသွားသလို ခံစားလိုက်ရသည်။

“စိတ်ပူစရာ မလိုပါဘူး။”

တိုဘိယ စကားဆက်လိုက်သည်။

“ကောင်းကင်ဘုံခုံရုံးက ဧကရာဇ်တွေက မြင့်မြတ်ခေါင်းဆောင် နောက်ဆုံးရှိခဲ့တဲ့ နေရာကိုတော့ အာရုံခံမိကြမှာပါ။”

စုရှောင်လန် ကူကယ်ရာမဲ့စွာ ပြောလာသည်။

“အဲ့ကျောက်စိမ်းကို တခြားသူရော ရွှေ့လို့ရလား။”

“ပုံမှန်ဆိုရင်တော့ မရဘူး။”

တိုဘိယ ဖြေကြားလိုက်သည်။

“အံ့ဖွယ်တာအို ရှိတဲ့သူတွေက ဖိအားပေးပြီး ရွှေ့နိုင်ပေမယ့် သိုလှောင်လက်စွပ်ထဲ ထည့်မရဘူး။”

စုရှောင်လန် : “......”

အန်လင်း : “......”

“အဲ့ဒါဆို ငါတို့ကံကြမ္မာက ဧကရာဇ်ရိတန်း လက်ထဲရောက်နေပြီပေါ့။”

“သူ့မှာ ဦးနှောက်ရှိရင် သေချာပေါက် နေရာပြောင်းမှာပဲ။”

အန်လင်း မျက်နှာပျက်သွားသည်။

“အင်းပေါ့။”

တိုဘိယ စကားဆိုလိုက်သည်။

အားလုံး တိတ်ဆိတ်သွားသည်။

၎င်းတို့သည် ဧကရာဇ်ရိတန်း၏ ဉာဏ်ရည်အပေါ် အလောင်းအစား လုပ်နေရသောကြောင့် မျှော်လင့်ချက်ရှိရန်ပင် မသေချာပေ။

“ရှောင်လန် ကိုယ်မင်းကိုချစ်တယ်။”

“အန်လင်း ငါလည်းနင့်ကိုချစ်တယ်။”

အန်လင်းနှင့် စုရှောင်လန်မှာ လေးလေးနက်နက် ဖက်တွယ်လိုက်ကြသည်။

ကတ်စီဒီနှင့် တိုဘိယလည်း ရင်ထဲထိသွားရသည်။

“မြင့်မြတ်ခေါင်းဆောင်ကို ချစ်တယ်။”

ကတ်စီဒီ အော်ဟစ်လိုက်သည်။

“ကျွန်တော်ရောပဲ။”

တိုဘိယ မျက်ရည်ဝဲနေသည်။

“လစ်စမ်းပါ။”

အန်လင်းမှာ ၎င်းတို့အား ဟောက်ပစ်လိုက်တော့သည်။

All Chapters