← Chapters

ဒီလိုလူလည်းရှိသေးတာပဲ

Vol. 79 Ch. 1102

ဒီလိုလူလည်းရှိသေးတာပဲ

Vol. 79 Ch. 1102

မိစ္ဆာသတ်အာကာပြင် အပြင်၌....

သွေးနီရောင် ကျောက်စိမ်းမှာ ဖြည်းညင်းစွာ လည်ပတ်နေသည်။

အန်လင်းတို့ ဝင်သွားသည်မှာ ဆယ်မိနစ်ခန့် ရှိနေလေပြီ။

မဟာနက္ခတ်ပညာရှင် ဖုန်းဝေယန့်မှာ စိတ်မရှည်တော့ပေ။

“ဧကရာဇ်ရိတန်း ကျွန်တော်တို့ ကျောက်စိမ်းကို နေရာရွှေ့ထားကြမလား။”

ဧကရာဇ်ရိတန်း နှာခေါင်းရှုံ့လိုက်သည်။

“ငါရောမတွေးမိဘူး ထင်လို့လား။ ကတ်စီဒီနဲ့ တိုဘိယကို ဒင်းတို့က တိုက်နိုင်မှာတဲ့လား။”

သူလှံအားထုတ်ကာ ပြုံးလိုက်သည်။

“ငါအခု ဒီမှာနေနေတာ လူစောင့်နေတာပဲ။”

“သားတော်လေဒင် ဆုံးသွားတည်းက ငါပြင်ထားခဲ့တာတွေ ရှိတယ်။”

၎င်း၏မျက်ဝန်းများမှာ ခက်ထန်နေသည်။

“ဧကရာဇ်ထျန်းဟောက် မင်းလာရဲရင်လာကြည့်လိုက်။ အသေမသတ်နိုင်တောင် ဒုက္ခပေးပစ်မယ်။”

လေဒင်၏ သေဆုံးမှုမှာ အန်လင်းနှင့် ပက်သတ်နေပါသော်လည်း သူ၏အမြင်တွင် အဓိက တရားခံမှာ ဧကရာဇ်ထျန်းဟောက်ပင် ဖြစ်သည်။ ၎င်းတို့ကြောင့် သူသည် သားတော်အား သတ်သွားသူကို အတည်မပြုနိုင်ခဲ့သည့်အပြင် လက်စားချေခွင့်လည်း မရခဲ့ပေ။

ဧကရာဇ်ရိတန်းမှာ ထိုကိစ္စအား မည်သို့မှ မမေ့နိုင်သေးပေ။

“ရောက်လာပြီပဲ။”

သူတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

ကောင်းကင်ထက်တွင် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာကာ ပုံရိပ်တစ်ခု လျှောက်လှမ်းထွက်ဘာသည်။

“ဧကရာဇ်ထျန်းဟောက်လည်း မဟုတ်ပါလား။”

ဧကရာဇ်ရိတန်း အမူအရာ ပြောင်းလဲသွားသည်။

“ဒင်းထက်တောင်မှ အရှိန်အဝါ ကောင်းနေသေးတယ်။”

ဒုန်း.....

အသံလှိုင်းနှင့်အတူ အနီရောင်တိမ်တိုက်များ လွင့်စင်သွားရသည်။

မဟာနက္ခတ်ပညာရှင် ဖုန်းဝေယန့်မှာ ထိတ်လန့်နေလေပြီ။

“ကောင်းကင်အရှင်သခင်ပဲ။”

ဧကရာဇ်ရိတန်း မျက်လုံးပြူးသွားသည်။

“ဟားဟား...... မတွေ့တာ ကြာပြီနော်။”

ကောင်းကင်အရှင်သခင် ရယ်မောကာ ဟိုဟိုသည်သည် ကြည့်ရှုလိုက်သည်။

ဧကရာဇ်ရိတန်း ဒေါသထွက်သွားသည်။

ဘာလို့ဒင်းဖြစ်နေရတာလဲ......

အနက်ရောင်စိမ့်တောကို တာဝန်ယူထားတာ ဧကရာဇ်ထျန်းဟောက် မဟုတ်ဘူးလား......

ဧကရာဇ်ရိတန်း စိတ်ကိုထိန်းကာ ပြုံးလိုက်သည်။

“ကောင်းကင်အရှင်သခင်က ဘာလို့ရောက်လာရတာလဲ။”

ဧကရာဇ်ထျန်းဟောက်ကို စောင့်နေတာ ကောင်းကင်အရှင်သခင် ရောက်ချလာတယ်.... ငါပဲကံဆိုးနေတာများလား......

“လေကောင်းလေသန့် လာရှူတာလေ။”

ကောင်းကင်အရှင်သခင် ပြုံးကာပြောလိုက်သည်။

သူသည် ဧကရာဇ်ထျန်းဟောက်အား ကိုယ်တိုင်ကိုယ်ကျ တားခဲ့ရကြောင်း ပြောဖြစ်မည် မဟုတ်ပေ။

နှစ်ကုန်စာမေးပွဲတွင် ပြဿနာအား မီးထွန်းရှာနိုင်သူမှာ အန်လင်းသာ ရှိသည်။

ကောင်းကင်အရှင်သခင်သည် အားလုံး၏ လုံခြုံရေးအတွက် ကိုယ်တိုင်ရောက်လာရခြင်း ဖြစ်သည်။

ဧကရာဇ်ရိတန်း ပြင်ဆင်ခဲ့ရသည်များလည်း အရာမထင် ဖြစ်သွားရသည်။

ကောင်းကင်အရှင်သခင်သည် သူလက်စားချေလိုသူ မဟုတ်သည့်အပြင် လျှို့ဝှက်လက်နက်သည်လည်း ၎င်းအပေါ် ထိုမျှသက်ရောက်မည် မဟုတ်ပေ။

“ဘာလို့စိတ်ပျက်နေတာလဲ။ ခင်ဗျား တိုက်ချင်ရင် လက်ရည်စမ်းကြမယ်လေ။”

ကောင်းကင်အရှင်သခင် စကားဆိုလာသည်။

ဧကရာဇ်ရိတန်း မျက်နှာပျက်သွားသည်။

“မလိုပါဘူး။ ကျုပ်က လူစောင့်နေတာ။”

ကောင်းကင်အရှင်သခင်မှာ ကျောက်စိမ်းအား ညွှန်ပြလိုက်သည်။

“သူတို့က အဲ့ထဲမှာလား။”

ဧကရာဇ်ရိတန်း ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ မြင့်မြတ်သောတမာန်တော် နှစ်ပါးနဲ့ ခင်ဗျားတို့ဆီက ပါရမီရှင်နှစ်ယောက်လေ။ ရလဒ်ကို သိချင်နေပြီ။”

မြင့်မြတ်သောတမာန်တော်များသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ဖြစ်သည့်အပြင် မိစ္ဆာသတ်အာကာပြင် အကူအညီကြောင့် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးအား ရှုံးနိမ့်စရာ မရှိပေ။

ကောင်းကင်အရှင်သခင်သည်လည်း ထိုထဲသို့ မဝင်နိုင်သောကြောင့် အလောင်းနှစ်လောင်းကိုသာ ပြန်ရပေလိမ့်မည်။

တစ်ဖက်တွင်မူ ကောင်းကင်အရှင်သခင်မှာ စိတ်အေးနေသည်။ တာအိုပေါင်းစည်းခြင်း အဆင့်သာ မဟုတ်ပါက အန်လင်း မနိုင်နိုင်သူ မရှိပေ။

မကြာမီပင် ကျောက်စိမ်းမှာ တုန်ခါလာသည်။

ဝုန်း.....

အနီရောင် အလင်းများလည်း ဖြာထွက်လာသည်။

ဧကရာဇ်ရိတန်းမှာ ယုံကြည်ချက်ရှိစွာ ပြုံးနေလေသည်။

ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်လာပြီးနောက် ကောင်းကင်အရှင်သခင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

မြင့်မြတ်သောတမာန်တော် နှစ်ပါးမှာ စုတ်ပြတ်သတ်လို့နေသည်။

၎င်းတို့သည် ဒဏ်ရာဒဏ်ချက်များ ပြည့်နေသည့်အပြင် သံကြိုးများပါ ချည်ခံထားရသည်။

ထိုသည်မှာ အန်လင်း ရရှိထားသော အင်မော်တယ် ရတနာ ဖြစ်သည်။ သွေးနှင့် အံ့ဖွယ်အာရုံအားသုံးကာ အသက်သွင်းရပြီး ချိန်းကြိုးပေါ်မှ အန်လင်း၏ သွေးများအား ကတ်စီဒီနှင့် တိုဘိယတို့ ပြောင်စင်အောင် ယက်ထားသည်ပင်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

ဧကရာဇ်ရိတန်း မယုံကြည်နိုင်ပေ။

သူယုံကြည်ထားခဲ့သော မြင့်မြတ်သောတမာန်တော် နှစ်ပါးမှာ ဓားစာခံ ဖြစ်နေရသည်။

“အန်လင်းက အစွမ်းထက်လွန်းတယ်။ အစွမ်းတွေ ခဏပျောက်စေနိုင်တဲ့ လျှို့ဝှက်ကျင့်စဥ်တောင် ရှိနေတယ်။”

တိုဘိယ ရှင်းပြလာသည်။

ဧကရာဇ်ရိတန်း ငြိမ်သက်သွားသည်။

အဲ့ဒါဆို ဒင်းကိုရှင်းဖို့လည်း သီးသန့်ပြင်ရမှာပေါ့.....

ဒါကိုမှတ်ထားမှရမယ်.....

“ဟားဟား..... ငါ့ကျောင်းသားတွေ တော်တယ်ကွာ။”

ကောင်းကင်အရှင်သခင် ရယ်မောလိုက်သည်။

အန်လင်းတို့ စိတ်သက်သာရာ ရသွားရသည်။

ဖေဖေကြီး ရောက်နေပြီပဲ......

ကတ်စီဒီတို့အား ဓားစာခံလုပ်သော ပြဇာတ်မှာ အန္တရာယ် များလှသည်။

ကောင်းကင်ဘုံခုံရုံး၏ ဖေဖေကြီးမှာ လုံခြုံမှု အရှိဆုံးပင်။

ထို့နောက် အန်လင်းတို့မှာ ဧကရာဇ်ရိတန်းအား ကြည့်လိုက်မိကြသည်။

အော်.... အဲ့လောက်တုံးတဲ့သူလည်း ရှိသေးတာပဲ....

All Chapters