← Chapters

တောင်ပံနက်မျိုးနွယ်စု၏ဆုံးဖြတ်ချက်

Vol. 79 Ch. 1105

တောင်ပံနက်မျိုးနွယ်စု၏ဆုံးဖြတ်ချက်

Vol. 79 Ch. 1105

လစန္ဒာအကြီးအကဲ၏ စကားမှာ တောင်ပံနက်ဧကရာဇ်ခေါင်းထဲ ပဲ့တင်ထပ်သွားသည်။

သူသည် သတင်းကောင်း ကြားရတော့မည်ဟု ထင်ထားခဲ့ပါသော်လည်း သွေးအန်ချင်သွားရသည်။

“ဘာဖြစ်လို့ လက်လျှော့ချင်ရတာလဲ။”

တောင်ပံနက်ဧကရာဇ် မေးမြန်းလိုက်သည်။

လစန္ဒာအကြီးအကဲမှာ သတင်းအချက်အလက် အချို့အား လှမ်းပေးလိုက်သည်။

“ကျွန်မ မသေချင်သေးဘူး။”

တောင်ပံနက်ဧကရာဇ် : “.......”

သူသည် စာလွှာအားဖတ်ကာ ပိုမိုစိတ်ဓာတ်ကျသွားရသည်။

ထိုစာလွှာတွင် လစန္ဒာအကြီးအကဲ၏ သုံးသပ်ချက်လည်း ပါဝင်သည်။

“အန်လင်းအား ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်များနှင့်ပင် နှိုင်းယှဥ်နိုင်သည်။”

“၎င်းအားသတ်ရန်အတွက် ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့်နှစ်ဦး လိုအပ်ပြီး တစ်ဦးသည် အမြှောက်စာအဖြစ် နေပေးရပေလိမ့်မည်။”

တောင်ပံနက်ဧကရာဇ်မှာ အထွန့်တက်စရာ မရှိတော့ပေ။

“လေးနှစ်ပဲ ရှိသေးတာကို.....”

သူမကျေမနပ် ဖြစ်နေမိသည်။

“ငါသူ့ကိုလည်း အထင်မသေးခဲ့ဘူး။ အစတည်းက ဟင်းလင်းပြင်သို့အပြန်အဆင့် အကြီးအကဲ လွှတ်ထားတာတောင် ဘာလို့ဒီလိုဖြစ်ရတာလဲ။”

တောင်ပံနက်ဧကရာဇ်မှာ ငိုချင်ရက်လက်တို့ ဖြစ်နေရသည်။

လစန္ဒာအကြီးအကဲ နှစ်သိမ့်ပေးလိုက်သည်။

“အန်လင်းကိုက ပုံမှန်မဟုတ်တာပါ။ သူ့ဆီမှာ ဝှက်ဖဲတွေလည်း အများကြီးပဲ။”

“ဘာပဲဖြစ်ဖြစ် တာဝန်မထမ်းဆောင်နိုင်တဲ့အတွက် ပြစ်ဒဏ်ခံယူဖို့ ဆန္ဒရှိပါတယ်။”

လစန္ဒာအကြီးအကဲသည် အနေအေးကာ တည်ငြိမ်ပါသော်လည်း ဆုံးဖြတ်ချက် ပြတ်သားလွန်းသူ ဖြစ်သည်။

တောင်ပံနက်ဧကရာဇ် ရင်ခံနေမိသည်။

လစန္ဒာအကြီးအကဲအား မိစ္ဆာရှင်းဓား ယူဆောင်လာရန် မျှော်လင့်ထားပါသော်လည်း အသက်အန္တရာယ် စိုးရိမ်သောကြောင့် တာဝန်အား လက်လျှော့သွားခဲ့သည်။

ထိုသို့ပူပန်ရသည်အထိလည်း အန်လင်းမှာ ဆရာကျနေသည်။

သောက်ကျိုးနည်း......

ဘာတွေဖြစ်ကုန်တာလဲ......

တောင်ပံနက်ဧကရာဇ်မှာ မြွေနက်ဝိဥာဥ်သာမက အန်လင်း၏ အနိုင်ကျင့်မှုပါ ခံနေရသလို ခံစားလိုက်ရသည်။

“အကြီးအကဲတွေအားလုံး ဆင့်ခေါ်လိုက်။”

တောင်ပံနက်ဧကရာဇ် အော်ဟစ်လိုက်သည်။

နန်းတော်နံရံတွင် ထွင်းထုထားသော သင်္ကေတ ဆယ့်တစ်ခု တောက်ပလာသည်။

တောင်ပံနက်မျိုးနွယ်စုတွင် အံ့ဖွယ်တာအို အစွမ်းရရှိထားသော ဟင်းလင်းပြင်သို့အပြန်အဆင့် အကြီးအကဲ ဆယ့်တစ်ပါး ရှိပေသည်။

အကြီးအကဲများအားလုံး လျင်မြန်စွာ ရောက်ရှိလာကြသည်။

လစန္ဒာအကြီးအကဲသည် အကြီးအကဲများကြားတွင် အဆင့်နှစ် သို့မဟုတ် အဆင့်သုံးမျှရှိသည်။

တောင်ပံနက်ဧကရာဇ်သည် သတင်းအချက်အလက်များအား အကြီးအကဲများထံ ပေးလိုက်သည်။

အကြီးအကဲများမှာလည်း အခြေအနေကို နားလည်ကာ မျက်နှာပျက်ကုန်သည်။

“လစန္ဒာအကြီးအကဲက တာဝန်ကို လက်လျှော့တော့မှာဆိုတော့ ဘယ်သူတာဝန်ယူချင်လဲ။”

တောင်ပံနက်ဧကရာဇ် မေးမြန်းလိုက်သည်။

အကြီးအကဲများအားလုံး မျက်လုံးပြူးကုန်သည်။

လစန္ဒာအကြီးအကဲသည် တာဝန်ဟူသမျှ အောင်မြင်ခဲ့သည်ချည်းသာ ဖြစ်သည်။

တာဝန်အား ပထမဦးစွာ ထမ်းဆောင်ခဲ့ရသော ကြယ်တွေစုံတဲ့ည အကြီးအကဲမှာ ဝမ်းမြောက်ဝမ်းသာ အားပေးလိုက်သည်။

သူသည် တာဝန်အား လက်လျှော့ခဲ့သောကြောင့် အမှောင်ထု နှလုံးသားအား နှစ်တစ်ရာတိုင်တိုင် စွမ်းအင်ပေးရမည် ဖြစ်ပါသော်လည်း အနည်းငယ်မျှ နောင်တမရခဲ့ပေ။

အခြားသော အကြီးအကဲများမှာလည်း အသက်ကို တန်ဖိုးထားကြသည်ပင်။

“ဧကရာဇ်.... ဒီသတင်းအချက်အလက်တွေအရဆို ဒါကိုယ့်ကိုယ်ကို သတ်သေနေသလိုပဲ။”

“ဟုတ်တယ်။ ဘယ်ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်ကမှ အမြှောက်စာအဖြစ် နေပေးနိုင်မှာ မဟုတ်ဘူး။”

“ဧကရာဇ်က ကျွန်တော်တို့ကို အသက်စွန့်ခိုင်းနေတာလား။”

“ဧကရာဇ်က ရက်စက်လိုက်တာ။”

တောင်ပံနက်ဧကရာဇ် : “.....”

“ကိုယ့်အသက်ကိုယ် တန်ဖိုးထားရမယ် ပြောခဲ့တာ ဧကရာဇ်ကိုယ်တိုင်ပဲလေ။”

အကြီးအကဲများအားလုံး တညီတညွတ်တည်း ငြင်းဆန်နေကြသည်။

“ဒီတာဝန်က အန္တရာယ် များလွန်းတယ်။ ကျွန်တော်တို့ မထမ်းဆောင်နိုင်ပါဘူး။”

တောင်ပံနက်ဧကရာဇ် ရူးချင်နေလေပြီ။

“ဘယ်သူက သေခိုင်းနေလို့လဲ။ တခြားနည်းလမ်းလေးဘာလေး တွေးကြပါဦးလား။”

ထိုသို့ဖြင့် အကြိတ်အနယ် ဆွေးနွေးကြပါသော်လည်း လစန္ဒာအကြီးအကဲ၏ သတင်းအချက်အလက်များမှာ ငြင်းဆန်စရာ မရှိပေ။

တောင်ပံနက်ဧကရာဇ် : “.....”

လစန္ဒာအကြီးအကဲ စကားဆိုလာသည်။

“ကျွန်မ အကြံပေးစရာ ရှိပါတယ်။”

တောင်ပံနက်ဧကရာဇ် ဝမ်းသာသွားရသည်။

“ပြောကြည့်လေ။”

“အန်လင်းရဲ့ ကြောက်စရာကောင်းတဲ့ အစွမ်းက သေရေးရှင်ရေး အခြေအနေမှာမှ ထွက်လာတာပါ။ သူ့ကို အဲ့လောက်ထိ ဖိအားမပေးရင် ကျွန်မတို့ လုံခြုံနိုင်တယ်။”

တောင်ပံနက်ဧကရာဇ် အမူအရာ ပြောင်းလဲသွားသည်။

“မင်းပြောချင်တာက....”

“ဓားကိုယူပြီး လူကိုချမ်းသာပေးလိုက်ပါ။”

လစန္ဒာအကြီးအကဲ အကြံပေးလိုက်သည်။

“ဒါက....”

တောင်ပံနက်ဧကရာဇ် မျက်မှောင်ကျုံ့လိုက်သည်။

“မဟူရာညအကြီးအကဲအတွက် လက်စားမချေတော့ဘူးလား။”

လစန္ဒာအကြီးအကဲ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဘယ်ဟာက ပိုအရေးကြီးလဲ ဆုံးဖြတ်ပေးပါ။ ဓားပဲယူရမယ်ဆိုရင် ဒီတာဝန်ကို ပြန်ထမ်းဆောင်ပေးပါ့မယ်။”

တောင်ပံနက်ဧကရာဇ် သက်ပြင်းချလိုက်သည်။

“ထားလိုက်ပါလေ။ ဓားပဲယူခဲ့ပါတော့။ တာဝန်အောင်မြင်လာမယ့် ဆုကြေးကတော့ အရင်အတိုင်းပဲ။ မင်းပဲ တာဝန်ယူပေးပါ။”

အကြီးအကဲများအားလုံး လစန္ဒာအကြီးအကဲအား အားကျမနာလို ဖြစ်သွားရသည်။

ဓားသာယူရမည် ဖြစ်သောကြောင့် တာဝန်မှာ အတော်ပင် ဝန်ပေါ့သွားလေပြီ။ ဆုကြေးမှာ အံ့ဖွယ်သစ်သီးတစ်လုံးနှင့် တာအိုဆောင်သောအလင်းတို့ ဖြစ်သည်။

အကြီးအကဲ အချို့မှာ လစန္ဒာအကြီးအကဲအစားပင် တာဝန်ယူချင်လာကြသည်။

“ကျေးဇူးကြီးမားလှပါတယ် ဧကရာဇ်....”

လစန္ဒာအကြီးအကဲမှာ အရိုအသေပေးကာ ထွက်ခွာသွားလေသည်။

တောင်ပံနက်ဧကရာဇ် စကားဆိုလိုက်သည်။

“ညီလာခံပြီးပြီ။”

All Chapters