← Chapters

စုရှောင်လန်၏ မိဘဇာတ်လမ်း

Vol. 79 Ch. 1106

စုရှောင်လန်၏ မိဘဇာတ်လမ်း

Vol. 79 Ch. 1106

လင်းကန်မြို့တော်၌....

အန်လင်းမှာ မြို့နံရံပေါ် လှဲလျောင်းနေသည်။

စုရှောင်လန်သည် အန်လင်းဘေးတွင်ထိုင်ကာ ခန္ဓာကိုယ်ထဲမှ မြင့်မြတ်မီးတောက်အား တိတ်တဆိတ် ထိန်းကျောင်းနေသည်။

“ရှောင်လန် တစ်နေ့ကြရင် ကိုယ်အနက်ရောင်စိမ့်တောကို သိမ်းနိုင်မယ်ထင်လား။”

အန်လင်း ရုတ်တရက် မေးမြန်းလိုက်သည်။

စုရှောင်လန် မျက်ဝန်းများ ပွင့်လာသည်။

ကြယ်ရောင်စုံသော ကောင်းကင်အား ကြည့်ရသည်မှာ ဗာမီလီယမ်ငှက်တစ်ကောင် ပျံသန်းနေသယောင်ပင်။

“အင်း.... သိမ်းနိုင်မှာပါ။”

စုရှောင်လန် စကားဆိုလာသည်။

သူမသည် အန်လင်း၏ အရည်အချင်းအား ဘယ်သောအခါမှ သံသယ မဖြစ်ဖူးပေ။

“နင်ဆုံးဖြတ်ပြီးပြီလား။”

စုရှောင်လန် မေးမြန်းလိုက်သည်။

အန်လင်း သက်ပြင်းချလိုက်သည်။

“အင်း.... နောက်ပြန်ဆုတ်ဖို့ မဖြစ်နိုင်ဘူး။”

သူသည် အလောင်းအစားလုပ်ရန် ဆုံးဖြတ်ထားသည်။

မိစ္ဆာသတ်အာကာပြင်တွင် ရှိစဥ်က အန်လင်းသည် မြင့်မြတ်သွေးစက် တစ်လီတာအား ကတ်စီဒီတို့ထံ ပေးခဲ့သည်။

ထိုသည်မှာ များပြားလှသော ပမာဏ မဟုတ်ပါသော်လည်း လက်အောက်ငယ်သားများစွာ ရရှိလာနိုင်သည်။

တစ်နှစ်မျှသော အချိန်အတွင်း ကတ်စီဒီတို့မှာ အန်လင်းအတွက် လူရှာပေးကြမည် ဖြစ်သည်။

ထို့နောက် အန်လင်းသည် ၎င်းတို့နှင့် အစေခံစာချုပ် ချုပ်ဆိုမည်ပင်။

အစီအစဥ်သာ အောင်မြင်ခဲ့ပါက အနက်ရောင်စိမ့်တောအား သိမ်းပိုက်ရန် ကြီးကြီးမားမားပင် လုပ်စရာ မလိုလောက်ပေ။

“ကိုယ်က သာမန်ကျင့်ကြံသူပဲ ဖြစ်ချင်တာ။ ပြောရရင် မြင့်မြတ်သွေးစက်နဲ့ ပက်သတ်ပြီး နည်းနည်းတော့ နောင်တရမိတယ်။”

အန်လင်း သက်ပြင်းချလိုက်သည်။

စုရှောင်လန် မျက်စောင်းထိုးလာသည်။

“လူသားမျိုးနွယ်အတွက်လို့ တွေးလိုက်ပေါ့။ နင့်အစေခံတွေ ဖြစ်ကုန်တော့ လူသားမျိုးနွယ်လည်း အန္တရာယ် ကင်းတာပေါ့။”

အန်လင်း စိတ်လှုပ်ရှားသွားသည်။

“ရှောင်လန် မင်းစကားတွေက တန်ဖိုးရှိလိုက်တာ။”

“ဘာကိုလဲ။”

စုရှောင်လန် ကြောင်တောင်တောင် ဖြစ်သွားသည်။

“လူသားမျိုးနွယ်အတွက် ဟန်ရေးပြသင့်တယ်မလား။”

အန်လင်း ပြုံးကာပြောလိုက်သည်။

ထိုသည်မှာ ကောင်းကင်အရှင်သခင်ထံမှ ရရှိခဲ့သော သင်ခန်းစာဖြစ်ကာ ရှောင်လန်မှာ ကျွမ်းကျင်အဆင့် ဖြစ်နေလေပြီ။

စုရှောင်လန် : “......”

အန်လင်းသည် အနက်ရောင်စိမ့်တောအားသိမ်းရန် ရေရာသော ရည်ရွယ်ချက် မရှိခဲ့ပါသော်လည်း ယခုတွင်မူ လူသားမျိုးနွယ် ငြိမ်းချမ်းရေးအတွက်ဟူသော အကြောင်းပြချက်ကြီး ရှိသွားခဲ့ပြီပင်။

အန်လင်း ကြယ်များအား ငေးကြည့်လိုက်သည်။

“ပေါက်စီရောင်းတဲ့ ဘဝက ပျော်စရာကောင်းပေမယ့် လူသားမျိုးနွယ်အတွက် ကြီးကျယ်ခမ်းနားတာတွေ လုပ်ရဦးမှာပဲ။”

စုရှောင်လန် ကိုယ့်နဖူးကိုယ် ရိုက်မိလိုက်သည်။

“ရှောင်လန် အခုရော ကိုယ်တို့မိဘအကြောင်း သိခွင့်ရှိပြီလား။”

အန်လင်း မေးမြန်းလာသည်။

စုရှောင်လန် ရှက်သွေးဖြာသွားရသည်။

“အရှက်မရှိ ပြောမနေနဲ့။ အဲ့ဒါ ငါ့မိဘပါ။ နင်က တာအိုပေါင်းစည်းခြင်း အဆင့်တွေကိုတောင် ဒုက္ခပေးနိုင်နေပြီပဲ။ ပြောပြရမှာပေါ့။ ပြီးရင်သာ ဘာကိုမှ တဇွတ်ထိုး မလုပ်ပါဘူးလို့ ကတိပေး။”

အန်လင်း ကတိပေးလိုက်သည်။

စုရှောင်လန်မှာ သွေးနီရောင် လက်ကောက်လေးအား ပြလိုက်သည်။

“ဒါက ငါ့အမေပစ္စည်းဆိုတာ မှတ်မိတယ်မလား။”

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

“မှတ်မိတာပေါ့။”

စုရှောင်လန်သည် ဗာမီလီယမ်ငှက်ဂိုဏ်းမှ ဗာမီလီယမ်ငှက်လက်ကောက်အား ရယူခဲ့ပြီး သူမ အမေ၏ ပစ္စည်းဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်။

“ငါ့အမေ နာမည်က ကျူးရီရွှမ်းတဲ့။ သူမက အခုလက်ရှိ ဗာလီယမ်ငှက်ဂိုဏ်းချုပ် ကျူးရွှီးဇယ်ရဲ့ ညီမပေါ့။ သူတို့နှစ်ယောက်က ဂိုဏ်းချုပ်ဖြစ်ဖို့ အလားအလာ ရှိခဲ့ကြတာပေါ့။”

စုရှောင်လန် စတင်ပြောပြလိုက်သည်။

အန်လင်းမှာ သိုလှောင်လက်စွပ်ထဲမှ အင်မော်တယ်ဝိုင်အားထုတ်ကာ ငှဲ့ပေးလိုက်သည်။

“အမေရော၊ ဦးလေးရောက ပါရမီကောင်းကြပြီး ဟင်းလင်းပြင်သို့အပြန် အဆင့်ကိုလည်း တူတူနီးပါး ရောက်ခဲ့ကြတာ။ နောက်ကြတော့ ရှေးဟောင်းထိုက်ချူကုန်းမြေထဲသွားဖို့ ကောင်းကင်ဘုံခုံရုံးရဲ့ ဖိတ်ခေါ်မှုကို ခံခဲ့ရတယ်။ အဲ့မှာ အဖေနဲ့အမေ စတွေ့တာပဲ။”

“မမေ့နိုင်စရာ အမှတ်တရ ဖြစ်ခဲ့မှာပေါ့။”

အန်လင်း ဝိုင်သောက်ကာ မေးလာသည်။

စုရှောင်လန် ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေါ့။ နယ်မြေအဆီအနှစ် သလင်းကျောက်တွေအတွက်တိုက်ရင်း အမေက အဖေ့ကို သတ်မလိုတောင် ဖြစ်ခဲ့တာ။”

“ဖူး....”

အန်လင်းမှာ ဝိုင်များထွေးမိမလု ဖြစ်သွားရသည်။

သူ၏စိတ်ထဲ ထင်ထားသည်နှင့် အတော်လေး ကွဲလွဲနေလေသည်။

စုရှောင်လန် အန်လင်းအားကြည့်ကာ ပြုံးလိုက်သည်။

“အမေက နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ယူသွားပေမယ့် အဖေ့အသက်ကိုတော့ ချမ်းသာပေးခဲ့တယ်။”

“နောက်ကြတော့ အမေက နယ်ပယ်တစ်ခုထဲရောက်ပြီး ပြန်မထွက်နိုင် ဖြစ်ခဲ့တယ်လေ။ အဖေက ရတနာတွေသုံးပြီး အမေ့ကို ကယ်ပေးခဲ့တာ။ အဲ့မှာ တစ်ယောက်နဲ့တစ်ယောက် ခင်သွားကြတာ။”

အန်လင်း သက်ပြင်းချမိသည်။

“ဆက်ဆံရေး အများစုက တစ်ဖက်က ကြင်နာမှုနဲ့ စခဲ့တာပါလား။”

ထိုစကားနှင့်အတူ စုရှောင်လန်အား ကြည့်လိုက်သည်။

သူကျောင်းတော်သို့ ရောက်ရှိစဥ်ကလည်း အူတူတူ အတတဖြစ်နေခဲ့ပြီး စုရှောင်လန်မှ ကြင်ကြင်နာနာပင် အစစအရာရာ ကူညီပေးခဲ့သည်။

အန်လင်း အကြည့်ကြောင့် စုရှောင်လန် ရှက်မိသွားရသည်။

“နောက်ကြတော့ ရှေးဟောင်းထိုက်ချူကုန်းမြေထဲမှာ အဖေနဲ့အမေ တူတူသွားလာကြရင်း ခံစားချက်တွေ တိုးလာခဲ့ကြတယ်။”

“တစ်ရက်ကြတော့ ငါ့အဖိုး အော့မန်က အဲ့ဒါကို သိသွားပြီး အဖေ့ကိုပါ သားအဖြစ်က စွန့်လွှတ်ခဲ့တယ်။”

အန်လင်း မကျေမနပ် ဖြစ်သွားသည်။

“ငါတို့အမေက ဒီလောက်တော်ပြီး ဗာမီလီယမ်ငှက် ဂိုဏ်းချုပ်တောင် ဖြစ်လာနိုင်တာကို သူကဘာတွေဖြစ်နေတာလဲ။”

စုရှောင်လန် ရှင်းပြလိုက်သည်။

“ဘာလို့လဲဆိုတော့ နဂါးနဲ့လူသား ပေါင်းစည်းရင် ကလေးရနိုင်ခြေ မရှိတဲ့အပြင် ကလေးကလည်း သွေးမျိုးဆက် ရှုပ်ထွေးမှုကြောင့် အဖက်မတင်နိုင်ခြေများတယ်။”

“ပြီးတော့ အစ်မကြီး ရှန့်ယင်ရဲ့ နဂါးနဲ့ဇာမဏီ တာအိုပေါင်းစည်းခြင်း ကျရှုံးခဲ့တာကလည်း နဂါးမျိုးနွယ်စု တစ်ခုလုံးအတွက် စိတ်ဒဏ်ရာပဲ။ အဲ့ဒါကြောင့် သူတို့က ဗာမီလီယမ်ငှက်ဂိုဏ်းကို မုန်းသွားကြတာ။ ငါ့အဖေက တာအိုပေါင်းစည်းခြင်း အဆင့်ထိ ရောက်လာနိုင်တဲ့သူဆိုတော့ အဖိုးမှ နည်းနည်းမှတောင် အထိခိုက်မခံနိုင်ဘူး။ အဲ့ဒါကြောင့် အဖေနဲ့အမေ ဆက်ဆံရေးကို ခါးခါးသီးသီး ဖြစ်ခဲ့တာ။”

အန်လင်း စကားဆိုလိုက်သည်။

“တကယ်ခက်ခဲတဲ့ အချစ်ပုံပြင်ပဲနော်။”

စုရှောင်လန် ခပ်ဖွဖွ ပြုံးလိုက်သည်။

“အမေက အရှေ့ပင်လယ် နဂါးမင်းပိုင်နက် တစ်ခုလုံးကို သမပြီး အဖေ့ကို ခိုးခဲ့တာလေ။”

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

“ကိုယ်တို့အမေက အဲ့လောက်ကြမ်းတာလား။ အဲ့ဒါကို ကိုယ့်မျက်စိထဲတောင် မြင်ယောင်နေမိပြီ။”

“ခဏလေးနေပါဦး။”

အန်လင်း ရုတ်တရက် အတွေးပေါက်သွားသည်။

“အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က အော့မန်က မင်းအဖိုးလား။”

သူမယုံကြည်နိုင် ဖြစ်နေမိသည်။

“မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ။”

စုရှောင်လန် စကားဆိုလိုက်သည်။

အန်လင်း : “..... “

“မင်းအဖိုးကို ကိုယ်သတ်မိတော့မလို့လေ။”

အန်လင်း ရေရွတ်လိုက်သည်။

စုရှောင်လန် : “.....”

All Chapters