← Chapters

ပျင်းရိရသောနေ့ရက်များ

Vol. 79 Ch. 1108

ပျင်းရိရသောနေ့ရက်များ

Vol. 79 Ch. 1108

နွေးထွေးလှပသော မြင်ကွင်းတစ်ခု.....

ပျော်ရွှင်နေသော မိသားစုလေး.....

အန်လင်းမှာ ထိုပုံရိပ်အား ငေးမောကြည့်ရှုနေမိသည်။

“ဒီပုံကို ဘယ်သူ့ကိုမှ မပြခဲ့ဖူးဘူး။”

စုရှောင်လန် တိုးညင်းစွာ ပြောလာသည်။

အန်လင်း သက်ပြင်းချလိုက်သည်။

“ရှောင်လန် မင်းငယ်ငယ်တုန်းက အရမ်းချစ်ဖို့ကောင်းတာပဲ။ ကိုယ်တို့မိဘတွေလည်း အရမ်းကြည့်ကောင်းကြတယ်။”

စုရှောင်လန်မှာ ဝမ်းနည်းမှုများ လျော့ပါးသွားသလိုပင်။

သူမ ပြုံးကာပြောလာသည်။

“ဒါပေါ့ ငါတို့မိသားစုက မင်းသား မင်းသမီးရှုံးတယ်။”

“ငါက အမေနဲ့အဖေ ဘယ်သူနဲ့ ပိုတူလဲ။”

စုရှောင်လန် အန်လင်းအားကြည့်ကာ မေးလိုက်သည်။

“ပုံမှန်တော့ အဖေနဲ့တူတယ်။ ဒါပေမယ့် တိုက်ခိုက်နေရင် အမေနဲ့ ပိုတူတယ်။”

အန်လင်း၏ မှတ်ချက်ကြောင့် စုရှောင်လန် ရယ်မိသွားသည်။

၎င်းတို့နှစ်ဦးမှာ ညဥ့်ကောင်းကင်ယံအောက် ရောက်တက်ရာရာ ပြောနေခဲ့ကြသည်။

စုရှောင်လန်သည် ခံစားချက်များ ဖွင့်ထုတ်ကာ ပင်ပန်းသွားသောကြောင့် မကြာမီပင် အန်လင်း ရင်ခွင်ထဲ အိပ်ပျော်သွားခဲ့သည်။

အန်လင်းသည် ကြယ်စင်များအားကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။

တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်....

ကျူးရွှီးဇယ်သည် စုရှောင်လန်အား လက်လွတ်စပယ် လက်စားမချေစေရန် ထိုသူများ၏ ဇစ်မြစ်ကို ဖုံးကွယ်ထားခဲ့သည်။

သို့သော် စုရှောင်လန်သည် မိမိဘာသာ ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။

ထိုသူများသည် နတ်ဘုရားဝါးမြိုခြင်းအရိုးစုနှင့် အမ်ဘာတို့ဖြစ်ကြောင်း အန်လင်းကိုပင် ပြောပြခဲ့သည်။

လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စု၏ တာအိုပေါင်းစည်းခြင်း အဆင့်များထဲတွင်ပင် ထိုနှစ်ဦးမှာ ဆရာအကျဆုံး ဖြစ်သည်။

ထို့ကြောင့်ပင် ဗာမီလီယမ်ငှက်ဂိုဏ်းချုပ် ဖြစ်လာသည့်တိုင် ကျူးရွှီးဇယ်မှာ လက်စားမချေနိုင်ခဲ့ပေ။

ရန်သူများသည် အလွန်မြင့်မားလွန်းနေသည်။

အန်လင်းသည်လည်း မဆင်မခြင် လှုပ်ရှားမည် မဟုတ်ပဲ အနည်းဆုံး ဟင်းလင်းပြင်သို့အပြန် အဆင့်ရောက်သည်အထိ စောင့်ဆိုင်းမည် ဖြစ်သည်။

နေ့တာအသစ်၏ နေရောင်ခြည်မှာ ကောင်းကင်ထက်သို့ ဖြာကျလာသည်။

စုရှောင်လန်မှာ အန်လင်း ရင်ခွင်ထဲမှ ဖြည်းညင်းစွာ နိုးထလာလေသည်။

“နိုးပြီလား။”

အန်လင်း ပြုံးကာပြောလာသည်။

စုရှောင်လန် အနည်းငယ် ရှက်ရွံ့နေမိသည်။

“အင်း....”

“နင်မနေ့ညက မအိပ်ဘူးလား။”

“အိပ်ပါတယ်။ စောစောနိုးနေတာ။”

စင်စစ်တွင်မူ ရှောင်လန်အား ပွေ့ဖက်ခွင့်ရရန် မလွယ်ကူသောကြောင့် သူအိပ်မပျော်ခဲ့ပေ။

စုရှောင်လန် ခေါင်းညိတ်ကာ တရားထိုင်ရန် ပြင်တော့သည်။

အန်လင်းသည် ကျင့်ကြံစရာ မလိုသောကြောင့် တပိုင်အား ပတ်စီးနေလေသည်။

နှစ်ကုန်စာမေးပွဲကာလမှာ ပြီးဆုံးတော့မည်ပင်။

ကျောင်းသားအများစု၏ ရမှတ်များမှာ သုညသာ ဖြစ်သည်။

ဧကရာဇ်ရိတန်း၏ ထုတ်ပြန်ကြေညာချက်ကြောင့် ကျောင်းသားကျောင်းသူများမှာ အန်လင်းတို့အား အပြတ်အသတ် လေးစားနေကြသည်။

အန်လင်း၏ ရမှတ်မှာ လောကနိယာမကိုပင် ကျော်လွန်နေလောက်သည်။

အန်လင်းမှာ မြို့နံရံပေါ်မှ ကျောင်းသားများအား နှုတ်ဆက်ဖြစ်သည်။

“အရမ်းလည်း အလုပ်မလုပ်ကြပါနဲ့။”

“နေလောင်နေဦးမယ်နော်။”

“အနားယူဖို့လည်း မမေ့ကြနဲ့ဦး။”

.........

ဓားအင်မော်တယ် လင်းရှောင် ရင်ခံနေမိသည်။

ဘယ်သူက အတန်းပိုင်ဆရာလဲ......

ကျောင်းသားများလည်း မျက်ရည်ဝဲနေလေပြီ။

“ဘာအလုပ်မှကို မရှိတာဗျိုး....”

“နေရောင်ခံတာကလွဲရင် လုပ်စရာကို ရှိမနေတာ။”

“တကယ်ဆို အစ်ကိုကြီးအန်လင်းက ကျွန်တော်တို့ကိုပါ ခေါ်သွားသင့်တာ။”

အန်လင်းသည် အတန်းဖော်များနှင့် လိုက်ရောညီထွေ ရှိလှသည်။

ထိုသို့ဖြင့် နှစ်ကုန်စာမေးပွဲမှာ အီလည်လည်ပင် ပြီးသွားလေသည်။

ပထမခန်းမှ ကျောင်းသားများသည် ဒဏ်ရာရရှိသူ သုညဖြစ်သလို ရမှတ်သုညသာရှိသော ကျောင်းသားအရေအတွက်မှာလည်း ကိုးဆယ်ရာခိုင်နှုန်း ကျော်ခဲ့သည်။

“အတန်းပိုင်ဆရာရယ် အနည်းဆုံးတော့ အအောင်ပေးပါလား။”

မော့ထျန်း ငြီးငြူလိုက်သည်။

ဓားအင်မော်တယ် လင်းရှောင် နှစ်သိမ့်ပေးလာသည်။

“စိတ်မပူပါနဲ့။ မင်းတို့အောင်မှာ သေချာတယ်။ ဒါပေမယ့် ရမှတ်တွေတော့ ပြင်မပေးနိုင်ဘူး။ အားလုံးလိုလို ဘဲဥမှမကွဲတာ။ ရှက်စရာ မရှိပါဘူး။”

မည်သူကမှ အထွန့်မတက်နိုင်တော့ပေ။

အတန်းခေါင်းဆောင် ရွှမ်းယွမ်ချန်သည် သွေးမျိုးနွယ်စု စစ်တပ်တစ်ခုအား မတော်တဆ ဖျက်စီးမိခဲ့သည်။

အန်လင်းနှင့် စုရှောင်လန်သည် အရိုးမိစ္ဆာဂိုဏ်းအားဖျက်ကာ ဟင်းလင်းပြင်သို့အပြန် အဆင့်လေးဦးအား သတ်ပစ်ခဲ့သည်။

ထို့ကြောင့် ၎င်းတို့သုံးဦးမှလွဲ၍ မည်သူမှ ဘဲဥမကွဲခဲ့ပေ။

မော့ထျန်းသည် သုညသာရသည်ကို မကျေနပ်ပါသော်လည်း စုချန်းရန်ပါ အမှတ်မရသောကြောင့် ဖြေသာသွားရသည်။

ကျောင်းသားများမှာ ကျောင်းတော်ထံ ပြန်ကြမည်ဖြစ်ကာ အန်လင်းတို့သည် ရှောင်ချိုး မင်္ဂလာပွဲအတွက် စုကျိုးအင်မော်တယ်ဂိုဏ်းထံ သွားကြမည်ပင်။

ဆွေးနွေးပြီးသည့်နောက် ဆုလာဘ်များအား အတန်းပိုင်ဆရာမှ ကိုယ်စားလက်ခံပေးရန် သဘောတူခဲ့သည်။

မင်္ဂလာပွဲ အခမ်းအနားသည် အကြိမ်ကြိမ် မရှိနိုင်သောကြောင့် ဓားအင်မော်တယ် လင်းရှောင်မှာ ပျော်ပျော်ရွှင်ရွှင် သဘောတူခဲ့သည်။

ထို့အတွက် တပိုင်၏ လျစ်လျူရှုခြင်း ခံရသော အစာသွပ်ပေါက်စီများကိုလည်း ရရှိခဲ့သည်။

ခရမ်းကြယ်စင်ပြည်နယ်၏ မြက်ခင်းပြင်တစ်ခု၌

အနီရောင် နှင်းဆီပွင့်ဖတ်များအား လမ်းတစ်ခုသဖွယ် ခင်းကျင်းထားသည်မှာ ဂရုပြုချင်စရာပင်။

မင်္ဂလာပွဲမှာ နှစ်ရက်ခန့် လိုသေးပါသော်လည်း ဧည့်သည်တော်များစွာ ရောက်နေကြလေပြီ။

စုကျိုးအင်မော်တယ်ဂိုဏ်းမှာလည်း လူပေါင်းများစွာ စည်ကားလို့နေသည်။

ဂိုဏ်းကိုယ်စားလှယ်များစွာမှာ သူ့ထက်ငါ အပြိုင်ရောက်လာနေကြသည်။

အန်လင်းတို့သည်လည်း မင်္ဂလာပွဲအမှီ သုတ်ခြေတင်နေကြပြီပင် ဖြစ်တော့သည်။

All Chapters