← Chapters

ကြောက်မက်ဖွယ်ရန်သူ

Vol. 79 Ch. 1109

ကြောက်မက်ဖွယ်ရန်သူ

Vol. 79 Ch. 1109

အန်လင်းသည် တပိုင်အားစီးကာ နေရာကူးပြောင်းရေး အစီအရင်ထံ ရောက်လာခဲ့သည်။

သူ၏နောက်တွင်လည်း မင်္ဂလာပွဲသို့ လိုက်မည့်သူများ ပါလာကြသည်။

၎င်းတို့သည် အန်လင်းကြောင့် စုကျိုးအင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်လာသူများဖြစ်ကာ ကောင်းကင်ဘုံခုံရုံးတွင်တော့ တာဝန်ထမ်းဆောင်ကြမည် မဟုတ်ပေ။

ကောင်းကင်ဘုံခုံရုံးသည်လည်း ကျောင်းသားများ၏ ဆုံးဖြတ်ချက်အား ဖိအားမပေးနိုင်သောကြောင့် ကောင်းကင်အရှင်သခင်မှာ မကျေနပ်ရုံသာ တတ်နိုင်သည်။

“အန်လင်း ငါရှောင်ချိုးကို ဘာပေးရမလဲ မသိဘူး။”

စုရှောင်လန် စိုးရိမ်နေမိသည်။

အန်လင်း ပြုံးကာပြောလာသည်။

“အရင်တစ်ခေါက်တုန်းက လက်ဖွဲ့ပေးပြီးပြီမလား။”

“မတူဘူးလေ။ ဒီပွဲမှာလည်း တစ်ခုခု ပေးသင့်တာပေါ့။”

စုရှောင်လန် လေးနက်စွာ ပြောလိုက်သည်။

“သိပ်မတွေးနဲ့။ ကိုယ်တို့က မိသားစုတွေပဲ။ ဘာပဲပေးပေး အဆင်ပြေပါတယ်။”

အန်လင်း ရှင်းပြလိုက်သည်။

“မိသားစုမို့လို့ ဂရုစိုက်သင့်တာလေ။”

စုရှောင်လန် ငြင်းဆိုလာသည်။

၎င်းတို့နှစ်ဦးမှာ အမြင်မတူကြပေ။

“အန်လင်း... နင်ရောဘာပေးမှာလဲ။”

စုရှောင်လန် မေးမြန်းလိုက်သည်။

“အာ....”

အန်လင်း ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

စုရှောင်လန် စူးစိုက်ကြည့်ရှုလိုက်သည်။

“ဘာမှမပြင်ထားတာတော့ မဟုတ်ဘူးမလား။”

“ဟားဟား..... ဖြစ်စရာလား။”

အန်လင်း ရယ်မောလိုက်သည်။

“အရင်တည်းက သေချာပြင်ထားတာ။”

သူသည် အကျိုးအမြတ်များသာ တွေးနေသောကြောင့် လက်ဖွဲ့အား မစဥ်းစားမိကြောင်း ဝန်မခံလိုပေ။

စုရှောင်လန် လက်ဖြန့်ပြလိုက်သည်။

“ဘာပေးမှာလဲ။ ငါအရင်ကြည့်ချင်တယ်။”

အန်လင်း ရပ်တန့်သွားစဥ်မှာပင် မိစ္ဆာရှင်းဓားထံမှ တိုက်ပွဲစိတ်ဆန္ဒများ ဖြာထွက်လာသည်။

“သတိထား..... တောင်ပံနက်မျိုးနွယ်စုဝင်တစ်ယောက် ချည်းကပ်လာနေတယ်။”

အန်လင်း မျက်နှာပျက်သွားသည်။

ဝှစ်.....

မိစ္ဆာရှင်းဓားမှာ အန်လင်းလက်ထဲ ရောက်ရှိလာသည်။

စုရှောင်လန် နားမလည်နိုင် ဖြစ်သွားသည်။

“လက်ဖွဲ့ကဒါလား။”

“အားလုံးသတိထားကြ။ ရန်သူရှိနေတယ်။”

အန်လင်း အော်ဟစ်လိုက်သည်။

အားလုံး လက်နက်များအား ထုတ်လိုက်ကြသည်။

အန်လင်းမှာ ဂမ်ဒမ်သုံးနှင့် ယောင်ကျီးအား ထုတ်လိုက်သည်။

“အားလုံးကို ကာကွယ်ပေးရမယ်။”

အန်လင်း ထိုသို့လေးနက်နေသည်မှာ ရှားပါးလှသည်။

မိစ္ဆာရှင်းဓား စကားဆိုလာသည်။

“ငါ့ကိုမသုံးနဲ့။ ပြန်သိမ်းလိုက်။”

အန်လင်း မိစ္ဆာရှင်းဓားအား စိုက်ကြည့်လိုက်သည်။

“ဓားအင်မော်တယ် အန်လင်းရဲ့ဓားက သူရဲဘောကြောင်စရာလား။”

မိစ္ဆာရှင်းဓား ရုတ်တရတ် ကြောက်ရွံ့နေသည်ကို သူနားမလည်နိုင်ပေ။

ဓားအားသိမ်းလိုက်ပါက သူ၏ဂုဏ်သိက္ခာ ထိခိုက်ရပေလိမ့်မည်။

မိစ္ဆာရှင်းဓား အသည်းအသန် ပြောလာသည်။

“ရှင်းပြဖို့ အချိန်မရှိဘူး။ ငါ့စကားနားထောင်....”

“နားမထောင်ဘူး။”

အန်လင်း ခေါင်းခါပြလိုက်သည်။

မိစ္ဆာရှင်းဓား : “.....”

ခရက်....

လေဟာနယ်ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာကာ လှပတင့်တယ်သော အမျိုးသမီးတစ်ဦး ထွက်လာသည်။

သူမသည် အနက်ရောင်ဝတ်စုံအား ဆင်မြန်းထားကာ မျက်ဝန်းများ ရွှန်းစိုနေသည်။

အန်လင်းတို့သာမက စုရှောင်လန်တို့သည်ပင် ငေးမောမိသွားရသည်။

သူမသည် လှပသော လစန္ဒာလိုပင်။

“ကျက်သရေ ရှိလိုက်တာဗျာ.... ဝုတ်....”

တပိုင် ချီးကျူးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ တောင်ပံနက်များကြောင့် သူမသည် တောင်ပံနက်မျိုးနွယ်စုဝင်ဖြစ်ကြောင်း သိသာနေစေသည်။

ထိုအမျိုးသမီး ခပ်ဖွဖွ ပြုံးလိုက်သည်။

“မိစ္ဆာရှင်းဓား၊ အန်လင်း နောက်ဆုံးတော့ ရှာတွေ့ပြီပဲ။”

အန်လင်း ထိတ်လန့်သွားရသည်။

စုရှောင်လန်လည်း ပူပန်သွားမိသည်။

သူမထံတွင် စစ်ကူတောင်းရမည့် ကျောက်စိမ်းပြားလည်း မရှိတော့ပေ။

ရွှမ်းယွမ်ချန်သည် အသံဆက်သွယ်သော ကျောက်စိမ်းပြားအားထုတ်ရန် ပြင်နေစဥ်မှာပင် ထိုအမျိုးသမီးမှာ လေထုအား ဆုပ်ကိုင်လိုက်သည်။

ဝုန်း......

ကောင်းကင်နှင့်မြေပြင် တုန်လှုပ်ကာ ကီလိုမီတာ ငါးဆယ်ဝန်းကျင်မှာ ချိပ်ပိတ်သွားပြီး အသံဆက်သွယ်သော ကျောက်စိမ်းပြားကိုပင် သုံးမရတော့ပေ။

“ခင်ဗျားက ဘယ်သူလဲ။”

အန်လင်း ခက်ထန်စွာ မေးလိုက်သည်။

အမျိုးသမီး ပြုံးကာပြောလာသည်။

“ငါက လစန္ဒာအကြီးအကဲပဲ။ ဓားကိုသာပေးလိုက်။ နင်မနာကျင်စေရဘူး။”

တောင်ပံနက်မျိုးနွယ်စုသည် အန်လင်း၏ဓားနောက် လိုက်နေကြမည်ဟု ထင်မှတ်မထားခဲ့ပေ။

လစန္ဒာအကြီးအကဲသည် ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့် ရှိပေသည်။

သူမက ဓားပြလာတိုက်နေတာလား....

ဒါပေမယ့် ကြောက်နေသလိုပဲ....

အန်လင်းသည်လည်း ကြောင်တောင်တောင် ဖြစ်သွားသည်။

တောင်ပံနက်မျိုးနွယ်စုက အဲ့လောက်တောင် တဲ့တိုးဆန်တာလား.....

လစန္ဒာအကြီးအကဲသည် အမှန်တကယ် ကြောက်ရွံ့နေပြီး ဓားအားအေးအေးဆေးဆေး ယူဆောင်သွားရန် မျှော်လင့်နေမိသည်။

သူမအနေဖြင့် အချိန်မဆွဲပဲ အမြန်ဆုံး ပြီးမြောက်ရန်လည်း တွေးတောနေသည်။

“မိစ္ဆာရှင်းဓားက တောင်ပံနက်မျိုးနွယ်စု အပိုင်ပဲလေ။”

လစန္ဒာအကြီးအကဲ စကားဆိုလာသည်။

ဝုန်း.....

အံ့ဖွယ်တာအို အရှိန်အဝါများနှင့်အတူ ပတ်ဝန်းကျင်သည် အမှောင်ကျသွားကာ လရောင်တို့ ထွန်းလင်းနေသော လစန္ဒာအကြီးအကဲအား နတ်ဘုရားမတစ်ပါးအလား ဖြစ်သွားစေသည်။

လစန္ဒာအကြီးအကဲသည် အန်လင်းအား ခြောက်လှန့်နေခြင်းပင်။

“ကျုပ်အစွမ်းနဲ့ကျုပ်ယူတာလေ။ ပြန်ပေးစရာလား။”

မိစ္ဆာရှင်းဓား တုန်ယင်နေသည်ကို ခံစားမိသောကြောင့် အန်လင်းမှာ အရှိန်အဝါများ ထုတ်ဖော်လိုက်သည်။

“ရှဲ့လေးက ငါ့အပိုင်ပဲ။ ဘယ်သူမှ ယူသွားလို့ မရဘူး။”

All Chapters