← Chapters

အပိုင်း(၅၇၂)

Vol. 39 Ch. 572

အပိုင်း(၅၇၂)

Vol. 39 Ch. 572

ရှစ်ကျင်းရွှိုက်၏ ကျင့်ကြံခြင်းက   ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်အဆင့်၌သာရှိသည်ဖြစ်သည်။  ၎င်းအနေဖြင့်  ယွဲ့ဟူဂိုဏ်းမှ  ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်

တစ်ဦးဖြစ်သော ပိုင်ကျွင်းရွှမ်းအား   ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။

သို့‌သော် ရှစ်ကျင်းရွှိုက်၏ ပြိုင်ဘက်က ပိုင်ကျွင်းရွှမ်းဖြစ်နေခဲ့သည်တောင်   သူ၏မျက်နှာထက်၌ စိတ်ပိုင်းဖြတ်ထားသော အမူအယာတစ်ခုရှိနေသည်။

ဤအချိန်တွင် စင်မြင့်နံပါတ်တစ်ဆယ်အတွင်းမှ ဒိုင်ဖြစ်သူ၏ အေးအေးလူလူနိုင်သော အသံက ထပ်မံပဲ့တင်ထွက်ပေါ်လာ၏။

“အသက်ရှူချိန်ဆယ်ကြိမ်အတွင်း  ပြိုင်ပွဲဝင် အမှတ်စဉ်ရှစ်ဆယ့်ရှစ်  ကွင်းထဲကို ဝင်ရမယ်”

“ညီလေးရှစ် ..အကိုရွှယ်.. ငါသွားတော့မယ်”

ရှစ်ကျင်းရွှိုက်၏မျက်နှာထက်၌ စိတ်ပိုင်းဖြတ်ထားဆဲဖြစ်သည်။  ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့အားဤကဲ့

သို့ပြောပြီးနောက် သူ၏ကိုယ်အားလှုပ်ရှားလိုက်ပြီး လေကို ထိုးခွင်းသွား၏။  ရွှေရောင်ချပ်ဝတ်နှင့်ပုံရိပ်တစ်ခုက   ကွင်းအတွင်းသို့ပျံသန်းလာပြီးနောက်  ဘန်းခနဲဆင်းသက်လိုက်သည်။

“ဒီလူက အရမ်း ယောက်ျားပီသမယ်လို့ မမျှော်လင့်ထားခဲ့ဘူး”

ရှစ်ဖုန့်၏ဘေးရှိ ရွှယ်ဝူဟမ်က ကွင်းအတွင်းဆင်းသက်လိုက်သော ရွှေရောင်ချပ်ဝတ်နှင့်ပုံရိပ်အားကြည့်၍ အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

“သူရဲ့ ပင်ကိုယ်စရိုက်က  ဒီသခင်လေးစိတ်ကူးထားတာနဲ့ ခြားနားတာပဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။

ရွှေရောင်ချပ်ဝတ်အားဝတ်ဆင်ထားသော ရှစ်ကျင်းရွှိုက်   ကွင်းအတွင်းသို့ဆင်းသက်သောအခါတွင်   ကွင်းအောက်မှ ပျားပန်းခက်စွာဖြင့် ဆွေးနွေးမှုများဖြစ်ပေါ်နေသည်။

“ဒီလူကဘယ်သူလဲ.. ဘာလို့သူကဒီလိုမျိုးဝတ်ဆင်ထားတာလဲ.. သူမိသားစုမှာသူကရွှေတုံးကြီးလိုဖြစ်နေတာကိုသူမသိတာလား.. သူကတကယ်ပဲငါ့မျက်လုံးတွေကို

တောင်ကန်းစေတယ်”

“ဟီးဟီး..ရွှေ.. အြ့တာက ဆင်းရဲတဲ့သူတွေပဲသုံးတဲ့ငွေကြေးပဲ….ဒီလိုမျိုးကျင့်ကြံသူတွေပြိုင်ဆိုင်တဲ့နေရာမှဦ.. သူ့အနေနဲ့ နေရာမှားလာပုံရတယ်”

“ဟီးဟီး.. ဒီရွှေရောင်ချပ်ဝတ်နဲ့ပုံရိပ်ကို မင်းတို့အားလုံးနားလည်မှုလွှဲနေတာ

လည်းဖြစ်ကောင်းဖြစ်နိုင်တယ်.. အဲ့တာကရွှမ်းလက်နက်တစ်ခုတောင်ဖြစ်နေနိုင်တယ်.. ဒီရွှေရောင်ချပ်ဝတ်နဲ့ဆိုရင် ပိုင်ကျွင်းရွှမ်းကိုတောင် အနိုင်ယူနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်..ဟားဟား..ဟားဟားဟားဟား”

“ရွှမ်းလက်နက်လား.ငါဒီရွှမ်းလက်နက်ကနေ ဘာစွမ်းအင်အတက်အကျအနည်းငယ်လေးကိုတောင်မခံစားမိဘူး. ပိုင်ကျွင်းရွှမ်းကို အနိုင်ယူချင်တာကြောင့်သူအိမ်မက်

မက်နေတာဖြစ်မယ်”

ကွင်းအောက်မှပြောနေကြသောစကားအများစုမှ ရွှစ်ကျင်းရွှိုက်ဝတ်ဆင်ထားသော ရွှေရောင်ချပ်ဝတ်အကြောင်းအများစုဖြစ်သည်။  သို့သော် သူတို့၏ စကားအများစုက ယုတ်ညံ့သောအရာများဖြစ်၏။

မည်ကသူကမှ ပိုင်ကျွင်းရွှမ်းနှင့်ဤတိုက်ပွဲအတွင်းရှစ်ကျင်းရွှိုက်နှင့်ပက်သက်၍ အကောင်းမြင်ဝါဒီမရှိကြ‌ချေ။

ရွှေရောင်ချပ်ဝတ်ဝတ်ဆင်ထားသော ရှစ်ကျင်းရွှိုက်မှာ ပိုင်ကျွင်းရွှမ်းအားတည်ကြည်လေးနက်စွာကြည့်နေ၏။ပိုင်ကျွင်းရွှမ်းမှာ ရှစ်ကျင်းရွှိုက်ဤကဲ့သို့ဝတ်ဆင်ထားသည်အားတွေ့ရသောအခါတွင် မနေနိုင်ပဲ ရယ်မောလိုက်သည်။

“မင်းရဲ့ချပ်ဝတ်က ငါမြင်ဖူးသမျှထဲမှာ  ကြည့်လို့အကောင်းဆုံးနဲ့အလှဆုံးချပ်ဝတ်ပဲ.. တစ်ခုလုံးကိုရွှေနဲ့လုပ်ထားတာပဲ.  “

ပိုင်ကျွင်းရွှမ်းကရယ်မောလိုက်သည်။ကျင့်ကြံသူတစ်ယောက်က ရွှေရောင်ချပ်ဝတ်အား အလွယ်လေး ချိုးဖျက်နိုင်သည်ဖြစ်၏။ ရှစ်ကျင်းရွှိုက်၏ရွှေရောင်ချပ်ဝတ်မှာ   မျက်စိဖမ်းစားမှုရှိသည်မှလွဲ၍ အခြားသာမှအသုံးဝင်ခြင်းမရှိချေ။

ထိုထက်ပိုသည်ကား  အလွန်မျက်စိဖမ်းစားနိုင်ခြင်းပင်ဖြစ်သည်။ ၎င်းကသာမန်လူများအတွက်

တော်တော်လေး မျက်စိဖမ်းစားစရာဖြစ်သော်လည်း   ကျင့်ကြံသူများအတွက်မှ အသုံးမဝင်သည့်သတ္ထုတစ်မျိုး

သက်သက်သာဖြစ်သည်။

“ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ပိုင်ကျွင်းရွှမ်း ၏ သရော်သောစကားလုံးများအား ရင်ဆိုင်ရင်း  ရှစ်ကျင်းရွှိုက်က ပြုံလိုက်ပြီး  ကျေးဇူးတင်စကားဆိုလိုက်သည်။

“ကောင်းပြီ.. အခု မင်းရဲ့ပြပွဲ

လည်းပြီးပြီဆိုတော့  မင်းအခုပြန်သွားလို့ရပြီ.. ဒီသခင်လေးမှာလုပ်စရာလေး

တွေရှိနေသေးတယ်.. ဒါကြောင့် ဒီသခင်လေးရဲ့အချိန်တွေကိုလာမဖြုန်းနဲ့..”

ယင်းမှသာသိသာသည်ဖြစ်သည်။  သူ၏အမြင်၌ရှစ်ကျင်းရွှိုက်မှာ မထင်မရှားလူပြက်လေးတစ်

ယောက်သာဖြစ်၏။

ပိုင်ကျွင်းရွှမ်း၏ စကားများကို ရင်ဆိုင်ရင်း ရှစ်ကျင်းရွှိုက်က  လေးနက်တည်ကြည်သော

မျက်နှာထားနှင့်ပြောလိုက်သည်။

“ငါဒီကိုရောက်လာပြီးမှတော့.. မင်းနဲ့ တိုက်ချင်သေးတယ်.. ငါတို့မတိုက်ရသေးခင် ဘယ်လိုလုပ်ပြီးတော့ငါဒီလိုမျိုးလုပ်နိုင်မှာလဲ”

“အိုး”

ရှစ်ကျင်းရွှိုက်၏ စကားများအားကြားပြီးနောက် ပိုင်ကျွင်းရွှမ်း၏ မျက်လုံးတို့ အရောင်လက်သွားသည်။

“မင်းကငါနဲ့တိုက်ဖို့ထိုက်တန်

တယ်လို့ထင်လို့လား”

“တိုက်ပွဲပြီးရင်ငါတို့သိမှာပေါ့”

ရှစ်ကျင်းရွှိုက်က ပြောလိုက်သည်။  ထို့နောက် သူက  သူ၏ညာလက်အားရှေ့သို့တ

အားလွှဲလိုက်ပြီး   စုစုပေါင်း ရွှေဒင်္ဂါး ဆယ့်ရှစ်ပြားပေါ်လာ၏။ ထို့နောက်ရှစ်ကျင်းရွှိုက်က အော်ပြောလိုက်သည်။

“သွား”

မကြာခင် ရှစ်ကျင်းရွှိုက်၏ ရှေ့၌လွင့်မျောနေသော ရွှေဒင်္ဂါး

ဆယ့်ရှစ်ပြားက ပိုင်ကျွင်းရွှမ်းထံသို့   ဦးတည်သွား၏။

“မင်းတကယ်သေချင်နေတာပဲ”

ရှစ်ကျင်းရွှိုက်၏ လက်ဦးမှုရယူကာ တိုက်ခိုက်လိုက်မှုအားမြင်တွေ့လိုက်ရသောအခါတွင်   ပိုင်ကျွင်းရွှမ်းက  မျက်မှောင်ကြုတ်သွားသည်။ စိတ်မကျေနပ်စွာဖြင့် ကြည့်၍ အေးစက်သောသတ်ဖြတ်လိုခြင်း

စိတ်ဆန္ဒတို့က သူ၏မျက်လုံးအတွင်း၌ပေါ်လာသည်။

“မင်းကသေချင်နေမှတော့.. ဒီသခင်လေးက မင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတာပေါ့..  ..မင်းအနေနဲဒီသခင်လေးရဲ့အချိန်ကို နှောင့်နှေးစေတဲ့အတွက် တန်ကြေးပြန်ပေးရမယ်”

ပိုင်ကျွင်းရွှမ်းက  အေးစက်စွာအော်ပြောလိုက်သည်။  ထို့နောက် သူ၏ ညာလက်အားလက်ဝါးတစ်ခုအ

သွင်ပြုလုပ်လိုက်ပြီးပစ်လွှတ်လိုက်၏။ ရုတ်တရက် ခမ်းနားသော အဖြူရောင်မြူတို့က ပိုင်ကျွင်းရွှမ်း၏ရှေ့၌ တလိပ်လိပ်ပေါ်လာပြီး လှိုင်းလုံးတစ်ခုကဲ့သို့ ရှစ်ကျင်းရွှိုက်ပစ်လွှတ်လိုက်သော ရွှေဒင်္ဂါးဆယ့်ရှစ်ပြားထံသို့ဦးတည်သွားသည်။

မျက်စိတစ်မှိတ်အတွင်း  အဖြူရောင်မြူတို့က ရှစ်ကျင်းရွှိုက်၏ ရွှေဒင်္ဂါး ဆယ့်ရှစ်ပြားအားဝါးမျိုသွားသည်။

“ပြီးပြည့်စုံသောလက်ဝါး”

ဤအချိန်တွင်  ပိုင်ကျွင်းရွှမ်းက နောက်ထပ်အေးစက်စွာအော်ပြောလိုက်သည်။ ရွှေဒင်္ဂါးဆယ့်ရှစ်ပြားအားဝါးမျိုထားသော အဖြူရောင်မြူတို့မှာ ရုတ်ခြည်း ဧရာမအဖြူရောင်မြူလက်ဝါးတစ်ခုအဖြစ်သိပ်သည်းဖွဲ့စည်းသွားပြီး ရှစ်ကျင်းရွှိုက်အား ပြင်းထန်စွာ တိုက်ခိုက်လာသည်။

“ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်တစ်ဦးရဲ့ တိုက်ခိုက်မှု”

များစွာသောလူတို့မှာ ပိုင်ကျွင်းရွှမ်း၏တိုက်ခိုက်မှုအောက်၌ ရှစ်ကျင်းရွှိုက်၏ ဝမ်းနည်းဖွယ်

အဆုံးသတ်အား   ကြိုမြင်နိုင်ပြီးဖြစ်သည်။  ကြယ်ကိုး ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်အား ရင်ဆိုင်တိုက်ခိုက်မည့် ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်အတွက်ဘာရင်ဖိုစရာမှရှိမနေချေ။

သို့သော် ပွဲကြည့်ပရိတ်သတ်၏ ကြည့်ရှုနေကြသော မျက်လုံးများအောက်၌ပင် ရှစ်ကျင်ရွိုက်၏ ရွှေရောင်ချပ်ဝတ်က  ရုတ်တရက်  မျက်စိကျိန်းလောက်စရာ ကောင်းသော ရွှေရောင်အလင်းတစ်ခု လင်းလက်လာသည်။  ဤအကြိမ်တွင်  ရွှေရောင်အလင်းက တကယ်ကြီး လူများစွာတို့၏မျက်လုံးအား အမြင်ကွယ်သွားစေ၏။

ရွှေရောင်အလင်းက လင်းလက်တောက်ပနေပြီး  ဧရာမရွှေရောင်ချပ်ဝတ်အရိပ်ကြီးက ရှစ်ကျင်းရွှိုက်၏ ရှေ့၌ရုတ်တရပ်ပေါ်လာသည်။  ၎င်းက ရှစ်ကျင်းရွှိုက်အတွက် ပိုင်ကျွင်းရွှမ်း၏တိုက်ခိုက်မှုအား ကာဆီးပေးထား၏။

“ဝုန်း”

အဖြူရောင်မြူလက်ဝါးနှင့် ရွှေရောင် ချပ်ဝတ်ပုံရိပ်တို့က တစ်ခုနှင့်တစ်ခုပြင်းထန်စွာ ပစ်ဆောင့်မိကြသည်။

သို့သော် ထို့နောက်ချက်ချင်း အဖြူရောင်မြူလက်ဝါးက ရွှေရောင်ချပ်ဝတ် ပုံရိပ်နှင့်ပစ်ဆောင့်မိသောအခါတွင်  အဖြူရောင်မြူလက်ဝါးမှာ တကယ်ကြီးမြူခိုးများကဲ့သို့ မှေးမှိန်ပျောက်ကွယ်သွားသည်ကို  လူများမြင်တွေ့လိုက်ရ၏။ရွှေရောင် ချပ်ဝတ်ပုံရိပ်မှာမူ တောင်ငယ်လေးတစ်လုံးကဲ့သို့ မြဲမြံစွာရပ်တည်နေသေးဆဲဖြစ်သည်။

ဤမြင်ကွင်းအားမြင်လိုက်ကြရသောလူအားလုံးမှာ  အရမ်းတုန်လှုပ်အံ့အားသင့်သွားကြပြီး ပြောစရာစကားမဲ့သွား၏။အစောပိုင်းက လူများစွာ ရယ်မောခဲ့ကြသော

ရွှေရောင်ချပ်ဝတ် က တကယ်ကြီးရွှမ်းအဆင့်လက်နက်တစ်ခုဖြစ်နေသည်။ ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ဦးက တကယ်ပဲ ကြယ်ကိုးပွင့် သူတော်စင်နယ်ပယ်တစ်ဦး၏ တိုက်ခိုက်မှုအား တားဆီးနိုင်ခဲ့သည်။

“ဒါ..ဒါက ဘယ်လိုအဆင့်လက်နက်မျိုးလဲ..

ဒါကတကယ်ကြီးစွမ်းအားကြီးတာပဲ”

အောက်၌ရှိနေသောရှစ်ဖုန့်မှာ   စင်မြင့်ထက်ရှိရှစ်ကျင်းရွှိုက်နှင့် ၎င်းရှေ့ရှိ ရွှေရောင်ချပ်ဝတ်တို့အားကြည်နေ၏။ရတနာတစ်ထောင်စံအိမ်မှလာသောရှစ်ကျင်းရွှိုက်က လွန်ခဲ့သော ရက်ကပင် ရွှမ်းအဆင့်ဆေးဝါးများအားထုတ်

ယူနိုင်သောကြောင့် ဤအချင်းအရာအားရှစ်ဖုန့်မျှော်လင့်ထားပြီးဖြစ်သည်။  သူက ရွှမ်းအဆင့်ဆေးအမယ်များကြား

ထဲတွင်မှလွန်စွာရှားပါးလှသော သွေးသားမြက်ကိုပင်  ရရှိထားသူဖြစ်၏။ အကယ်၍ သူကထိုအရာအား ဝတ်သည်ဆိုလျှင် ၎င်းကသေချာပေါက်သာမန်ပစ္စည်း

တစ်ခုဖြစ်လိမ့်မည်မဟုတ်ပေ။

“သခင်လေးဖုန့်… သူရဲ့ရွှေရောင်ချပ်ဝတ်က ဘယ်အဆင့်လဲ”

ရှစ်ဖုန့်၏ဘေး၌ရှိနေသော ရွှယ်ဝူဟမ်က စင်မြင့်သို့ကြည့်၍ ရှစ်ဖုန့်အားမေးလိုက်သည်။

“ဒီသခင်လေးလည်းမသေချာဘူး”

ရှစ်ဖုန့်က ခေါင်းခါ၍ ရွှယ်ဝူဟမ်၏မေးခွန်းအား တုန့်ပြန်လိုက်သည်။

“ဒီရွှေရောင်ချပ်ဝတ်က   အနည်းဆုံး    အဆင့်ရှစ်ရွှမ်းလက်နက်ပဲ.. ဒါပေမဲ့အဲ့ထက်လည်း ပိုမြင့်မားတဲ့အဆင့်ဖြစ်လိမ့်မယ်”

ရှစ်ဖုန့်၏ အဆင့်ကိုး သွေးချပ်

ဝတ်သည်ပင်လျှင်  အကယ်၍ သူသာကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်၌ရှိစဉ် ၎င်းအားအသက်သွင်းခဲ့ပါက ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်တစ်ဦး၏တိုက်ခိုက်မှုအားတားဆီးနိုင်လိမ့်မည်မဟုတ်ပေ။

သို့သော်  ရှစ်ကျင်းရွှိုက်၏ ရွှေရောင်ချပ်ဝတ်ကတော့   ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ဖြစ်သော ပိုင်ကျွင်းရွှမ်း၏တိုက်ခိုက်မှုအား တားဆီးနိုင်ရုံသာမက   ၎င်းတိုက်ခိုက်မှုအားတားဆီးပြီး

သည့်နောက်တွင်   ရွှေရောင်ချပ်ဝတ်ပုံရိပ်က ကျန်ရစ်နေသေးသည်။  ရှစ်ကျင်းရွှိုက်မှာလည်းလုံးဝဒဏ်ရာရရှိသည့်ပုံမပေါ်ချေ။  သူ၏မျက်နှာထက်၌ သွေးစသွေးနပင်စွန်းထင်းမနေပေ။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters