မီးနဂါးလျှို့ဝှက်နည်းစနစ် တတိယအဆင့်
Vol. 10 Ch. 132
ကျန်းကလန်သားတွေ အကုန်ကတော့ မားတိုင်ချောင်းရဲ့ ချီ အရှိန်အဝါတွေကြောင့် ဒူးတုန်နေကြပါပြီ။ ကျန်းကလန်ရဲ့ အတော်ဆုံး အကြီးအကဲနဲ့ ကျန်းကလန် ခေါင်းဆောင် ကိုယ်တိုင်တောင်မှ ဒီဖိအားအောက်မှာ မျက်နှာတွေက သွေးမရှိသလို ဖြူဖွေးနေပါတယ်။
ဒီကျင့်ကြံခြင်း လောကမှာတော့ နယ်ပယ်တစ်ခု ကွာခြားခြင်းက မြစ်ကြီးတစ်စင်း ကာထားလိုက်သလိုပါဘဲ။
မြေကမ္ဆာအဆင့် ရောက်သွားသူတွေက ချီအရှိန်အဝါကို သုံးပြီး တစ်ဖက်လူကို ဖိအားပေးလို့ ရပါတယ်။ ဒီဖိအားက ချီအရှိန်အဝါနဲ့ စိတ်အင်အားကို ပေါင်းစပ်ပြီး အသုံး ပြုရတာလေ။
စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၈ နဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ က လူတွေပေါင်းပြီး တိုက်တာတောင် မြေကမ္ဘာ အဆင့်က ပညာရှင်ကို မနိုင်ဘူး ဆိုတာက ဒါကြောင့်ပါပဲ။ မြေကမ္ဘာအဆင့် ပညာရှင်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် ပညာရှင်တွေကို ဖိအားပေးပြီး တိုက်ပွဲဝင်လိုစိတ်တွေကို လျော့ကျသွားအောင် ဖိအားပေးလို့ ရပါတယ်။ တစ်နည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုကို ဖျက်ဆီး ပစ်လိုက်တာပေါ့လေ။။ အဲလို ဖိအားအောက်မှာ တိုက်ခိုက်ရတဲ့အတွက် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ပညာရှင်တွေက သူတို့အစွမ်းရဲ့ ၆၀ ရာခိုင်နှုန်းကိုတောင် ထုတ်သုံးနိုင်စွမ်း မရှိတော့ပါဘူး။
(လီဖူချန်းလို စိတ်ဓာတ် ခိုင်မာတဲ့ သူတွေကိုတော့ ဒီဖိအားက ပြဿနာ သိပ်မပေးနိုင်ပါဘူး)
စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ က လူတွေ အတော်လေး များလာရင်တော့ မြေကမ္ဘာ ပညာရှင်ရဲ့ အခြေအနေက တစ်မျိုး ပြန်ပြောင်း သွားနိုင်ပါသေးတယ်။ အရေအတွက် များလာတာနဲ့ အမျှ အချင်းချင်း ဖေးမ ကူညီလို့ ရတဲ့အတွက် အဖွဲ့ စိတ်ဓာတ်က ဖိုဖိအားကို တွန်လှန်ပစ်နိုင်ပါတယ်။ အရေအတွက်များလာလေလေ ချီဖိအားက အသုံးမကျ လာလေလေပါဘဲ။ ဒါကြောင့် ကောင်းကင်နယ်ပယ်က ပညာရှင်တွေကတောင် စနစ်တကျ လေ့ကျင့်ဖွဲ့စည်းထားတဲ့ ထောင်ချီ စစ်သည်တော်တွေကို ယှဉ်တိုက်ဖို့ မဝံ့ရဲကြပါဘူး။
“ဟိုမျိုးမစစ်တဲ့ ခွေးမသားလေး … ဘယ်မှာလဲ …”
မားတိုင်ချောင်းက ကျန်းကလန် ခေါင်းဆောင်ကို စေ့စေ့ကြည့်ကာ မေးလိုက်ပါတယ်။
“ခင်ဗျားက ဒီအသက်အရွယ်တောင် ရောက်နေပြီ။ ဘာဖြစ်လို့ သူတစ်ပါး ဂေဟာထဲကို ဝင်ပြီး ရိုင်းရိုင်းစိုင်းစိုင်း လုပ်နေရတာလဲ။ ခင်ဗျား အသက်အရွယ်နဲ့ မယား ငယ်ငယ်ချောချောလေးတွေ ယူပြီး အိမ်မှာ ဇိမ်နဲ့ နှပ်လို့ ရသေးတယ်နော်”
လီဖူချန်းရဲ့ အေးစက်စက် အသံက ထွက်ပေါ်လာပါတယ်။
“ခွေးမသားလေး … မင်းက နှုတ်သီး အရမ်းကောင်းနေတယ် ဟုတ်လား။ ငါက မင်းကို မင်းမိဘတွေ ကိုယ်စား ဆုံးမ ပေးရတာပေါ့”
မားတိုင်ချောင်းက သူ့ရဲ့ ချီအရှိန်အဝါတွေကို အသုံးပြုပြီး လီဖူချန်းကို ဖိနှိပ်လိုက်ပါတယ်။
မားတိုင်ချောင်းရဲ့ ချီဖိအားတွေကို လီဖူချန်းက သတိ ပြုမိပုံတောင် မရပါဘူး။ လုံးဝကို မထုံတတ်သေးနဲ့ ရပ်နေတာပါ။
“အဘိုးကြီး … ခင်ဗျားရဲ့ ချီဖိအားက အရမ်းကို အားနည်းလွန်းတယ်ဗျာ။ ဒီထက် ပိုပြီး အားစိုက်လို့ မရဘူးလား။ ဒီလောက် အဆင့်နဲ့တောင် ခင်ဗျားက ဒီကို လာရဲသေးတာလား”
ကောင်းကင်ပိုးနယ်ပယ်က ပညာရှင်ရဲ့ ဖိအားကို ခံနိုင်တဲ့ သူ့ကို ဒီမားကလန်က အဘိုးကြီးက ဖိနှိပ်ချင်နေတယ်။ တကယ့် ဟာသ တစ်ခုပါပဲလား။
လီဖူချန်းတစ်ယောက် မားတိုင်ချောင်းရဲ့ ချီအတွင်းအားကို အာရုံ ခံလိုက်တဲ့ အခါမှာတော့ တစ်ဖက်လူရဲ့ အတွင်းအား ကျင့်စဉ်က အဝါရောင် အထွတ်အထိပ် အတွင်းအား ကျင့်စဉ် ဆိုတာကို သိလိုက်ပါတယ်။
ကြည့်ရတာ မားတိုင်ချောင်း ငယ်စဉ်တုန်းက မိုးပြာရောင် ဂိုဏ်းဝင် ဖြစ်ဖူးပုံပါပဲ။
ဒါပေမဲ့ သေချာတာတော့ ဒီအဘိုးကြီးက မိုးပြာရောင် ဂိုဏ်းသား ဖြစ်ခဲ့ဖူးရင်တောင် အပြင်စည်း လုပ်သား တပည့်ပါပဲ။ ဒီထက်ပိုပြီး အဆင့်အတန်း မြင့်ဖို့တော့ မရှိပါဘူး။ သူက ဆန်းကြယ် အဆင့်နိမ့် အတွင်းအား ပညာရပ်ကို မြင်ဖူးပုံတောင် မရပါဘူးလေ။
ဆန်းကြယ် အဆင့်နိမ့် အတွင်းအား ပညာရပ်ကို လေ့ကျင့်နိုင်ဖို့ဆိုတာ အတွင်းစည်း ဂိုဏ်းသား ဖြစ်ဖို့ လိုအပ်တဲ့ အပြင် ထောက်ပံ့ရေး ရမှတ် အမြောက်အမြား ရှာဖွေနိုင်ဖို့လည်း လိုအပ်ပါသေးတယ်။ ဒီအဘိုးကြီးကတော့ ထောက်ပံ့ရေး ရမှတ် များများ ရှာဖွေနိုင်မယ့် ပုံလည်း မပေါ်ပါဘူး။
မားတိုင်ချောင်းက သူ့ရဲ့ ချီအရှိန်အဝါ ဖိအားက လီဖူချန်းကို ဖိနှိပ်နိုင်လိမ့်မှာ မဟုတ်ဘူး ဆိုတာ အစောကြီးကတည်းက ခန့်မှန်း ထားပြီးသားပါ။ သူက တစ်ဖက်လူရဲ့ အရည်အချင်းကို စမ်းသပ်ဖို့ အတွက်သာ ရည်ရွယ် ထားခဲ့တာလေ။ သူ့ရဲ့ ချီအရှိန်အဝါက အလုပ်မလုပ်ဘူး ဆိုတာ သိလိုက်တာနဲ့ သူက အတွင်းအားကို ထုတ်ကာ လီဖူချန်းကို ဦးအောင် တိုက်ခိုက်လိုက်ပါတယ်။
“ခွေးအိုကြီး … ကျုပ်ကလည်း အစောကြီး ကတည်းက လျှို့ဝှက် နည်းစနစ်ကို ထုတ်သုံးဖို့ ပစ်မှတ်ရှာနေတာ။ အတော်ပဲ … ခင်ဗျားကိုပဲ ဝက်တစ်ကောင်လို သဘောထားပြီး ချရသေးတာပေါ့လေ”
ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အဆင့် ၁၄ ကို လီဖူချန်းက ထုတ်သုံး လိုက်ပါတယ်။ ထို့နောက်မှာတော့ သူ့ရဲ့ အတွင်းအားတွေကို မီးနဂါး လျှို့ဝှက် နည်းစနစ် ဒုတိယ အဆင့်အတိုင်း လည်ပတ်လိုက်ပါတယ်”
လီဖူချန်းရဲ့ ချီ အရှိန်အဝါတွေက ပေါက်ကွဲ ထွက်လာပြီး မိုးထိတိုင်အောင် တက်သွားပါတယ်။ သူ့ရဲ့ အတွင်းအား အရည်အသွေးက မားတိုင်ချောင်း ထက်တောင် သန့်စင် နေသေးတယ်လေ။ ဒါ့အပြင် မယုံနိုင်လောက်အောင် ကြောက်စရာ ကောင်းတဲ့ အငွေ့အသက် တွေကလည်း ရောယှက်နေပါသေးတယ်။
“ဘာလဲ … သူက မီးနဂါး လျှို့ဝှက် နည်းစနစ်ရဲ့ ဒုတိယ အဆင့်ကို အသုံးပြု လိုက်တာလား”
ခေါင်းဆောင်ကျန်းက မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားပါတယ်။ သူ့ရဲ့ နှလုံးခုန်သံတွေကလည်း တဒုတ်ဒုတ်နဲ့ ဆက်တိုက် မရပ်မနား ခုန်လာပါတော့တယ်။
မီးနဂါး လျှို့ဝှက် နည်းစနစ်ကို လေ့ကျင့် ပြီးသွားတဲ့ လူရဲ့ ချီအရှိန်အဝါထဲမှာ အရမ်း ထူးခြားတဲ့ အငွေ့အသက် တစ်ခု ပါပါတယ်။ အဲဒါကတော့ နဂါး အငွေ့အသက်ပါ။ ထိုအရာက အရမ်းအင်အား မကြီးပေမဲ့ အထိုက်အလျောက်တော့ အရှိန်အဝါ ရှိပါတယ်။ အဲဒါကို မီးနဂါး လျှို့ဝှက် နည်းစနစ် လေ့ကျင့်ဖူးတဲ့ သူအချင်းချင်းဘဲ သိနိုင်တာပါ။
သူက မီးနဂါး လျှို့ဝှက် နည်းစနစ်ရဲ့ ပထမအဆင့်ကိုဘဲ လေ့ကျင့် အောင်မြင်ထားတဲ့ အတွက် ဒီအငွေ့အသက်ရဲ့ အကျိုး သက်ရောက်မှုက ပမွှားလေးဘဲ ရှိပါသေးတယ်။
ဒါပေမဲ့ လီဖူချန်းရဲ့ ချီ အရှိန်အဝါတွေမှာ ပါနေတဲ့ ထိုနဂါး အငွေ့အသက်က သူ့ထက် ဆယ်ဆလောက် အားကောင်းနေတယ်လေ။
လီဖူချန်းက မီးနဂါး လျှို့ဝှက် နည်းစနစ်ရဲ့ ဒုတိယ အဆင့်ကို လေ့ကျင့် ပြီးသွားပြီ ဆိုတာ လုံးဝ သေချာပါတယ်။
“ဒီမျိုးဆက်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ပါလား”
ကျန်းကလန် ခေါင်းဆောင်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။
မားတိုင်းချောင်းရဲ့ ခန္ဓာကိုယ်က အကြောအခြင်တွေက တောင့်တင်း ကုန်ပါတယ်။ သူရဲ့ မသိစိတ်က တစ်ခုခုတော့ မူမမှန်ဘူးလို့ သတိ ပေးနေသလိုပါဘဲ။
ဒါပေမဲ့လည်း မားတိုင်ချောင်းက တိုက်ခိုက်ဖို့ ဆုံးဖြတ် ပြီးသွားပြီ ဖြစ်တဲ့ အတွက် နောင်တ ရစရာ အကြောင်း မရှိတော့ပါဘူး။
“လေဇောအဟုန် ဓားသိုင်း”
မာတိုင်းချောင်းက သူရဲ့ ဓားကို ဆွဲထုတ်ကာ လီဖူချန်းကို ခုတ်ပိုင်း လိုက်ပါတယ်။
လီဖူချန်းကလည်း နှောင့်နှေးမနေပါဘူး။ သူ့ရဲ့ ဓားကို ထုတ်လိုက်ပါတယ်။
“ကြယ်ကြွေ ဓားကွက် … လာစမ်း”
ဝုန်း …
ကျန်းဂေဟာရဲ့ အိမ်ရှေ့ မျက်နှာစာကတော့ ဒီနှစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် ရစရာ မရှိအောင် မွစာကျဲသွားပါပြီ။ ဒီနှစ်ယောက်ရဲ့ တိုက်ခိုက်မှုက ထွက်လာတဲ့လေအဟုန်ကတောင် လူတိုင်းကို လွင့်ပါသွားမတတ်ပါဘဲ။
“ဒီကောင်လေးက တကယ်ပဲ ငါ့ဓားချက်ကို ခုခံလိုက်နိုင်တာလား …။ ဒီခွေးလေးကို ဘယ်လို နတ်ဆိုးတွေက မွေးလိုက်တာတုန်းကွာ “
မားတိုင်ချောင်းက လီဖူချန်းရဲ့ အရည်အချင်းကို ကောင်းကောင်းကြီး နားလည် သဘောပေါက်သွားပါပြီ။
သူ့လို မြေကမ္ဘာ အဆင့် ၂ က ပညာရှင် ဆိုတာ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၆က လူတွေကို အားစိုက်စရာတောင် မလိုဘဲ အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့ လက်ကလေးတစ်ဖက် ဝှေ့ယမ်းလိုက်ရင်တောင် တစ်ဖက်လူကို လေထဲ လွင့်ပါသွားအောင် လုပ်နိုင်ပါတယ်။ ကြည့်ရတာ ဒီလူငယ်လေးက သာမန် အတွင်းစည်း တပည့် ဖြစ်ပုံမရပါဘူး။
“မြေကမ္ဘာ အဆင့် ၂ က လူရဲ့ အစွမ်းက ပြောသလောက်လည်း မဟုတ်ပါလား”
ကျင့်ကြံခြင်းနယ်ပယ် အဆင့်နိမ့်နေတာက လွဲလို့ ကျန်တဲ့ နေရာတွေမှာ လီဖူချန်းက အပြတ်အသတ် သာပါတယ်။
အဝါရောင် အထွတ်အထိပ် အတွင်းအား ပညာရပ်ရဲ့ အမြင့်ဆုံး အဆင့်တောင်မှ ဆန်းကြယ် အလယ်အလတ် အတွင်းအား ပညာရပ်ရဲ့ အဆင့် ၇ နဲ့ဘဲ ညီတာပါ။ လီဖူချန်းက ၇ ဆင့်တောင် သာနေ ပါသေးတယ်။
ခန္ဓာကိုယ် အပြင်အားချင်း ယှဉ်ရင်လည်း တစ်ဖက်လူက ၁၂၀၀၀ ကီလိုဂရမ် အားလောက်ပဲ ရှိနေတဲ့ အချိန်မှာ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အားက ၃၅၀၀၀ ကီလိုဂရမ် ရှိနေပါတယ်။
ဓားသိုင်းချင်း ယှဉ်လိုက်ပြန်ရင်လည်း တစ်ဖက်လူက အဝါရောင် အထွတ်အထိပ် ဓားသိုင်းကို သုံးနေချိန်မှာ လီဖူချန်းက ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်းကို တစ်ဖက်ကမ်းခတ် တတ်မြောက်ရုံ သာမက ဓားဆန္ဒကိုပါ ထုတ်သုံးနေနိုင်ပါပြီ။
ဒါပေမဲ့ ဒီအားသာချက်တွေက လီဖူချန်းရဲ့ ကျင့်ကြံခြင်း နယ်ပယ် အားနည်းချက်ကို မဖြည့်ပေးနိုင်သေးပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အဆင့် ၅ ဆင့်တောင် ကွာနေတာလေ။ ပြီးတော့ နယ်ပယ်ကြီး တစ်ခုက ခြားနေပါသေးတယ်။ ဒါက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ပညာရှင်နဲ့ မြေကမ္ဘာ နယ်ပယ်က ပညာရှင်တို့ တိုက်ခိုက်နေတာပါ။
ထန် … ထန် …။
သူတို့ နှစ်ယောက်ကတော့ အဆက်မပြတ် ထိုးခုတ် တိုက်ခိုက် နေပါတယ်။ သူတို့ကြားမှာ ဖြစ်ပျက်နေသမျှက အရမ်းကို မြန်ဆန် လွန်းတဲ့အတွက် တခြားလူတွေ ကတော့ ဘယ်သူ အသာစီးရလို့ ရနေမှန်းကို မသိတော့ပါဘူး။
”လေနှင်ရာ ကကြိုး”
ရုတ်တရက် မားတိုင်ချောင်းက သူ့ရဲ့ ဓားကို စက်ဝိုင်း ဝိုင်းသလို လုပ်လိုက်ပါတယ်။ ဓားအရိပ်အယောင်တွေက မုန်တိုင်း တစ်စင်း တိုက်ခတ် နေသလိုပါပဲ။
“မင်းဒီဓားချက်ကို ဘယ်လို ခုခံမလဲဆိုတာ ကြည့်ရသေးတာပေါ့”
မားတိုင်ချောင်းက ဝမ်းသာအားရ ရယ်မောပြီးတော့ လီဖူချန်းကို ခုတ်ပိုင်း လိုက်ပါတယ်။
သူက တုံးအတဲ့ သူတစ်ယောက် မဟုတ်ပါဘူး။ တိုက်ပွဲ တစ်ပွဲမှာ အနိုင် ရချင်တဲ့ လူက သူ့ရဲ့ အားသာချက်တွေကို ထုတ်သုံးရမယ် ဆိုတာကို မားတိုင်ချောင်းက ကောင်းကောင်းကြီး နားလည် ထားပါတယ်။ လီဖူချန်းက အစွမ်းထက် တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ခတွေကို ထုတ်လွှတ်ပြီး မတိုက်ခိုက် နိုင်သေးဘူးလေ။ ဒါက မားတိုင်ချောင်း အတွက်တော့ အားသာချက်ကြီး တစ်ခုပါဘဲ။
'ငါက ချီအတွင်းအား တွေကို ထုတ်သုံး နေနိုင်ပေမဲ့ ဒီအဘိုးကြီးလိုတော့ ကျွမ်းကျွမ်းကျင်ကျင် မသုံးနိုင်သေးဘူး။ ငါ့ချီ အတွင်းအားတွေကို အလဟသ ဖြုန်းပစ်လိုက်လို့တော့ မရဘူး'
မီးနဂါး လျှို့ဝှက်နည်းစနစ်ကို အသုံးပြုထားတဲ့ လီဖူချန်းက ချီအတွင်းအား တွေကို ထုတ်လွှတ်နိုင်စွမ်း ရှိလာပါပြီ။ ဒါပေမဲ့ ဒီအရာက သူကျွမ်းကျင်တဲ့ အရာ မဟုတ်တဲ့ အတွက် လီဖူချန်းက ထုတ်မသုံးချင်ဘူးလေ။
လီဖူချန်းက သူ့ရဲ့ အရိပ်မဲ့ ခြေထောက်ကို ထုတ်သုံး လိုက်ပါတယ်။ သူရဲ့ ခန္ဓာကိုယ်က အရိပ်တစ်ခု သဖွယ် ဖြစ်လာပြီး ထူးဆန်းတဲ့ ကိုယ်နေဟန်ထားနဲ့ လီဖူချန်းက ဓားချီတွေကို ရှောင်တိမ်းလိုက်ပါတယ်။
သူတို့ နှစ်ယောက်က တစ်ခဏ အတွင်းမှာပဲ တိုက်ကွက်ရာချီ ရှိသွားပါပြီ။ အခုချိန်ထိ ဘယ်ဘက်ကမှ အသာ မရသေးပါဘူးလေ။
မားကလန်သားတွေ ရှိရာ ဘက်မှာတော့ …
မားကျင်းယန်က လူအုပ် ကြားထဲကနေ လီဖူချန်းကို ကြည့်ပြီး အလွန်ပင် ဆောက်တည်ရာမရ ဖြစ်နေပါတယ်။
“ဘယ်လိုလုပ် ဒီလို ဖြစ်နေရတာလဲ။ ဒါက လုံးဝ မဖြစ်သင့်ဘူးလေ”
ဒီလီဖူချန်း ဆိုတဲ့ ကောင်လေးက ပါရမီရှင်တွေ ထဲမှာတောင် တွေ့ရခဲတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်နေပါလား။
“မဟုတ်ဘူး … ဒီကောင်လေးက မိုးအောက် မြေပြင်မှာတောင် ရှာမှ ရှားတဲ့ ပါရမီရှင်ဘဲ"
တိုက်ပွဲက တစ်ဖြည်းဖြည်းကြာသထက် ကြာလာခဲ့ပါပြီ။ လီဖူချန်းက အရမ်း ထူးဆန်းတဲ့ စိတ်နယ်ပယ် တစ်ခုထဲကို ရောက်သွားမိသလို ခံစားလိုက်ရပါတယ်။ ပြီးတော့ သူက အဲဒီ အခြေအနေနဲ့ သဟဇာတ ဖြစ်လွန်းနေတယ်လေ။
တိုက်ပွဲက ပိုပြီး ပြင်းထန်လာတာနဲ့ အမျှ သူပိုလို့ သက်သောင့်သက်သာတောင် ဖြစ်လာပါသေးတယ်။
“ဒါက မီးနဂါး လျှို့ဝှက် နည်းစနစ်ရဲ့ တတိယ အဆင့်ကို အောင်မြင်ဖို့ အခြေခံလား”
လီဖူချန်းက ဒီလို ဖြစ်နေရတဲ့ အကြောင်းအရင်းကို ရိပ်စားမိလာပါတယ်။
မီးနဂါး လျှို့ဝှက် ကျင့်စဉ်ရဲ့ တတိယ အဆင့်က တိုက်ခိုက်ပြီး လေ့ကျင့်ရတဲ့ လျှို့ဝှက် နည်းစနစ်ပါ။ လက်တွေ့ တိုက်ခိုက်နေရင်းနဲ့ မှသာ ဒီနည်းစနစ်ကို နားလည်နိုင်မှာပါ။ ဒီတတိယ အဆင့်ကို လေ့ကျင့်တဲ့သူက အနည်းဆုံး တိုက်ပွဲပေါင်း ၁၀၀ လောက်ကို တိုက်ခိုက်ပြီး လေ့ကျင့်ရမှာပါ။
လီဖူချန်းက သူ့ရဲ့ အသိစိတ်ကို နှစ်ပိုင်း ခွဲလိုက်ပါတယ်။ တစ်ခုက မားတိုင်ချောင်းနဲ့ တိုက်ခိုက်တဲ့ ဘက်ကို အာရုံ စိုက်ထားပြီး နောက်တစ်ခုက သူ့ခန္ဓာကိုယ် အတွင်းက ဖြစ်ပျက်သမျှကို စူးစမ်းလေ့လာနေပါတယ်။
ရာနဲ့ ချီတဲ့ သွေးကြော ဆုံမှတ်တွေဟာ တစ်ခုနဲ့ တစ်ခု လှမ်းချိတ်ဆက်ဖို့ ကြိုးစား နေကြပါတယ်။
ဒီလျှို့ဝှက်နည်းစနစ်က အတွင်းအား ကျင့်စဉ်တွေနဲ့ အတော်လေး ကွဲပြားပါတယ်။ အဲဒါက အတွင်းအား ပညာတွေလို အမြဲ အာရုံ စိုက်နေစရာ မလိုပါဘူး။ သူ့ရဲ့ လိုအပ်တဲ့ သွေးကြော ပတ်လမ်းကြောင်းကို ချိတ်ဆက် ပေးလိုက်တာနဲ့ အတွင်းအား တွေက အလိုအလျောက် စီးဆင်းနေတာပါ။ အဲဒီ အတွင်းအားတွေက အလိုအလျောက် ကျင့်ကြံသူရဲ့ ချီပေါက်ကွဲမှုနှုန်းကို မြှင့်တင်ပေးပါတယ်လေ။
ဒါပေမဲ့ ချီပေါက်ကွဲနှုန်း မြန်လာတဲ့ အတွက် အသုံးပြုသူရဲ့ ချီ ကုန်ခမ်းနိုင်နှုန်းကလည်း ၂ ဆ ပိုမြန်လာပါတယ်။ ဒီတစ်ချက်ကတော့ ဆိုးကျိုးလို့တောင် သတ်မှတ်လို့ မရပါဘူး။
“နဂါးတွေက တိုက်ပွဲကို ဆာလောင်လာပြီ ဆိုရင် ဘယ်သူမှ သူတို့ကို တားလို့ မရတော့ဘူး”
လီဖူချန်းရဲ့ စိတ်အာရုံထဲမှာ ရှေးကျတဲ့ အရှိန်အဝါတွေ ပါနေတဲ့ စကားသံ တစ်ခုက ဝင်ရောက်လာပါတယ်။
“ကလိမ်ကကျစ်တော့ အတော်ရတဲ့ ကောင်စုတ်လေး။ မင်းက ဘာလျှို့ဝှက် နည်းစနစ်ကို သုံးပြီး ငါ့ကို ခုခံနေနိုင်တာလဲ ဆိုတာတော့ ငါမသိဘူး။ ဒါပေမဲ့ လျှို့ဝှက် နည်းစနစ်တွေက အတွင်းအား ကုန်ခမ်းနှုန်းကို ပိုမြန်စေတယ် ဆိုတာကိုတော့ ငါ ကောင်းကောင်းကြီး သိထားတယ်။ မင်းဘယ်လာက် ခံနိုင်ဦးမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့”
မားတိုင်ချောင်းက အလျင်စလို မတိုက်တော့ဘဲ တိုက်ကွက် အရှိန်ကို ချလိုက်ပါတယ်။
အခုချိန်မှာက စိတ်မရှည်တဲ့ သူက ရှုံးမှာဘဲလေ။ ရေရှည်သာ အချိန်ဆွဲတိုက်မယ် ဆိုရင် သူနိုင်ဖို့ ကျိန်းသေနေပြီလေ။
“သြော် … အဲဒီလိုလား”လီဖူချန်းက လျှို့ဝှက် ဆန်းကြယ်တဲ့ အပြုံးမျိုးနဲ့ မားတိုင်ချောင်းကို ပြုံးပြ လိုက်ပါတယ်။
သူ့လို ထိုးထွင်း သိမြင်နိုင်စွမ်း ထူးကဲနေတဲ့ လူတစ်ယောက်က အပိုင်းအစလေး တစ်ခုကို နားလည်သွားတာနဲ့ မီးနဂါး လျှို့ဝှက် ကျင့်စဉ်ရဲ့ အဓိက သော့ချက်တွေကို ဖမ်းဆုပ် နိုင်စွမ်း ရှိနေတယ်လေ။
“ဝေါင်း”
လီဖူချန်းရဲ့ ခန္ဓာကိုယ်ကနေ ထူးဆန်းတဲ့ ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာပါတယ်။
“အဲဒါက ဘာသံကြီးလဲ”မားတိုင်ချောင်းက တအံ့တသြ့နဲ့ မေးလိုက်ပါတယ်။
“အဲဒါက ခင်ဗျားရှုံးပြီလို့ အော်နေတဲ့ အသံပဲ"
လီဖူချန်းက အားရပါးရ အော်ဟစ်ပြီး ရယ်မော လိုက်ပါတယ်။ ကြောက်စရာ ကောင်းတဲ့ ချီ အရှိန်အဝါ တွေက သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်လာပြီး ကောင်းကင်သို့ တိုင်အောင် တက်သွားပါတယ်။
အဲသည် ချီ အရှိန်အဝါတွေက နဂါး တစ်ကောင်နဲ့လည်း ဆင်တူ နေပါသေးတယ်။ လူအားလုံးရဲ့ စိတ်ဝိညာဉ်တွေက ထိန်းချုပ် ခံလိုက်ရပြီး တစ်လက်မတောင် မရွေ့နိုင်တော့ပါဘူး။
“မီးနဂါး လျှို့ဝှက် နည်းစနစ် တတိယ အဆင့်လား”
ကျန်းကလန်ရဲ့ ခေါင်းဆောင်က အသက် ရှူဖို့တောင် မေ့နေပြီး ပါးစပ် အဟောင်းသား ဖြစ်နေပါတယ်။
“အရှုံး ပေးလိုက်တော့ အဘိုးကြီး”
လီဖူချန်းက သူ့တစ်ကိုယ်လုံး မီးတောင်ထဲမှာ ရောက်နေသကဲ့သို့ ပူလောင်နေပြီး အားတွေနဲ့ ပြည့်နှက်နေတာကို ခံစားလိုက်ရပါတယ်။
ဒီတစ်ခါ သုံးလိုက်တဲ့ လီဖူချန်းရဲ့ ကြယ်ပျံ ဓားသိုင်းက သူ့ဘဝမှာ သုံးဖူးသမျှထဲမှာ အားအရဆုံးပါဘဲ။
ဓားချက်က လူအားလုံးရဲ့ မျက်စိတွေ စူးသွား လောက်အောင်ကို တောက်ပနေပြီး သိုင်းပညာရှင်တွေရဲ့ မျက်စိနဲ့ မမြင်နိုင်အောင်ကို မြန်လွန်းပါတယ်။
ကျန်းဂေဟာထဲမှာ ရှိတဲ့ လူတွေ အားလုံးကတော့ သူတို့ မျက်စိတွေ ကန်းသွားပြီလားလို့ ထင်မှတ်ရတဲ့ အထိပါဘဲ။
***